သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖာပြန္ခ႐ိုင္တြင္း စစ္ေဘးဒုကုၡသည္မ်ား ေဆးဝါးရိကၡာ လိုအပ္


ဖာပြန္ခရိုင္အတြင္းေတြ႔ရတဲ့ စစ္ေဘးေရွာင္ဒုကၡသည္မ်ား ေနထိုင္ရာ ယာယီစခန္း။ (ဓာတ္ပံု - KNLA)

[Zawgyi/Unicode]

ကရင္ျပည္နယ္ ဖာပြန္ခရိုင္အတြင္း စစ္ေဘးဒုကၡသည္ေတြ ေနတဲ့ေနရာေတြမွာ ၀မ္းေလွ်ာ ၀မ္းပ်က္ေရာဂါေတြ ျဖစ္ေနပါတယ္။ ဒုကၡသည္ေတြအတြက္ ကူညီေထာက္ပံ့ေရးပစၥည္းေတြအျပင္ ေဆး၀ါးနဲ႔ အစားအေသာက္ရိကၡာေတြ လိုအပ္ေနၾကတဲ့အေၾကာင္း ဗြီအိုေအျမန္မာပုိင္းသတင္းေထာက္ မေအးေအးမာက တင္ျပေပးပါမယ္။

ကရင္ျပည္နယ္ ဖာပြန္ခရိုင္အတြင္းမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေကအန္ယူတပ္ေတြ တိုက္ပဲြေတြ ျဖစ္ပြားခဲ့တာေၾကာင့္ေရာ စစ္တပ္ဘက္က စစ္ေကာင္စီ ေလယာဥ္ေတြနဲ႔ ဗံံုးႀကဲတိုက္ခိုက္ခဲ့တဲ့ မတ္လကုန္ပိုင္းက စၿပီး ေဒသခံကရင္႐ြာသား ၂၀,၀၀၀ ေက်ာ္ေလာက္ ေဘးလြတ္ရာကို တိမ္းေရွာင္ေနၾကရပါတယ္။ သံလြင္ျမစ္နဲ႔ နီးတဲ့ ထုိင္းနယ္စပ္မွာေတာ့ ဒုကၡသည္ ၇,၀၀၀ ထက္မနည္း ရိွေနတယ္လို႔ ကရင္လူမႈအဖဲြ႔အစည္းေတြက ေျပာၾကပါတယ္။ အတြင္းပို္င္းက ဒုကၡသည္တခ်ဳိ႕ဟာ အေထာက္အပံ့ေတြ ရဖို႔ေတာင္ အခက္အခဲေတြ ရွိေနခ်ိန္မွာ ၀မ္းပ်က္၀မ္းေလွ်ာေရာဂါ ျဖစ္သူမ်ားေနတယ္လို႔ ဖာပြန္ခရိုင္ထဲကို သြားေရာက္ခဲ့တဲ့ ကရင္လူအခြင့္ေရးအုပ္စုက ေျပာေရးဆုိခြင့္ရိွသူ ေစာနႏၵဆူးက အခုလိုေျပာပါတယ္။

"ေရကလည္း သန္႔႐ွင္းမႈ မရိွတဲ့အခါက်ေတာ့ ၀မ္းပ်က္၀မ္းေလွ်ာေရာဂါေတြ အျဖစ္မ်ားတယ္လို႔ က်ေနာ္တို႔ၾကားသိရတယ္။ က်ေနာ္ေရာက္သြားခ့ဲတဲ့အခ်ိ္န္မွာ သူတို႔ ေနတဲ့ အေနအထားက သန္႔ရွင္းမႈနည္းတယ္။ အိမ္သာကလည္း သိပ္မေ၀းၾကဘူး။ ေရကလည္း သန္႔ရွင္းမႈ မရွိၾကေတာ့ ၀မ္းပ်က္၊ ဝမ္းေလွ်ာကေတာ့ အျဖစ္မ်ားတာေပါ့။"

ကအန္ယူ တပ္မဟာ ၅ ထိန္းခ်ဳပ္ရာနယ္ေျမ ဖာပြန္ထဲမွာ ရွိတဲ့ ကရင္ဒုကၵသည္ေတြအေနနဲ႔ ၀မ္းပ်က္၀မ္းေလွ်ာေရာဂါအျပင္ တျခားေရာဂါေတြလည္း ျဖစ္ေနၾကတယ္လို႔ ေကအန္ယူတပ္မဟာ ၅ က ေျပာေရးဆုိခြင့္ရွိသူ ဒုတိယဗိုလ္မွဴးႀကီးေစာကလယ္ဒုိကလည္းေျပာပါတယ္။

"၀မ္းပ်က္၀မ္းေလွ်ာလည္းျဖစ္တယ္ ငွက္ဖ်ားေတြကလည္း အခုထက္ထိ အျမစ္မျပတ္ေသးေတာ့ ငွက္ဖ်ားလည္းျဖစ္တာေပါ့။ တခ်ိဳ႕ကေတာ့ ဆီးနဲ႔ ပတ္သက္တဲ့ေရာဂါေတြ ဆီးပုိး၀င္တာေတြ အဲဒါေတြျဖစ္တယ္။ အဲဒီေနရာေတြမွာ အျဖစ္မ်ားတာေပါ့ေနာ္။"

ကရင္ဒုကၡသည္ေတြအတြက္ ႏို္င္ငံတကာေရာက္ အလွဴရွင္မ်ားနဲ႔ ထုိင္းေရာက္ျမန္မာအလုပ္သမားေတြက ေဆးနဲ႔ စားနပ္ရိကၡာအကူညီမ်ားေပးပုိ႔ခဲ့ေပမဲ့ လိုအပ္ခ်က္ေတြကေတာ့ ရိွေနဆဲပဲလို႔လည္း ဒုတိယဗုိ္လ္မွဴးႀကီးေစာကလယ္ဒုိက ေျပာျပပါတယ္။

"ေဆး၀ါးကေတာ့ လိုသေလာက္ေတာ့ ရွိပါတယ္။ သိပ္မ်ားမ်ားစားစားေတာ့ မဟုတ္ဘူး။ အခုေလာေလာဆယ္ကေတာ့ က်န္းမာေရးအဖဲြ႔ေတြ၊ လူမႈအဖဲြ႔အစည္းေတြက ကူညီေထာက္ပံ့ၾကတဲ့အခါမွာ သိပ္ၿပီးေတာ့လံုေလာက္မႈ မရွိေပမဲ့လို႔ သံုးလို႔ေတာ့ရပါတယ္။ အခုက ေဆး၀ါးလိုတယ္၊ စားနပ္ရိကၡာလည္းလိုတယ္။ အခုက မိုးဦးက်ျပီဆုိေတာ့ အမိုးအကာေတြလည္းလိုပါတယ္။"

စစ္ေဘးဒုကၡသည္ေတြအေနနဲ႔ကေတာ့ ထုိင္းဘက္ကို ထြက္ေျပးခိုလံႈတာေတြ ရွိေပမဲ့ ထုိင္းဘက္က ယာယီသာ ေနခြင့္ျပဳျပီး ေနရပ္ရင္းကိုျပန္ခိုင္းတာေၾကာင့္ ကရင္ျပည္နယ္ သံလြင္ျမစ္ကမ္းနားမွာပဲ ခိုလႈံေနၾကသူေတြ ႐ွိသလို ဖာပြန္ခရိုင္အတြင္းပုိင္းမွာပဲ ခိုလႈံေနၾကသူေတြလည္း ရွိေနၾကပါတယ္။ ဖာပြန္ခရိုင္အတြင္းမွာ စစ္တပ္နဲ႔ ျမန္မာစစ္အုပ္ခ်ဳပ္ေရးေကာင္စီတပ္နဲ႔ ေကအန္ယူတပ္ေတြၾကား တုိက္ပဲြေတြ ျဖစ္ေနဆဲမို႔ ဒုကၡသည္ေတြဟာ ေနရပ္မျပန္ႏို္င္ၾကဘဲ ေတာေတာင္ေတြထဲမွာ ပုန္းေအာင္းေနထုိင္ေနရတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဖာပွန်ခရိုင်တွင်း စစ်ဘေးဒုကု္ခသည်များ ဆေးဝါးရိက္ခာ လိုအပ်

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း စစ်ဘေးဒုက္ခသည်တွေ နေတဲ့နေရာတွေမှာ ဝမ်းလျှော ဝမ်းပျက်ရောဂါတွေ ဖြစ်နေပါတယ်။ ဒုက္ခသည်တွေအတွက် ကူညီထောက်ပံ့ရေးပစ္စည်းတွေအပြင် ဆေးဝါးနဲ့ အစားအသောက်ရိက္ခာတွေ လိုအပ်နေကြတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ပြပေးပါမယ်။

ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူတပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာကြောင့်ရော စစ်တပ်ဘက်က စစ်ကောင်စီ လေယာဉ်တွေနဲ့ ဗံုံးကြဲတိုက်ခိုက်ခဲ့တဲ့ မတ်လကုန်ပိုင်းက စပြီး ဒေသခံကရင်ရွာသား ၂၀,၀၀၀ ကျော်လောက် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။ သံလွင်မြစ်နဲ့ နီးတဲ့ ထိုင်းနယ်စပ်မှာတော့ ဒုက္ခသည် ၇,၀၀၀ ထက်မနည်း ရှိနေတယ်လို့ ကရင်လူမှုအဖွဲ့အစည်းတွေက ပြောကြပါတယ်။ အတွင်းပိုင်းက ဒုက္ခသည်တချို့ဟာ အထောက်အပံ့တွေ ရဖို့တောင် အခက်အခဲတွေ ရှိနေချိန်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်သူများနေတယ်လို့ ဖာပွန်ခရိုင်ထဲကို သွားရောက်ခဲ့တဲ့ ကရင်လူအခွင့်ရေးအုပ်စုက ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက အခုလိုပြောပါတယ်။

"ရေကလည်း သန့်ရှင်းမှု မရှိတဲ့အခါကျတော့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ အဖြစ်များတယ်လို့ ကျနော်တို့ကြားသိရတယ်။ ကျနော်ရောက်သွားခဲ့တဲ့အချိန်မှာ သူတို့ နေတဲ့ အနေအထားက သန့်ရှင်းမှုနည်းတယ်။ အိမ်သာကလည်း သိပ်မဝေးကြဘူး။ ရေကလည်း သန့်ရှင်းမှု မရှိကြတော့ ဝမ်းပျက်၊ ဝမ်းလျှောကတော့ အဖြစ်များတာပေါ့။"

ကအန်ယူ တပ်မဟာ ၅ ထိန်းချုပ်ရာနယ်မြေ ဖာပွန်ထဲမှာ ရှိတဲ့ ကရင်ဒုက္ဒသည်တွေအနေနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါအပြင် တခြားရောဂါတွေလည်း ဖြစ်နေကြတယ်လို့ ကေအန်ယူတပ်မဟာ ၅ က ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒိုကလည်းပြောပါတယ်။

"ဝမ်းပျက်ဝမ်းလျှောလည်းဖြစ်တယ် ငှက်ဖျားတွေကလည်း အခုထက်ထိ အမြစ်မပြတ်သေးတော့ ငှက်ဖျားလည်းဖြစ်တာပေါ့။ တချို့ကတော့ ဆီးနဲ့ ပတ်သက်တဲ့ရောဂါတွေ ဆီးပိုးဝင်တာတွေ အဲဒါတွေဖြစ်တယ်။ အဲဒီနေရာတွေမှာ အဖြစ်များတာပေါ့နော်။"

ကရင်ဒုက္ခသည်တွေအတွက် နိုင်ငံတကာရောက် အလှူရှင်များနဲ့ ထိုင်းရောက်မြန်မာအလုပ်သမားတွေက ဆေးနဲ့ စားနပ်ရိက္ခာအကူညီများပေးပို့ခဲ့ပေမဲ့ လိုအပ်ချက်တွေကတော့ ရှိနေဆဲပဲလို့လည်း ဒုတိယဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပြပါတယ်။

"ဆေးဝါးကတော့ လိုသလောက်တော့ ရှိပါတယ်။ သိပ်များများစားစားတော့ မဟုတ်ဘူး။ အခုလောလောဆယ်ကတော့ ကျန်းမာရေးအဖွဲ့တွေ၊ လူမှုအဖွဲ့အစည်းတွေက ကူညီထောက်ပံ့ကြတဲ့အခါမှာ သိပ်ပြီးတော့လုံလောက်မှု မရှိပေမဲ့လို့ သုံးလို့တော့ရပါတယ်။ အခုက ဆေးဝါးလိုတယ်၊ စားနပ်ရိက္ခာလည်းလိုတယ်။ အခုက မိုးဦးကျပြီဆိုတော့ အမိုးအကာတွေလည်းလိုပါတယ်။"

စစ်ဘေးဒုက္ခသည်တွေအနေနဲ့ကတော့ ထိုင်းဘက်ကို ထွက်ပြေးခိုလှုံတာတွေ ရှိပေမဲ့ ထိုင်းဘက်က ယာယီသာ နေခွင့်ပြုပြီး နေရပ်ရင်းကိုပြန်ခိုင်းတာကြောင့် ကရင်ပြည်နယ် သံလွင်မြစ်ကမ်းနားမှာပဲ ခိုလှုံနေကြသူတွေ ရှိသလို ဖာပွန်ခရိုင်အတွင်းပိုင်းမှာပဲ ခိုလှုံနေကြသူတွေလည်း ရှိနေကြပါတယ်။ ဖာပွန်ခရိုင်အတွင်းမှာ စစ်တပ်နဲ့ မြန်မာစစ်အုပ်ချုပ်ရေးကောင်စီတပ်နဲ့ ကေအန်ယူတပ်တွေကြား တိုက်ပွဲတွေ ဖြစ်နေဆဲမို့ ဒုက္ခသည်တွေဟာ နေရပ်မပြန်နိုင်ကြဘဲ တောတောင်တွေထဲမှာ ပုန်းအောင်းနေထိုင်နေရတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG