သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တေၾကာ႔ျပန္ စစ္ေရးပဋိပကၡ ေၾကာင္႔ ေနရပ္စြန္႔ထြက္ေျပးရသူေတြကို ကူညီဖို႔အခက္ႀကံဳ (ကုလေျပာခြင္႔ရ)


ျမစ္ႀကီးနားၿမိဳ ႔ကိုတိမ္းေ႐ွာင္လာတဲ့ကခ်င္စစ္ေရွာင္ဒုကၡသည္ ေမလ ၁၁ ရက္၊၂၀၁၈။

(Zawgyi/Unicode)

ျမန္မာႏိုင္ငံ တိုင္းရင္းသား ေဒသေတြမွာ မၾကာေသးခင္ကစလို႔ လက္နက္ကိုင္ ပဋိပကၡေတြ တေက်ာ့ျပန္ ျဖစ္ပြားရာက ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြ ေနရပ္စြန္႔ခြာ ထြက္ေျပးေနရၿပီး၊ အကူအညီ အေထာက္အပံ့ေတြ ေပးအပ္ဖို႔လည္း ခက္ခဲေနတယ္လို႔ ကုလသမဂၢက ေျပာပါတယ္။

ျမန္မာစစ္တပ္နဲ႔ တိုင္းရင္းသား လက္နက္ကိုင္ အဖဲြ႕ေတြၾကား တိုက္ပဲြေတြ သာမက တိုင္းရင္းသား လက္နက္ကိုင္ အဖဲြ႕ေတြ အခ်င္းခ်င္းၾကား တိုက္ပဲြေတြေၾကာင့္ ေဒသခံေတြ ဒုကၡေရာက္ေနၾကရတာလို႔လည္း ျမန္မာႏိုင္ငံ အေျခစိုက္ လူသားခ်င္းစာနာမႈ အကူအညီေပးေရး အဖဲြ႕အစည္းေတြက ေျပာတဲ့အေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရက ေျပာဆိုလိုက္တာပါ။

“တေက်ာ့ျပန္ တိုက္ပဲြေတြေၾကာင့္ ကခ်င္ျပည္နယ္မွာ လူ ၁ ေသာင္းေလာက္ ထြက္ေျပးၾကရပါတယ္။ ရွမ္းျပည္ေျမာက္ပိုင္းမွာ ဒီႏွစ္ဆန္းကစလို႔ ေနရပ္စြန္႔ခြာရသူ ၁၂,၀၀၀ ေက်ာ္ ရွိခဲ့ၿပီး၊ ဒီအထဲက မိသားစု တ၀က္ေက်ာ္ေလာက္ဟာ အခုအထိ အိုးမဲ့အိမ္မဲ့ ျဖစ္ေနဆဲပါ။ ႏိုင္ငံ အေရွ႕ေတာင္ပိုင္း ေဒသမွာလည္း ေဖေဖာ္ဝါရီလ ကတည္းက ေလေၾကာင္း တိုက္ခိုက္မႈေတြ၊ လက္နက္ႀကီးေတြ၊ ေမာ္တာေတြနဲ႔ ပစ္ခတ္မႈေတြ အပါအ၀င္ စစ္တပ္နဲ႔ ကရင္လက္နက္ကိုင္ တပ္ဖဲြ႕ၾကား တိုက္ပဲြေတြေၾကာင့္ ေနရပ္စြန္႔ခြာ ထြက္ေျပးရသူ ၄ ေသာင္းေက်ာ္ ရွိတယ္လို႔လည္း ျမန္မာႏိုင္ငံက က်ေနာ္တို႔ လုပ္ေဖာ္ကိုင္ဖက္ေတြက ေျပာပါတယ္။” လို႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stéphane Dujarric က ဗုဒၶဟူးေန႔ သတင္းစာ ရွင္းလင္းပဲြမွာ ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ စစ္တပ္က အာဏာသိမ္းလိုက္တဲ့အေပၚ ဆန္႔က်င္ ကန္႔ကြက္မႈေတြနဲ႔အတူ တိုင္းရင္းသား လက္နက္ကိုင္ အဖဲြ႕ေတြနဲ႔ စစ္တပ္ၾကားမွာလည္း တိုက္ပဲြေတြ ျပန္လည္ျဖစ္ပြားေနတာပါ။ တိုက္ပဲြေတြနဲ႔ ႏိုင္ငံေရး မတည္မၿငိမ္ အေျခအေနေတြေၾကာင့္ အိမ္နီးခ်င္း ထိုင္းနဲ႔ အိႏၵိယႏိုင္ငံေတြကို နယ္စပ္ျဖတ္ေက်ာ္ တိမ္းေရွာင္သြားသူ ေထာင္နဲ႔ခ်ီ ရွိတယ္လို႔လည္း ကုလသမဂၢက ေျပာပါတယ္။

