သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ေျမာက္ပိုင္း ေသာက္သံုးေရရွားပါးမႈ ၾကံဳ


ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕ရွိ ေဒသခံမ်ား ေရခတ္ေနတဲ့ ျမင္ကြင္း။ (ၾသဂုတ္ ၀၄၊ ၂၀၁၅)

[Zawgyi/Unicode]

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ၿမိဳ႕နယ္တခ်ိဳ႕က ေက်းရြာေတြမွာ ေသာက္သံုးေရ ရွားေနတာေၾကာင့္ ေဒသခံေတြ ဒုကၡေရာက္ေနၾကပါတယ္။ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းက ေညာင္းေခ်ာင္း ျပည္တြင္းဒုကၡသည္စခန္းမွာလည္း ေသာက္သံုးေရ ရွားပါးေနတယ္လို႔ စခန္းတာဝန္သူရွိတစ္ဦးက ေျပာပါတယ္။ ဒီအေၾကာင္းအျပည့္အစံုကိုေတာ့ ရန္ကုန္က လာတဲ့ သတင္းကို ကိုခင္ေမာင္စိုးမင္းက တင္ျပေပးပါမယ္။

ရခိုင္ျပည္နယ္က ၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားမွာ ႏွစ္စဥ္ႏွစ္တိုင္း ေႏြရာသီေရာက္ၿပီဆိုရင္ ေက်းရွားပါးမႈ ျပႆနာေတြနဲ႔ ရင္ဆိုင္ၾကရပါတယ္။ အခုဆိုရင္လည္း ရာသီဥတု ပူျပင္းလာတာနဲ႔အမ်ွ ရခိုင္ေျမာက္ပိုင္းက ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ပုဏၰားကြ်န္းစတဲ့ ၿမိဳ႕နယ္ေတြမွာ ေရရွားမႈေတြနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။

ေက်ာ္ေတာ္ၿမိဳ႕နယ္အတြင္းက လူဦးေရ ၃,၀၀၀ ေက်ာ္ေလာက္ရွိတဲ့ ေညာင္းေခ်ာင္း ဒုကၡသည္စခန္းမွာဆိုရင္လည္း ၿပီးခဲ့တဲ့ ဧၿပီလကတည္းက ေသာက္သံုးေရ ရွားပါးသြားတာေၾကာင့္ စခန္းတြင္းကသူေတြ အခက္ႀကံဳေနရတယ္လို႔ စခန္းတာဝန္ခံ ကိုခိုင္မ်ိဳးေအာင္က ေျပာပါတယ္။

“ပိုက္လိုင္းယူထားတာ ဇီးေခ်ာင္းကေနၿပီးေတာ့ အဲဒီပိုက္လိုင္းက ထြက္တဲ့ ေရကိုပဲ က်ေနာ္တို႔ ေသာက္ေရအျဖစ္ယူေနၾကတာေပါ့။ လံုေလာက္မႈကေတာ့ မရွိပါဘူး။ ေတာ္ေတာ္ေလး အခက္အခဲျဖစ္ၾကတယ္။ အခုဆိုရင္ ေရတစ္အိုးရဖို႔အတြက္ ေနပူမွာလည္း ထိုင္ၿပီးေတာ့ ေစာင့္ၾကရတယ္။ အဲဒီမွာ အဆင္မေျပဘူး။ လူေတြ တအားမ်ားတယ္ဆိုရင္ ညဘက္ ၁၁ နာရီေလာက္အထိ ေစာင့္ၿပီးေတာ့ ေရခပ္ၾကတာကို က်ေနာ္ေတြ႔တယ္။ ေရခပ္တဲ့ ေနရာက က်ေနာ့္အိမ္နဲ႔ သိပ္မေဝးဘူး ေရေပးထားတဲ့ေနရာနဲ႔ေပါ့၊ ဆိုေတာ့ ေတာ္ေတာ္ေလး အခက္အခဲျဖစ္ ေနၾကပါတယ္။”

ဒါအျပင့္ ပုဏၰားကြ်န္းၿမိဳ႕နယ္ ေတာ္ဖ်ားေခ်ာင္းေဒသက ေက်းရြာတခ်ိဳ႕မွာလည္း ေရရွားပါးတာေတြ ရွိတယ္လို႔ ပိုးရီႊျပင္မဟာမိတ္အသင္း တာဝန္ရွိ္သူတစ္ဦးျဖစ္တဲ့ ကိုရဲေဆြေမာင္က ေျပာပါတယ္။

“ျပတ္သြားတာက ေသာက္ေရေရာ၊ သံုးေရေရာ ႏွစ္ခုစလံုးျပတ္သြားတာပါ။ လက္ရွိမွာေတာ့ သူတို႔ အင္းေတြ၊ အိုင္ေတြက ေရက မ်ားမ်ားလည္း မဟုတ္ဘူး။ လံုလံုေလာက္ေလာက္ မထြက္ဘူးေပါ့ေနာ္။ အဲဒီမွာေနၿပီးေတာ့ ေရကိုေစာင့္ၿပီးေတာ့ တစ္ေယာက္ၿပီး တစ္ေယာက္ အဲဒီမွာ တဂါလံ ႏွစ္ဂါလံ အဲဒီလို ခြဲၿပီးေတာ့ သံုးေနရတယ္ဗ်ာ။ တျခားရြာေတြကေတာ့ က်ေနာ္တို႔ ေတာဖ်ားေခ်ာင္းအထက္ပိုင္း ၾသရမ ေက်းရြာမွာလည္း ေရရွားေနတယ္လို႔ သိရပါတယ္။”

ေတာဖ်ားေခ်ာင္းေဒသက ပိႏၷဲေတာေက်းရြာမွာလည္း ေသာက္ေရ သံုးေရေတြ ၿပီးခဲ့တဲ့ မတ္လကတည္းက ျပတ္ေတာက္သြားတယ္လို႔ ပိႏၷဲေတာေက်းရြာသား ဦးေအာင္သိန္းေမာင္ ကေျပာပါတယ္။

“က်ေနာ္တို႔ ရြာမွာ ေရရွားတာက ႏွစ္စဥ္ႏွစ္တိုင္းေပါ့ေနာ္။ အခုဆိုရင္ ရြာမွာ ကန္ေရကလည္း တစ္စက္မွ မရွိေတာ့ဘူး။ ေရကေတာ့ ဂူေတာင္ရယ္၊ တျခားရြာေတြမွာ သြားခပ္ရ တာေပါ့ေနာ္။ ေသာက္ေရမေျပာနဲ႔ သံုးေရေတာင္မွ အဆင္မေျပဘူးျဖစ္ေနတယ္အခုက။ ထမင္းခ်က္ဖို႔ ေရေတာင္ အဆင္မေျပဘူး။ ဂူေတာင္မွာပဲ သြားခပ္ေနရတာ။”

ျမန္မာႏုိင္ငံမွာ ဖြံ႔ၿဖိဳးမႈ ေနာက္အက်ဆံုး ျပည္နယ္တခုျဖစ္တဲ့ ရခိုင္ျပည္နယ္က ၿမိဳ႕နယ္ေတာ္ေတာ္မ်ားမ်ားက ေက်းရြာေတြမွာ ေႏြရာသီေရာက္တိုင္း ေရရွားပါးမႈေတြ ရွိေနေပမဲ့လည္း သက္ဆိုင္ရာတာဝန္ရွိသူေတြဘက္က ေျဖရွင္းေပးတာေတြ မရွိဘူးလို႔လည္း ေဒသခံေတြက ေျပာဆိုၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်မြောက်ပိုင်း သောက်သုံးရေရှားပါးမှု ကြုံ

ရခိုင်ပြည်နယ်မြောက်ပိုင်း မြို့နယ်တချို့က ကျေးရွာတွေမှာ သောက်သုံးရေ ရှားနေတာကြောင့် ဒေသခံတွေ ဒုက္ခရောက်နေကြပါတယ်။ ကျောက်တော်မြို့နယ်အတွင်းက ညောင်းချောင်း ပြည်တွင်းဒုက္ခသည်စခန်းမှာလည်း သောက်သုံးရေ ရှားပါးနေတယ်လို့ စခန်းတာဝန်သူရှိတစ်ဦးက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်က လာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်းက တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်က မြို့နယ်တော်တော်များများမှာ နှစ်စဉ်နှစ်တိုင်း နွေရာသီရောက်ပြီဆိုရင် ကျေးရှားပါးမှု ပြဿနာတွေနဲ့ ရင်ဆိုင်ကြရပါတယ်။ အခုဆိုရင်လည်း ရာသီဥတု ပူပြင်းလာတာနဲ့အမျှ ရခိုင်မြောက်ပိုင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်းစတဲ့ မြို့နယ်တွေမှာ ရေရှားမှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

ကျော်တော်မြို့နယ်အတွင်းက လူဦးရေ ၃,၀၀၀ ကျော်လောက်ရှိတဲ့ ညောင်းချောင်း ဒုက္ခသည်စခန်းမှာဆိုရင်လည်း ပြီးခဲ့တဲ့ဧပြီလကတည်းက သောက်သုံးရေ ရှားပါးသွားတာကြောင့် စခန်းတွင်းက သူတွေအခက်ကြုံနေရတယ်လို့ စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောပါတယ်။

“ပိုက်လိုင်းယူထားတာ ဇီးချောင်းကနေပြီးတော့ အဲဒီပိုက်လိုင်းက ထွက်တဲ့ ရေကိုပဲ ကျနော်တို့ သောက်ရေအဖြစ်ယူနေကြတာပေါ့။ လုံလောက်မှုကတော့ မရှိပါဘူး။ တော်တော်လေး အခက်အခဲဖြစ်ကြတယ်။ အခုဆိုရင် ရေတစ်အိုးရဖို့အတွက် နေပူမှာလည်း ထိုင်ပြီးတော့ စောင့်ကြရတယ်။ အဲဒီမှာ အဆင်မပြေဘူး။ လူတွေ တအားများတယ်ဆိုရင် ညဘက် ၁၁ နာရီလောက်အထိ စောင့်ပြီးတော့ ရေခပ်ကြတာကို ကျနော်တွေ့တယ်။ ရေခပ်တဲ့ နေရာက ကျနော့်အိမ်နဲ့ သိပ်မဝေးဘူး ရေပေးထားတဲ့နေရာနဲ့ပေါ့၊ ဆိုတော့ တော်တော်လေး အခက်အခဲဖြစ် နေကြပါတယ်။”

ဒါအပြင့် ပုဏ္ဏားကျွန်းမြို့နယ် တော်ဖျားချောင်းဒေသက ကျေးရွာတချို့မှာလည်း ရေရှားပါးတာတွေ ရှိတယ်လို့ ပိုးရွီှပြင်မဟာမိတ်အသင်း တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုရဲဆွေမောင်က ပြောပါတယ်။

“ပြတ်သွားတာက သောက်ရေရော၊ သုံးရေရော နှစ်ခုစလုံးပြတ်သွားတာပါ။ လက်ရှိမှာတော့ သူတို့ အင်းတွေ၊ အိုင်တွေက ရေက များများလည်း မဟုတ်ဘူး။ လုံလုံလောက်လောက် မထွက်ဘူးပေါ့နော်။ အဲဒီမှာနေပြီးတော့ ရေကိုစောင့်ပြီးတော့ တစ်ယောက်ပြီး တစ်ယောက် အဲဒီမှာ တဂါလံ နှစ်ဂါလံ အဲဒီလို ခွဲပြီးတော့ သုံးနေရတယ်ဗျာ။ တခြားရွာတွေကတော့ ကျနော်တို့ တောဖျားချောင်းအထက်ပိုင်း သြရမ ကျေးရွာမှာလည်း ရေရှားနေတယ်လို့ သိရပါတယ်။”

တောဖျားချောင်းဒေသက ပိန္နဲတောကျေးရွာမှာလည်း သောက်ရေ သုံးရေတွေ ပြီးခဲ့တဲ့ မတ်လကတည်းက ပြတ်တောက်သွားတယ်လို့ ပိန္နဲတောကျေးရွာသား ဦးအောင်သိန်းမောင် ကပြောပါတယ်။

“ကျနော်တို့ ရွာမှာ ရေရှားတာက နှစ်စဉ်နှစ်တိုင်းပေါ့နော်။ အခုဆိုရင် ရွာမှာ ကန်ရေကလည်း တစ်စက်မှ မရှိတော့ဘူး။ ရေကတော့ ဂူတောင်ရယ်၊ တခြားရွာတွေမှာ သွားခပ်ရ တာပေါ့နော်။ သောက်ရေမပြောနဲ့ သုံးရေတောင်မှ အဆင်မပြေဘူးဖြစ်နေတယ်အခုက။ ထမင်းချက်ဖို့ ရေတောင် အဆင်မပြေဘူး။ ဂူတောင်မှာပဲ သွားခပ်နေရတာ။”

မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှု နောက်အကျဆုံး ပြည်နယ်တခုဖြစ်တဲ့ ရခိုင်ပြည်နယ်က မြို့နယ်တော် တော်များများက ကျေးရွာတွေမှာ နွေရာသီရောက်တိုင်း ရေရှားပါးမှုတွေ ရှိနေပေမဲ့လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က ဖြေရှင်းပေးတာတွေ မရှိဘူးလို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG