သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေခါက္ေရႊ တက်ပ္သား ျမန္မာက်ပ္ေငြ ၁၇ သိန္းေက်ာ္အထိ ေစ်းေပါက္


ရန္ကုန္ၿမိဳ႕ထဲ တေနရာက ေရႊဆိုင္တခု။ (စက္တင္ဘာ ၀၁၊ ၂၀၁၀)

[Zawgyi/Unicode]

ျပည္တြင္းမွာ အေခါက္ေ႐ႊ တက်ပ္သားကို ျမန္မာက်ပ္ေငြ ၁၇ သိန္းေက်ာ္လာေပမဲ့ ေ႐ႊဝယ္ယူစုေဆာင္းသူေတြ မ်ားျပားေနတာေၾကာင့္ ေ႐ႊေရာင္းအား ေကာင္းလာပါတယ္။ ဘဏ္ေတြၿပိဳလဲသြားမွာ စိုးရိမ္ၿပီး အပ္ေငြေတြ ျပန္ထုတ္ေနၾကတဲ့ ျပည္သူေတြဟာ တန္ဖိုး ခိုင္မာတယ္လို႔ ယူဆတဲ့ေ႐ႊကို စုေဆာင္းဖို႔ ဝယ္ယူေနၾကတာ ျဖစ္ပါတယ္။ ဒီရက္ပိုင္း ျမန္မာျပည္တြင္း အေျပာင္းအလဲျဖစ္ေနတဲ့ ေ႐ႊေစ်းကြက္အေျခအေန ရန္ကုန္ကလာတဲ့သတင္းကိုေတာ့ ကိုခင္ေမာင္စိုးမင္း ဆက္ၿပီး ေျပာျပေပးမွာပါ။

ေ႐ႊေစ်းက တရိပ္ရိပ္တက္လာေပမဲ့ ျမန္မာျပည္တြင္းမွာေတာ့ စစ္ေကာင္စီ အာဏာယူၿပီး ႏိုင္ငံေရး မၿငိမ္သက္တာေၾကာင့္ ဘဏ္အပ္ေငြေတြ ျပန္ထုတ္ၿပီး ေ႐ႊျပန္ဝယ္ေနၾကတာပါ။ လက္ထဲက ေငြတန္ဖိုး မေျပာင္းေအာင္ ဝယ္ၾကသလို အေရာင္းအဝယ္လုပ္ဖို႔ ဝယ္ေနတာလည္းရွိေၾကာင္း ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာပါတယ္။

“အခုက အဝယ္မ်ားေနတယ္ဗ်။ အဝယ္မ်ားတယ္ဆိုတာ က်ေနာ္တို႔ ဘဏ္ေတြကေန ေငြထုတ္ၿပီးေတာ့ ဝယ္ေနၾကတာပဲဗ်။ တခ်ိဳ႕ကလည္း ေ႐ႊေရာင္းရင္ အေရာင္းအဝယ္လုပ္ရင္ ျမတ္တယ္ဆိုတာ သိတဲ့အခါက်ေတာ့ ဒီ ေ႐ႊကိုျပန္ၿပီး ဝယ္တဲ့ သေဘာပါပဲ။”

ကမာၻ႔ေ႐ႊေစ်းက တေအာင္စကို အေမရိကန္ေဒၚလာ ၁,၈၃၂ ရွိပါတယ္။ ကိုဗစ္ကပ္ေရာဂါ တကမာၻလုံးမွာ တေၾကာ့ျပန္ ျဖစ္လာတာေၾကာင့္လည္း ကမာၻ႔ေ႐ႊေစ်းက ဆက္တက္ႏိုင္တယ္လို႔ ဦးမ်ဳိးျမင့္က ဆက္ေျပာပါတယ္။

“တၿပိဳင္နက္တည္းလို ျဖစ္ေနတာဗ်၊ ရန္ကုန္ ကြက္ကြက္ကေလးတင္ မဟုတ္ဘူး။ ဥပမာ မေန႔ကဆိုရင္ ဒီ ရန္ကုန္မွာ ၁,၅၉၅,၀၀၀ ေလာက္ပဲ ရွိေသးတယ္။ က်ေနာ္တို႔ ျပည္ဘက္မွာ ၁,၆၂၀,၀၀၀ တို႔၊ ဘာတို႔ ျဖစ္သြားကုန္ၿပီ။ မႏၲေလးလည္း ဒီလိုပဲ တျပည္လုံးကို ျဖစ္ေနတယ္အခု။”

စစ္ေကာင္စီအာဏာ ယူထားတဲ့ သုံးလအတြင္းမွာ ျပည္တြင္းက ဝန္ေဆာင္မႈနဲ႔ ကုန္လုပ္လုပ္ငန္းအားလုံး ရပ္ဆိုင္းေနၿပီး အေျခခံ လူသုံးကုန္နဲ႔အတူ ေ႐ႊေစ်း၊ ေဒၚလာေစ်း၊ စက္သုံးဆီေစ်းေတြလည္း တက္လာပါတယ္။ ဒီကေန႔ ေငြလဲႏႈန္းက တေဒၚလာကို ျမန္မာက်ပ္ေငြ ၁,၈၀၀ အထိ ရွိလာေနတာပါ။ က်ပ္ေငြတန္ဖိုး တျဖည္းျဖည္း က်ေနတဲ့အတြက္ အေျခခံလူတန္းစားက လြဲလို႔ အမ်ားစုက ေ႐ႊဝယ္ဖို႔ပဲ ဆုံးျဖတ္လာၾကတာပါ။

“ရွိသမွ်ပိုက္ဆံေလးေတြ ေ႐ႊဝယ္ေနလို႔ပါ။ ေငြမကိုင္ခ်င္လို႔ ဝယ္တဲ့သေဘာမ်ိဳးျဖစ္မယ္။”

ဒါကေတာ့ မႏၲေလးတိုင္း ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း ဥကၠ႒ ဦးဝင္းစိန္ ေျပာသြားတာပါ။

ျပည္တြင္းမွာ ႏွစ္ရက္အတြင္း က်ပ္ ၂၀၀,၀၀၀ ေက်ာ္ေလာက္ခုန္တက္သြားတဲ့ ေ႐ႊေစ်းဟာ ႏိုင္ငံေရး မတည္ၿငိမ္မႈေၾကာင့္လို႔ ေ႐ႊဝယ္ယူ စုေဆာင္းေနတဲ့ ရန္ကုန္ေဒသခံတဦးက ေျပာပါတယ္။

“ေျပာရရင္ က်ေနာ္အခုဆို ဘာစီးပြားေရးမွ လုပ္လို႔ အဆင္မေျပဘူးဗ်ာ။ အဲဒီေတာ့ က်ပ္ေငြကိုင္ထားမယ့္အတူတူ အိမ္မွာပဲေငြကို အထုပ္လိုက္၊ အထည္လိုက္ ထားမယ္ဆိုရင္လည္း စိတ္မခ်ရဘူး။ အႏၲရာယ္မ်ားတယ္။ အဲဒီေတာ့ လူေတြက ေ႐ႊကိုပဲ ဝယ္ၾကတယ္။ အဓိက အဲဒီအခ်က္ေၾကာင့္ပါပဲ။ ေျပာရမယ္ဆိုရင္ က်ပ္ေငြအေပၚ မယုံၾကည္မႈရယ္၊ က်ပ္ေငြထားရာ ဘဏ္ေတြရဲ႕ စိတ္မခ်ရမႈရယ္၊ ဒါေၾကာင့္ ေ႐ႊေတြပဲ ဝယ္ျဖစ္တာေပါ့။”