ျမန္မာႏိုင္ငံထဲက ပဋိပကၡျဖစ္ရာ ေဒသေတြမွာရွိတဲ့ လူေပါင္း ၁ သန္းေလာက္အတြက္ ကုလသမဂၢနဲ႔ မိတ္ဖက္အဖဲြ႕ေတြ အကူအညီေပးဖို႔ ႀကိဳးစားေနေပမဲ့ လုံျခံဳေရးစိတ္မခ်ရတာေရာ၊ သြားေရးလာေရးနဲ႔ ဘ႑ာေရး အခက္အခဲနဲ႔ပါ ရင္ဆိုင္ေနရတယ္လို႔လည္း အတြင္းေရးမွဴးခ်ဳပ္႐ုံးက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

တကြော့ပြန် စစ်ရေးပဋိပက္ခ ကြောင့် နေရပ်စွန့်ထွက်ပြေးရသူတွေကို ကူညီဖို့အခက်ကြုံ (ကုလပြောခွင့်ရ)

(Unicode)

မြန်မာနိုင်ငံ တိုင်းရင်းသား ဒေသတွေမှာ မကြာသေးခင်ကစလို့ လက်နက်ကိုင် ပဋိပက္ခတွေ တကျော့ပြန် ဖြစ်ပွားရာက ထောင်နဲ့ချီတဲ့ ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး၊ အကူအညီ အထောက်အပံ့တွေ ပေးအပ်ဖို့လည်း ခက်ခဲနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ပွဲတွေ သာမက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အချင်းချင်းကြား တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဒုက္ခရောက်နေကြရတာလို့လည်း မြန်မာနိုင်ငံ အခြေစိုက် လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့အစည်းတွေက ပြောတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပြောဆိုလိုက်တာပါ။

“တကျော့ပြန် တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်မှာ လူ ၁ သောင်းလောက် ထွက်ပြေးကြရပါတယ်။ ရှမ်းပြည်မြောက်ပိုင်းမှာ ဒီနှစ်ဆန်းကစလို့ နေရပ်စွန့်ခွာရသူ ၁၂,၀၀၀ ကျော် ရှိခဲ့ပြီး၊ ဒီအထဲက မိသားစု တဝက်ကျော်လောက်ဟာ အခုအထိ အိုးမဲ့အိမ်မဲ့ ဖြစ်နေဆဲပါ။ နိုင်ငံ အရှေ့တောင်ပိုင်း ဒေသမှာလည်း ဖေဖော်ဝါရီလ ကတည်းက လေကြောင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေ၊ မော်တာတွေနဲ့ ပစ်ခတ်မှုတွေ အပါအဝင် စစ်တပ်နဲ့ ကရင်လက်နက်ကိုင် တပ်ဖွဲ့ကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၄ သောင်းကျော် ရှိတယ်လို့လည်း မြန်မာနိုင်ငံက ကျနော်တို့ လုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ် ဆန့်ကျင် ကန့်ကွက်မှုတွေနဲ့အတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်တပ်ကြားမှာလည်း တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတာပါ။ တိုက်ပွဲတွေနဲ့ နိုင်ငံရေး မတည်မငြိမ် အခြေအနေတွေကြောင့် အိမ်နီးချင်း ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေကို နယ်စပ်ဖြတ်ကျော် တိမ်းရှောင်သွားသူ ထောင်နဲ့ချီ ရှိတယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။

မြန်မာနိုင်ငံထဲက ပဋိပက္ခဖြစ်ရာ ဒေသတွေမှာရှိတဲ့ လူပေါင်း ၁ သန်းလောက်အတွက် ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့တွေ အကူအညီပေးဖို့ ကြိုးစားနေပေမဲ့ လုံခြုံရေးစိတ်မချရတာရော၊ သွားရေးလာရေးနဲ့ ဘဏ္ဍာရေး အခက်အခဲနဲ့ပါ ရင်ဆိုင်နေရတယ်လို့လည်း အတွင်းရေးမှူးချုပ်ရုံးက ပြောပါတယ်။

XS
SM
MD
LG