သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ပစၥည္းေတြ သပိတ္ေမွာက္ဖို႔ ဆႏၵျပသူေတြ ေတာင္းဆို


တ႐ုတ္ႏိုင္ငံရဲ႕ ထုတ္ကုန္ပစၥည္းေတြကို မသုံးစြဲဖို႔ လႈံ႕ေဆာ္တဲ့ ဆႏၵျပပြဲ ျမင္ကြင္း။ (ဧၿပီ ၀၆၊ ၂၀၂၁)

[Zawgyi/Unicode]

အၾကမ္းဖက္ စစ္ေကာင္စီကို ကာကြယ္ေပးေနတဲ့ တ႐ုတ္ႏိုင္ငံရဲ႕ ထုတ္ကုန္ပစၥည္းေတြကို မသုံးစြဲဖို႔၊ မီးရႈိ႕ဆႏၵျပၾကဖို႔ လႈံ႕ေဆာ္တဲ့ ဆႏၵျပပြဲေတြကို မနက္ျဖန္ ဧၿပီလ ၇ ရက္မွာ တႏိုင္ငံလုံး လုပ္သြားၾကဖို႔ သပိတ္ေမွာက္ အင္အားစုေတြက တိုက္တြန္းလိုက္ပါတယ္။ ဒီအေၾကာင္း ရန္ကုန္က လာတဲ့သတင္းကိုေတာ့ ကိုခင္ေမာင္စိုးမင္းက ေျပာျပေပးမွာပါ။

ျမန္မာျပည္တြင္းေရးမွာ တ႐ုတ္ႏိုင္ငံရဲ႕ ဝင္ေရာက္ စြက္ဖက္မႈ ရွိေနတယ္ဆိုတဲ့ ယုံၾကည္မႈေၾကာင့္ တ႐ုတ္အက်ိဳးစီးပြားေတြနဲ႔အတူ တ႐ုတ္ထုတ္ ကုန္ပစၥည္းေတြကိုလည္း သပိတ္ေမွာက္ၾကဖို႔ ေဆာ္ဩတဲ့ ဆႏၵျပပြဲေတြ ျမန္မာျပည္တြင္း အားေကာင္းလာပါတယ္။ မနက္ျဖန္ ဧၿပီလ ၇ ရက္မွာေတာ့ တ႐ုတ္ႏိုင္ငံထုတ္နဲ႔ စစ္တပ္ပိုင္ လုပ္ငန္းေတြကထုတ္တဲ့ ပစၥည္းေတြကို မီးရႈိ႕ဆႏၵျပဖို႔အတြက္ တႏိုင္ငံလုံးက သပိတ္အင္အားစုေတြ တိုင္ပင္ထားၾကေၾကာင္း လူမ်ိဳးေပါင္းစုံ အေထြေထြသပိတ္ေကာ္မတီ GSCN ရဲ႕ ေျပာခြင့္ရ ေစာအာကာ က ဗြီအိုေအကို ေျပာပါတယ္။

စစ္ေကာင္စီကို အကာအကြယ္ေပးေနတဲ့ တ႐ုတ္အေပၚမွာ ဒီလႈပ္ရွားမႈေတြက ဖိအားတခု၊ အေျပာင္းအလဲတခု ျဖစ္လာလိမ့္မယ္လို႔ သူကေျပာပါတယ္။

“သပိတ္ေကာ္မတီေတြ အားလုံးက ညႇိႏႈိင္းေဆာင္႐ြက္ၿပီးေတာ့မွ လုပ္ေဆာင္တာ ျဖစ္ပါတယ္။ လူမ်ိဳးေပါင္းစုံ အေထြေထြ သပိတ္ေကာ္မတီအေနနဲ႔က မနက္ျဖန္ တရက္တည္း မဟုတ္ဘဲ စဥ္ဆက္မျပတ္ လူထုက ပါဝင္လာတဲ့အထိကို လုပ္ေဆာင္ဖို႔ ျပင္ဆင္ထားၾက ပါတယ္။ သက္ေရာက္မႈေတာ့ တစုံတခု ရွိမွာပါ။ ဒီသက္ေရာက္မႈကေန တ႐ုတ္၊ ႐ုရွားနဲ႔ စစ္ေကာင္စီရဲ႕ အက်ိဳးစီးပြားေတြကို က်ေနာ္တို႔ ဆက္ၿပီးလုပ္ဖို႔ အမ်ားႀကီး ရွိပါတယ္။”

ဒီေန႔လည္း ျမန္မာျပည္ ၿမိဳ႕ႀကီးတခ်ိဳ႕က ဆႏၵျပပြဲေတြမွာ တ႐ုတ္ကုန္ပစၥည္းေတြကို သပိတ္ေမွာက္ဖို႔ အဓိကထား လုပ္ေဆာင္ခဲ့ၿပီး မႏၲေလးမွာေတာ့ ၿမိဳ႕နယ္ေပါင္း ၂၀ ေက်ာ္မွာလုပ္ခဲ့ေၾကာင္း မႏၲေလးေတာ္လွန္ေရးတပ္ MRA ဦးေဆာင္သူ ကိုေမာ္ျမင့္ေမာင္က ေျပာပါတယ္။

“တ႐ုတ္ရဲ႕ ဩဇာခံမႈ Influence ေပ်ာက္သြားေအာင္ က်ေနာ္တို႔ လုပ္ခ်င္တာပါ။ တ႐ုတ္နဲ႔ ပတ္သက္တာေတြ မသုံးဖို႔ အခု ႏႈိးေဆာ္ၾကတာေပါ့။ လူငယ္ ကြန္ရက္ေတြ အကုန္လုံးကေတာ့ ဓာတ္ေငြ႕ပိုက္လိုင္းေတြကို အစက အစီအစဥ္ရွိတယ္ေပါ့ေနာ္။ ေနာက္ပိုင္းသူတို႔ ေစာင့္ၾကည့္တာ မ်ားလာေတာ့ ပုန္းလွ်ိဳးဝွက္လွ်ိဳးပဲ လုပ္ေနရတယ္ေပါ့။ တ႐ုတ္ပစၥည္းေတြ မသုံးရဘူးဆိုၿပီး တႏိုင္ငံလုံးအေနနဲ႔ လူငယ္အစုအဖြဲ႕ေတြကို ေျပာထားတယ္ အဲဒီလိုေတာ့ရွိတယ္။”

ၿပီးခဲ့တဲ့ရက္ပိုင္း ရန္ကုန္မွာ ျပဳလုပ္ခဲ့တဲ့ အာဏာသိမ္းမႈ ကန္႔ကြက္ ဆႏၵျပပြဲေတြမွာလည္း တ႐ုတ္အလံကို မီးရိႈ႕ ဖ်က္ဆီးတာေတြပါ လုပ္ေဆာင္ခဲ့ၾကပါတယ္။

အာဏာသိမ္း စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ ထိပ္တန္း စစ္ဗိုလ္ခ်ဳပ္ေတြ၊ ျပည္ထဲေရးအရာရွိေတြကို အေမရိကန္၊ ၿဗိတိန္အပါအဝင္ အေနာက္ႏိုင္ငံတခ်ိဳ႕က ဒဏ္ခတ္ပိတ္ဆို႔မႈေတြ လုပ္ထားပါတယ္။ စစ္ေကာင္စီကို အေရးယူမႈေတြလုပ္ဖို႔ ကုလလုံၿခဳံေရးေကာင္စီရဲ႕ ဆုံးျဖတ္ခ်က္ကို တ႐ုတ္နဲ႔ ႐ုရွားက ကန႔္ကြက္ေနလို႔ ျပည္တြင္းမွာလည္း တ႐ုတ္ဆန႔္က်င့္ေရး လႈပ္ရွားမႈ အရွိန္ေကာင္းလာပါတယ္။

Miniso (မီနီဆို)လို စတိုးဆိုင္ေတြကအစ လွ်ပ္စစ္ပစၥည္းမ်ိဳးစုံ၊ အလွျပင္ပစၥည္း၊ အထည္အလိပ္၊ စားေသာက္ကုန္နဲ႔ သစ္သီးမ်ိဳးစုံ၊ လယ္ယာသုံးပစၥည္း၊ ဓာတ္ေျမဩဇာ၊ ပိုးသတ္ေဆးအပါအဝင္ တစ္ရႈး၊ သြားၾကားထိုးတံ အဆုံး တ႐ုတ္နယ္စပ္ မူဆယ္ကေန ျမန္မာျပည္ထဲကို တရားမဝင္ေရာ၊ တရားဝင္ေရာ နည္းအမ်ိဳးမ်ိဳးနဲ႔ ဝင္ေရာက္ေနတာ အခ်ိန္ၾကာခဲ့ၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တရုတ်ပစ္စည်းတွေ သပိတ်မှောက်ဖို့ ဆန္ဒပြသူတွေ တောင်းဆို

အကြမ်းဖက် စစ်ကောင်စီကို ကာကွယ်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ ထုတ်ကုန်ပစ္စည်းတွေကို မသုံးစွဲဖို့၊ မီးရှို့ဆန္ဒပြကြဖို့ လှုံ့ဆော်တဲ့ ဆန္ဒပြပွဲတွေကို မနက်ဖြန် ဧပြီလ ၇ ရက်မှာ တနိုင်ငံလုံး လုပ်သွားကြဖို့ သပိတ်မှောက် အင်အားစုတွေက တိုက်တွန်းလိုက်ပါတယ်။ ဒီအကြောင်း ရန်ကုန်က လာတဲ့သတင်းကိုတော့ ကိုခင်မောင်စိုးမင်းက ပြောပြပေးမှာပါ။

မြန်မာပြည်တွင်းရေးမှာ တရုတ်နိုင်ငံရဲ့ ဝင်ရောက် စွက်ဖက်မှု ရှိနေတယ်ဆိုတဲ့ ယုံကြည်မှုကြောင့် တရုတ်အကျိုးစီးပွားတွေနဲ့အတူ တရုတ်ထုတ် ကုန်ပစ္စည်းတွေကိုလည်း သပိတ်မှောက်ကြဖို့ ဆော်ဩတဲ့ ဆန္ဒပြပွဲတွေ မြန်မာပြည်တွင်း အားကောင်းလာပါတယ်။ မနက်ဖြန် ဧပြီလ ၇ ရက်မှာတော့ တရုတ်နိုင်ငံထုတ်နဲ့ စစ်တပ်ပိုင် လုပ်ငန်းတွေကထုတ်တဲ့ ပစ္စည်းတွေကို မီးရှို့ဆန္ဒပြဖို့အတွက် တနိုင်ငံလုံးက သပိတ်အင်အားစုတွေ တိုင်ပင်ထားကြကြောင်း လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ GSCN ရဲ့ ပြောခွင့်ရ စောအာကာ က ဗွီအိုအေကို ပြောပါတယ်။

စစ်ကောင်စီကို အကာအကွယ်ပေးနေတဲ့ တရုတ်အပေါ်မှာ ဒီလှုပ်ရှားမှုတွေက ဖိအားတခု၊ အပြောင်းအလဲတခု ဖြစ်လာလိမ့်မယ်လို့ သူကပြောပါတယ်။

“သပိတ်ကော်မတီတွေ အားလုံးက ညှိနှိုင်းဆောင်ရွက်ပြီးတော့မှ လုပ်ဆောင်တာ ဖြစ်ပါတယ်။ လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီအနေနဲ့က မနက်ဖြန် တရက်တည်း မဟုတ်ဘဲ စဉ်ဆက်မပြတ် လူထုက ပါဝင်လာတဲ့အထိကို လုပ်ဆောင်ဖို့ ပြင်ဆင်ထားကြ ပါတယ်။ သက်ရောက်မှုတော့ တစုံတခု ရှိမှာပါ။ ဒီသက်ရောက်မှုကနေ တရုတ်၊ ရုရှားနဲ့ စစ်ကောင်စီရဲ့ အကျိုးစီးပွားတွေကို ကျနော်တို့ ဆက်ပြီးလုပ်ဖို့ အများကြီး ရှိပါတယ်။”

ဒီနေ့လည်း မြန်မာပြည် မြို့ကြီးတချို့က ဆန္ဒပြပွဲတွေမှာ တရုတ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်ဖို့ အဓိကထား လုပ်ဆောင်ခဲ့ပြီး မန္တလေးမှာတော့ မြို့နယ်ပေါင်း ၂၀ ကျော်မှာလုပ်ခဲ့ကြောင်း မန္တလေးတော်လှန်ရေးတပ် MRA ဦးဆောင်သူ ကိုမော်မြင့်မောင်က ပြောပါတယ်။

“တရုတ်ရဲ့ ဩဇာခံမှု Influence ပျောက်သွားအောင် ကျနော်တို့ လုပ်ချင်တာပါ။ တရုတ်နဲ့ ပတ်သက်တာတွေ မသုံးဖို့ အခု နှိုးဆော်ကြတာပေါ့။ လူငယ် ကွန်ရက်တွေ အကုန်လုံးကတော့ ဓာတ်ငွေ့ပိုက်လိုင်းတွေကို အစက အစီအစဉ်ရှိတယ်ပေါ့နော်။ နောက်ပိုင်းသူတို့ စောင့်ကြည့်တာ များလာတော့ ပုန်းလျှိုးဝှက်လျှိုးပဲ လုပ်နေရတယ်ပေါ့။ တရုတ်ပစ္စည်းတွေ မသုံးရဘူးဆိုပြီး တနိုင်ငံလုံးအနေနဲ့ လူငယ်အစုအဖွဲ့တွေကို ပြောထားတယ် အဲဒီလိုတော့ရှိတယ်။”

ပြီးခဲ့တဲ့ရက်ပိုင်း ရန်ကုန်မှာ ပြုလုပ်ခဲ့တဲ့ အာဏာသိမ်းမှု ကန့်ကွက် ဆန္ဒပြပွဲတွေမှာလည်း တရုတ်အလံကို မီးရှို့ ဖျက်ဆီးတာတွေပါ လုပ်ဆောင်ခဲ့ကြပါတယ်။

အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်တွေ၊ ပြည်ထဲရေးအရာရှိတွေကို အမေရိကန်၊ ဗြိတိန်အပါအဝင် အနောက်နိုင်ငံတချို့က ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ထားပါတယ်။ စစ်ကောင်စီကို အရေးယူမှုတွေလုပ်ဖို့ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို တရုတ်နဲ့ ရုရှားက ကန့်ကွက်နေလို့ ပြည်တွင်းမှာလည်း တရုတ်ဆန့်ကျင့်ရေး လှုပ်ရှားမှု အရှိန်ကောင်းလာပါတယ်။

Miniso (မီနီဆို)လို စတိုးဆိုင်တွေကအစ လျှပ်စစ်ပစ္စည်းမျိုးစုံ၊ အလှပြင်ပစ္စည်း၊ အထည်အလိပ်၊ စားသောက်ကုန်နဲ့ သစ်သီးမျိုးစုံ၊ လယ်ယာသုံးပစ္စည်း၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးအပါအဝင် တစ်ရှုး၊ သွားကြားထိုးတံ အဆုံး တရုတ်နယ်စပ် မူဆယ်ကနေ မြန်မာပြည်ထဲကို တရားမဝင်ရော၊ တရားဝင်ရော နည်းအမျိုးမျိုးနဲ့ ဝင်ရောက်နေတာ အချိန်ကြာခဲ့ပြီ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG