[Zawgyi/Unicode]
ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈးနဲ႔ သိႏီၷအၾကားရိွ ေရပူအၿမဲတမ္းစစ္ေဆးေရးဂိတ္ကို တိုင္းရင္းသား လက္နက္ကိုင္အဖဲြ႔က ဒီကေန႔ မနက္ပိုင္းမွာ ၀င္ေရာက္ပစ္ခတ္ခဲ့တာေၾကာင့္ လူ ၂ ဦး ထ္ိခိုက္ဒဏ္ရာရခဲ့ပါတယ္။ အနီးအနားရိွ ေဒသခံရြာသားေတြကေတာ့ တိုက္ပဲြေတြ ဆက္လက္ျဖစ္လာမွာကို စိုးရိမ္ေနၾကပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို ကိုသားၫြန္႔ဦး တင္ျပေပးပါမယ္။
ရွမ္းျပည္နယ္ေျမာက္ပိုင္း လားရိႈး- မူဆယ္ ျပည္ေထာင္စုလမ္းမၾကီးမွာ ၿပီးခဲ့တဲ့ ရက္ေတြက စက္သံုးဆီတင္ယာဥ္ေတြကို ပစ္ခတ္တုိက္ခိုက္တာေတြ ရိွခဲ့ၿပီး ဒီကေန႔ မနက္အေစာမွာေတာ့ သိႏီၷၿမိဳ႔နယ္က ေရပူအၿမဲတမ္းဂိတ္ကို ၂ ၾကိမ္ ၀င္ေရာက္ပစ္ခတ္ခဲ့တာပါ။
လက္ရိွ တုိက္ပဲြျဖစ္ပြားတဲ့အေျခအေနနဲ႔ ပတ္သက္လုိ႔ ေဒသခံတစ္ဦးက ဗီြအိုေအကို အခုလုိ ေျပာပါတယ္။
“ဒီမနက္ကတဲ့ ၆ နာရီေလာက္မွာ ေရပူဂိတ္ကို ၀င္ပစ္တာေပါ့ေနာ္။ သူတို႔ နာရီ၀က္ေလာက္ပဲ ပစ္ၾကတယ္လုိ႔ ေျပာတယ္။ ပစ္ၿပီးေတာ့ ျပန္ၿပီးေတာ့ ဆုတ္သြားတာေပါ့ေနာ္။ မဟာမိတ္အဖဲြ႔လို႔ - သူတို႔ ေျပာပံုအရေတာ့ ကိုးကန္႔လည္း ပါတယ္ဆုိေတာ့ မဟာမိတ္ျဖစ္ပံုရတယ္ေပါ့ေနာ္။ အဲဒါ ၆ နာရီခဲြေလာက္မွာ ျပန္ဆုတ္ သြားတယ္တဲ့။ ဆုတ္သြားၿပီးေတာ့ တစ္ခါ ၇ နာရီေက်ာ္ေက်ာ္မွာ တစ္ခါ ျပန္လာပစ္တယ္တဲ့။ ႏွစ္ခါ ပစ္တယ္လုိ႔ ေျပာတယ္။”
ဒီပစ္ခတ္မႈမွာ လူႏွစ္ဦး ထိခိုက္ဒဏ္ရာရခဲ့ေၾကာင္းလည္း ေျပာပါတယ္။
“အထိအခိုက္ကေတာ့ မနက္ ၆ နာရီဆုိေတာ့ ေရပူဂိတ္မွာ ခရီးသည္ကားေတြ အမ်ားၾကီး ရိွတယ္လုိ႔ ေျပာတယ္။ ကုန္တင္ကားေတြ၊ ခရီးသည္ကားေတြေလ။ ဂိတ္မဖြင့္ေသးေတာ့ ေစာင့္ေနၾကတဲ့ ဂိတ္ေတြ ရိွတဲ့အခါက်ေတာ့ ခရီးသည္တစ္ေယာက္ေတာ့ ထိသြားတယ္လုိ႔ ေျပာတယ္။ ေနာက္ၿပီးေတာ့ အဲဒီ စရဖ လက္ ထိသြားတယ္လုိ႔ ေျပာတယ္။ စရဖ တစ္ေယာက္။ ဟိုဘက္ကေတာ့ သူတို႔ ဆုတ္သြားတဲ့ေနရာမွာ လုိက္ၾကည့္ေတာ့ ေသြးေတြေတာ့ အမ်ားၾကီးေတြ႔တယ္လို႔ ေျပာတယ္။ အဲဘက္ကလည္း အထိအခုိက္ရိွမယ္နဲ႔ တူတယ္။”
ေရပူဂိတ္ဟာ သိႏီၷၿမိဳ႕နယ္ ပိန္းဆာရြာအနီးမွာ ရိွၿပီး မနက္ ၄ နာရီေလာက္ကလည္း လားရိႈးနဲ႔ သိႏီၷၿမိဳ ႔နယ္ အစပ္က ပန္ဖတ္ရြာမွာ ပစ္ခတ္တိုက္ခိုက္တာေတြ ရိွခဲ့ေၾကာင္းလည္း ေျပာပါတယ္။
သိႏီၷၿမိဳ ႔ခံေတြကို ေမးျမန္းရာမွာေတာ့ ၂ ၾကိမ္တိုက္ခိုက္တယ္လုိ႔ သိရေၾကာင္းနဲ႔ ၉ နာရီေလာက္မွာ လက္နက္ၾကီး ပစ္ခတ္သံေတြ ၾကားေနရေၾကာင္း ေျပာပါတယ္။
ေဒသခံေတြက KIA ကခ်င္၊ TNLA တအန္း(ပေလာင္)၊ MNDAA ကိုးကန္႔နဲ႔ AA ရခိုင္လက္နက္ကိုင္ေတြ စုေပါင္းထားတဲ့ ေျမာက္ပိုင္းမဟာမိတ္အဖဲြ႔လို႔ ေျပာဆုိေပမဲ့ TNLA ရဲ့ ေျပာေရးဆုိခြင့္ရိွသူ ဗိုလ္မႈးတာ့အိုက္ေက်ာ္ကေတာ့ တုိက္ပဲြျဖစ္တဲ့သတင္း မရရိွေၾကာင္း ေျပာပါတယ္။
“ေလာေလာဆယ္မွာေတာ့ က်ေနာ္တုိ႔ ဆီမွာ တုိက္ပဲြသတင္းေရာက္လာတာေတာ့ မရိွေသးဘူး။ မသိရေသးဘူး။”
MNDAA ကိုးကန္႔အဖဲြ႔ကို ေမးျမန္းဖို႔ ဆက္သြယ္ရာမွာေတာ့ ဖုန္း လက္ခံ ေျဖဆုိတာ မရိွခဲ့ပါဘူး။
ၿပီးခဲ့တဲ့ တနလၤာနဲ႔ အဂၤါေန႔ေတြကလည္း ကြတ္ခုိင္အနီး ျပည္ေထာင္စုလမ္းမၾကီးေပၚမွာ တပ္မေတာ္တြက္ သယ္ယူလာတဲ့ ဆီေဘာက္ဆာ ကား ၇ စီးကို ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း KIA က သတင္းထုတ္ျပန္ ထားပါတယ္။
တပ္မေတာ္ဘက္ကေတာ့ KIA က တိုက္ခိုက္ခဲ့တာဟာ အမ်ားျပည္သူအသံုးျပဳဖို႔ ပုဂၢလိက ကုမၸဏီေတြက တင္သြင္းလာတဲ့ စက္သံုးဆီကားေတြျဖစ္ေၾကာင္းနဲ႔ တပ္မေတာ္အတြက္ သယ္ေဆာင္လာတာ မဟုတ္ေၾကာင္း ေဖာ္ျပထားပါတယ္။
ဒီရက္ပိုင္းေတြအတြင္းမွာေတာ့ အရင္သီတင္းပတ္က တိုက္ပဲြေတြ ျပင္းထန္ခဲ့တဲ့ ကခ်င္ျပည္နယ္ မုိးေမာက္နဲ႔ မံစီၿမိဳ ႔နယ္ေတြမွာ ၾကိဳးၾကားပစ္ခတ္တာရိွေပမဲ့ တိုက္ပဲြေတြ ၿငိမ္သက္ေနပါတယ္။ မံစီၿမိဳ ႔နယ္အတြင္းက မံ၀ိန္းေလး၊ ကုန္းတိန္နဲ႔ ဟန္ထက္ရြာေတြဘက္မွာေတာ့ စစ္ေရးတင္းမာတာေတြ ရိွေနၿပီ ေဒသခံျပည္သူေတြဟာ တိုက္ပဲြျဖစ္ပြားလာမွာကို စိုးရိမ္ေနၾကပါတယ္။
[Unicode Version]
လားရှိုးနဲ့ သိန္နီကြား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနဲ့ သိန္နီအကြားရှိ ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ဒီကနေ့ မနက်ပိုင်းမှာ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် လူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ အနီးအနားရှိ ဒေသခံရွာသားတွေကတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုသားညွန့်ဦး တင်ပြပေးပါမယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းမကြီးမှာ ပြီးခဲ့တဲ့ ရက်တွေက စက်သုံးဆီတင်ယာဉ်တွေကို ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ပြီး ဒီကနေ့ မနက်အစောမှာတော့ သိန္နီမြို့နယ်က ရေပူအမြဲတမ်းဂိတ်ကို ၂ ကြိမ် ဝင်ရောက်ပစ်ခတ်ခဲ့တာပါ။
လက်ရှိ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။
“ဒီမနက်ကတဲ့ ၆ နာရီလောက်မှာ ရေပူဂိတ်ကို ဝင်ပစ်တာပေါ့နော်။ သူတို့ နာရီဝက်လောက်ပဲ ပစ်ကြတယ်လို့ ပြောတယ်။ ပစ်ပြီးတော့ ပြန်ပြီးတော့ ဆုတ်သွားတာပေါ့နော်။ မဟာမိတ်အဖွဲ့လို့ - သူတို့ ပြောပုံအရတော့ ကိုးကန့်လည်း ပါတယ်ဆိုတော့ မဟာမိတ်ဖြစ်ပုံရတယ်ပေါ့နော်။ အဲဒါ ၆ နာရီခွဲလောက်မှာ ပြန်ဆုတ် သွားတယ်တဲ့။ ဆုတ်သွားပြီးတော့ တစ်ခါ ၇ နာရီကျော်ကျော်မှာ တစ်ခါ ပြန်လာပစ်တယ်တဲ့။ နှစ်ခါ ပစ်တယ်လို့ ပြောတယ်။”
ဒီပစ်ခတ်မှုမှာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်းလည်း ပြောပါတယ်။
“အထိအခိုက်ကတော့ မနက် ၆ နာရီဆိုတော့ ရေပူဂိတ်မှာ ခရီးသည်ကားတွေ အများကြီး ရှိတယ်လို့ ပြောတယ်။ ကုန်တင်ကားတွေ၊ ခရီးသည်ကားတွေလေ။ ဂိတ်မဖွင့်သေးတော့ စောင့်နေကြတဲ့ ဂိတ်တွေ ရှိတဲ့အခါကျတော့ ခရီးသည်တစ်ယောက်တော့ ထိသွားတယ်လို့ ပြောတယ်။ နောက်ပြီးတော့ အဲဒီ စရဖ လက် ထိသွားတယ်လို့ ပြောတယ်။ စရဖ တစ်ယောက်။ ဟိုဘက်ကတော့ သူတို့ ဆုတ်သွားတဲ့နေရာမှာ လိုက်ကြည့်တော့ သွေးတွေတော့ အများကြီးတွေ့တယ်လို့ ပြောတယ်။ အဲဘက်ကလည်း အထိအခိုက်ရှိမယ်နဲ့ တူတယ်။”
ရေပူဂိတ်ဟာ သိန္နီမြို့နယ် ပိန်းဆာရွာအနီးမှာ ရှိပြီး မနက် ၄ နာရီလောက်ကလည်း လားရှိုးနဲ့ သိန္နီမြို့နယ် အစပ်က ပန်ဖတ်ရွာမှာ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ကြောင်းလည်း ပြောပါတယ်။
သိန္နီမြို့ခံတွေကို မေးမြန်းရာမှာတော့ ၂ ကြိမ်တိုက်ခိုက်တယ်လို့ သိရကြောင်းနဲ့ ၉ နာရီလောက်မှာ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရကြောင်း ပြောပါတယ်။
ဒေသခံတွေက KIA ကချင်၊ TNLAတအန်း(ပလောင်)၊ MNDAA ကိုးကန့်နဲ့ AA ရခိုင်လက်နက်ကိုင်တွေ စုပေါင်းထားတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့လို့ ပြောဆိုပေမဲ့ TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးတာ့အိုက်ကျော်ကတော့ တိုက်ပွဲဖြစ်တဲ့သတင်း မရရှိကြောင်း ပြောပါတယ်။
“လောလောဆယ်မှာတော့ ကျနော်တို့ ဆီမှာ တိုက်ပွဲသတင်းရောက်လာတာတော့ မရှိသေးဘူး။ မသိရသေးဘူး။”
MNDAA ကိုးကန့်အဖွဲ့ကို မေးမြန်းဖို့ ဆက်သွယ်ရာမှာတော့ ဖုန်း လက်ခံ ဖြေဆိုတာ မရှိခဲ့ပါဘူး။
ပြီးခဲ့တဲ့ တနင်္လာနဲ့ အင်္ဂါနေ့တွေကလည်း ကွတ်ခိုင်အနီး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ တပ်မတော်တွက် သယ်ယူလာတဲ့ ဆီဘောက်ဆာ ကား ၇ စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KIA က သတင်းထုတ်ပြန် ထားပါတယ်။
တပ်မတော်ဘက်ကတော့ KIA က တိုက်ခိုက်ခဲ့တာဟာ အများပြည်သူအသုံးပြုဖို့ ပုဂ္ဂလိက ကုမ္ပဏီတွေက တင်သွင်းလာတဲ့ စက်သုံးဆီကားတွေဖြစ်ကြောင်းနဲ့ တပ်မတော်အတွက် သယ်ဆောင်လာတာ မဟုတ်ကြောင်း ဖော်ပြထားပါတယ်။
ဒီရက်ပိုင်းတွေအတွင်းမှာတော့ အရင်သီတင်းပတ်က တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ကချင်ပြည်နယ် မိုးမောက်နဲ့ မံစီမြို့နယ်တွေမှာ ကြိုးကြားပစ်ခတ်တာရှိပေမဲ့ တိုက်ပွဲတွေ ငြိမ်သက်နေပါတယ်။ မံစီမြို့နယ်အတွင်းက မံဝိန်းလေး၊ ကုန်းတိန်နဲ့ ဟန်ထက်ရွာတွေဘက်မှာတော့ စစ်ရေးတင်းမာတာတွေ ရှိနေပြီ ဒေသခံပြည်သူတွေဟာ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်နေကြပါတယ်။