ေလးရက္အတြင္း က်ပ္ေငြ ၂၀၀,၀၀၀ ေက်ာ္တက္ခဲ့တဲ့ ျမန္မာ့ေ႐ႊေစ်းအေပၚမွာ စိုးရိမ္ေနၾကတဲ့သူေတြလည္း ရွိပါတယ္။ ဒါေပမဲ့ လတ္တေလာ အေျခအေနေတြေၾကာင့္ ေ႐ႊေစ်းၿပိဳက်သြားတဲ့ အေျခအေန ေရာက္လာဖို႔ေတာ့ မျဖစ္ႏိုင္ေသးေၾကာင္း ေ႐ႊလုပ္ငန္းရွင္ အသိုင္းအဝန္းက ခန႔္မွန္းပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အခေါက်ရွှေ တကျပ်သား မြန်မာကျပ်ငွေ ၁၇ သိန်းကျော်အထိ ဈေးပေါက်

ပြည်တွင်းမှာ အခေါက်ရွှေ တကျပ်သားကို မြန်မာကျပ်ငွေ ၁၇ သိန်းကျော်လာပေမဲ့ ရွှေဝယ်ယူစုဆောင်းသူတွေ များပြားနေတာကြောင့် ရွှေရောင်းအား ကောင်းလာပါတယ်။ ဘဏ်တွေပြိုလဲသွားမှာ စိုးရိမ်ပြီး အပ်ငွေတွေ ပြန်ထုတ်နေကြတဲ့ ပြည်သူတွေဟာ တန်ဖိုး ခိုင်မာတယ်လို့ ယူဆတဲ့ရွှေကို စုဆောင်းဖို့ ဝယ်ယူနေကြတာ ဖြစ်ပါတယ်။ ဒီရက်ပိုင်း မြန်မာပြည်တွင်း အပြောင်းအလဲဖြစ်နေတဲ့ ရွှေဈေးကွက်အခြေအနေ ရန်ကုန်ကလာတဲ့သတင်းကိုတော့ ကိုခင်မောင်စိုးမင်း ဆက်ပြီး ပြောပြပေးမှာပါ။

ရွှေဈေးက တရိပ်ရိပ်တက်လာပေမဲ့ မြန်မာပြည်တွင်းမှာတော့ စစ်ကောင်စီ အာဏာယူပြီး နိုင်ငံရေး မငြိမ်သက်တာကြောင့် ဘဏ်အပ်ငွေတွေ ပြန်ထုတ်ပြီး ရွှေပြန်ဝယ်နေကြတာပါ။ လက်ထဲက ငွေတန်ဖိုး မပြောင်းအောင် ဝယ်ကြသလို အရောင်းအဝယ်လုပ်ဖို့ ဝယ်နေတာလည်းရှိကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

“အခုက အဝယ်များနေတယ်ဗျ။ အဝယ်များတယ်ဆိုတာ ကျနော်တို့ ဘဏ်တွေကနေ ငွေထုတ်ပြီးတော့ ဝယ်နေကြတာပဲဗျ။ တချို့ကလည်း ရွှေရောင်းရင် အရောင်းအဝယ်လုပ်ရင် မြတ်တယ်ဆိုတာ သိတဲ့အခါကျတော့ ဒီ ရွှေကိုပြန်ပြီး ဝယ်တဲ့ သဘောပါပဲ။”

ကမ္ဘာ့ရွှေဈေးက တအောင်စကို အမေရိကန်ဒေါ်လာ ၁,၈၃၂ ရှိပါတယ်။ ကိုဗစ်ကပ်ရောဂါ တကမ္ဘာလုံးမှာ တကြော့ပြန် ဖြစ်လာတာကြောင့်လည်း ကမ္ဘာ့ရွှေဈေးက ဆက်တက်နိုင်တယ်လို့ ဦးမျိုးမြင့်က ဆက်ပြောပါတယ်။

“တပြိုင်နက်တည်းလို ဖြစ်နေတာဗျ၊ ရန်ကုန် ကွက်ကွက်ကလေးတင် မဟုတ်ဘူး။ ဥပမာ မနေ့ကဆိုရင် ဒီ ရန်ကုန်မှာ ၁,၅၉၅,၀၀၀ လောက်ပဲ ရှိသေးတယ်။ ကျနော်တို့ ပြည်ဘက်မှာ ၁,၆၂၀,၀၀၀ တို့၊ ဘာတို့ ဖြစ်သွားကုန်ပြီ။ မန္တလေးလည်း ဒီလိုပဲ တပြည်လုံးကို ဖြစ်နေတယ်အခု။”

စစ်ကောင်စီအာဏာ ယူထားတဲ့ သုံးလအတွင်းမှာ ပြည်တွင်းက ဝန်ဆောင်မှုနဲ့ ကုန်လုပ်လုပ်ငန်းအားလုံး ရပ်ဆိုင်းနေပြီး အခြေခံ လူသုံးကုန်နဲ့အတူ ရွှေဈေး၊ ဒေါ်လာဈေး၊ စက်သုံးဆီဈေးတွေလည်း တက်လာပါတယ်။ ဒီကနေ့ ငွေလဲနှုန်းက တဒေါ်လာကို မြန်မာကျပ်ငွေ ၁,၈၀၀ အထိ ရှိလာနေတာပါ။ ကျပ်ငွေတန်ဖိုး တဖြည်းဖြည်း ကျနေတဲ့အတွက် အခြေခံလူတန်းစားက လွဲလို့ အများစုက ရွှေဝယ်ဖို့ပဲ ဆုံးဖြတ်လာကြတာပါ။

“ရှိသမျှပိုက်ဆံလေးတွေ ရွှေဝယ်နေလို့ပါ။ ငွေမကိုင်ချင်လို့ ဝယ်တဲ့သဘောမျိုးဖြစ်မယ်။”

ဒါကတော့ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းစိန် ပြောသွားတာပါ။

ပြည်တွင်းမှာ နှစ်ရက်အတွင်း ကျပ် ၂၀၀,၀၀၀ ကျော်လောက်ခုန်တက်သွားတဲ့ ရွှေဈေးဟာ နိုင်ငံရေး မတည်ငြိမ်မှုကြောင့်လို့ ရွှေဝယ်ယူ စုဆောင်းနေတဲ့ ရန်ကုန်ဒေသခံတဦးက ပြောပါတယ်။

“ပြောရရင် ကျနော်အခုဆို ဘာစီးပွားရေးမှ လုပ်လို့ အဆင်မပြေဘူးဗျာ။ အဲဒီတော့ ကျပ်ငွေကိုင်ထားမယ့်အတူတူ အိမ်မှာပဲငွေကို အထုပ်လိုက်၊ အထည်လိုက် ထားမယ်ဆိုရင်လည်း စိတ်မချရဘူး။ အန္တရာယ်များတယ်။ အဲဒီတော့ လူတွေက ရွှေကိုပဲ ဝယ်ကြတယ်။ အဓိက အဲဒီအချက်ကြောင့်ပါပဲ။ ပြောရမယ်ဆိုရင် ကျပ်ငွေအပေါ် မယုံကြည်မှုရယ်၊ ကျပ်ငွေထားရာ ဘဏ်တွေရဲ့ စိတ်မချရမှုရယ်၊ ဒါကြောင့် ရွှေတွေပဲ ဝယ်ဖြစ်တာပေါ့။”

လေးရက်အတွင်း ကျပ်ငွေ ၂၀၀,၀၀၀ ကျော်တက်ခဲ့တဲ့ မြန်မာ့ရွှေဈေးအပေါ်မှာ စိုးရိမ်နေကြတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ လတ်တလော အခြေအနေတွေကြောင့် ရွှေဈေးပြိုကျသွားတဲ့ အခြေအနေ ရောက်လာဖို့တော့ မဖြစ်နိုင်သေးကြောင်း ရွှေလုပ်ငန်းရှင် အသိုင်းအဝန်းက ခန့်မှန်းပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG