သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မင္းတပ္ၿမိဳ႕ ေသာက္သံုးေရျပတ္လပ္


ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕။

[Zawgyi/Unicode]

ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕မွာ စစ္တပ္နဲ႔ မင္းတပ္ ေဒသခံကာကြယ္ေရး CDF အဖဲြ႔တို႔ တိုက္ပြဲေတြ ျဖစ္ခ်ိန္ကစလို႔ ေရေပးေ၀ေရး ေနရာေတြမွာ တပ္ေတြ ေနရာယူထားတဲ့အတြက္ ေရေပးေဝမႈပိုင္း ျပတ္ေတာက္ေနပါတယ္။ လံုၿခံဳေရးအေျခအေနေၾကာင့္ ေရပိုက္လိုင္းေတြကို အခ်ိန္လိုက္ ဖြင့္ေပးရတဲ့ စည္ပင္ဝန္ထမ္းေတြ ဖြင့္မေပးႏုိင္တဲ့အတြက္ မင္းတပ္ၿမိဳ႕ထဲ ေရျပတ္လတ္ေနတာျဖစ္ပါတယ္။ တခ်ိန္တည္းမွာပဲ တိုက္ပြဲေဘးလြတ္ရာ ထြက္ေျပးေနသူေတြမွာလည္း ဝမ္းပ်က္ဝမ္းေလ ွ်ာေရာဂါေတြ စျဖစ္ေနပါတယ္။ ဒီအေၾကာင္း အျပည့္စံု ရန္ကုန္ကေန သတင္းေပးပို႔ထားပါတယ္။

ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕ေဒသခံ ကာကြယ္ေရး CDF အဖဲြ႔ေတြနဲ႔ စစ္ေကာင္စီတပ္ေတြၾကား ေမ ၁၅ ရက္မွာ အျပန္အလွန္ တိုက္ပြဲေတြျဖစ္ခဲ့တာမွာ စစ္တပ္က ေလေၾကာင္းကေနပါ အင္အားသံုး တိုက္ခိုက္တာေၾကာင့္ မင္းတပ္ CDF အဖဲြ႔ဘက္က ေနာက္ဆုတ္ေပးခဲ့ပါတယ္။ အဲဒီေနာက္ စစ္တပ္က မင္းတပ္ၿမိဳ႕ထဲက ေရေပးေ၀တဲ့ေနရာေတြမွာပါ တပ္စြဲလိုက္တဲ့အတြက္ မင္းတပ္ၿမိဳ႕မွာ ေသာက္သံုးေရ ျပတ္ေတာက္သြားခဲ့ပါတယ္။ အဓိကက မင္းတပ္ၿမိဳ႕ထဲကို အခ်ိန္လိုက္ ေရေပးေဝရတဲ့ စည္ပင္ဝန္ထမ္းေတြအေနနဲ႔ ေရေပးေဝေရး အေဆာက္အဦးေတြဆီ လံုၿခံဳေရး အေျခအေနေၾကာင့္ မသြားႏုိင္ၾကေတာ့တဲ့အတြက္ျဖစ္တယ္လို႔ ဝန္ထမ္းတေယာက္က ဗီြအိုေအ ျမန္မာပိုင္းကို ေျပာပါတယ္။

“က်ေနာ္တို႔က တိုက္ပြဲျဖစ္ကတည္းကေလ က်ေနာ္တို႔ ေရေပးေ၀ေရးသမားေတြကို အျပင္ကို ထြက္မရေတာ့ဘူး။ အကုန္လံုး ပ်က္စီးသြားတာ။ က်ေနာ္တို႔ အကုန္လံုး စစ္ေျပးေရွာင္ျဖစ္သြားတာေပါ့။ ေရေပးေ၀တဲ့သူေတြ အကုန္ထြက္ေျပးေနၾကတာ။ ရံုးေပါင္းစံုရယ္၊ ဘဏ္ရံုးရယ္ အဓိက ေနရာေတြေပါ့ေနာ္။ က်ေနာ္တို႔ သြားလာတဲ့ ေနရာေတြအကုန္တပ္စြဲထားတာ သူတို႔က အျပင္ထြက္တဲ့သူတိုင္းကို အကုန္ပစ္တာ။”

တခ်ိဳ႕ေရေပးေ၀ေရးသမားေတြဟာ ၿမိဳ႕ခံေတြ ေရရရွိေရးအတြက္ ႀကိဳးစားၾကေပမယ့္ စစ္တပ္က ပစ္ခတ္တာေၾကာင့္ ၿမိဳ႕နဲ႔ေ၀းရာကို ထြက္ေျပးေနရတာပါ။ မင္းတပ္ၿမိဳ႕တၿမိဳ႕လံုးကို ေရေပးေ၀တဲ့ ေရကန္ ၂၀ ရွိပါတယ္။ ေရေပးေ၀ေရး ကန္ေတြဆီ သြားတဲ့လမ္းေတြမွာ စစ္တပ္က တပ္စြဲထားၿပီး သြားလာတဲ့သူေတြကို ပစ္ခတ္ေနတာေၾကာင့္ ေရေပးေ၀ေရး ၀န္ထမ္းေတြဟာ တိုက္ပြဲစျဖစ္တဲ့ေန႔ကတည္းက ေဘးလြတ္ရာကို တိမ္းေရွာင္ေနရပါတယ္။

ခုလို ေရေပးေဝမႈ ျပတ္ေတာက္ေနတဲ့အတြက္ ရက္ပိုင္းမွာကို ေရျပတ္လတ္ေတာ့ မယ္လို႔ ၿမိဳ႕ခံေတြကေျပာပါတယ္။

“ၿမိဳ႕ထဲေရမလာတာက စစ္ပြဲစျဖစ္ကတည္းက ၆ ရက္၊ ၇ ရက္ေလာက္ကတည္းက ေရကမလာေတာ့ဘူး။ အခုၿမိဳ႕ထဲမွာ ပိတ္မိေနတဲ့ အိမ္ေထာင္စုေတာ္ေတာ္မ်ားမ်ားလည္း ရွိတယ္ သူတို႔ေတြဆီမွာလည္း လံုး၀ ေရမလာေတာ့ဘူး။ ၿပီးရင္ က်မတို႔ေနတဲ့ ရပ္ကြက္ထဲမွာဆိုရင္ ေရေတြကို စစ္တပ္ေတြက အေပၚေတြ ကုန္းေျမေတြမွာ အကုန္ေနရာယူထားတယ္။ အဲ့ဒီမွာ သူတို႔ လိုင္းကိုင္ေနတဲ့ ၀န္ထမ္းေတြေတာင္မွ ကုန္းေပၚကို လံုး၀မတက္ရဲဘူး။ ေတြ႕သမွ်လူကို ပစ္ေနတယ္ဆိုေတာ့ ကုန္းေပၚတက္ၿပီး ေရလည္း မေပးရဲဘူး။ အဲ့ဒီလိုဆိုေတာ့ ၿမိဳ႕ထဲ ရပ္ကြက္ထဲမွာရွိတဲ့ အိမ္ေတြမွာ လံုး၀ေရေတြက ျပတ္ေတာက္သြားတယ္။ က်မတို႔က ခပ္မယ္ဆိုရင္ ေတြ႕သမွ်ဆိုင္ကယ္ေတြေရာ အကုန္ပစ္ေနတယ္ဆိုေတာ့ ေရထြက္ခပ္ဖို႔ဆိုတာလည္း လံုး၀အဆင္မေျပဘူး။ က်မတို႔ရွိတဲ့ေရေလးကိုပဲ ညွာၿပီး သံုးေနရတယ္။ အခုေလာေလာဆယ္ ညွာၿပီးသံုးေနရတယ္။ ၀ယ္ဖိုု႔ဆိုတာလည္း လံုး၀အဆင္မေျပဘူး။ က်မတို႔ အိမ္ေဘးနားက အိမ္ဆိုရင္ ခုဏက ေရမရွိေတာ့လို႔ တအိမ္ထဲမွာကို အိမ္ေထာင္စုက အုတ္အိမ္ေလးျဖစ္ေနတာေပါ့ေနာ္။ အကုန္လံုးက အဲ့ဒီ အုတ္အိမ္ေလးကို အားကိုးေနရတာဆိုေတာ့ အိမ္ေထာင္စု ၇ စုေလာက္ရွိတယ္။ သံုးမယ့္ေရက လံုးမရွိေတာ့ဘူး။ မရွိတဲ့အခ်ိန္က်ေတာ့ သူတို႔ဘယ္လိုနည္းနဲ႔ ေရရႏိုင္မလဲေပါ့ေနာ္။ ေရေကာ္မတီဆီမွာပဲ ေသာ့ယူၿပီးေတာ့ အေသခံၿပီး သြားဖြင့္မလား။ အဲ့ဒီလိုမ်ိဳးေတြ သူတို႔ ေဆြးေႏြးေနၾကတယ္ေပါ့ေနာ္။ အဲ့ဒီလိုမ်ိဳးဆိုေတာ့ ရပ္ကြက္ထဲ လံုး၀ ျပတ္ေတာက္ေတာ့မွာေပါ့။ လံုး၀ျပတ္ေတာက္ေတာ့မယ္အေနအထားဆိုရင္ လံုး၀ မေလွာင္ထားတဲ့အိမ္ေတြရွိတယ္။ ေရကန္ရွိတဲ့အိမ္ေတြဆိုရင္ ေနာက္ထပ္ ၁ ရက္၊ ၂ ရက္ဆိုရင္ လံုး၀ ျပတ္ေတာက္သြားေတာ့မွာ။”

ခုလို မင္းတပ္ၿမိဳ႕ထဲမွာ ျပတ္လပ္ ႐ွားပါးေနခ်ိန္မွာပဲ နီးစပ္ရာ ေတာေတာင္ထဲေတြကို ထြက္ေျပးေနရသူေတြမွာလည္း ၀မ္းပ်က္ ၀မ္းေလွ်ာေရာဂါေတြ စျဖစ္ေနတယ္လို႔ ဒုကၡသည္တဦးကေျပာပါတယ္။

“တေယာက္ ၂ ေယာက္က ဖ်ားတာ နာတာရွိတာလာၿပီး ၀မ္းေလွ်ာတာ ရွိလာၿပီ။ တအားဆိုးဆိုးရြားရြားႀကီးေတာ့ မျဖစ္ေသးဘူး။ ဒါေပမဲ့ ၁ ေယာက္စ၊ ၂ ေယာက္စ ျဖစ္လာၿပီ။ နီးစပ္ရာေဆးေတြေပါ့။ က်ေနာ္တို႔ ေပးတုန္းက ပါၾကတဲ့ေဆးေတြ အဲ့ဒါေတြပဲ က်ေနာ္တို႔ စားေသာက္ေနရတယ္။ ဒီထက္ဆိုးလာႏိုင္တဲ့ အေျခအေနရွိပါတယ္။ အစားအေသာက္မတည့္တာေတြ ေနပူထဲ ေတာေတာင္ေတြထဲ သြားၿပီး ေတြ႕ရာ ေရေသာက္တဲ့အခါက်ေတာ့ ေရစိမ္းေတြပဲ ေသာက္ရတဲ့အေနအထားဆိုေတာ့ ၀မ္းပ်က္၀မ္းေလွ်ာ ဖ်ားတာ၊ နာတာ ထပ္မ်ားလာမယ့္ အေနအထားမ်ိဳးမွာ ရွိေနတယ္။”

ေမလ ၁၇ ရက္ေန႔က မင္းတပ္ၿမိဳ႕ထဲက အိမ္ေတြအေပၚ စစ္တပ္က ပစ္ခတ္လို႔ လည္ပင္းမွာ က်ည္ထိမွန္ခဲ့တ့ဲ အသက္ ၁၀ ႏွစ္အရြယ္ ကေလးငယ္ဟာ အခု မေကြးၿမိဳ႕ဘက္ကို ေဆးကုသဖို႔ သြားေရာက္ေနပါတယ္။ မင္းတပ္ၿမိဳ႕မွာ ဒီေန႔ အျပန္အလွန္ တိုက္ပြဲေတြ မ႐ွိေပမဲ့ စစ္တပ္ဘက္က ေျခာက္လွန္႔ပစ္ခတ္တာေတြပဲ ရွိတယ္လို႔ ၿမိဳ႕ခံေတြက ေျပာပါတယ္။ တျခားနယ္ေတြကေန မင္းတပ္ၿမိဳ႕မွာ လာေရာက္ အလုပ္လုပ္ကိုင္ေနသူေတြဟာ ၿမိဳ႕တြင္းမွာ ပိတ္မိေနတဲ့အတြက္ ၿမိဳ႕တာ၀န္ရွိသူေတြနဲ႔ ညွိႏိႈင္းၿပီး ကားမွာ အလံျဖဴေထာင္ကာ မင္းတပ္ၿမိဳ႕ထဲကေန ထြက္သြားေနၾကပါတယ္။

[Unicode Version]

မင်းတပ်မြို့ သောက်သုံးရေပြတ်လပ်

ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်တပ်နဲ့ မင်းတပ် ဒေသခံကာကွယ်ရေး CDF အဖွဲ့တို့ တိုက်ပွဲတွေ ဖြစ်ချိန်ကစလို့ ရေပေးဝေရေး နေရာတွေမှာ တပ်တွေ နေရာယူထားတဲ့အတွက် ရေပေးဝေမှုပိုင်း ပြတ်တောက်နေပါတယ်။ လုံခြုံရေးအခြေအနေကြောင့် ရေပိုက်လိုင်းတွေကို အချိန်လိုက် ဖွင့်ပေးရတဲ့ စည်ပင်ဝန်ထမ်းတွေ ဖွင့်မပေးနိုင်တဲ့အတွက် မင်းတပ်မြို့ထဲ ရေပြတ်လတ်နေတာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တိုက်ပွဲဘေးလွတ်ရာ ထွက်ပြေးနေသူတွေမှာလည်း ဝမ်းပျက်ဝမ်းလေ ျှာရောဂါတွေ စဖြစ်နေပါတယ်။ ဒီအကြောင်း အပြည့်စုံ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့ဒေသခံကာကွယ်ရေး CDF အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား မေ ၁၅ ရက်မှာ အပြန်အလှန် တိုက်ပွဲတွေဖြစ်ခဲ့တာမှာ စစ်တပ်က လေကြောင်းကနေပါ အင်အားသုံး တိုက်ခိုက်တာကြောင့် မင်းတပ် CDF အဖွဲ့ဘက်က နောက်ဆုတ်ပေးခဲ့ပါတယ်။ အဲဒီနောက် စစ်တပ်က မင်းတပ်မြို့ထဲက ရေပေးဝေတဲ့နေရာတွေမှာပါ တပ်စွဲလိုက်တဲ့အတွက် မင်းတပ်မြို့မှာ သောက်သုံးရေ ပြတ်တောက်သွားခဲ့ပါတယ်။ အဓိကက မင်းတပ်မြို့ထဲကို အချိန်လိုက် ရေပေးဝေရတဲ့ စည်ပင်ဝန်ထမ်းတွေအနေနဲ့ ရေပေးဝေရေး အဆောက်အဦးတွေဆီ လုံခြုံရေး အခြေအနေကြောင့် မသွားနိုင်ကြတော့တဲ့အတွက်ဖြစ်တယ်လို့ ဝန်ထမ်းတယောက်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

“ကျနော်တို့က တိုက်ပွဲဖြစ်ကတည်းကလေ ကျနော်တို့ ရေပေးဝေရေးသမားတွေကို အပြင်ကို ထွက်မရတော့ဘူး။ အကုန်လုံး ပျက်စီးသွားတာ။ ကျနော်တို့ အကုန်လုံး စစ်ပြေးရှောင်ဖြစ်သွားတာပေါ့။ ရေပေးဝေတဲ့သူတွေ အကုန်ထွက်ပြေးနေကြတာ။ ရုံးပေါင်းစုံရယ်၊ ဘဏ်ရုံးရယ် အဓိက နေရာတွေပေါ့နော်။ ကျနော်တို့ သွားလာတဲ့ နေရာတွေအကုန်တပ်စွဲထားတာ သူတို့က အပြင်ထွက်တဲ့သူတိုင်းကို အကုန်ပစ်တာ။”

တချို့ရေပေးဝေရေးသမားတွေဟာ မြို့ခံတွေ ရေရရှိရေးအတွက် ကြိုးစားကြပေမယ့် စစ်တပ်က ပစ်ခတ်တာကြောင့် မြို့နဲ့ဝေးရာကို ထွက်ပြေးနေရတာပါ။ မင်းတပ်မြို့တမြို့လုံးကို ရေပေးဝေတဲ့ ရေကန် ၂၀ ရှိပါတယ်။ ရေပေးဝေရေး ကန်တွေဆီ သွားတဲ့လမ်းတွေမှာ စစ်တပ်က တပ်စွဲထားပြီး သွားလာတဲ့သူတွေကို ပစ်ခတ်နေတာကြောင့် ရေပေးဝေရေး ဝန်ထမ်းတွေဟာ တိုက်ပွဲစဖြစ်တဲ့နေ့ကတည်းက ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။

ခုလို ရေပေးဝေမှု ပြတ်တောက်နေတဲ့အတွက် ရက်ပိုင်းမှာကို ရေပြတ်လတ်တော့ မယ်လို့ မြို့ခံတွေကပြောပါတယ်။

“မြို့ထဲရေမလာတာက စစ်ပွဲစဖြစ်ကတည်းက ၆ ရက်၊ ၇ ရက်လောက်ကတည်းက ရေကမလာတော့ဘူး။ အခုမြို့ထဲမှာ ပိတ်မိနေတဲ့ အိမ်ထောင်စုတော်တော်များများလည်း ရှိတယ် သူတို့တွေဆီမှာလည်း လုံး၀ ရေမလာတော့ဘူး။ ပြီးရင် ကျမတို့နေတဲ့ ရပ်ကွက်ထဲမှာဆိုရင် ရေတွေကို စစ်တပ်တွေက အပေါ်တွေ ကုန်းမြေတွေမှာ အကုန်နေရာယူထားတယ်။ အဲ့ဒီမှာ သူတို့ လိုင်းကိုင်နေတဲ့ ဝန်ထမ်းတွေတောင်မှ ကုန်းပေါ်ကို လုံးဝမတက်ရဲဘူး။ တွေ့သမျှလူကို ပစ်နေတယ်ဆိုတော့ ကုန်းပေါ်တက်ပြီး ရေလည်း မပေးရဲဘူး။ အဲ့ဒီလိုဆိုတော့ မြို့ထဲ ရပ်ကွက်ထဲမှာရှိတဲ့ အိမ်တွေမှာ လုံးဝရေတွေက ပြတ်တောက်သွားတယ်။ ကျမတို့က ခပ်မယ်ဆိုရင် တွေ့သမျှဆိုင်ကယ်တွေရော အကုန်ပစ်နေတယ်ဆိုတော့ ရေထွက်ခပ်ဖို့ဆိုတာလည်း လုံးဝအဆင်မပြေဘူး။ ကျမတို့ရှိတဲ့ရေလေးကိုပဲ ညှာပြီး သုံးနေရတယ်။ အခုလောလောဆယ် ညှာပြီးသုံးနေရတယ်။ ဝယ်ဖို့ဆိုတာလည်း လုံးဝအဆင်မပြေဘူး။ ကျမတို့ အိမ်ဘေးနားက အိမ်ဆိုရင် ခုဏက ရေမရှိတော့လို့ တအိမ်ထဲမှာကို အိမ်ထောင်စုက အုတ်အိမ်လေးဖြစ်နေတာပေါ့နော်။ အကုန်လုံးက အဲ့ဒီ အုတ်အိမ်လေးကို အားကိုးနေရတာဆိုတော့ အိမ်ထောင်စု ၇ စုလောက်ရှိတယ်။ သုံးမယ့်ရေက လုံးမရှိတော့ဘူး။ မရှိတဲ့အချိန်ကျတော့ သူတို့ဘယ်လိုနည်းနဲ့ ရေရနိုင်မလဲပေါ့နော်။ ရေကော်မတီဆီမှာပဲ သော့ယူပြီးတော့ အသေခံပြီး သွားဖွင့်မလား။ အဲ့ဒီလိုမျိုးတွေ သူတို့ ဆွေးနွေးနေကြတယ်ပေါ့နော်။ အဲ့ဒီလိုမျိုးဆိုတော့ ရပ်ကွက်ထဲ လုံး၀ ပြတ်တောက်တော့မှာပေါ့။ လုံးဝပြတ်တောက်တော့မယ်အနေအထားဆိုရင် လုံး၀ မလှောင်ထားတဲ့အိမ်တွေရှိတယ်။ ရေကန်ရှိတဲ့အိမ်တွေဆိုရင် နောက်ထပ် ၁ ရက်၊ ၂ ရက်ဆိုရင် လုံး၀ ပြတ်တောက်သွားတော့မှာ။”

ခုလို မင်းတပ်မြို့ထဲမှာ ပြတ်လပ် ရှားပါးနေချိန်မှာပဲ နီးစပ်ရာ တောတောင်ထဲတွေကို ထွက်ပြေးနေရသူတွေမှာလည်း ဝမ်းပျက် ဝမ်းလျှောရောဂါတွေ စဖြစ်နေတယ်လို့ ဒုက္ခသည်တဦးကပြောပါတယ်။

“တယောက် ၂ ယောက်က ဖျားတာ နာတာရှိတာလာပြီး ဝမ်းလျှောတာ ရှိလာပြီ။ တအားဆိုးဆိုးရွားရွားကြီးတော့ မဖြစ်သေးဘူး။ ဒါပေမဲ့ ၁ ယောက်စ၊ ၂ ယောက်စ ဖြစ်လာပြီ။ နီးစပ်ရာဆေးတွေပေါ့။ ကျနော်တို့ ပေးတုန်းက ပါကြတဲ့ဆေးတွေ အဲ့ဒါတွေပဲ ကျနော်တို့ စားသောက်နေရတယ်။ ဒီထက်ဆိုးလာနိုင်တဲ့ အခြေအနေရှိပါတယ်။ အစားအသောက်မတည့်တာတွေ နေပူထဲ တောတောင်တွေထဲ သွားပြီး တွေ့ရာ ရေသောက်တဲ့အခါကျတော့ ရေစိမ်းတွေပဲ သောက်ရတဲ့အနေအထားဆိုတော့ ဝမ်းပျက်ဝမ်းလျှော ဖျားတာ၊ နာတာ ထပ်များလာမယ့် အနေအထားမျိုးမှာ ရှိနေတယ်။”

မေလ ၁၇ ရက်နေ့က မင်းတပ်မြို့ထဲက အိမ်တွေအပေါ် စစ်တပ်က ပစ်ခတ်လို့ လည်ပင်းမှာ ကျည်ထိမှန်ခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် ကလေးငယ်ဟာ အခု မကွေးမြို့ဘက်ကို ဆေးကုသဖို့ သွားရောက်နေပါတယ်။ မင်းတပ်မြို့မှာ ဒီနေ့ အပြန်အလှန် တိုက်ပွဲတွေ မရှိပေမဲ့ စစ်တပ်ဘက်က ခြောက်လှန့်ပစ်ခတ်တာတွေပဲ ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။ တခြားနယ်တွေကနေ မင်းတပ်မြို့မှာ လာရောက် အလုပ်လုပ်ကိုင်နေသူတွေဟာ မြို့တွင်းမှာ ပိတ်မိနေတဲ့အတွက် မြို့တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပြီး ကားမှာ အလံဖြူထောင်ကာ မင်းတပ်မြို့ထဲကနေ ထွက်သွားနေကြပါတယ်။

XS
SM
MD
LG