[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ ဘဏ္လုပ္ငန္းေတြ အခု ျပန္လည္ လည္ပတ္ေနေပမဲ့ ေငြထုတ္ယူႏိုင္တဲ့ အခက္အခဲအပါအဝင္ ေငြေၾကးဝန္ေဆာင္မႈေတြကို အရင္လို အျပည့္အဝ ျပန္မလုပ္ႏိုင္ေသးပါဘူး။ ဒါေၾကာင့္ ဘဏ္နဲ႔ခ်ိတ္ဆက္ လည္ပတ္ရတဲ့ ပုဂၢလိက လုပ္ငန္းေတြမွာလည္း လုပ္ငန္းပိုင္းဆိုင္ရာ ေႏွာင့္ေႏွး ၾကန္႔ၾကာမႈေတြနဲ႔ ႀကံဳေနၾကရပါတယ္။ ရန္ကုန္ကလာတ့ဲ ဒီသတင္းအျပည့္အစံုကို ကိုၿငိမ္းခ်မ္း ကေျပာျပေပးမွာပါ။
စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ဆႏၵျပမႈေတြေၾကာင့္ ပုဂၢလိက ဘဏ္လုပ္ငန္းေတြ ယာယီရပ္ဆိုင္းသေလာက္ျဖစ္သြားခဲ့ၿပီး အခုေတာ့ ျပန္လည္ လည္ပါတ္ေနၾကပါတယ္။ ဒါေပမဲ့ ဗဟိုဘဏ္ရဲ႕ ကန္႔သတ္ခ်က္ေတြေၾကာင့္ ပုဂၢလိကဘဏ္ေတြမွာ အပ္ထားတဲ့ေငြကို လိုသေလာက္ ျပန္ထုတ္ မယူႏိုင္တဲ့ အခက္အခဲေတြ ႐ွိေနဆဲပါ။ ဒါတင္မက လုပ္ငန္းသုံးေခ်းေငြ၊ အိမ္ယာေခ်းေငြ၊ ေငြအလႊဲအေျပာင္း၊ ႏိုင္ငံျခားေငြေၾကး အေရာင္းအဝယ္ ဒီလိုဝန္ေဆာင္မႈေတြကို အကန႔္အသတ္နဲ႔ပဲ ဘဏ္ေတြက လုပ္ေပးေနပါတယ္။ ဒါေၾကာင့္ နယ္စပ္ကုန္သြယ္ေရး၊ သြင္းကုန္ထုတ္ကုန္နဲ႔ ကုန္စည္ထုတ္လုပ္ေရးပိုင္းမွာ ေႏွာင့္ေႏွး ၾကန္႔ၾကာမႈေတြ ႐ွိေနပါတယ္။ လုပ္ငန္းအခြန္အခ ေပးေဆာင္တဲ့ ကိစၥေတြကို ဘဏ္ေတြနဲ႔ ခ်ိတ္ဆက္လုပ္တဲ့ေနရာမွာ ပိုၿပီးခက္ခဲလာေၾကာင္း ျမဝတီနယ္စပ္ကုန္သြယ္ေရး ကုန္သည္အသင္းက ေဒၚသင္းသင္းျမတ္က ေျပာပါတယ္။
“ဥပမာ ကေမာၻဇဘဏ္ထဲမွာ အရင္အေကာင့္ထဲမွာ ရွိေနတဲ့ ပိုက္ဆံေတြကို PO cheque (ေငြေပးအမိန႔္ ခ်က္လက္မွတ္) ဝယ္ဖို႔အတြက္ကို ျမန္မာ့ စီးပြားေရးဘဏ္ကို လႊဲမယ္ဆိုရင္ ၿပီးခဲ့တဲ့ ၂ ပတ္ေလာက္က ဆိုရင္ေတာ့ ဗဟိုဘဏ္ျဖတ္ၿပီးရင္ ခ်က္ခ်င္းရတာေပါ့ေနာ္။ အခုက တပတ္ေက်ာ္မွ ရတာတို႔ ဘာတို႔က်ေတာ့ ကုန္သြယ္မႈ လုပ္တဲ့ေနရာမွာ အခြန္ေဆာင္တာတို႔ ဘာတို႔က နည္းနည္း ၾကန႔္ၾကာမႈေတြ ျဖစ္တာေပါ့။”
ပုဂၢလိကဘဏ္ေတြမွာ အဓိကျဖစ္ေနတဲ့ ေငြထုတ္ဖုိ႔ ခက္ခဲတဲ့ ျပႆနာေၾကာင့္ ေငြေပး၊ ေငြေခ်လုပ္ရတဲ့ စီးပြားေရးလုပ္ငန္းေတြ အခက္အခဲ႐ွိလာတယ္လို႔ တိုင္းရင္းသား လုပ္ငန္းရွင္မ်ားအသင္းက ဦးေအာင္ရဲေဇာ္က ေျပာပါတယ္။
“ဘဏ္ကိစၥကေတာ့ မျဖစ္မေန ဒီ transition ရွိမွပဲ အဆင္ေျပမွာကိုး။ အဓိကက လူေတြက ေငြထုတ္လို႔ အဆင္မေျပတဲ့အခါက်ေတာ့ သူတို႔ရဲ႕ လုပ္ငန္းေတြမွာ ဘယ္လိုမွ မလည္ပတ္တဲ့အေနအထားမ်ိဳး ေရာက္ေနၾကတာကိုး။ ေတာ္ေတာ္မ်ားမ်ားက ေငြတခုေပးေခ်မယ္ ဆိုတဲ့အခါက် ေအာက္ေျခ level ေတြက ဘဏ္အေကာင့္ လိုခ်င္တာမဟုတ္ဘူး၊ ေငြသား cash လိုခ်င္တာကိုး။ cash မေပးႏိုင္တဲ့အခါက် ေအာက္ေျခမွာလည္း မလည္တာေတြ အမ်ားႀကီး ရွိတယ္ေပါ့။ အဲဒါမေျဖရွင္းႏိုင္ဘူးဆိုရင္ေတာ့ လက္ရွိက ျဖည္းျဖည္းခ်င္းနဲ႔ လူေတြရဲ႕ ရပ္တည္မႈေတြ ခက္ခဲလာတဲ့အပိုင္းေတာ့ ပြင့္ပြင့္လင္းလင္း ေျပာရရင္ အဲဒီလိုမ်ိဳး ျဖစ္လာတာေပါ့။”
စစ္တပ္အာဏာသိမ္းခဲ့ၿပီးေနာက္ အေျခအေန မေရရာမႈနဲ႔ မတည္ၿငိမ္မႈေတြေၾကာင့္ ျပည္သူေတြဟာ ဘဏ္ေတြမွာ အပ္ႏွံထားတဲ့ ေငြေတြကို ျပန္ၿပီး ထုတ္ယူေနၾကပါတယ္။ စုေဆာင္းေငြေတြကို ျပန္ထုတ္ယူေနၾကတာကလည္း ဘဏ္စနစ္အေပၚ ယံုၾကည္မႈ မ႐ွိၾကေတာ့လို႔ျဖစ္တယ္လို႔ ေလ့လာသူေတြက သံုးသပ္ပါတယ္။ ဗဟိုဘဏ္တာဝန္႐ွိသူေတြကေတာ့ ဘဏ္စနစ္အေပၚ ယံုယံုၾကည္ၾကည္နဲ႔ ေငြေတြ အပ္ထားႏိုင္ပါတယ္လို႔ ေျပာေနပါတယ္။
ဘဏ္ေတြကေန အပ္ႏွံေငြ ျပန္ထုတ္ဖုိ႔ ခက္ခဲေနတာအျပင္ ေ႐ႊေစ်း၊ ေဒၚလာေစ်းေတြကလည္း စံခ်ိန္တင္ေအာင္ တက္လာၿပီး ျမန္မာက်ပ္ေငြတန္ဖိုး က်ဆင္းေနပါတယ္။ ျပည္ပသြင္းကုန္ေတြလည္း ေစ်းတက္ေနတာပါ။ အေထြေထြကုန္ေစ်းႏႈန္း တက္လာေနတာက ျဖစ္ေနတဲ့ ႏိုင္ငံေရးျပႆနာကို ပိုၿပီး ဆိုးေစႏိုင္တယ္လို႔ ေလ့လာသူတခ်ဳိ႕က ေထာက္ျပေနၾကပါတယ္။
[Unicode Version]
ဘဏ်စနစ်ကြောင့် ပုဂ္ဂလိကလုပ်ငန်းတချို့ လုပ်ငန်းနှောင့်နှေးမှုကြုံ
မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းတွေ အခု ပြန်လည် လည်ပတ်နေပေမဲ့ ငွေထုတ်ယူနိုင်တဲ့ အခက်အခဲအပါအဝင် ငွေကြေးဝန်ဆောင်မှုတွေကို အရင်လို အပြည့်အဝ ပြန်မလုပ်နိုင်သေးပါဘူး။ ဒါကြောင့် ဘဏ်နဲ့ချိတ်ဆက် လည်ပတ်ရတဲ့ ပုဂ္ဂလိက လုပ်ငန်းတွေမှာလည်း လုပ်ငန်းပိုင်းဆိုင်ရာ နှောင့်နှေး ကြန့်ကြာမှုတွေနဲ့ ကြုံနေကြရပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းအပြည့်အစုံကို ကိုငြိမ်းချမ်း ကပြောပြပေးမှာပါ။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြမှုတွေကြောင့် ပုဂ္ဂလိက ဘဏ်လုပ်ငန်းတွေ ယာယီရပ်ဆိုင်းသလောက်ဖြစ်သွားခဲ့ပြီး အခုတော့ ပြန်လည် လည်ပါတ်နေကြပါတယ်။ ဒါပေမဲ့ ဗဟိုဘဏ်ရဲ့ ကန့်သတ်ချက်တွေကြောင့် ပုဂ္ဂလိကဘဏ်တွေမှာ အပ်ထားတဲ့ငွေကို လိုသလောက် ပြန်ထုတ် မယူနိုင်တဲ့ အခက်အခဲတွေ ရှိနေဆဲပါ။ ဒါတင်မက လုပ်ငန်းသုံးချေးငွေ၊ အိမ်ယာချေးငွေ၊ ငွေအလွှဲအပြောင်း၊ နိုင်ငံခြားငွေကြေး အရောင်းအဝယ် ဒီလိုဝန်ဆောင်မှုတွေကို အကန့်အသတ်နဲ့ပဲ ဘဏ်တွေက လုပ်ပေးနေပါတယ်။ ဒါကြောင့် နယ်စပ်ကုန်သွယ်ရေး၊ သွင်းကုန်ထုတ်ကုန်နဲ့ ကုန်စည်ထုတ်လုပ်ရေးပိုင်းမှာ နှောင့်နှေး ကြန့်ကြာမှုတွေ ရှိနေပါတယ်။ လုပ်ငန်းအခွန်အခ ပေးဆောင်တဲ့ ကိစ္စတွေကို ဘဏ်တွေနဲ့ ချိတ်ဆက်လုပ်တဲ့နေရာမှာ ပိုပြီးခက်ခဲလာကြောင်း မြဝတီနယ်စပ်ကုန်သွယ်ရေး ကုန်သည်အသင်းက ဒေါ်သင်းသင်းမြတ်က ပြောပါတယ်။
“ဥပမာ ကမ္ဘောဇဘဏ်ထဲမှာ အရင်အကောင့်ထဲမှာ ရှိနေတဲ့ ပိုက်ဆံတွေကို PO cheque (ငွေပေးအမိန့် ချက်လက်မှတ်) ဝယ်ဖို့အတွက်ကို မြန်မာ့ စီးပွားရေးဘဏ်ကို လွှဲမယ်ဆိုရင် ပြီးခဲ့တဲ့ ၂ ပတ်လောက်က ဆိုရင်တော့ ဗဟိုဘဏ်ဖြတ်ပြီးရင် ချက်ချင်းရတာပေါ့နော်။ အခုက တပတ်ကျော်မှ ရတာတို့ ဘာတို့ကျတော့ ကုန်သွယ်မှု လုပ်တဲ့နေရာမှာ အခွန်ဆောင်တာတို့ ဘာတို့က နည်းနည်း ကြန့်ကြာမှုတွေ ဖြစ်တာပေါ့။”
ပုဂ္ဂလိကဘဏ်တွေမှာ အဓိကဖြစ်နေတဲ့ ငွေထုတ်ဖို့ ခက်ခဲတဲ့ ပြဿနာကြောင့် ငွေပေး၊ ငွေချေလုပ်ရတဲ့ စီးပွားရေးလုပ်ငန်းတွေ အခက်အခဲရှိလာတယ်လို့ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက ဦးအောင်ရဲဇော်က ပြောပါတယ်။
“ဘဏ်ကိစ္စကတော့ မဖြစ်မနေ ဒီ transition ရှိမှပဲ အဆင်ပြေမှာကိုး။ အဓိကက လူတွေက ငွေထုတ်လို့ အဆင်မပြေတဲ့အခါကျတော့ သူတို့ရဲ့ လုပ်ငန်းတွေမှာ ဘယ်လိုမှ မလည်ပတ်တဲ့အနေအထားမျိုး ရောက်နေကြတာကိုး။ တော်တော်များများက ငွေတခုပေးချေမယ် ဆိုတဲ့အခါကျ အောက်ခြေ level တွေက ဘဏ်အကောင့် လိုချင်တာမဟုတ်ဘူး၊ ငွေသား cash လိုချင်တာကိုး။ cash မပေးနိုင်တဲ့အခါကျ အောက်ခြေမှာလည်း မလည်တာတွေ အများကြီး ရှိတယ်ပေါ့။ အဲဒါမဖြေရှင်းနိုင်ဘူးဆိုရင်တော့ လက်ရှိက ဖြည်းဖြည်းချင်းနဲ့ လူတွေရဲ့ ရပ်တည်မှုတွေ ခက်ခဲလာတဲ့အပိုင်းတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် အဲဒီလိုမျိုး ဖြစ်လာတာပေါ့။”
စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် အခြေအနေ မရေရာမှုနဲ့ မတည်ငြိမ်မှုတွေကြောင့် ပြည်သူတွေဟာ ဘဏ်တွေမှာ အပ်နှံထားတဲ့ ငွေတွေကို ပြန်ပြီး ထုတ်ယူနေကြပါတယ်။ စုဆောင်းငွေတွေကို ပြန်ထုတ်ယူနေကြတာကလည်း ဘဏ်စနစ်အပေါ် ယုံကြည်မှု မရှိကြတော့လို့ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။ ဗဟိုဘဏ်တာဝန်ရှိသူတွေကတော့ ဘဏ်စနစ်အပေါ် ယုံယုံကြည်ကြည်နဲ့ ငွေတွေ အပ်ထားနိုင်ပါတယ်လို့ ပြောနေပါတယ်။
ဘဏ်တွေကနေ အပ်နှံငွေ ပြန်ထုတ်ဖို့ ခက်ခဲနေတာအပြင် ရွှေဈေး၊ ဒေါ်လာဈေးတွေကလည်း စံချိန်တင်အောင် တက်လာပြီး မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေပါတယ်။ ပြည်ပသွင်းကုန်တွေလည်း ဈေးတက်နေတာပါ။ အထွေထွေကုန်ဈေးနှုန်း တက်လာနေတာက ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာကို ပိုပြီး ဆိုးစေနိုင်တယ်လို့ လေ့လာသူတချို့က ထောက်ပြနေကြပါတယ်။