သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကခ်င္ေဒသ တိုက္ပြြဲသစ္ေတြေၾကာင္႔ စစ္ေဘးေရွာင္ေတြ ပိုအခက္ႀကံဳ


မွတ္တမ္းဓါတ္ပံု - ၂၀၁၂ ဇန္န၀ါရီ ၂၁ ရက္က ေတြ႔ရတဲ့ ကခ်င္ စစ္ေရွာင္ျပည္သူမ်ား

(Zawgyi/Unicode)

စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္ပိုင္း ကခ်င္ျပည္နယ္တြင္း ထပ္မံျဖစ္ပြားလာတဲ့ တိုက္ပဲြေတြေၾကာင့္ ျပည္တြင္းစစ္ေရွာင္ဒုကၡသည္ အေရအတြက္ ပိုတိုးလာေနၿပီး၊ စားနပ္ရိကၡာ ေဆးဝါး စတဲ့ အေရးေပၚ အကူအညီ လိုအပ္ခ်က္ေတြ ရွိလာတယ္လို႔ ကူညီကယ္ဆယ္ေရး ေဆာင္ရြက္ေနသူေတြက ေျပာပါတယ္။ ကခ်င္ျပည္နယ္တြင္း ျမဳိ႕ရြာေတြၾကားမွာ ကုန္စည္တခ်ဳိ႕ကို သယ္ယူ ပို႔ေဆာင္ခြင့္ ပိတ္ပင္ထားတာေၾကာင့္လည္း အခက္အခဲေတြ ပိုရွိလာႏိုင္တယ္လို႔ ခန္႔မွန္းထားၾကတာပါ။ ဆက္သြယ္ေမးျမန္းထားတဲ့ ကိုဉာဏ္ဝင္းေအာင္က ဒီအေၾကာင္းကို တင္ျပပါမယ္။

ျမန္မာျပည္ေျမာက္ပိုင္း ကခ်င္ျပည္နယ္မွာ ျမန္မာစစ္တပ္နဲ႔ KIA ကခ်င္လြတ္လပ္ေရးတပ္ဖဲြ႕ၾကား ဒီလပိုင္းေတြအတြင္း တိုက္ပြဲေတြ ေန႔စဥ္နီးပါး ျဖစ္ေနၿပီး အထူးသျဖင့္ ဗန္းေမာ္ ၊ မန္စီ ၊ မိုးေမာက္ ၊ အင္ဂ်ားယမ္ ၊ တႏိုင္း၊ ဖားကန္႔ ေဒသတဝိုက္မွာ ျဖစ္ပါတယ္။

ဒီအေတာတြင္း ျမန္မာစစ္တပ္ ထိန္းခ်ဳပ္ထားတဲ့ ေတာင္ကုန္းစခန္းကေန လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈေရာ ၊ ေလေၾကာင္းတိုက္ခိုက္မႈေတြ ရွိလာတာေၾကာင့္ပါ ေဒသခံျပည္သူေတြ မိမိတို႔အိမ္ယာမွာ မေနရဲေတာ့ပဲ ျမဳိ႕နဲ႔ မေဝးတဲ့ အရပ္ေဒသကိုျပည္တြင္းစစ္ေဘးေရွာင္ IDP ေတြအျဖစ္ တိမ္းေရွာင္လာၾကတာ ေထာင္ဂဏန္းရွိလာၿပီလို႔ ဒုကၡသည္အေရး ကူညီေဆာင္ရြက္ေနတဲ့ ကခ်င္ၿငိမ္းခ်မ္းေရး ကြန္ယက္တာဝန္ခံ ေဒၚခြန္ဂ်ာက ေျပာပါတယ္။

“ဥပမာ မိုးေမာက္ၿမိဳ႕နယ္ေပါ့ ၊ မိုးေမာက္ၿမိဳ႕နယ္ဆိုတာ ဗန္းေမာ္နဲ႔ ၉ မိုင္ပဲ ေ၀းတယ္။ အဲဒီမွာဆိုရင္ အရင္တုန္းကဆုိရင္ မိုးေမာက္နဲ႔ ဗန္းေမာ္လမ္းက ဘယ္တုန္းကမွ မထိခဲ့တဲ့ ရြာေတြ ဘာျဖစ္လို႔လဲဆိုေတာ့ ၿမိဳ႕နဲ႔ ဆက္ေနတာကို ဒါေပမယ့္ အဲဒီေနရာေတြမွာေတာ့ ၿမိဳ႕သစ္ဆိုလည္း စစ္တပ္ရွိတယ္။ ႏြမ္လမ္းဆိုလည္း စစ္တပ္ရွိတယ္။ အဲဒီကုန္းေတြကေန ပတ္ပတ္လည္ ကို ပစ္ေနတာ။ ပစ္တဲ့အခါက်ေတာ့ KIA စခန္းရယ္လို႔လဲမဟုတ္ဘူး ၊ သူ႔ဟာသူ ပစ္ခ်င္ရာ ပစ္ေနတဲ့အခါက်ေတာ့ အဲဒီလူေတြအကုန္လံုးက အိမ္ထိတဲ့လူထိ ၊ ကၽြဲထိတဲ့လူထိ အဲဒီအခါက်ေတာ့ သူတို႔ေတြက ကိုယ့္အိမ္မွာကိုယ္ ေနလို႔မရတဲ့အခါက်ေတာ့ ျပန္ေရွာင္ေျပးတာက ဗန္းေမာ္ၿမိဳ႕ထဲေျပးတာ ၊ အဲဒီအခါက်ေတာ့ ဘုန္းႀကီးေက်ာင္းေတြမွာ မိုးေမာက္ၿမိဳ႕မွာ ၊ ၿပီးရင္ေတာ့ ဘုရားေက်ာင္းေတြ Church တို႔မွာ အဲလိုအကုန္ေရာက္သြားတာ ။ အခုကေတာ့ အကုန္လံုး ကခ်င္ေရာ၊ ရွမ္းေရာ ၊ ဗမာေရာပါသြားတာေပါ့ အားလုံး ဒီတေခါက္ေတာ့။ ျပႆနာက ရြာမွာကို ေနလို႔မရတာ။ ဟိုေမာ္တာထိ က်လိုက္၊ ဒီဘက္က က်လိုက္ အဲလိုမ်ိဳး ျဖစ္ေနေတာ့။”

ဒီလို စစ္ေဘးေရွာင္ျပည္သူ အသစ္ေတြ တိုးလာခ်ိန္မွာပဲ နဂိုကတည္းက တ႐ုတ္-ျမန္မာနယ္စပ္ တေလ်ာက္မွာ ရွိထားၿပီးသား IDP ဒုကၡသည္ စခန္းေတြမွာလည္း အေရးေပၚ လိုအပ္ခ်က္ေတြ ရွိလာေနတယ္လို႔ အဲဒီစစ္ေဘးဒုကၡသည္ေတြကို ဆယ္ႏွစ္ေက်ာ္ၾကာ ကူညီကယ္ဆယ္ေရး လုပ္ေနတဲ့ အမည္မေဖၚလိုသူ အမ်ဳိးသမီးတဦးကလည္း အေျခအေနကို ေျပာျပပါတယ္။

“အခုလက္ရွိ ရွိေနတဲ့ IDP က အမိုးအကာ ကိစၥက နံပတ္ ၁ အေရးတႀကီးလိုအပ္တယ္၊ ဒါက ဘာလဲဆုိရင္ မန္စီ ၊ မိုးေမာက္ၿမိဳ႕နယ္ ေျပာမယ္ဆိုရင္ KIA ထိန္းခ်ဳပ္ဧရိယာထဲကေပါ့ IDP စခန္း ၅ ခုထဲက အိမ္ေျခေတြဆိုရင္ အသစ္ျပန္ေဆာက္ရမွာက အလံုး ၉၀၀ ေလာက္ရွိတယ္။ ေနာက္ၿပီးေတာ့ ျပန္မျပင္လို႔ မျဖစ္တဲ့ဟာက အလံုးေရ ၂၀၀ ေက်ာ္ -၃၀၀ နီးပါးရွိတယ္။ ၿပီးရင္ အခု ေက်ာင္းဖြင့္လာေတာ့မယ္ဆိုေတာ့ ေက်ာင္းသားေတြအတြက္ စာအုပ္ေတာင္၀ယ္ဖို႔ ခက္ခဲတယ္ဆိုေတာ့ အဲဒီအေပၚမွာ မိဘေတြက ကေလးေတြရဲ႕ စာအုပ္စာတမ္းေတြမွာ ကူညီေပးပါဆိုၿပီးေတာ့ ေျပာတာရွိတယ္။ ေနာက္ၿပီးေတာ့ အခုကလည္း ေန႔တိုင္း ညတိုင္းလို႔ ေျပာရမယ္ မန္စီ၊ မိုးေမာက္မွာ စစ္ျဖစ္တာ ေတာက္ေလ်ာက္ျဖစ္ေနတယ္။ IDP စခန္း ကေန လက္နက္ႀကီးသံေတြ ေတာက္ေလာက္ၾကားေနရတယ္။ ေနာက္ၿပီးေတာ့ IDP စခန္းမွာရွိေနတဲ့ ေက်ာင္းေတြအားလံုးကလည္း ၃ ထပ္သားနဲ႔ ထရံကာထားတယ္ ဆိုတဲ့အခါက်ေတာ့ ၁၀ ႏွစ္ဆိုတဲ့ မိုးဒဏ္ေလဒဏ္ ခံႏိုင္ေရမရွိတဲ့အခါက်ေတာ့ ေက်ာင္းေတြကို က်မတို႔ ျပန္ၿပီးမွ လုပ္ေပးရမယ့္ အေနအထားရွိတယ္။”

စစ္ေဘးဒုကၡသည္ေတြရဲ႕ စိုးရိမ္ထိန္႔လန္႔မႈနဲ႔ ဒုကၡကို သက္သာေစဖို႔က ေလေၾကာင္းတိုက္ခိုက္မႈေတြ ရပ္တန္႔သြားေရးပဲ ျဖစ္တယ္လို႔ ကခ်င္ၿငိမ္းခ်မ္းေရးကြန္ယက္ ေဒၚခြန္ဂ်ာက ရႈျမင္ပါတယ္။

“အေရးေပၚလိုအပ္တာကေတာ့ မၾကာခင္မွာဆိုရင္ ဒီဆန္ဆီဆား အကုန္လံုး ျပတ္ေတာ့မယ္ ။ အခုတရုတ္ကလည္း လံုး၀ ၀ယ္လို႔မရဘူး ပိတ္ထားတယ္၊ ျမန္မာျပည္ကေနလည္း သြင္းလို႔မရဘူး။ အဲဒီေတာ့ ဆန္လိုဟာမ်ိဳး ၿပီးရင္ ငါးပိ ၊ ငါးေျခာက္ ပဲလိုဟာမ်ိဳးေတြ သယ္မယ္ဆိုရင္ ဖမ္းမယ္ ဆိုတာမ်ိဳး ျဖစ္ေနတယ္။ ဥပမာဆိုရင္ ေဆး၀ါးတို႔ ဘာတို႔ဆိုရင္ မၾကာခင္မွာ လိုလာမယ္ ၊ မိုးတြင္းကလည္း ေရာက္လာမယ္ေပါ့ အဲဒါဆိုရင္ ဒါခက္ခဲေတာ့မွာေပါ့ က်မတို႔ ျမင္ေယာင္ေနတာက။ အဲဒီေတာ့ နံပတ္ ၁ ကေတာ့ No Fly Zone လုပ္ရမယ္ အဲဒါမွပဲ ဘယ္သူမဆို ထိခိုက္ဒဏ္ရာရတာလည္း သက္သာမယ္ အခုက ဘယ္လိုျဖစ္သလဲဆိုေတာ့ ေလယာဥ္လာမယ္ဆိုၿပီးေတာ့ အသံလာၿပီ ဥၾသဆြဲၿပီးၿပီဆိုရင္ အကုန္လံုးက ကတုတ္က်င္းထဲမွာ။ ၿပီးရင္ ဘာလဲဆိုေတာ့ ညဘက္မွ လာပစ္မလားဆိုၿပီးေတာ့ ေခ်ာင္းကမ္းပါးမွာ သြားအိပ္ရတာမ်ိဳး ကတုတ္က်င္းထဲမွာ အိပ္ရတာမ်ိဳး ျဖစ္တဲ့အခါက်ေတာ့ ဒါက ေတာ္ေတာ္အဆင္မေျပဘူး။”

KIA/KIO အဖြဲ႔ဟာ ၁၉၉၀ ေနာက္ပိုင္း နဝတ စစ္အစိုးရလက္ထက္မွာ ယာယီအပစ္ရပ္ သေဘာတူခဲ့ရာက အရပ္သားတပိုင္းအစိုးရ သမၼတ ဦးသိန္းစိန္လက္ထက္ ၂၀၁၁ ကစလို႔ ကခ်င္ေျမမွာ တေၾကာ့ျပန္ တိုက္ပဲြေတြ ျဖစ္လာပါတယ္။NLD အစိုးရလက္ထက္မွာ NCA အပစ္ရပ္စာခ်ဳပ္ထဲ ပါဝင္ လက္မွတ္ထိုးႏိုင္ဖို႔ စဥ္းစား ညႇိႏႈိင္းေနခ်ိန္မွာပဲ ၊ ေဖေဖၚဝါရီလ(၁)ရက္ စစ္တပ္က အာဏာသိမ္းလိုက္ၿပီးေနာက္ပိုင္း ကခ်င္ေဒသမွာ တိုက္ပဲြေတြ ျပန္ျဖစ္လာရပါတယ္။

အခုဆိုရင္ ကခ်င္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္း တ႐ုတ္နယ္စပ္မွာ စစ္ေဘးဒုကၡသည္စခန္း (၁၃)ခုေလာက္ရွိၿပီး အရင္က ရွိထားၿပီးသား ဒုကၡသည္ (၁)သိန္းနီးပါးအပါအဝင္ ေနာက္ထပ္ အသစ္ထပ္ထြက္လာၾကသူေတြပါ ေပါင္းရင္ စစ္ေဘးေရွာင္ဒုကၡသည္ (၁)သိန္း (၃)ေသာင္းဝန္းက်င္မွာ ရွိမယ္လို႔ ကူညီကယ္ဆယ္ေရးအဖြဲ႔ေတြက ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..........

ကချင်ဒေသ တိုက်ပွဲသစ်တွေကြောင့် စစ်ဘေးရှောင်တွေ ပိုအခက်ကြုံ

(Unicode)

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင်း ထပ်မံဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် ပြည်တွင်းစစ်ရှောင်ဒုက္ခသည် အရေအတွက် ပိုတိုးလာနေပြီး၊ စားနပ်ရိက္ခာ ဆေးဝါး စတဲ့ အရေးပေါ် အကူအညီ လိုအပ်ချက်တွေ ရှိလာတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ ကချင်ပြည်နယ်တွင်း မြို့ရွာတွေကြားမှာ ကုန်စည်တချို့ကို သယ်ယူ ပို့ဆောင်ခွင့် ပိတ်ပင်ထားတာကြောင့်လည်း အခက်အခဲတွေ ပိုရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြတာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ဒီအကြောင်းကို တင်ပြပါမယ်။

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့ကြား ဒီလပိုင်းတွေအတွင်း တိုက်ပွဲတွေ နေ့စဉ်နီးပါး ဖြစ်နေပြီး အထူးသဖြင့် ဗန်းမော် ၊ မန်စီ ၊ မိုးမောက် ၊ အင်ဂျားယမ် ၊ တနိုင်း၊ ဖားကန့် ဒေသတဝိုက်မှာ ဖြစ်ပါတယ်။

ဒီအတောတွင်း မြန်မာစစ်တပ် ထိန်းချုပ်ထားတဲ့ တောင်ကုန်းစခန်းကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုရော ၊ လေကြောင်းတိုက်ခိုက်မှုတွေ ရှိလာတာကြောင့်ပါ ဒေသခံပြည်သူတွေ မိမိတို့အိမ်ယာမှာ မနေရဲတော့ပဲ မြို့နဲ့ မဝေးတဲ့ အရပ်ဒေသကိုပြည်တွင်းစစ်ဘေးရှောင် IDP တွေအဖြစ် တိမ်းရှောင်လာကြတာ ထောင်ဂဏန်းရှိလာပြီလို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်နေတဲ့ ကချင်ငြိမ်းချမ်းရေး ကွန်ယက်တာဝန်ခံ ဒေါ်ခွန်ဂျာက ပြောပါတယ်။

“ဥပမာ မိုးမောက်မြို့နယ်ပေါ့ ၊ မိုးမောက်မြို့နယ်ဆိုတာ ဗန်းမော်နဲ့ ၉ မိုင်ပဲ ဝေးတယ်။ အဲဒီမှာဆိုရင် အရင်တုန်းကဆိုရင် မိုးမောက်နဲ့ ဗန်းမော်လမ်းက ဘယ်တုန်းကမှ မထိခဲ့တဲ့ ရွာတွေ ဘာဖြစ်လို့လဲဆိုတော့ မြို့နဲ့ ဆက်နေတာကို ဒါပေမယ့် အဲဒီနေရာတွေမှာတော့ မြို့သစ်ဆိုလည်း စစ်တပ်ရှိတယ်။ နွမ်လမ်းဆိုလည်း စစ်တပ်ရှိတယ်။ အဲဒီကုန်းတွေကနေ ပတ်ပတ်လည် ကို ပစ်နေတာ။ ပစ်တဲ့အခါကျတော့ KIA စခန်းရယ်လို့လဲမဟုတ်ဘူး ၊ သူ့ဟာသူ ပစ်ချင်ရာ ပစ်နေတဲ့အခါကျတော့ အဲဒီလူတွေအကုန်လုံးက အိမ်ထိတဲ့လူထိ ၊ ကျွဲထိတဲ့လူထိ အဲဒီအခါကျတော့ သူတို့တွေက ကိုယ့်အိမ်မှာကိုယ် နေလို့မရတဲ့အခါကျတော့ ပြန်ရှောင်ပြေးတာက ဗန်းမော်မြို့ထဲပြေးတာ ၊ အဲဒီအခါကျတော့ ဘုန်းကြီးကျောင်းတွေမှာ မိုးမောက်မြို့မှာ ၊ ပြီးရင်တော့ ဘုရားကျောင်းတွေ Church တို့မှာ အဲလိုအကုန်ရောက်သွားတာ ။ အခုကတော့ အကုန်လုံး ကချင်ရော၊ ရှမ်းရော ၊ ဗမာရောပါသွားတာပေါ့ အားလုံး ဒီတခေါက်တော့။ ပြဿနာက ရွာမှာကို နေလို့မရတာ။ ဟိုမော်တာထိ ကျလိုက်၊ ဒီဘက်က ကျလိုက် အဲလိုမျိုး ဖြစ်နေတော့။”

ဒီလို စစ်ဘေးရှောင်ပြည်သူ အသစ်တွေ တိုးလာချိန်မှာပဲ နဂိုကတည်းက တရုတ်-မြန်မာနယ်စပ် တလျောက်မှာ ရှိထားပြီးသား IDP ဒုက္ခသည် စခန်းတွေမှာလည်း အရေးပေါ် လိုအပ်ချက်တွေ ရှိလာနေတယ်လို့ အဲဒီစစ်ဘေးဒုက္ခသည်တွေကို ဆယ်နှစ်ကျော်ကြာ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ အမည်မဖေါ်လိုသူ အမျိုးသမီးတဦးကလည်း အခြေအနေကို ပြောပြပါတယ်။

“အခုလက်ရှိ ရှိနေတဲ့ IDP က အမိုးအကာ ကိစ္စက နံပတ် ၁ အရေးတကြီးလိုအပ်တယ်၊ ဒါက ဘာလဲဆိုရင် မန်စီ ၊ မိုးမောက်မြို့နယ် ပြောမယ်ဆိုရင် KIA ထိန်းချုပ်ဧရိယာထဲကပေါ့ IDP စခန်း ၅ ခုထဲက အိမ်ခြေတွေဆိုရင် အသစ်ပြန်ဆောက်ရမှာက အလုံး ၉၀၀ လောက်ရှိတယ်။ နောက်ပြီးတော့ ပြန်မပြင်လို့ မဖြစ်တဲ့ဟာက အလုံးရေ ၂၀၀ ကျော် -၃၀၀ နီးပါးရှိတယ်။ ပြီးရင် အခု ကျောင်းဖွင့်လာတော့မယ်ဆိုတော့ ကျောင်းသားတွေအတွက် စာအုပ်တောင်ဝယ်ဖို့ ခက်ခဲတယ်ဆိုတော့ အဲဒီအပေါ်မှာ မိဘတွေက ကလေးတွေရဲ့ စာအုပ်စာတမ်းတွေမှာ ကူညီပေးပါဆိုပြီးတော့ ပြောတာရှိတယ်။ နောက်ပြီးတော့ အခုကလည်း နေ့တိုင်း ညတိုင်းလို့ ပြောရမယ် မန်စီ၊ မိုးမောက်မှာ စစ်ဖြစ်တာ တောက်လျောက်ဖြစ်နေတယ်။ IDP စခန်း ကနေ လက်နက်ကြီးသံတွေ တောက်လောက်ကြားနေရတယ်။ နောက်ပြီးတော့ IDP စခန်းမှာရှိနေတဲ့ ကျောင်းတွေအားလုံးကလည်း ၃ ထပ်သားနဲ့ ထရံကာထားတယ် ဆိုတဲ့အခါကျတော့ ၁၀ နှစ်ဆိုတဲ့ မိုးဒဏ်လေဒဏ် ခံနိုင်ရေမရှိတဲ့အခါကျတော့ ကျောင်းတွေကို ကျမတို့ ပြန်ပြီးမှ လုပ်ပေးရမယ့် အနေအထားရှိတယ်။”

စစ်ဘေးဒုက္ခသည်တွေရဲ့ စိုးရိမ်ထိန့်လန့်မှုနဲ့ ဒုက္ခကို သက်သာစေဖို့က လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်သွားရေးပဲ ဖြစ်တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ယက် ဒေါ်ခွန်ဂျာက ရှုမြင်ပါတယ်။

“အရေးပေါ်လိုအပ်တာကတော့ မကြာခင်မှာဆိုရင် ဒီဆန်ဆီဆား အကုန်လုံး ပြတ်တော့မယ် ။ အခုတရုတ်ကလည်း လုံး၀ ဝယ်လို့မရဘူး ပိတ်ထားတယ်၊ မြန်မာပြည်ကနေလည်း သွင်းလို့မရဘူး။ အဲဒီတော့ ဆန်လိုဟာမျိုး ပြီးရင် ငါးပိ ၊ ငါးခြောက် ပဲလိုဟာမျိုးတွေ သယ်မယ်ဆိုရင် ဖမ်းမယ် ဆိုတာမျိုး ဖြစ်နေတယ်။ ဥပမာဆိုရင် ဆေးဝါးတို့ ဘာတို့ဆိုရင် မကြာခင်မှာ လိုလာမယ် ၊ မိုးတွင်းကလည်း ရောက်လာမယ်ပေါ့ အဲဒါဆိုရင် ဒါခက်ခဲတော့မှာပေါ့ ကျမတို့ မြင်ယောင်နေတာက။ အဲဒီတော့ နံပတ် ၁ ကတော့ No Fly Zone လုပ်ရမယ် အဲဒါမှပဲ ဘယ်သူမဆို ထိခိုက်ဒဏ်ရာရတာလည်း သက်သာမယ် အခုက ဘယ်လိုဖြစ်သလဲဆိုတော့ လေယာဉ်လာမယ်ဆိုပြီးတော့ အသံလာပြီ ဥသြဆွဲပြီးပြီဆိုရင် အကုန်လုံးက ကတုတ်ကျင်းထဲမှာ။ ပြီးရင် ဘာလဲဆိုတော့ ညဘက်မှ လာပစ်မလားဆိုပြီးတော့ ချောင်းကမ်းပါးမှာ သွားအိပ်ရတာမျိုး ကတုတ်ကျင်းထဲမှာ အိပ်ရတာမျိုး ဖြစ်တဲ့အခါကျတော့ ဒါက တော်တော်အဆင်မပြေဘူး။”

KIA/KIO အဖွဲ့ဟာ ၁၉၉၀ နောက်ပိုင်း နဝတ စစ်အစိုးရလက်ထက်မှာ ယာယီအပစ်ရပ် သဘောတူခဲ့ရာက အရပ်သားတပိုင်းအစိုးရ သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ကစလို့ ကချင်မြေမှာ တကြော့ပြန် တိုက်ပွဲတွေ ဖြစ်လာပါတယ်။NLD အစိုးရလက်ထက်မှာ NCA အပစ်ရပ်စာချုပ်ထဲ ပါဝင် လက်မှတ်ထိုးနိုင်ဖို့ စဉ်းစား ညှိနှိုင်းနေချိန်မှာပဲ ၊ ဖေဖေါ်ဝါရီလ(၁)ရက် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ကချင်ဒေသမှာ တိုက်ပွဲတွေ ပြန်ဖြစ်လာရပါတယ်။

အခုဆိုရင် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်မှာ စစ်ဘေးဒုက္ခသည်စခန်း (၁၃)ခုလောက်ရှိပြီး အရင်က ရှိထားပြီးသား ဒုက္ခသည် (၁)သိန်းနီးပါးအပါအဝင် နောက်ထပ် အသစ်ထပ်ထွက်လာကြသူတွေပါ ပေါင်းရင် စစ်ဘေးရှောင်ဒုက္ခသည် (၁)သိန်း (၃)သောင်းဝန်းကျင်မှာ ရှိမယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ခန့်မှန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG