သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္႔ကြက္မႈေတြရွိေနေပမဲ့ ရခိုင္ျပည္နယ္မွာ သၾကၤန္ပဲြက်င္းပဖို႔ ျပင္ဆင္ 


မွတ္တမ္းဓါတ္ပံု- ၂၀၁၇ ဧၿပီ ၁၃ တုန္းက ရန္ကုန္သၾကၤန္ပဲြတြင္ ရခိုင္ရိုးရာအကႏွင့္ ေဖ်ာ္ေျဖတင္ဆက္မႈ

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ေ႐ွ႕သီတင္းပတ္က်ေရာက္မယ့္ သႀကၤန္ပြဲအတြက္ ရခိုင္ျပည္နယ္မွာ ႐ိုးရာသႀကၤန္ပြဲဆင္ႏဲြဖုိ႔ ျပင္ဆင္မႈ ေတြ လုပ္ေနပါတယ္။ စစ္အာဏာသိမ္းၿပီး ဆႏၵျပသူေတြကို အင္အားသံုး ပစ္ခတ္ေနတာေၾကာင့္ သႀကၤန္ေပ်ာ္ပြဲ ႐ႊင္ပဲြေတြ မက်င္းပဖို႔ ေဆာ္ၾသမႈေတြ ႐ွိေနေပမဲ့ ရခိုင္ျပည္နယ္အတြင္းမွာေတာ့ COVID စည္းကမ္းခ်က္နဲ႔အညီ သၾကၤန္ပြဲကိုက်င္းပသြားမယ္လုိ႔ ေဒသခံေတြကေျပာပါတယ္။ ဒီအေျခအေနကို ဗီြအိုေအ သတင္းေထာက္ နိုင္ကြန္းအိန္ကေန ေျပာျပေပးမွာပါ။

စစ္အာဏာသိမ္းအုပ္ခ်ဳပ္ေနတဲ့ ျမန္မာႏိုင္ငံမွာ ဒီႏွစ္ သႀကၤန္ေပ်ာ္ပြဲ ႐ႊင္ပြဲေတြ မလုပ္သင့္ဘူးလုိ႔ တိုက္တြန္း ေဆာ္ၾသ မႈေတြ ႐ွိေနခ်ိန္မွာပဲ ရခိုင္ျပည္နယ္ၿမိဳ႕ေတာ ္စစ္ေတြၿမိဳ႕မွာေတာ့ COVID စည္းကမ္းခ်က္နဲ႕အညီ သၾကၤန္ပြဲကိုက်င္းပ သြားဖို႔ စီစဥ္ေနတယ္လို႕ က်င္းပေရး ေကာ္မီတီ၀င္တဦးက ဗီြအိုေအကို ေျပာပါတယ္။

“ဒီမွာေတာ့ သၾကၤန္က်င္းပရင္ေတာ့ COVID ကာကြယ္တဲ့အစီစဥ္ေလးေတြနဲ႕ အဲတာေတြေတာ့ရွိတယ္။ လူဦးေရ (၅၀) ထက္ မပိုရတဲ့အေျခအေနမ်ိဳးေတြနဲ႕မ႑ာပ္ေတြကို ေရေလာင္းၾကဖို႕ေတာ့ခြင့္ျပဳထားတယ္ေပါ့ေနာ္။ ကြ်န္ေတာ္တို႕က ေတာ့ ဒီ ရခိုင္ရိုးရာအေနနဲ႕ သၾကၤန္သက္ႀကီးပူေဇာ္ပြဲတို႕ နံ႕သာေသြးပြဲတို႕ဘာတို႕ အဲတာေတြကိုေတာ့ လွဳပ္ရွား ေဆာင္ ရြက္သြားမွာေပါ့။ အဲတာမ်ိဳးေတြေတာ့စီစဥ္ထားၾကပါတယ္။”

ရခိုင္ျပည္နယ္စီမံ အုပ္ခ်ဳပ္ေရးေကာင္စီကလည္း စစ္ေတြၿမိဳ႕မွာ ရိုးရာသၾကၤန္ပြဲေတာ္ကို COVID စည္းကမ္းခ်က္နဲ႕ အညီက်င္းပခြင့္ျပဳထားပါတယ္။ ေျမာက္ဦးၿမိဳ႕နယ္မွာလဲ ရိုးရာသၾကၤန္ပြဲကို အထိုက္အေလွ်ာက္က်င္းပ သြားမယ္လို႕ ေဒသခံလူငယ္တဦးက ေျပာပါတယ္။

“လူေတြအမ်ားစုကေတာ့ဗ်ာ တႏွစ္ ၊ ႏွစ္ႏွစ္ေလာက္ စစ္ပြဲမွာရွိေနေတာ့ လူေတြက ဒီအေျခအေနကို ေပ်ာ္ခ်င္ပါးခ်င္ၾက တဲ့ သူေတြမ်ားတာေပါ့ဗ်ာ။ သူတို႕ကိုမ႑ာပ္ေလးေဆာက္ၿပီးေတာ့ အဲဒီလိုထုံးစံအတိုင္းေရေလာင္းတဲ့ပုံေပါ့။ ျမိဳ႕နယ္ ေတြမွာေတာ့ ခန္းခန္းနားနားႀကီး က်င္းပၿပီးေတာ့ေပ်ာ္ၾကပါးၾကမွာေတာ့မဟုတ္ဘူး။ ရြာဓေလ့ရပ္ဓေလ့အရေတာ့ အဲဒီလိုေရေလာင္းၾကတာေလးေတာ့ရွိပါလိမ့္မယ္။

တန္ိင္ငံလုံးအတိုင္းတာ စစ္အာဏာရွင္ဆန္႕က်င္ေရးဆႏၵျပသပိတ္ေမွာက္မွဳေတြမွာ နစကစစ္ေကာင္စီတပ္ဖြဲ႕ေတြကေန အၾကမ္းဖက္ပစ္ခတ္မွဳေၾကာင့္ ေသဆုံးဒဏ္ရာရတဲ့ျဖစ္စဥ္ေတြကို ၀မ္းနည္းတဲ့အထိန္းအမွတ္နဲ႕ လာမယ့္အပတ္မွာ က် ေရာက္မဲ့ ရိုးရာသၾကၤန္ပြဲနဲ႕ေပ်ာ္ပြဲရႊင္ပြဲေတြမလုပ္ၾကဖို႕ ဆႏၵျပသူေတြက တိုက္တြန္းေနၾကတာပါ။

ျမန္မာႏိုင္ငံတဝန္း ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားမွာ စစ္အာဏာ႐ွင္ဆန္႔က်င္ေရး ဆႏၵျပပြဲေတြ႐ွိေနေပမဲ့ ရခိုင္ျပည္နယ္မွာ သပိတ္ေမွာက္ဆႏၵျပမွဳ မရွိတာဟာ နိုင္ငံေရးေနာက္ခံအေၾကာင္းေတြေၾကာင့္လို႕ ၀ံလတ္ေဖာင္ေဒးရွင္းရဲ႕ ဒါရိုက္တာ ခိုင္ေကာင္းစံကေျပာပါတယ္။

“တိုင္းရင္းသားေတြရဲ႕ေတာင္းဆိုခ်က္ေတြက ေဒၚစုလြတ္ေျမာက္ေရး သမၼတဦး၀င္းျမင့္လြတ္ေျမာက္ေရးမဟုတ္ဘူး။ ေဒၚစုနဲ႕ သမၼတဦး၀င္းျမင့္လြတ္ေျမာက္လာရင္လဲ ကြ်န္ေတာ္တို႕ရခိုင္ေတြအတြက္ ဘာမွထူးမလာဘူး။ ကြ်န္ေတာ္တို႕ က(၂၀၀၈)ဖြဲ႕စည္းပုံကိုျပန္ျပင္ရမွာေတြ ေနာက္ၿပီးေတာ့ ဖက္ဒရယ္ျပည္ေထာင္စုနိုင္ငံေပၚေပါက္ဖို႕ကို အတြက္က ကြ်န္ ေတာ္တို႕အရပ္ဖက္အဖြဲ႕အစည္းေတြက စစ္ေကာင္စီအာဏာသိမ္းတာကို စြန္႕လႊတ္ဖို႕ အဖြဲ႕(၇၇)ဖြဲ႕က ေတာင္းဆို ထားတာေတြရွိပါတယ္။ ကြ်န္ေတာ္တို႕ရဲ႕ရခိုင္ျပည္ေရးအေျခအေနက လမ္းေပၚထြက္လို႕မရဘူး။ ကြ်န္ေတာ္တို႕ဟာ (၂)ႏွစ္(၃)ႏွစ္ေလာက္က ျပည္တြင္းစစ္ထိုးစစ္နဲ႕ ကြ်န္ေတာ္တို႕ဒဏ္ေတြခံေနရတယ္။ NLDကလဲ ရခိုင္ဘက္ကို ထိုးစစ္ ဆင္တဲ့အခ်ိန္မွာ ပလက္၀ ကျပန္လာတဲ့ျမန္မာ့တပ္မေတာ္ကို ခ်ီးမြမ္းေထာပဏာျပဳတဲ့စာေတြေပါ့။ အဲတာမ်ိဳးေတြအေပၚ မွာေတာ့ ဒီလိုခံစားခ်က္ေတြေတာ့အမ်ိဳးမ်ိဳးရွိၾကတာဘဲ။”

ဒါ့အျပင္ ရခို္င္ျပည္နယ္မွာ မဲအမ်ားဆုံးနိုင္ျပီး အင္အားၾကီးပါတီျဖစ္တဲ့ ရခိုင္အမ်ိဳးသားပါတီကလဲ နစကစစ္ေကာင္စီ ထဲမွာ ပူးေပါင္းပါ၀င္ေနတာေၾကာင့္ စစ္အာဏာရွင္ စနစ္ဆန္႕က်င္ သပိတ္ေမွာက္တာမ်ဳိး သိပ္မ႐ွိတာျဖစ္ပါတယ္။ ျပီးခဲ့တဲ့၂၀၁၉- ၂၀၂၀ခုႏွစ္ေတြမွာ ျမန္မာစစ္တပ္နဲ႕ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႕ စစ္ေရးတင္းမာမွဳျဖစ္စဥ္အတြင္း အရပ္သားအမ်ားျပားေသဆုံးဒဏ္ရာရအဖမ္းဆီးခံရသလို လူဦးေရ ႏွစ္သိန္းနီးပါး စစ္ေဘးတိမ္းေရွာင္ေနရပါတယ္။

အာဏာသိမ္းထားတဲ့ စစ္ေကာင္စီက AA အဖဲြ႔ကို အၾကမ္းဖက္အဖဲြ႔စာရင္းကေန ပယ္ဖ်က္ထားသလို ဧၿပီတလလံုးကို လည္း ပစ္ခတ္တိုက္ခိုက္မႈ ရပ္ဆိုင္းထားတယ္လို႔ ေၾကညာထားပါတယ္။ ဒါေပမဲ့ အရင္စစ္ပြဲေတြေၾကာင့္ ထြက္ေျပး တိမ္းေ႐ွာင္ေနတဲ့ ျပည္တြင္းဒုကၡသည္ ၁ သိန္းေက်ာ္ကေတာ့ ေနရပ္ မျပန္ႏိုင္ၾကေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

............

ကန့်ကွက်မှုတွေရှိနေပေမဲ့ ရခိုင်ပြည်နယ်မှာ သင်္ကြန်ပွဲကျင်းပဖို့ ပြင်ဆင်

(Unicode)

မြန်မာနိုင်ငံမှာ ရှေ့သီတင်းပါတ်ကျရောက်မယ့် သင်္ကြန်ပွဲအတွက် ရခိုင်ပြည်နယ်မှာ ရိုးရာသင်္ကြန်ပွဲဆင်နွဲဖို့ ပြင်ဆင်မှု တွေ လုပ်နေပါတယ်။ စစ်အာဏာသိမ်းပြီး ဆန္ဒပြသူတွေကို အင်အားသုံး ပစ်ခတ်နေတာကြောင့် သင်္ကြန်ပျော်ပွဲ ရွှင်ပွဲတွေ မကျင်းပဖို့ ဆော်သြမှုတွေ ရှိနေပေမဲ့ ရခိုင်ပြည်နယ်အတွင်းမှာတော့ COVID စည်းကမ်းချက်နဲ့အညီ သင်္ကြန်ပွဲကိုကျင်းပသွားမယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒီအခြေအနေကို ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်ကနေ ပြောပြပေးမှာပါ။

စစ်အာဏာသိမ်းအုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ ဒီနှစ် သင်္ကြန်ပျော်ပွဲ ရွှင်ပွဲတွေ မလုပ်သင့်ဘူးလို့ တိုက်တွန်း ဆော်သြ မှုတွေ ရှိနေချိန်မှာပဲ ရခိုင်ပြည်နယ်မြို့တော ်စစ်တွေမြို့မှာတော့ COVID စည်းကမ်းချက်နဲ့အညီ သင်္ကြန်ပွဲကိုကျင်းပ သွားဖို့ စီစဉ်နေတယ်လို့ ကျင်းပရေး ကော်မီတီဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီမှာတော့ သင်္ကြန်ကျင်းပရင်တော့ COVID ကာကွယ်တဲ့အစီစဉ်လေးတွေနဲ့ အဲတာတွေတော့ရှိတယ်။ လူဦးရေ (၅၀) ထက် မပိုရတဲ့အခြေအနေမျိုးတွေနဲ့မဏ္ဍာပ်တွေကို ရေလောင်းကြဖို့တော့ခွင့်ပြုထားတယ်ပေါ့နော်။ ကျွန်တော်တို့က တော့ ဒီ ရခိုင်ရိုးရာအနေနဲ့ သင်္ကြန်သက်ကြီးပူဇော်ပွဲတို့ နံ့သာသွေးပွဲတို့ဘာတို့ အဲတာတွေကိုတော့ လှုပ်ရှား ဆောင် ရွက်သွားမှာပေါ့။ အဲတာမျိုးတွေတော့စီစဉ်ထားကြပါတယ်။”

ရခိုင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီကလည်း စစ်တွေမြို့မှာ ရိုးရာသင်္ကြန်ပွဲတော်ကို COVID စည်းကမ်းချက်နဲ့ အညီကျင်းပခွင့်ပြုထားပါတယ်။ မြောက်ဦးမြို့နယ်မှာလဲ ရိုးရာသင်္ကြန်ပွဲကို အထိုက်အလျှောက်ကျင်းပ သွားမယ်လို့ ဒေသခံလူငယ်တဦးက ပြောပါတယ်။

“လူတွေအများစုကတော့ဗျာ တနှစ် ၊ နှစ်နှစ်လောက် စစ်ပွဲမှာရှိနေတော့ လူတွေက ဒီအခြေအနေကို ပျော်ချင်ပါးချင်ကြ တဲ့ သူတွေများတာပေါ့ဗျာ။ သူတို့ကိုမဏ္ဍာပ်လေးဆောက်ပြီးတော့ အဲဒီလိုထုံးစံအတိုင်းရေလောင်းတဲ့ပုံပေါ့။ မြို့နယ် တွေမှာတော့ ခန်းခန်းနားနားကြီး ကျင်းပပြီးတော့ပျော်ကြပါးကြမှာတော့မဟုတ်ဘူး။ ရွာဓလေ့ရပ်ဓလေ့အရတော့ အဲဒီလိုရေလောင်းကြတာလေးတော့ရှိပါလိမ့်မယ်။

တနိင်ငံလုံးအတိုင်းတာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ်မှောက်မှုတွေမှာ နစကစစ်ကောင်စီတပ်ဖွဲ့တွေကနေ အကြမ်းဖက်ပစ်ခတ်မှုကြောင့် သေဆုံးဒဏ်ရာရတဲ့ဖြစ်စဉ်တွေကို ဝမ်းနည်းတဲ့အထိန်းအမှတ်နဲ့ လာမယ့်အပတ်မှာ ကျ ရောက်မဲ့ ရိုးရာသင်္ကြန်ပွဲနဲ့ပျော်ပွဲရွှင်ပွဲတွေမလုပ်ကြဖို့ ဆန္ဒပြသူတွေက တိုက်တွန်းနေကြတာပါ။

မြန်မာနိုင်ငံတဝန်း မြို့တော်တော်များများမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေရှိနေပေမဲ့ ရခိုင်ပြည်နယ်မှာ သပိတ်မှောက်ဆန္ဒပြမှု မရှိတာဟာ နိုင်ငံရေးနောက်ခံအကြောင်းတွေကြောင့်လို့ ဝံလတ်ဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာ ခိုင်ကောင်းစံကပြောပါတယ်။

“တိုင်းရင်းသားတွေရဲ့တောင်းဆိုချက်တွေက ဒေါ်စုလွတ်မြောက်ရေး သမ္မတဦးဝင်းမြင့်လွတ်မြောက်ရေးမဟုတ်ဘူး။ ဒေါ်စုနဲ့ သမ္မတဦးဝင်းမြင့်လွတ်မြောက်လာရင်လဲ ကျွန်တော်တို့ရခိုင်တွေအတွက် ဘာမှထူးမလာဘူး။ ကျွန်တော်တို့ က(၂၀၀၈)ဖွဲ့စည်းပုံကိုပြန်ပြင်ရမှာတွေ နောက်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ပေါက်ဖို့ကို အတွက်က ကျွန် တော်တို့အရပ်ဖက်အဖွဲ့အစည်းတွေက စစ်ကောင်စီအာဏာသိမ်းတာကို စွန့်လွှတ်ဖို့ အဖွဲ့(၇၇)ဖွဲ့က တောင်းဆို ထားတာတွေရှိပါတယ်။ ကျွန်တော်တို့ရဲ့ရခိုင်ပြည်ရေးအခြေအနေက လမ်းပေါ်ထွက်လို့မရဘူး။ ကျွန်တော်တို့ဟာ (၂)နှစ်(၃)နှစ်လောက်က ပြည်တွင်းစစ်ထိုးစစ်နဲ့ ကျွန်တော်တို့ဒဏ်တွေခံနေရတယ်။ NLDကလဲ ရခိုင်ဘက်ကို ထိုးစစ် ဆင်တဲ့အချိန်မှာ ပလက်၀ ကပြန်လာတဲ့မြန်မာ့တပ်မတော်ကို ချီးမွမ်းထောပဏာပြုတဲ့စာတွေပေါ့။ အဲတာမျိုးတွေအပေါ် မှာတော့ ဒီလိုခံစားချက်တွေတော့အမျိုးမျိုးရှိကြတာဘဲ။”

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ မဲအများဆုံးနိုင်ပြီး အင်အားကြီးပါတီဖြစ်တဲ့ ရခိုင်အမျိုးသားပါတီကလဲ နစကစစ်ကောင်စီ ထဲမှာ ပူးပေါင်းပါဝင်နေတာကြောင့် စစ်အာဏာရှင် စနစ်ဆန့်ကျင် သပိတ်မှောက်တာမျိုး သိပ်မရှိတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့၂၀၁၉- ၂၀၂၀ခုနှစ်တွေမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ စစ်ရေးတင်းမာမှုဖြစ်စဉ်အတွင်း အရပ်သားအများပြားသေဆုံးဒဏ်ရာရအဖမ်းဆီးခံရသလို လူဦးရေ နှစ်သိန်းနီးပါး စစ်ဘေးတိမ်းရှောင်နေရပါတယ်။

အာဏာသိမ်းထားတဲ့ စစ်ကောင်စီက AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့စာရင်းကနေ ပယ်ဖျက်ထားသလို ဧပြီတလလုံးကို လည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းထားတယ်လို့ ကြေညာထားပါတယ်။ ဒါပေမဲ့ အရင်စစ်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်နေတဲ့ ပြည်တွင်းဒုက္ခသည် ၁ သိန်းကျော်ကတော့ နေရပ် မပြန်နိုင်ကြသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG