သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာဒုကၡသည္ေတြကို လက္မခံဖို႔အမိန္႔ အိႏၵိယမဏိပူရအစိုးရ ျပန္ဖ်က္သိမ္း


အိႏိၵယႏိုင္ငံ မီဇိုရမ္ျပည္နယ္ဘက္ ခိုလံႈခဲ့ၾကေသာ ျမန္မာႏိုင္ငံသားမ်ား။ (မတ္ ၁၃၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ကန္႔ကြက္ဆႏၵျပခဲ့ၾကသူတခ်ဳိ႕ အိႏၵိယနိုင္ငံဘက္ကို တိမ္းေရွာင္လာၾကရင္ အကူအညီမေပးဖုိ႔ မဏိပူရအစိုးရက တာဝန္႐ွိသူေတြကို ထုတ္ျပန္ထားတဲ့ ၫႊန္ၾကားတဲ့ ၫႊန္ၾကားခ်က္ကို ပယ္ဖ်က္ေၾကာင္း မတ္လ ၂၉ ေန႔စြဲနဲ႔ ထုတ္ျပန္လိုက္ပါတယ္။ ဒီလိုပယ္ဖ်က္တဲ့အတြက္ မဏိပူရနယ္စပ္မွာ ေရာက္ေနတဲ့ တိမ္းေ႐ွာင္လာသူေတြ မဏိပူရနယ္ထဲမွာ ခိုလႈံႏိုင္ဖုိ႔ ေမ ွ်ာ္လင့္ခ်က္ေတြ တက္ေနတဲ့အေၾကာင္း ဗြီအိုေအသတင္းေထာက္ ကိုႏိုင္ကြန္းအိန္ကေန သတင္းေပးပို႔ထားပါတယ္။

ျမန္မာစစ္တပ္ကေန အာဏာသိမ္းတဲ့ လုပ္ရပ္ကို လက္မခံဘဲ ဆႏၵျပသပိတ္ေမွာက္တဲ့သူေတြဟာ လုံျခံဳေရးတပ္ဖြဲ႔ေတြဘက္က ၿဖိဳခြင္းဖမ္းဆီးမႈေၾကာင့္ အိႏၵိယနိုင္ငံဘက္ကို ထြက္ေျပး တိမ္းေရွာင္သူေတြလဲရွိေနတာပါ။ အဲဒီလို ထြက္ေျပးလာသူေတြေရာက္လာရင္ လက္မခံဖုိ႔ မဏိပူရျပည္နယ္အစိုးရက မတ္လ ၂၆ မွာ အမိန္႔စာထုတ္ျပန္ခဲ့ပါတယ္။ မတ္လ ၂၉ ရက္ေန႔ကေတာ့ ဒီအမိန္႔စာကို မဏိပူအစိုးရက ပယ္ဖ်က္ခဲ့ပါတယ္။ ဒါေပမဲ့ ပထမၫႊန္ၾကားခ်က္ထြက္ခဲ့ၿပီးေနာက္ ျမန္မာဘက္က ၇၀ ေလာက္ဟာ ႏွစ္ ႏိုင္ငံနယ္စပ္က မိုးေရးၿမိဳ႕မွာ အဲဒီထဲက ေသာင္တင္ေနခဲ့ၾကတယ္လို႔ တမူးေဒသခံတဦးကေျပာပါတယ္။

“မဏိပူျပည္နယ္ကေတာ့ သူကေတာ့ ေမာင္းထုတ္လိုက္ၿပီးဆိုေတာ့ ကေလးေရာ၊ မိခင္ေရာ သူတို႔အားလုံးကို ေမာင္းထုတ္လိုက္ၿပီးေတာ့ မဏိပူျပည္နယ္ကေနၿပီးေတာ့ နယ္စပ္မွာ ကသည္းရြာလို႔ သိရတယ္။ ရြာနာမည္ မေသေသခ်ာခ်ာ မသိဘူး။ ဒီျပည္တြင္းဘက္ကိုေတာ့ ျပန္မ၀င္ၾကေသးဘူး။ အေယာက္ ၇၀ ေက်ာ္ေက်ာ္၀န္းက်င္ေလာက္ ရွိမယ္ထင္ တယ္။ ကေလးအပါအ၀င္ေပါ့ေနာ္။ က်ေနာ္ ထင္တယ္။ သူတို႔ဘက္ကေနလည္း တခ်ိဳ႕ေခါင္းေဆာင္ပိုင္းေတြ ညိွႏိႈင္းမႈလုပ္တယ္ထင္တယ္။ အဲဒါေၾကာင့္လည္းပဲ သူတို႕ဒီဘက္ျခမ္းကို တန္းၿပီးေတာ့ မ၀င္ေသးတာျဖစ္မွာ။”

ဒါေပမဲ့ ျပီးခဲ့တဲ့ရက္အပတ္တုန္းက စစ္ကိုင္းတိုင္း တမူးၿမိဳ႕မွာ ဆႏၵျပမႈအတြင္း လုံျခံဳေရးတပ္ဖြဲ႕၀င္ေတြပစ္ခတ္မႈေၾကာင့္ ဒဏ္ရာရသူ ၃ ဦးကိုေတာ့ မဏိပူရ အင္ဖာေဆးရံုမွာ ေဆးကုသမႈခံယူေနရတယ္လို႔ အင္ဖာၿမိဳ႕ေန ကိုသိန္းေအာင္က ေျပာပါတယ္။

“က်ေနာ္တို႔က အင္ဖာဘက္မွာ။ က်ေနာ္တို႔ အလုပ္ရွဳပ္ေနတာက ဒဏ္ရာရတဲ့ ၃ ေယာက္ ဒီဘက္ကေဆးရံုမွာ တင္လာတာနဲ႔ အဲဒါကေတာ့ တမူးမွာျဖစ္တဲ့ဟာေတြေပါ့ေနာ္... ဒဏ္ရာရတဲ့ ၃ ေယာက္ရွိတာ။”

ေလာေလာဆယ္ မဏိပူရျပည္နယ္ဘက္ကို တိမ္းေရွာင္လာၾကသူ အေရအတြက္ကိုေတာ့ သူက တိတိက်က်မေျပာနိုင္ေသးပါဘူး။

ျမန္မာႏိုင္ငံ ခ်င္းျပည္နယ္နဲ႔ ကပ္ေနတဲ့ အ္ိႏၵိယနိုင္ငံ မီဇိုရမ္ျပည္နယ္ဘက္မွာလည္း ျမန္မာျပည္တြင္းက လူ ၁,၀၀၀ နီးပါးတိမ္းေရွာင္လာတယ္လို႔ မီဇိုရမ္အေျချပဳ NGO United for Democratic Myanmar အဖြဲ႕တြဲဖက္အတြင္းေရးမွဴး ကိုရစ္ခ်တ္က ဆိုပါတယ္။

“က်ေနာ္တို႔ ထားတဲ့ေနရာေတြ တခ်ိဳ႕က ဧည့္သည္လို ပုံစံမ်ိဳးနဲ႔ ျပဳစုတာေတြရွိတယ္ေလ။ ဒါကေရရွည္အတြက္က လုံး၀မျဖစ္နိုင္ဘူးေလ။ ဆိုေတာ့ေရရွည္အတြက္ က်ေနာ္တုိ႔ စဥ္းစားတဲ့ေနရာမွာ မီဇိုရမ္အစိုးရကေနၿပီးေတာ့မွ သူတို႔အတြက္ေနစရာေပါ့ေနာ္။ Refugee Camp လား တခုခုေပါ့ေနာ္။ အဲဒီလိုပုံစံမ်ိဳးေတာ့ စီစဥ္ေပးသင့္ေနၿပီ။ အဲဒီအတြက္ က်ေနာ္တို႔ တြန္းအားေပးေနတာျဖစ္တယ္။ အေရအတြက္ကေတာ့ ခန္႔မွန္းေျခေတာ့ ၁,၀၀၀ ၀န္းက်င္ေတာ့ ရွိေလာက္တယ္။”

မီဇိုရမ္ဘက္ တိမ္းေရွာင္လာတဲ့သူေတြအထဲမွာ ရဲတပ္ဖြဲ႕၀င္ေတြလည္း အမ်ားအျပားပါ၀င္ေနတယ္လို႔ ကိုရစ္ခ်တ္က ဆက္ေျပာပါတယ္။

“ရဲတပ္ဖြဲ႕၀င္ေတြကေလ ဒီအိုက္ေဇာလ္မွာ က်ေနာ္တို႔ ရထားတဲ့စာရင္းအရဆိုရင္ ၁၅၀ ေက်ာ္ေတာ့ရွိၿပီ။ ခုနယ္စပ္ကဟာနဲ႔ဆိုရင္ေတာ့ ၅၀၀ ထိေလာက္ေတာ့ရွိနိုင္တယ္။ တခ်ိဳ႕ကေတာ့ မိသားစုလိုက္လာတဲ့ဟာေတာ့ ရွိတယ္။ ဒါေပမဲ့ မ်ားေသာအားျဖင့္ကေတာ့ တေယာက္ထဲ အဲဒီလိုထြက္ေျပးလာၾကတာ မ်ားတယ္။”

NGO United for Democratic Myanmar အဖြဲ႕ကေန ရဲတပ္ဖြဲ႕၀င္ေတြနဲ႔ သူတုိ႔မိသားစုဝင္ ၅၀၀ ခန္႔ မီဇိုရမ္ဘက္တိမ္းေရွာင္လာတယ္လို႔ ေျပာဆိုေပမဲ့ သီးျခားအတည္မျပဳနိုင္ေသးပါဘူး။

စစ္ေဘးေရွာင္ ျမန္မာျပည္သူကို အိႏၵိယနိုင္ငံအစိုးရက အကူညီေပးဖို႔ ျငင္းဆန္ရာကေန ျပည္လည္လက္ခံေၾကာင္း ထုတ္ျပန္လာတဲ့အေပၚ ခိုနုန္းသုမ္ခ်င္းသတင္းဌာနအယ္ဒီတာကိုေရာဘတ္က အခုလို သုံးသပ္ထားပါတယ္။

“မဏိပူျပည္နယ္ကေတာ့ သူတို႔ အိႏၵိယဗဟိုအစိုးရရဲ႕ အမိန္႔အတိုင္း သူတို႔ လုပ္ခဲ့တာေပါ့ေလ။ မဏိပူဘက္ကို ၀င္လာတဲ့ သူေတြကို ျပန္ေမာင္းထုတ္တာမ်ိဳးေတြ လုပ္တယ္။ ဆိုေတာ့ ဒီကိစၥအေပၚမွာ ေတာ္ေတာ္ေလး လူ႔အခြင့္အေရး ရႈေထာင့္ကပဲၾကည့္ၾကည့္ ဒါကနိုင္ငံေရးအေျခအေနေၾကာင့္ ဒီလိုမ်ိဳး အသက္အႏၱရာယ္စိုးရိမ္ေနေၾကာင့္မို႔လို႔ ဟိုဘက္ ကိုေျပးၿပီးေတာ့ ခိုလႈံရတဲ့သူေတြကို ဒီလိုမ်ိဳးျပန္ေမာင္းထုတ္တာကေတာ့ လူသားခ်င္းစာနာမႈ မရွိဘူးဆိုၿပီးေတာ့ ျပစ္တင္ေ၀ဖန္မႈေတာ္ေတာ္မ်ားမ်ား ရွိခဲ့တယ္ေပါ့ေလ။ အိႏၵိယမီဒီယာတခ်ိဳ႕ကလည္း ေရးသားမႈကလည္း ရွိလာတယ္။ အဲဒီက ဂယက္ေတြေၾကာင့္လည္း မဏိပူအစိုးရကေတာ့ အခုသူတို႔ရဲ႕ အဲဒီျပန္ပို႔တဲ့ကိစၥကို ျပန္ရုပ္သိမ္းတာလို႔ ထင္ပါတယ္။”

စစ္တပ္အာဏာသိမ္းမႈကို ဆန္႔က်င္ကန္႔ကြက္ေနၾကသူေတြက တခ်ဳိ႕ခုလို အိႏၵိယနယ္စပ္ဘက္ကို ေရာက္လာေနသလို ကရင္အမ်ိဳးသားအစည္းအရံုး KNU ထိန္းခ်ဳပ္နယ္ေျမေတြဘက္ ထြက္ေျပးတိမ္းေ႐ွာင္ေနၾကသူေတြလည္း ႐ွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာဒုက္ခသည်တွေကို လက်မခံဖို့အမိန့် အိန္ဒိယမဏိပူရအစိုးရ ပြန်ဖျက်သိမ်း

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကန့်ကွက်ဆန္ဒပြခဲ့ကြသူတချို့ အိန္ဒိယနိုင်ငံဘက်ကို တိမ်းရှောင်လာကြရင် အကူအညီမပေးဖို့ မဏိပူရအစိုးရက တာဝန်ရှိသူတွေကို ထုတ်ပြန်ထားတဲ့ ညွှန်ကြားတဲ့ ညွှန်ကြားချက်ကို ပယ်ဖျက်ကြောင်း မတ်လ ၂၉ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုပယ်ဖျက်တဲ့အတွက် မဏိပူရနယ်စပ်မှာ ရောက်နေတဲ့ တိမ်းရှောင်လာသူတွေ မဏိပူရနယ်ထဲမှာ ခိုလှုံနိုင်ဖို့ မေ ျှာ်လင့်ချက်တွေ တက်နေတဲ့အကြောင်း ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာစစ်တပ်ကနေ အာဏာသိမ်းတဲ့ လုပ်ရပ်ကို လက်မခံဘဲ ဆန္ဒပြသပိတ်မှောက်တဲ့သူတွေဟာ လုံခြုံရေးတပ်ဖွဲ့တွေဘက်က ဖြိုခွင်းဖမ်းဆီးမှုကြောင့် အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်သူတွေလဲရှိနေတာပါ။ အဲဒီလို ထွက်ပြေးလာသူတွေရောက်လာရင် လက်မခံဖို့ မဏိပူရပြည်နယ်အစိုးရက မတ်လ ၂၆ မှာ အမိန့်စာထုတ်ပြန်ခဲ့ပါတယ်။ မတ်လ ၂၉ ရက်နေ့ကတော့ ဒီအမိန့်စာကို မဏိပူအစိုးရက ပယ်ဖျက်ခဲ့ပါတယ်။ ဒါပေမဲ့ ပထမညွှန်ကြားချက်ထွက်ခဲ့ပြီးနောက် မြန်မာဘက်က ၇၀ လောက်ဟာ နှစ် နိုင်ငံနယ်စပ်က မိုးရေးမြို့မှာ အဲဒီထဲက သောင်တင်နေခဲ့ကြတယ်လို့ တမူးဒေသခံတဦးကပြောပါတယ်။

“မဏိပူပြည်နယ်ကတော့ သူကတော့ မောင်းထုတ်လိုက်ပြီးဆိုတော့ ကလေးရော၊ မိခင်ရော သူတို့အားလုံးကို မောင်းထုတ်လိုက်ပြီးတော့ မဏိပူပြည်နယ်ကနေပြီးတော့ နယ်စပ်မှာ ကသည်းရွာလို့ သိရတယ်။ ရွာနာမည် မသေသေချာချာ မသိဘူး။ ဒီပြည်တွင်းဘက်ကိုတော့ ပြန်မဝင်ကြသေးဘူး။ အယောက် ၇၀ ကျော်ကျော်ဝန်းကျင်လောက် ရှိမယ်ထင်တယ်။ ကလေးအပါအဝင်ပေါ့နော်။ ကျနော် ထင်တယ်။ သူတို့ဘက်ကနေလည်း တချို့ခေါင်းဆောင်ပိုင်းတွေ ညှိနှိုင်းမှုလုပ်တယ်ထင်တယ်။ အဲဒါကြောင့်လည်းပဲ သူတို့ဒီဘက်ခြမ်းကို တန်းပြီးတော့ မဝင်သေးတာဖြစ်မှာ။”

ဒါပေမဲ့ ပြီးခဲ့တဲ့ရက်အပတ်တုန်းက စစ်ကိုင်းတိုင်း တမူးမြို့မှာ ဆန္ဒပြမှုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ ၃ ဦးကိုတော့ မဏိပူရ အင်ဖာဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ အင်ဖာမြို့နေ ကိုသိန်းအောင်က ပြောပါတယ်။

“ကျနော်တို့က အင်ဖာဘက်မှာ။ ကျနော်တို့ အလုပ်ရှုပ်နေတာက ဒဏ်ရာရတဲ့ ၃ ယောက် ဒီဘက်ကဆေးရုံမှာ တင်လာတာနဲ့ အဲဒါကတော့ တမူးမှာဖြစ်တဲ့ဟာတွေပေါ့နော်... ဒဏ်ရာရတဲ့ ၃ ယောက်ရှိတာ။”

လောလောဆယ် မဏိပူရပြည်နယ်ဘက်ကို တိမ်းရှောင်လာကြသူ အရေအတွက်ကိုတော့ သူက တိတိကျကျမပြောနိုင်သေးပါဘူး။

မြန်မာနိုင်ငံ ချင်းပြည်နယ်နဲ့ ကပ်နေတဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်မှာလည်း မြန်မာပြည်တွင်းက လူ ၁,၀၀၀ နီးပါးတိမ်းရှောင်လာတယ်လို့ မီဇိုရမ်အခြေပြု NGO United for Democratic Myanmar အဖွဲ့တွဲဖက်အတွင်းရေးမှူး ကိုရစ်ချတ်က ဆိုပါတယ်။

“ကျနော်တို့ ထားတဲ့နေရာတွေ တချို့က ဧည့်သည်လို ပုံစံမျိုးနဲ့ ပြုစုတာတွေရှိတယ်လေ။ ဒါကရေရှည်အတွက်က လုံးဝမဖြစ်နိုင်ဘူးလေ။ ဆိုတော့ရေရှည်အတွက် ကျနော်တို့ စဉ်းစားတဲ့နေရာမှာ မီဇိုရမ်အစိုးရကနေပြီးတော့မှ သူတို့အတွက်နေစရာပေါ့နော်။ Refugee Camp လား တခုခုပေါ့နော်။ အဲဒီလိုပုံစံမျိုးတော့ စီစဉ်ပေးသင့်နေပြီ။ အဲဒီအတွက် ကျနော်တို့ တွန်းအားပေးနေတာဖြစ်တယ်။ အရေအတွက်ကတော့ ခန့်မှန်းခြေတော့ ၁,၀၀၀ ဝန်းကျင်တော့ ရှိလောက်တယ်။”

မီဇိုရမ်ဘက် တိမ်းရှောင်လာတဲ့သူတွေအထဲမှာ ရဲတပ်ဖွဲ့ဝင်တွေလည်း အများအပြားပါဝင်နေတယ်လို့ ကိုရစ်ချတ်က ဆက်ပြောပါတယ်။

“ရဲတပ်ဖွဲ့ဝင်တွေကလေ ဒီအိုက်ဇောလ်မှာ ကျနော်တို့ ရထားတဲ့စာရင်းအရဆိုရင် ၁၅၀ ကျော်တော့ရှိပြီ။ ခုနယ်စပ်ကဟာနဲ့ဆိုရင်တော့ ၅၀၀ ထိလောက်တော့ရှိနိုင်တယ်။ တချို့ကတော့ မိသားစုလိုက်လာတဲ့ဟာတော့ ရှိတယ်။ ဒါပေမဲ့ များသောအားဖြင့်ကတော့ တယောက်ထဲ အဲဒီလိုထွက်ပြေးလာကြတာ များတယ်။”

NGO United for Democratic Myanmar အဖွဲ့ကနေ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူတို့မိသားစုဝင် ၅၀၀ ခန့် မီဇိုရမ်ဘက်တိမ်းရှောင်လာတယ်လို့ ပြောဆိုပေမဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ဘေးရှောင် မြန်မာပြည်သူကို အိန္ဒိယနိုင်ငံအစိုးရက အကူညီပေးဖို့ ငြင်းဆန်ရာကနေ ပြည်လည်လက်ခံကြောင်း ထုတ်ပြန်လာတဲ့အပေါ် ခိုနုန်းသုမ်ချင်းသတင်းဌာနအယ်ဒီတာကိုရောဘတ်က အခုလို သုံးသပ်ထားပါတယ်။

“မဏိပူပြည်နယ်ကတော့ သူတို့ အိန္ဒိယဗဟိုအစိုးရရဲ့ အမိန့်အတိုင်း သူတို့ လုပ်ခဲ့တာပေါ့လေ။ မဏိပူဘက်ကို ဝင်လာတဲ့ သူတွေကို ပြန်မောင်းထုတ်တာမျိုးတွေ လုပ်တယ်။ ဆိုတော့ ဒီကိစ္စအပေါ်မှာ တော်တော်လေး လူ့အခွင့်အရေး ရှုထောင့်ကပဲကြည့်ကြည့် ဒါကနိုင်ငံရေးအခြေအနေကြောင့် ဒီလိုမျိုး အသက်အန္တရာယ်စိုးရိမ်နေကြောင့်မို့လို့ ဟိုဘက် ကိုပြေးပြီးတော့ ခိုလှုံရတဲ့သူတွေကို ဒီလိုမျိုးပြန်မောင်းထုတ်တာကတော့ လူသားချင်းစာနာမှု မရှိဘူးဆိုပြီးတော့ ပြစ်တင်ဝေဖန်မှုတော်တော်များများ ရှိခဲ့တယ်ပေါ့လေ။ အိန္ဒိယမီဒီယာတချို့ကလည်း ရေးသားမှုကလည်း ရှိလာတယ်။ အဲဒီက ဂယက်တွေကြောင့်လည်း မဏိပူအစိုးရကတော့ အခုသူတို့ရဲ့ အဲဒီပြန်ပို့တဲ့ကိစ္စကို ပြန်ရုပ်သိမ်းတာလို့ ထင်ပါတယ်။”

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေကြသူတွေက တချို့ခုလို အိန္ဒိယနယ်စပ်ဘက်ကို ရောက်လာနေသလို ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွေဘက် ထွက်ပြေးတိမ်းရှောင်နေကြသူတွေလည်း ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG