သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံေရးမတည္ၿငိမ္မႈ ေဒသတြင္းဒုကၡသည္အၾကပ္အတည္ေပၚလာႏိုင္


Tom Andrews

{{Zawgyi/Unicode}}

ျမန္မာျပည္တြင္းက ႏုိင္ငံေရးမတည္ၿငိမ္မႈေတြေၾကာင့္ ေဒသတြင္း ဒုကၡသည္အၾကပ္အတည္းေတြ ေပၚေပါက္လာႏုိင္တယ္လို႔ လူမႈကူညီေရးအဖြဲ႔ေတြနဲ႔ လႈပ္ရွားတက္ၾကြသူေတြကေျပာပါတယ္။

ျပည္တြင္းက အၾကမ္းဖက္နွိမ္ႏွင္းမႈေတြေၾကာင့္ ျပည္သူ၂ သိန္းခြဲေလာက္ ေနရပ္စြန္႔ခြါထြက္ေျပးေနရတယ္လို႔လည္း ျမန္မာ့လူ႔အခြင့္အေရးဆုိင္ရာ ကုလသမဂၢအထူးကိုယ္စာလွယ္ Tom Andrews ကေျပာပါတယ္။

ျမန္မာ့အေရးကို ႏုိင္ငံတကာက ခ်က္ခ်င္းပါ၀င္ေဆာင္ရြက္တာမရွိရင္ လူသားခ်င္းစာနာမႈဆုိင္ရာ အၾကပ္အတည္းႀကီးေပၚေပါက္လာေတာ့မယ့္လိ႔ု Tom Andrews ကသူ႔ရဲ ႔တြစ္တာလူမႈစာမ်က္နွာမွာ သတိေပးေရးသားထားပါတယ္။ ျမန္မာႏုိင္ငံတြင္းက အေျခအေနေတြ ထိန္းလို႔မရေအာင္ျဖစ္လာေနၿပီလို႔လည္း မစၥတာ Andrews နဲ႔လူ႔အခြင့္အေရးအဖြဲ႔ေတြက သတိေပးေနၾကတာပါ။

ျပည္သူေတြ တခဲနက္ပါ၀င္ေနတဲ့ CDM အာဏာဖီဆန္ေရးလႈပ္ရွားမႈနဲ႔ လုံၿခဳံေရးတပ္ဖြဲ႔ရဲ ႔ႏွိမ္နွင္းမႈေတြေၾကာင့္ အေတာ္မ်ားမ်ားအလုပ္အကိုင္မရွိပဲျဖစ္ေနၾကပါတယ္။ စစ္ေကာင္စီက အင္တာနက္လိုင္းေတြပါျဖတ္ေတာက္ထားတဲ့အတြက္လည္း အြန္လိုင္းကေန အေရာင္းအ၀ယ္လုပ္ေနသူအတြက္ အခက္အခဲေတြျဖစ္ေနပါတယ္။

ဒါ့အျပင္တုိင္းရင္းသားေဒသေတြမွာ ျမန္မာစစ္တပ္ရဲ ႔ဗုံးႀကဲတုိက္ခိုက္မႈေတြနဲ႔ အၾကမ္းဖက္မႈေတြေၾကာင့္ေနရပ္စြန္႔ခါြၿပီး နယ္စပ္ဖက္ထြက္ေျပးေနရတဲ့ ျပည္သူေတြ တိုးလာေနတယ္လို႔ ျမန္မာဒုကၡသည္အေရးလုပ္ကိုင္ေပးေနတဲ့TBC အဖြဲ႔ အမွဳေဆာင္ညႊန္ၾကားေရးမွဳး Sally Thompson ကေျပာပါတယ္။

ျမန္မာရဲ ႔အဓိကကုန္သြယ္ဖက္ျဖစ္တဲ့ အာဆီယံအသင္းက ဒီကိစၥနဲ႔ပတ္သက္ၿပီး ျမန္မာကိုဖိအားေပးသင့္တယ္လို႔လည္း Sally Thompson ကေျပာပါတယ္။ ျမန္မာ့ကုန္သြယ္ေရး ၃ ပုံ၁ ပုံက အာဆီယံအဖြြဲ႔၀င္ႏုိင္ငံေတြနဲ႔ျဖစ္ၿပီး ျပည္ပရင္းႏွွီးျမွပ္နွံမႈအမ်ားစုက ေဒသတြင္းႏုိင္ငံေတြကျဖစ္ပါတယ္။

CDM လႈပ္ရွားမႈေၾကာင့္ ဘဏ္ေတြ၊ ေဆး႐ုံေတြနဲ႔ အထည္ခ်ဳပ္စက္႐ုံေတြအပါအ၀င္ လုပ္ငန္းအေတာ္မ်ားမ်ားမလည္ပတ္ႏုိင္တာေၾကာင့္ ျမန္မာစီးပြါးေရးထိခိုက္ေနတာပါ။ လက္ရိွေပၚေပါက္ေနတဲ့ကိုဗစ္ကပ္ေရာဂါေၾကာင့္လည္း ထုိင္းနဲ႔အျခားႏုိင္ငံေတြကိုေရာက္ေနၾကတဲ့ ျမန္မာေရႊ႔ေျပာင္းအလုပ္သမားေတြေနရပ္ျပန္ၾကရတာပါ။

ျမန္မာ့စီးပြါးေရ ခုလို ျခြတ္ခ်ဳံက်ေနၿပီး လူေတြလည္း ၀င္ေငြလစာမ႐ွိၾကတဲ့အတြက္ တႏုိင္ငံလုံး လူသားခ်င္စားနာမႈဆုိင္ရာအၾကပ္အတည္းႀကီးဆုိက္ေတာ့မယ္လို႔လည္း TBC အႀကီးအကဲ Sally Thompson က သုံးသပ္ေျပာဆိုထားပါတယ္။

........................................


{{Unicode}}

မြန်မာပြည်တွင်းက နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ဒေသတွင်း ဒုက္ခသည်အကြပ်အတည်းတွေ ပေါ်ပေါက်လာနိုင်တယ်လို့ လူမှုကူညီရေးအဖွဲ့တွေနဲ့ လှုပ်ရှားတက်ကြွသူတွေကပြောပါတယ်။

ပြည်တွင်းက အကြမ်းဖက်နှိမ်နှင်းမှုတွေကြောင့် ပြည်သူ၂ သိန်းခွဲလောက် နေရပ်စွန့်ခွါထွက်ပြေးနေရတယ်လို့လည်း မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စာလှယ် Tom Andrews ကပြောပါတယ်။

မြန်မာ့အရေးကို နိုင်ငံတကာက ချက်ချင်းပါဝင်ဆောင်ရွက်တာမရှိရင် လူသားချင်းစာနာမှုဆိုင်ရာ အကြပ်အတည်းကြီးပေါ်ပေါက်လာတော့မယ့်လိ့ု Tom Andrews ကသူ့ရဲ့တွစ်တာလူမှုစာမျက်နှာမှာ သတိပေးရေးသားထားပါတယ်။ မြန်မာနိုင်ငံတွင်းက အခြေအနေတွေ ထိန်းလို့မရအောင်ဖြစ်လာနေပြီလို့လည်း မစ္စတာ Andrews နဲ့လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးနေကြတာပါ။

ပြည်သူတွေ တခဲနက်ပါဝင်နေတဲ့ CDM အာဏာဖီဆန်ရေးလှုပ်ရှားမှုနဲ့ လုံခြုံရေးတပ်ဖွဲ့ရဲ့နှိမ်နှင်းမှုတွေကြောင့် အတော်များများအလုပ်အကိုင်မရှိပဲဖြစ်နေကြပါတယ်။ စစ်ကောင်စီက အင်တာနက်လိုင်းတွေပါဖြတ်တောက်ထားတဲ့အတွက်လည်း အွန်လိုင်းကနေ အရောင်းအဝယ်လုပ်နေသူအတွက် အခက်အခဲတွေဖြစ်နေပါတယ်။

ဒါ့အပြင်တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ အကြမ်းဖက်မှုတွေကြောင့်နေရပ်စွန့်ခါွပြီး နယ်စပ်ဖက်ထွက်ပြေးနေရတဲ့ ပြည်သူတွေ တိုးလာနေတယ်လို့ မြန်မာဒုက္ခသည်အရေးလုပ်ကိုင်ပေးနေတဲ့TBC အဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှုး Sally Thompson ကပြောပါတယ်။

မြန်မာရဲ့အဓိကကုန်သွယ်ဖက်ဖြစ်တဲ့ အာဆီယံအသင်းက ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာကိုဖိအားပေးသင့်တယ်လို့လည်း Sally Thompson ကပြောပါတယ်။ မြန်မာ့ကုန်သွယ်ရေး ၃ ပုံ၁ ပုံက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ဖြစ်ပြီး ပြည်ပရင်းနှီးမြှပ်နှံမှုအများစုက ဒေသတွင်းနိုင်ငံတွေကဖြစ်ပါတယ်။

CDM လှုပ်ရှားမှုကြောင့် ဘဏ်တွေ၊ ဆေးရုံတွေနဲ့ အထည်ချုပ်စက်ရုံတွေအပါအဝင် လုပ်ငန်းအတော်များများမလည်ပတ်နိုင်တာကြောင့် မြန်မာစီးပွါးရေးထိခိုက်နေတာပါ။ လက်ရှိပေါ်ပေါက်နေတဲ့ကိုဗစ်ကပ်ရောဂါကြောင့်လည်း ထိုင်းနဲ့အခြားနိုင်ငံတွေကိုရောက်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနေရပ်ပြန်ကြရတာပါ။

မြန်မာ့စီးပွါးရေ ခုလို ခြွတ်ချုံကျနေပြီး လူတွေလည်း ဝင်ငွေလစာမရှိကြတဲ့အတွက် တနိုင်ငံလုံး လူသားချင်စားနာမှုဆိုင်ရာအကြပ်အတည်းကြီးဆိုက်တော့မယ်လို့လည်း TBC အကြီးအကဲ Sally Thompson က သုံးသပ်ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG