သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်တော်မြို့နယ် စစ်ကြွင်းလက်နက် ပေါက်ကွဲမှု မိခင်နှင့်ရင်သွေးငယ် ၂ ဦးသေဆုံး


ကျောက်တော်မြို့နယ် (photo- myanmar peace monitor- Kyaw hla myint)
ကျောက်တော်မြို့နယ် (photo- myanmar peace monitor- Kyaw hla myint)

(Zawgyi/Unicode)

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရွှေပြည် ကျေးရွာမှာ စစ်ကျန် လက်နက် ပေါက်ကွဲတာကြောင့် ကလေး ၂ ဦးနဲ့ မိခင် ဖြစ်သူ စုစုပေါင်း ၃ ဦး သေဆုံးခဲ့ရပြီး ကလေး တဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့ UNICEF ရဲ့ မြန်မာဆိုင်ရာရုံးက အင်္ဂါနေ့မှာ ထုတ်ပြန်ထားပါတယ်။

ဧပြီလ ၄ ရက်နေ့က စစ်လက်နက် ပစ္စည်း အကြွင်းအကျန် ပေါက်ကွဲတာကြောင့် မိခင်ဖြစ်သူနဲ့ ကလေး ၃ ဦး ထိမှန်ခဲ့ရပြီး မိခင်ဖြစ်သူ၊ နောက် အသက် ၂ နှစ်နဲ့ ၅ နှစ် အရွယ် ကလေး ၂ ဦး သေဆုံးခဲ့ရပါတယ်။ ၇ နှစ် အရွယ် ကလေးကတော့ ထိခိုက်ဒဏ်ရာ ရရှိကြောင်း ကြားသိရတဲ့ အတွက် စိတ်မကောင်း ဖြစ်ရကြောင်း UNICEF မြန်မာရုံးရဲ့ တရားဝင် လူမှုကွန်ရက် Facebook မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း မြေမြှုပ်မိုင်းနဲ့ စစ်လက်နက် အကြွင်းအကျန်တွေ ပေါက်ကွဲတာကြောင့် သေဆုံး ဒဏ်ရာရသူတွေရဲ့ သုံးပုံ တပုံက လေးငယ်တွေ ဖြစ်ပြီး သေဆုံးရတဲ့ ကလေးငယ်တွေရဲ့ ၄၇ ရာခိုင်နှုန်းက ရခိုင်ပြည်နယ်က ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။

မြန်မာနိုင်ငံတွင်းက သက်ဆိုင်သူ အားလုံး အနေနဲ့ မြေမြှုပ်မိုင်းတွေ မသုံးကြဖို့၊ နောက် မပေါက်ကွဲသေးတဲ့ မြေမြှုပ်မိုင်းတွေနဲ့ စစ်လက်နက် ပစ္စည်းတွေကို ရှင်းလင်းကြဖို့လည်း UNICEF က တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်


...........


(Unicode)





XS
SM
MD
LG