သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီရဲ႕ အင္တာနက္ထိန္းခ်ဳပ္ေရးမွာ ကူညီပံ့ပိုးတာ မလုပ္ဖို႔ ICG တိုက္တြန္း


ရန္ကုန္ၿမိဳ႕ရွိ အမ်ိဳးသမီးတဦး မိုဘိုင္းလ္ဖုန္း သံုးေနတဲ့ ျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၀၄၊ ၂၀၂၁)

[Zawgyi/Unicode]

ႏိုင္ငံတကာအေနနဲ႔ ျမန္မာစစ္ေကာင္စီရဲ႕ အင္တာနက္ထိန္းခ်ဳပ္ေရး ႀကိဳးပမ္းမႈေတြကို ကူညီပံ့ပိုးတာမ်ိဳး မလုပ္ၾကဖို႔ ICG ႏိုင္ငံတကာ ပဋိပကၡေလ့လာေစာင့္ၾကည့္ေရးအဖဲြ႕က တိုက္တြန္းထားပါတယ္။ အာဏာသိမ္းအုပ္ခ်ဳပ္ေနတဲ့ စစ္ေကာင္စီအေနနဲ႔ ျပည္တြင္း အေျခအေနအရပ္ရပ္ကို ထိ္န္းခ်ဳပ္ဖို႔ အင္တာနက္လိုင္းေတြကို အေစာပိုင္းမွာ ယာယီ ျဖတ္ေတာက္ၿပီး ဥပေဒျပင္ဆင္ခ်က္ေတြ ထုတ္ျပန္ခဲ့ေပမဲ့ ထင္သေလာက္အရာ မေရာက္ဘူးလို႔ ICG ႏုိင္ငံတကာ ပဋိပကၡေလ့လာေစာင့္ၾကည့္ေရးအဖြဲ႔က ေျပာပါတယ္။ ဒါေၾကာင့္လည္း စစ္ေကာင္စီက ျပည္တြင္းမွာပဲ သံုးႏုိင္တဲ့ အင္ထရာနက္စနစ္ကို စတင္ေနေပမဲ့ မရွိမျဖစ္၀န္ေဆာင္မႈေတြေလာက္မွာသာ အသုံးျပဳႏုိင္မွာျဖစ္တဲ့အတြက္ ႏုိင္ငံစီးပါြးေရးကို ၾကီးမားတဲ့ သက္ေရာက္မႈေတြ ရွိလာလိမ့္မယ္လို႔လည္း ICG ကေထာက္ျပထားပါတယ္။

ျမန္မာျပည္မွာ လူသုံးမ်ားလွတ့ဲ့ ေဖ့ဘုတ္ကုမၸဏီ ဖယ္ရွားခံခဲ့ရတဲ့ ျမန္မာစစ္တပ္က စစ္အာဏာဆန္႔က်င္ေရး ျပည္သူေတြရဲ ႔ အြန္လိုင္းလႈပ္ရွားမႈကို ထိေရာက္စြာ ထိန္းခ်ဳပ္ႏုိင္ျခင္းမရွိဘူးလို႔လည္း အစီရင္ခံစာမွာ ေထာက္ျပထားပါတယ္။ ျမန္မာစစ္တပ္က နည္းပညာပိုင္းအရအားနည္းတာေၾကာင့္ေရာ လူမႈကြန္ယက္ကုမၸဏီေတြဘက္က မူ၀ါဒေတြနဲ႔ ကန္႔သတ္ခ်က္ေတြရွိေနတာေၾကာင့္ လူမႈကြန္ယက္ေတြကို ေရရွည္ထိန္းခ်ဳပ္ႏုိင္ျခင္းမရွိဘဲ ဆႏၵျပျပည္သူေတြရဲ႕ လႈပ္ရွားမႈေတြ၊ စစ္တပ္ရဲ ႔ တရားလက္လြတ္ ရိုက္ႏွက္ဖမ္းဆီးမႈေတြ၊ လူ႔အခြင့္အေရး ေဖာက္ဖ်က္မႈေတြကို လူမႈကြန္ယက္ေတြကတဆင့္ မွတ္တမ္းယူႏုိင္ခဲ့ပါတယ္။

အင္တာနက္ပိတ္လိုက္ျခင္းအားျဖင့္ ျပည္သူေတြရဲ ႔ အာဏာရွင္ဆန္႔က်င္ေရးလႈပ္ရွားမႈေတြ အခက္အခဲျဖစ္ေစႏုိင္တဲ့အတြက္ ႏုိင္ငံတကာ နည္းပညာကုမၸဏီေတြအေနနဲ႔ ျမန္မာစစ္တပ္ရဲ ႔ ႀကိဳးပမ္းမႈကို အားေပးေထာက္ခံတာမ်ိဳး မျဖစ္ေအာင္ ၀ိုင္း၀န္း လုပ္ကိုင္ၾကပါလို႔လည္း ICG က တုိက္တြန္းထားပါတယ္။ ပိတ္ထားတ့ဲအင္တာနက္ကို ေက်ာ္ၿပီးအသုံးျပဳႏုိင္ေအာင္ VPN ကြန္ယက္ေတြကို ျမန္မာ ျပည္သူေတြ ပိုၿပီး လက္လွမ္းမီေအာင္ခ်ဲ ႔ထြင္ေပးၾကဖို႔လည္း တုိက္တြန္းထားပါတယ္။

ႏုိင္ငံတကာအသိုင္းအ၀ုိင္းကလည္း ျမန္မာစစ္တပ္ကို နည္းပညာေဆာ့ဖ္၀ဲေတြ၊ ပစၥည္းကိရိယာေတြ ေရာင္းခ်တာမိ်ဳးမလုပ္ၾကဖို႔ ၾကားခံကတဆင့္ ၀ယ္ယူတာမ်ိဳး မလုပ္ႏုိင္ေအာင္ တားျမစ္ၾကဖို႔လည္း ေမလ ၁၈ ရက္ေန႔ထုတ္ ICG ရဲ ႔အစီရင္ခံစာမွာအႏွစ္ခ်ဳပ္မွာ တုိ္က္တြန္းထားပါတယ္။

ျမန္မာႏိ္ုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ ျပည္တြင္းအင္တာနက္အသံုးျပဳမႈကို တင္းတင္းၾကပ္ၾကပ္ကိုင္တြယ္လာပါတယ္။ အင္တာနက္ျဖတ္ေတာက္တာေတြအျပင္ အင္တာနက္အြန္လိ္ုင္းေပၚမွာ ေရးသားမႈေတြကိုလည္း ပုဒ္မအေရးယူတာေတြရွိလာပါတယ္။ ျမန္မာစစ္ေကာင္စီဘက္က အင္တာနက္အသံုးျပဳမႈ ကန္႔သတ္တာအျပင္ ေစာင့္ၾကည့္တာေတြ ပိုလုပ္လာျပီး အဲဒီအတြက္ တ႐ုတ္ႏိုင္ငံက နည္းပညာအရအကူအညီေပးေနတယ္ဆိုၿပီး တတ္ႂကြလႈပ္ရွားသူေတြက ယူဆေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

စစ်ကောင်စီရဲ့ အင်တာနက်ထိန်းချုပ်ရေးမှာ ကူညီပံ့ပိုးတာ မလုပ်ဖို့ ICG တိုက်တွန်း

နိုင်ငံတကာအနေနဲ့ မြန်မာစစ်ကောင်စီရဲ့ အင်တာနက်ထိန်းချုပ်ရေး ကြိုးပမ်းမှုတွေကို ကူညီပံ့ပိုးတာမျိုး မလုပ်ကြဖို့ ICG နိုင်ငံတကာပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။ အာဏာသိမ်းအုပ်ချုပ်နေတဲ့ စစ်ကောင်စီအနေနဲ့ ပြည်တွင်း အခြေအနေအရပ်ရပ်ကို ထိန်းချုပ်ဖို့ အင်တာနက်လိုင်းတွေကို အစောပိုင်းမှာ ယာယီ ဖြတ်တောက်ပြီး၊ ဥပဒေပြင်ဆင်ချက်တွေ ထုတ်ပြန်ခဲ့ပေမဲ့ ထင်သလောက်အရာ မရောက်ဘူးလို့ ICG နိုင်ငံတကာ ပဋိပက္ခလေ့လာစောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။ ဒါကြောင့်လည်း စစ်ကောင်စီက ပြည်တွင်းမှာပဲ သုံးနိုင်တဲ့ အင်ထရာနက်စနစ်ကို စတင်နေပေမဲ့ မရှိမဖြစ်ဝန်ဆောင်မှုတွေလောက်မှာသာ အသုံးပြုနိုင်မှာဖြစ်တဲ့အတွက် နိုင်ငံစီးပါွးရေးကို ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာလိမ့်မယ်လို့လည်း ICG ကထောက်ပြထားပါတယ်။

မြန်မာပြည်မှာ လူသုံးများလှတဲ့ ဖေ့ဘုတ်ကုမ္ပဏီ ဖယ်ရှားခံခဲ့ရတဲ့ မြန်မာစစ်တပ်က စစ်အာဏာဆန့်ကျင်ရေး ပြည်သူတွေရဲ့အွန်လိုင်းလှုပ်ရှားမှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ခြင်းမရှိဘူးလို့လည်း အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။ မြန်မာစစ်တပ်က နည်းပညာပိုင်းအရအားနည်းတာကြောင့်ရော လူမှုကွန်ယက်ကုမ္ပဏီတွေဘက်က မူဝါဒတွေနဲ့ ကန့်သတ်ချက်တွေရှိနေတာကြောင့် လူမှုကွန်ယက်တွေကို ရေရှည်ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ဆန္ဒပြပြည်သူတွေရဲ့ လှုပ်ရှားမှုတွေ၊ စစ်တပ်ရဲ့ တရားလက်လွတ် ရိုက်နှက်ဖမ်းဆီးမှုတွေ၊ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေကို လူမှုကွန်ယက်တွေကတဆင့် မှတ်တမ်းယူနိုင်ခဲ့ပါတယ်။

အင်တာနက်ပိတ်လိုက်ခြင်းအားဖြင့် ပြည်သူတွေရဲ့ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ အခက်အခဲဖြစ်စေနိုင်တဲ့အတွက် နိုင်ငံတကာ နည်းပညာကုမ္ပဏီတွေအနေနဲ့ မြန်မာစစ်တပ်ရဲ့ ကြိုးပမ်းမှုကို အားပေးထောက်ခံတာမျိုး မဖြစ်အောင် ဝိုင်းဝန်း လုပ်ကိုင်ကြပါလို့လည်း ICG က တိုက်တွန်းထားပါတယ်။ ပိတ်ထားတဲ့အင်တာနက်ကို ကျော်ပြီးအသုံးပြုနိုင်အောင် VPN ကွန်ယက်တွေကို မြန်မာ ပြည်သူတွေ ပိုပြီး လက်လှမ်းမီအောင်ချဲ့ထွင်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းကလည်း မြန်မာစစ်တပ်ကို နည်းပညာဆော့ဖ်ဝဲတွေ၊ ပစ္စည်းကိရိယာတွေ ရောင်းချတာမျိုးမလုပ်ကြဖို့ ကြားခံကတဆင့် ဝယ်ယူတာမျိုး မလုပ်နိုင်အောင် တားမြစ်ကြဖို့လည်း မေလ ၁၈ ရက်နေ့ထုတ် ICG ရဲ့အစီရင်ခံစာမှာအနှစ်ချုပ်မှာ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြည်တွင်းအင်တာနက်အသုံးပြုမှုကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်လာပါတယ်။ အင်တာနက်ဖြတ်တောက်တာတွေအပြင် အင်တာနက်အွန်လိုင်းပေါ်မှာ ရေးသားမှုတွေကိုလည်း ပုဒ်မအရေးယူတာတွေရှိလာပါတယ်။ မြန်မာစစ်ကောင်စီဘက်က အင်တာနက်အသုံးပြုမှု ကန့်သတ်တာအပြင် စောင့်ကြည့်တာတွေ ပိုလုပ်လာပြီး အဲဒီအတွက် တရုတ်နိုင်ငံက နည်းပညာအရအကူအညီပေးနေတယ်ဆိုပြီး တတ်ကြွလှုပ်ရှားသူတွေက ယူဆနေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG