သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္ျပည္နယ္မွာ စစ္ေရွာင္ဒုကၡသည္ ၁ သိန္းေက်ာ္ ေနရပ္မျပန္ႏိုင္ေသး


မွတ္တမ္းဓာတ္ပံု - ၂၀၂၀ ဇြန္လ တုန္းက လက္နက္ႀကီးေၾကာင့္ ထြက္ေျပးလာၾကတဲ့ ရခိုင္ စစ္ေရွာင္ဒုကၡသည္မ်ား

(Zawgyi/Unicode)

ရခိုင္ျပည္နယ္မွာ စစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ၾကား တိုက္ပြဲေတြ ရပ္ဆိုင္းထားတာ ၅ လနီးပါးရွိေနၿပီးျဖစ္ေပမယ့္ တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးလာၾကရတဲ့ စစ္ေျပးဒုကၡသည္ တစ္သိန္းေက်ာ္ကေတာ့ ေနရပ္ မျပန္ႏိုင္ၾကေသးပါဘူး။ ေနထုိင္စားေသာက္ေရး၊ လံုၿခံဳေရးအေျခအေနေတြေၾကာင့္ ျပည္တြင္းဒုကၡသည္ေတြ ေနရပ္ျပန္ႏိုင္ဖို႔ ခက္ခဲေနတဲ့အေၾကာင္း ရန္ကုန္ကလာတဲ့ သတင္းကို ကိုခင္ေမာင္စိုးမင္းက တင္ျပေပးပါမယ္။

စစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖဲြ႔တို႔ၾကား ၂ ႏွစ္ေက်ာ္ၾကာ တိုက္ပြဲအႀကီးအက်ယ္ ျဖစ္ပြားခဲ့တဲ့ ရခိုင္ျပည္နယ္မွာ ၂ ဖက္ တိုက္ပြဲေတြ ရပ္ဆိုင္း ထားတာ ၅ လနီးပါး ရွိေနပါၿပီ။ တိုက္ပြဲေတြေၾကာင့္ ရခိုင္ေျမာက္ပိုင္းက ျပည္တြင္း ဒုကၡသည္စခန္းေတြမွာ ခုိလႈံေနၾကရတဲ့ စစ္ေျပးဒုကၡသည္ ၁ သိန္းေက်ာ္ ႐ွိပါတယ္။ အဲဒီဒုကၡသည္ေတြဟာ ခုခ်ိန္ထိ ေနရပ္ မျပန္ႏိုင္ၾကေသးပါဘူး။ လံုၿခံဳေရး စားေသာက္ေနထုိင္ေရးအတြက္ အာမခံခ်က္ မ႐ွိတဲ့အတြက္ မျပန္ႏုိင္ၾကတာလို႔ ရခိုင္တိုင္းရင္းသားမ်ိဳး ႏြယ္စုမ်ားအစည္းအရံုး REC ေျပာခြင့္ရ ကိုေဇာ္ေဇာ္ထြန္းက ေျပာပါတယ္။

“ အကုန္လံုးမွာ က်န္ပါေသးတယ္။ ေနာက္ဆံုး ဧၿပီ ၂၈ ရက္ေန႔အထိ စာရင္းေကာက္ ယူခ်က္ အရကေတာ့ တစ္သိန္းနဲ႔ တစ္ေသာင္းေက်ာ္ရွိပါေသးတယ္။ စစ္ေကာင္စီဘက္ ကေပါ့ေနာ္ ေတာ္ေတာ္မ်ားမ်ား စစ္ေရွာင္စခန္းေတြမွာ ေနရပ္ျပန္ဖို႔အတြက္ တြန္းအား ေပးတာေတြကို ေတြ႔ရတယ္။ ေနရပ္ျပန္ဖို႔အတြက္ ေထာက္ပံ့ကူညီမႉေတြ လုပ္ေပးမယ္ ေပါ့ေနာ္။ ဥပမာ သံုးလစာ စားနပ္ရိုကၡာေထာက္ပံ့ေပးမယ္တို႔ ေနအိမ္ေတြ ျပန္ေဆာင္ ေပးမယ္တို႔ စသျဖင့္ေပါ့ ၊ ေနာက္ လယ္ယာလုပ္ငန္းနဲ႔ ပတ္သတ္ၿပီးေတာ့ ေထာက္ပံ့မႉေတြ ေပးမယ္လို႔ ဒါမ်ိဳးေတြကို စသူတို႔ေျပာေနၾကပါတယ္။ ဒါေပမယ့္ စစ္ေရွာင္ဘက္ကေတာ့ သူတို႔ေနအိမ္ ေတြကို သူတို႔ မျပန္ခင္ကတည္းက ၾကိဳေဆာက္ေပးတာတို႔ ေနာက္ၿပီးေတာ့ တစ္ျခား မိုင္းရွင္း လင္းေရး ကိစၥေတြ လုပ္ေဆာင္ေပးတာတို႔ ေနာက္အပစ္အခတ္ရပ္တဲ့အခါ အာမခံခ်က္ တစ္ခုခုလုပ္ ေပးတာတို႔ အဲတာေတြကို လုပ္ေပးေစခ်င္ပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ စစ္ေရွာင္ေတြ လို ခ်င္တဲ့ ပံုစံအတိုင္းေတာ့ မလုပ္ေပးႏိုင္ေသးဘူးေပါ့ေနာ္ အဲလိုအေျခ အေနရွိေနပါတယ္။”

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေက်ာက္ေတာ္ၿမိဳ႕နယ္က ေညာင္းေခ်ာင္း ျပည္တြင္းဒုကၡသည္စခန္းမွာ ဆိုရင္လည္း လက္ရွိအခ်ိန္ထိ စစ္ေဘးဒုကၡသည္ သံုးေထာင္ေက်ာ္အထိ ရွိေနပါမယ္။ သူတို႔ ေနရပ္မျပန္ၾကတာနဲ႔ ပတ္သက္ၿပီး ေညာင္းေခ်ာင္း စစ္ေဘးဒုကၡသည္စခန္းတာဝန္ခံ ကိုခိုင္မ်ိဳးေအာင္ကို က အခုလိုရွင္းျပပါတယ္။

“အခုလက္ရွိက်ေနာ္တို႔ စစ္ေရွာင္စခန္းမွာက အိမ္ေထာင္စုက ၈၂၄ ရွိတယ္။ လူဦးေရကေတာ့ ၃၄၀၀ ေက်ာ္ရွိတယ္ေပါ့ေနာ္ ။ေနရပ္ျပန္ဖို႔က်ေတာ့ က်ေနာ္တို႔ စစ္ေရွာင္စခန္းမွာေနတဲ့ သူေတြကက်ေတာ့ ဒီကလားတန္ျမစ္ရဲ႕ အဖ်ားမွာေပါ့ေနာ္ မီးရိႉ႕ခံထားရတဲ့ ရြာေတြ ကမ်ားတဲ့ အခါက်ေတာ့ အစိုးရကလည္း ဘယ္လိုစီမံ ပံ႔ပိုးေပးမလဲဆိုတာ က်ေနာ္တို႔မသိဘူး။ ေနာက္ၿပီးေတာ့ ေနရပ္ျပန္ဖို႔အတြက္ အႀကိဳ ညွိႏႉိင္းတာေတြေတာ့ ရွိခဲ့တယ္။ အဲဒီမွာ ဒီက်ေနာ္တို႔ စစ္ေရွာင္ေတြ ေျပာတာက်ေတာ့ ဒီသူတို႔ရြာရဲ႕ အနီးမွာ စစ္တပ္ကေနၿပီးေတာ့ အခိုင္အမာ တပ္စြဲထားတာေတြရွိတယ္၊ ဒါေတြကိုလည္း သူတို႔က မဆုတ္ေပးေသးဘူး။ေနာက္ၿပီးေတာ့ မီးရႉိ႕ခံထားရတဲ့ေနအိမ္ေတြကို ဘယ္လိုျပဳျပင္ ေပးမလဲ။ ေနာက္ၿပီးေတာ့ သူတို႔ျပန္သြားရင္ေကာ ဘယ္လိုစားေသာက္ ေနထိုင္ၾကမလဲ အဲဒီအေပၚမႉတည္ေနတယ္။ အဲဒီလိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးမွပဲ သူတို႔ ေနရပ္ျပန္ႏိုင္ မယ္လို႔ ထင္တယ္။”

လက္ရွိရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ ၿပီးခဲ့တဲ့ ၂၀၂၀ခုႏွစ္ စစ္တင္ဘာလ အေစာပိုင္းကတည္းကေန ဒီကေန႔အထိ တိုက္ပြဲရပ္ဆိုင္း ထားတာျဖစ္ေပမယ့္လည္း ေနာက္ထပ္စစ္ပြဲေတြ ထပ္ျဖစ္လာမွာကို စိုရိမ္တာေၾကာင့္ ေနရပ္မျပန္ေသးတာျဖစ္တယ္လို႔ ေျမာက္ဦးၿမိဳ႕က စစ္ေဘးဒုကၡသည္ တေယာက္က ေျပာပါတယ္။

“ေနရပ္ကို မျပန္ရဲတာကလည္း ေနာက္ဒီထက္ ဆုိးက်ိဳးမ်ားျဖစ္လာမလားဆိုၿပီးေတာ့ မျပန္ၾကတာပါ။ တိုက္ပြဲေတြ မရွိေတာ့ဘူး ဆိုေပမယ့္လည္း တိုက္ပြဲျပန္ျဖစ္လာမွာကို စိုးရိမ္ၿပီးေတာ့ မျပန္ၾကတာပါ။”

ခုလိုျဖစ္ေနတဲ့ အေျခအေနနဲ႔ ပတ္သက္လို႔လည္း ရခိုင္ျပည္နယ္စစ္ေကာင္စီကို ေမးျမန္းဖို႔ ဗြီအိုေအက ဆက္သြယ္ခဲ့ေပမယ့္လည္း ဆက္သြယ္လို႔ မရခဲ့ပါဘူး။

ျပည္တြင္းဒုကၡသည္စခန္းေတြမွာ ခိုလႈံေနၾကရတဲ့ စစ္ေဘးဒုကၡသည္ေတြ အေနနဲ႔ ေသာက္သံုးေရ ရွားပါးမႈ၊ စစ္တပ္ကအာဏာ သိမ္းၿပီးေနာက္ပိုင္း လူသားခ်င္းစာနာမႈအကူအညီေပးေနတဲ့ ႏိုင္ငံတကာအဖဲြ႔ေတြရဲ႕ စားနပ္ရိကၡာ ေထာက္ပံံ့မႈေတြ ပံုမွန္မရရွိေတာ့တာေၾကာင့္ စားဝတ္ေနေရး အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနၾကရတယ္လို႔ စစ္ေဘးဒုကၡသည္ေတြက ေျပာေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ရခိုင်ပြည်နယ်မှာ စစ်ရှောင်ဒုက္ခသည် ၁ သိန်းကျော် နေရပ်မပြန်နိုင်သေး

(Unicode)

ရခိုင်ပြည်နယ်မှာ စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲတွေ ရပ်ဆိုင်းထားတာ ၅ လနီးပါးရှိနေပြီးဖြစ်ပေမယ့် တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြရတဲ့ စစ်ပြေးဒုက္ခသည် တစ်သိန်းကျော်ကတော့ နေရပ် မပြန်နိုင်ကြသေးပါဘူး။ နေထိုင်စားသောက်ရေး၊ လုံခြုံရေးအခြေအနေတွေကြောင့် ပြည်တွင်းဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ ခက်ခဲနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုခင်မောင်စိုးမင်းက တင်ပြပေးပါမယ်။

စစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား ၂ နှစ်ကျော်ကြာ တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်မှာ ၂ ဖက် တိုက်ပွဲတွေ ရပ်ဆိုင်း ထားတာ ၅ လနီးပါး ရှိနေပါပြီ။ တိုက်ပွဲတွေကြောင့် ရခိုင်မြောက်ပိုင်းက ပြည်တွင်း ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ စစ်ပြေးဒုက္ခသည် ၁ သိန်းကျော် ရှိပါတယ်။ အဲဒီဒုက္ခသည်တွေဟာ ခုချိန်ထိ နေရပ် မပြန်နိုင်ကြသေးပါဘူး။ လုံခြုံရေး စားသောက်နေထိုင်ရေးအတွက် အာမခံချက် မရှိတဲ့အတွက် မပြန်နိုင်ကြတာလို့ ရခိုင်တိုင်းရင်းသားမျိုး နွယ်စုများအစည်းအရုံး REC ပြောခွင့်ရ ကိုဇော်ဇော်ထွန်းက ပြောပါတယ်။

“ အကုန်လုံးမှာ ကျန်ပါသေးတယ်။ နောက်ဆုံး ဧပြီ ၂၈ ရက်နေ့အထိ စာရင်းကောက် ယူချက် အရကတော့ တစ်သိန်းနဲ့ တစ်သောင်းကျော်ရှိပါသေးတယ်။ စစ်ကောင်စီဘက် ကပေါ့နော် တော်တော်များများ စစ်ရှောင်စခန်းတွေမှာ နေရပ်ပြန်ဖို့အတွက် တွန်းအား ပေးတာတွေကို တွေ့ရတယ်။ နေရပ်ပြန်ဖို့အတွက် ထောက်ပံ့ကူညီမှူတွေ လုပ်ပေးမယ် ပေါ့နော်။ ဥပမာ သုံးလစာ စားနပ်ရိုက္ခာထောက်ပံ့ပေးမယ်တို့ နေအိမ်တွေ ပြန်ဆောင် ပေးမယ်တို့ စသဖြင့်ပေါ့ ၊ နောက် လယ်ယာလုပ်ငန်းနဲ့ ပတ်သတ်ပြီးတော့ ထောက်ပံ့မှူတွေ ပေးမယ်လို့ ဒါမျိုးတွေကို စသူတို့ပြောနေကြပါတယ်။ ဒါပေမယ့် စစ်ရှောင်ဘက်ကတော့ သူတို့နေအိမ် တွေကို သူတို့ မပြန်ခင်ကတည်းက ကြိုဆောက်ပေးတာတို့ နောက်ပြီးတော့ တစ်ခြား မိုင်းရှင်း လင်းရေး ကိစ္စတွေ လုပ်ဆောင်ပေးတာတို့ နောက်အပစ်အခတ်ရပ်တဲ့အခါ အာမခံချက် တစ်ခုခုလုပ် ပေးတာတို့ အဲတာတွေကို လုပ်ပေးစေချင်ပါတယ်။ စစ်ကောင်စီဘက်ကတော့ စစ်ရှောင်တွေ လို ချင်တဲ့ ပုံစံအတိုင်းတော့ မလုပ်ပေးနိုင်သေးဘူးပေါ့နော် အဲလိုအခြေ အနေရှိနေပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်က ညောင်းချောင်း ပြည်တွင်းဒုက္ခသည်စခန်းမှာ ဆိုရင်လည်း လက်ရှိအချိန်ထိ စစ်ဘေးဒုက္ခသည် သုံးထောင်ကျော်အထိ ရှိနေပါမယ်။ သူတို့ နေရပ်မပြန်ကြတာနဲ့ ပတ်သက်ပြီး ညောင်းချောင်း စစ်ဘေးဒုက္ခသည်စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်ကို က အခုလိုရှင်းပြပါတယ်။

“အခုလက်ရှိကျနော်တို့ စစ်ရှောင်စခန်းမှာက အိမ်ထောင်စုက ၈၂၄ ရှိတယ်။ လူဦးရေကတော့ ၃၄၀၀ ကျော်ရှိတယ်ပေါ့နော် ။နေရပ်ပြန်ဖို့ကျတော့ ကျနော်တို့ စစ်ရှောင်စခန်းမှာနေတဲ့ သူတွေကကျတော့ ဒီကလားတန်မြစ်ရဲ့ အဖျားမှာပေါ့နော် မီးရှိူ့ခံထားရတဲ့ ရွာတွေ ကများတဲ့ အခါကျတော့ အစိုးရကလည်း ဘယ်လိုစီမံ ပံ့ပိုးပေးမလဲဆိုတာ ကျနော်တို့မသိဘူး။ နောက်ပြီးတော့ နေရပ်ပြန်ဖို့အတွက် အကြို ညှိနှိူင်းတာတွေတော့ ရှိခဲ့တယ်။ အဲဒီမှာ ဒီကျနော်တို့ စစ်ရှောင်တွေ ပြောတာကျတော့ ဒီသူတို့ရွာရဲ့ အနီးမှာ စစ်တပ်ကနေပြီးတော့ အခိုင်အမာ တပ်စွဲထားတာတွေရှိတယ်၊ ဒါတွေကိုလည်း သူတို့က မဆုတ်ပေးသေးဘူး။နောက်ပြီးတော့ မီးရှိူ့ခံထားရတဲ့နေအိမ်တွေကို ဘယ်လိုပြုပြင် ပေးမလဲ။ နောက်ပြီးတော့ သူတို့ပြန်သွားရင်ကော ဘယ်လိုစားသောက် နေထိုင်ကြမလဲ အဲဒီအပေါ်မှူတည်နေတယ်။ အဲဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမှပဲ သူတို့ နေရပ်ပြန်နိုင် မယ်လို့ ထင်တယ်။”

လက်ရှိရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် စစ်တင်ဘာလ အစောပိုင်းကတည်းကနေ ဒီကနေ့အထိ တိုက်ပွဲရပ်ဆိုင်း ထားတာဖြစ်ပေမယ့်လည်း နောက်ထပ်စစ်ပွဲတွေ ထပ်ဖြစ်လာမှာကို စိုရိမ်တာကြောင့် နေရပ်မပြန်သေးတာဖြစ်တယ်လို့ မြောက်ဦးမြို့က စစ်ဘေးဒုက္ခသည် တယောက်က ပြောပါတယ်။

“နေရပ်ကို မပြန်ရဲတာကလည်း နောက်ဒီထက် ဆိုးကျိုးများဖြစ်လာမလားဆိုပြီးတော့ မပြန်ကြတာပါ။ တိုက်ပွဲတွေ မရှိတော့ဘူး ဆိုပေမယ့်လည်း တိုက်ပွဲပြန်ဖြစ်လာမှာကို စိုးရိမ်ပြီးတော့ မပြန်ကြတာပါ။”

ခုလိုဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း ရခိုင်ပြည်နယ်စစ်ကောင်စီကို မေးမြန်းဖို့ ဗွီအိုအေက ဆက်သွယ်ခဲ့ပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

ပြည်တွင်းဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေ အနေနဲ့ သောက်သုံးရေ ရှားပါးမှု၊ စစ်တပ်ကအာဏာ သိမ်းပြီးနောက်ပိုင်း လူသားချင်းစာနာမှုအကူအညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့တွေရဲ့ စားနပ်ရိက္ခာ ထောက်ပံံ့မှုတွေ ပုံမှန်မရရှိတော့တာကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG