သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကေလးေတြ ေသဆံုးေစတဲ႔ အၾကမ္းဖက္မႈ ခ်က္ခ်င္းရပ္ဖို႔ ကုလ ထပ္မံ ေတာင္းဆို


ရင္ဘက္ကို ေသနတ္က်ည္ ထိၿပီး ေသဆံုးခဲ႔ရတဲ႔ အသက္ ၁၄ ႏွစ္ အရြယ္ ေမာင္ထြန္းထြန္းေအာင္ကို အဂၤါေန႔မွာ မီးသၿဂိ ၤဳဟ္

(Zawgyi/Unicode)

စစ္အာဏာသိမ္းမႈ ေနာက္ပိုင္း အၾကမ္းဖက္မႈေတြ အတြင္ ကေလးငယ္ အနည္းဆံုး ၅၂ ဦး ေသဆံုးခဲ႔ရၿပီး ျဖစ္တဲ႔ ျမန္မာႏုိင္ငံမွာ လံုၿခံဳေရး တပ္ေတြအေနနဲ႔ ကေလးေတြ၊ လူငယ္ေတြကို ေဘးကင္းေအာင္ ထားရွိဖို႔၊ အၾကမ္းဖက္တာေတြ ခ်က္ခ်င္း ရပ္ဖို႔႔ ျမန္မာဆိုင္ရာ ကုလသမဂၢရံုးက ေတာင္းဆိုလုိက္ပါတယ္။

“ၿပီးခဲ႔တဲ႔ သီတင္းပတ္ ၁၁ ခု အတြင္း လံုၿခံဳေရး တပ္ဖြဲ႔ေတြ လက္ခ်က္ေၾကာင့္ ေသဆံုးရတယ္ ဆိုတဲ႔ ကေလးငယ္ အနည္းဆံုး ၅၂ ဦး ရွိခဲ႔ၿပီး ဒီထဲမွာ မိန္းကေလးငယ္ ၇ ဦး၊ ေယာက္်ားေလး ၄၅ ဦး ပါ၀င္ေၾကာင္း UNICEF - ကုလသမဂၢ ကေလးသူငယ္မ်ား ရန္ပံုေငြ အဖြဲ႔က ေျပာဆိုထားေၾကာင္း” ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က အဂၤါေန႔က နယူးေယာက္ ကုလသမဂၢ ရံုးခ်ဳပ္မွာ လုပ္တဲ႔ ပံုမွန္ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုပါတယ္။

ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းမႈေနာက္ပိုင္း အၾကမ္းဖက္ ၿဖိဳခြင္းခံရမႈေတြ အတြင္း ေသဆံုးရသူ စုစုေပါင္းက အဂၤါေန႔ အထိ ၇၄၁ ဦး ရွိေၾကာင္း ကုလသမဂၢ လူ႔အခြင့္အေရးရံုးက ေျပာဆိုထားပါတယ္။ ေသဆံုးရသူေတြထဲမွာ အမ်ိဳးသမီးေတြ၊ ကေလးငယ္ေတြလည္း ပါ၀င္ပါတယ္။ အမ်ားစုကေတာ့ အမ်ိဳးသားမ်ား ျဖစ္ပါတယ္။ ဒဏ္ရာရသူက ေထာင္နဲ႔ခ်ီ ရွိေနပါတယ္။

စစ္တပ္ အာဏာပိုင္မ်ား အေနနဲ႔ ျမန္မာျပည္သူရဲ႕ ဆႏၵကို ေလးစားဖို႔၊ ဒီမိုကေရစီ နည္းက် ေရြးေကာက္ခံ အစိုးရကို အာဏာျပန္အပ္ဖို႔လည္း ကုလသမဂၢဘက္က အစဥ္တစိုက္ ေတာင္းဆုိထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ကလေးတွေ သေဆုံးစေတဲ့ အကြမ်းဖက်မှု ချက်ချင်းရပ်ဖို့ ကုလ ထပ်မံ တောင်းဆို

(Unicode)

စစ်အာဏာသိမ်းမှု နောက်ပိုင်း အကြမ်းဖက်မှုတွေ အတွင် ကလေးငယ် အနည်းဆုံး ၅၂ ဦး သေဆုံးခဲ့ရပြီး ဖြစ်တဲ့ မြန်မာနိုင်ငံမှာ လုံခြုံရေး တပ်တွေအနေနဲ့ ကလေးတွေ၊ လူငယ်တွေကို ဘေးကင်းအောင် ထားရှိဖို့၊ အကြမ်းဖက်တာတွေ ချက်ချင်း ရပ်ဖို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးက တောင်းဆိုလိုက်ပါတယ်။

“ပြီးခဲ့တဲ့ သီတင်းပတ် ၁၁ ခု အတွင်း လုံခြုံရေး တပ်ဖွဲ့တွေ လက်ချက်ကြောင့် သေဆုံးရတယ် ဆိုတဲ့ ကလေးငယ် အနည်းဆုံး ၅၂ ဦး ရှိခဲ့ပြီး ဒီထဲမှာ မိန်းကလေးငယ် ၇ ဦး၊ ယောက်ျားလေး ၄၅ ဦး ပါဝင်ကြောင်း UNICEF - ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့က ပြောဆိုထားကြောင်း” ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က အင်္ဂါနေ့က နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ လုပ်တဲ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက် ဖြိုခွင်းခံရမှုတွေ အတွင်း သေဆုံးရသူ စုစုပေါင်းက အင်္ဂါနေ့ အထိ ၇၄၁ ဦး ရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြောဆိုထားပါတယ်။ သေဆုံးရသူတွေထဲမှာ အမျိုးသမီးတွေ၊ ကလေးငယ်တွေလည်း ပါဝင်ပါတယ်။ အများစုကတော့ အမျိုးသားများ ဖြစ်ပါတယ်။ ဒဏ်ရာရသူက ထောင်နဲ့ချီ ရှိနေပါတယ်။

စစ်တပ် အာဏာပိုင်များ အနေနဲ့ မြန်မာပြည်သူရဲ့ ဆန္ဒကို လေးစားဖို့၊ ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ အစိုးရကို အာဏာပြန်အပ်ဖို့လည်း ကုလသမဂ္ဂဘက်က အစဉ်တစိုက် တောင်းဆိုထားတာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG