သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ခႏၲီးၿမိဳ႕နယ္ ေရႊေမွာ္ရွိ ရဲစခန္းေတြ KIA တိုက္ခိုက္


KIA က နန္႔စီပြန္ေက်ာက္စိမ္းေမွာ္ရွိ စစ္ေကာင္စီတပ္စခန္းေတြကို တုိက္ခုိက္မႈေၾကာင့္ မီးခုိးလုံးေတြ ဖုံးလႊမ္းေနမႈျမင္ကြင္း။ (ေမ ၂၂၊ ၂၀၂၁)

(Zawgyi / Unicode)

စစ္ကိုင္းတိုင္းေဒသႀကီး ခႏီးၱၿမိဳ႕နယ္က နန္႔စီပြန္ေက်ာက္စိမ္းေမွာ္က စစ္ေကာင္စီ တပ္စခန္းကို ဒီေန႔မနက္အေစာပိုင္းမွာ KIA က ဝင္ေရာက္တုိက္ခိုက္ခဲ့ၿပီး စစ္ေကာင္စီဘက္က ေလေၾကာင္းကေန ျပန္လည္တိုက္ခိုက္တာေတြ ရိွေနပါတယ္။ ရန္ကုန္ကလာတဲ့သတင္းကို ကိုသားညြန္႔ဦး တင္ျပေးထားပါတယ္။

ကခ်င္ျပည္နယ္အတြင္း စစ္ေကာင္စီတပ္ေတြနဲ႔ KIA ကခ်င္လက္နက္ကိုင္အၾကား ျဖစ္ပြားတဲ့ တိုက္ပဲြေတြဟာ မတ္လ ၁၁ ရက္ေန႔က စတင္ခဲ့ၿပီး အခုအခါမွာ ကခ်င္ျပည္နယ္သာမက စစ္ကိုင္းတုိင္းေဒသႀကီး အထက္ပိုင္းကိုပါ ပ်ံ႕ႏွံ႔လာေနတာ ျဖစ္ပါတယ္။

ဒီကေန႔မနက္ စစ္ကိုင္းတိုင္းေဒသႀကီး ခႏီးၱၿမိဳ႕နယ္အတြင္း တိုက္ခိုက္မႈ အေျခအေနကို ေဒသခံတဦးက ဗြီအိုေအကို အခုလို ေျပာပါတယ္။

“KIA က ဝင္တုိက္တာ။ အဓိကဝင္တိုက္တဲ့ အေၾကာင္းရင္းက ဦးပိုင္လုပ္ကြက္ကို အရင္ဆံုး ဝင္ပစ္တာ။ မနက္ ၄ နာရီမွာ စၿပီးေတာ့ပစ္တာ။ ပစ္ၿပီးေတာ့ အခု ႏွစ္ဖက္ အျပန္အလွန္ ပစ္ခတ္တာ။ အခုခ်ိန္ထိ စစ္တပ္ဘက္က ေလယာဥ္ေတြ သံုးေနတယ္။ အခုေလာေလာဆယ္ ေလယာဥ္က ၂ ႀကိမ္ေလာက္ ဝဲေနၿပီ။ ေလတပ္စခန္းကလည္း ဟုမၼလင္းမွာရိွတဲ့အတြက္ ေလေၾကာင္းလိုင္းက နီးတဲ့အတြက္ သူတို႔ ဟုမၼလင္းနဲ႔ ခႏၱီးနဲ႔ ေလယာဥ္နဲ႔လာမယ္ဆို ၁၅ မိနစ္ပဲရိွတယ္။”

KIA ဘက္က အဓိကထား တိုက္ခိုက္ခဲ့တာက မက်န္ခရြာက ဦးပိုင္ေက်ာက္စိမ္းကုမၸဏီျဖစ္ၿပီး မက်န္ခရဲစခန္း၊ နန္႔စီပြန္ရဲတပ္ရင္းနဲ႔ ရဲစခန္း၊ တပ္စခန္းတို႔ကို တိုက္ခိုက္ခဲ့တာ ျဖစ္ပါတယ္။

ေန႔ခင္း ၁၁ နာရီအေက်ာ္ေလာက္မွာေတာ့ KIA တပ္ေတြ ျပန္လည္ဆုတ္ခြာသြားၿပီး ရဲတပ္ဖဲြ႔ဝင္တခ်ိဳ႕ ဒဏ္ရာရၿပီး တခ်ိဳ႕ကို ဖမ္းဆီးသြားတယ္လို႔ ေျပာပါတယ္။

“လက္ရိွ ေနာက္ဆံုး Update က ရဲတပ္ဖဲြ႔ဝင္ ၃ ဦး ဒဏ္ရာရတယ္။ ရဲစခန္းေတြအကုန္လံုး မီး႐ိႈ႕သြားတယ္။ ဖ်က္ဆီးသြားတယ္။ ၿပီးက်ေတာ့ ဒုရဲအုပ္အမ်ိဳးသမီး အပါအဝင္ အျခားအဆင့္ ၉ ဦး ဖမ္းဆီးေခၚေဆာင္သြားတယ္။ ေလယာဥ္ေတြလာတဲ့အခ်ိန္မွာ သူတုိ႔အားလံုး ေနာက္ဆုတ္သြားတယ္။ အခု တိုက္ပဲြကေတာ့ ေလာေလာဆယ္ ၿငိမ္သြားၿပီ။ ေလယာဥ္ေတြကေတာ့ ဝဲေနတုန္း။”

KNG ကခ်င္သတင္းဌာနကေတာ့ ရဲတပ္သား ၂ ဦးေသဆံုးၿပီး အရပ္သားတဦး ထိခိုက္ေၾကာင္း ေဖာ္ျပထားေပမယ့္ ဗြီအိုေအကေတာ့ သီးျခားအတည္ျပဳခ်က္ မရရိွပါဘူး။

ၿပီးခဲ့တဲ့ ေမလ ၅ ရက္ေန႔ကလည္း ခႏီၱးၿမိဳ႕နယ္ ေကာင္းဟိန္ေက်းရြာအနီးမွာ စစ္ေကာင္စီတပ္ဖဲြ႔နဲ႔ ရွမ္းနီလက္နက္ကိုင္အဖဲြ႔အၾကား တိုက္ပဲြျဖစ္ပြားခဲ့ပါတယ္။ တပ္မေတာ္က နန္႔စီပြန္က ထြက္ရိွတဲ့ ေက်ာက္ေတြကို မႏၱေလးဘက္ကို သယ္ေဆာင္လာစဥ္မွာ ဝင္ေရာက္တုိက္ခိုက္ခံရတာျဖစ္ၿပီး တပ္မေတာ္က အက်အဆံုးရိွခဲ့ေၾကာင္း ေဒသခံေတြက ေျပာပါတယ္။

ကခ်င္ျပည္နယ္ မုိးေမာက္ၿမိဳ႕နယ္ထဲမွာေတာ့ ေသာၾကာေန႔ညပိုင္းက ပစ္ခတ္မႈေတြ ဆက္လက္ရိွေနၿပီး ၿမိဳ႕သစ္ရြာမွာ လက္နက္ႀကီးက်ည္က်တာေၾကာင့္ ေနအိမ္ ၂ လံုး မီးေလာင္ခဲ့တယ္လုိ႔ မိုးေမာက္ေဒသခံတေယာက္က ေျပာပါတယ္။

“၉ နာရီေလာက္မွာ အေျမာက္ႀကီးေတြ ေလးငါးခါေလာက္ပစ္တာ။ ဒီ ၿမိဳ႕သစ္ရြာၾကားမွာ ေခ်ာင္းရိွတယ္ေလ။ နမ့္ေမွာ္ေခ်ာင္း၊ နမ့္ေမွာ္ေခ်ာင္း အဲဒီေခ်ာင္းေဘးမွာ အေျမာက္ႀကီးက်ည္က်လုိ႔ မီးေလာင္တယ္တဲ့။ တအိမ္ ႏွစ္အိမ္ေလာက္ေတာ့ ပါတယ္။ ရွမ္းအိမ္လို႔ ေျပာတယ္။”

ၾကာသပေတးေန႔ညကလည္း ၿမိဳ႕သစ္၊ ကုန္းေလာနဲ႔ စီဟတ္ရြာဘက္ေတြမွာ တပ္မေတာ္နဲ႔ KIA အၾကား ပစ္ခတ္တိုက္ခိုက္တာေတြ ရိွခဲ့ၿပီး စီဟတ္ရြာမွာ ေနအိမ္ ၆ လံုးေလာက္ ပ်က္စီးၿပီး လူ ၂ ေယာက္ ဒဏ္ရာရခဲ့ပါတယ္။

KIA ရဲ႕ ျပန္ၾကားေရးတာဝန္ခံ ဗိုလ္မွဴးႀကီးေနာ္ဘူကေတာ့ ခႏီၱးၿမိဳ႕နယ္မွာ တိုက္ပဲြျဖစ္ပြားတာနဲ႔ မိုးေမာက္ၿမိဳ႕နယ္မွာ လက္နက္ႀကီးက်ည္က်လို႔ ေနအိမ္တခ်ိဳ႕ ပ်က္စီးတာ ဟုတ္မွန္ေၾကာင္း အတည္ျပဳေျပာၾကားေပမယ့္ ေအာက္ေျခက သတင္းမတက္လာတာေၾကာင့္ အေျခအေန အေသးစိတ္ မသိရေၾကာင္း ေျပာပါတယ္။

လက္ရိွအေျခအေနမွာေတာ့ တပ္မေတာ္နဲ႔ KIA အၾကား တုိက္ပဲြေတြဟာ ကခ်င္ျပည္နယ္၊ စစ္ကိုင္းတုိင္းအထက္ပိုင္းနဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းအထိပါ က်ယ္ျပန္႔လာေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ခန္တီးမြို့နယ် ရွှေမှော်ရှိ ရဲစခန်းတွေ KIA တိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး ခနီး္တမြို့နယ်က နန့်စီပွန်ကျောက်စိမ်းမှော်က စစ်ကောင်စီ တပ်စခန်းကို ဒီနေ့မနက်အစောပိုင်းမှာ KIA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ ပြန်လည်တိုက်ခိုက်တာတွေ ရှိနေပါတယ်။ ရန်ကုန်ကလာတဲ့သတင်းကို ကိုသားညွန့်ဦး တင်ပြေးထားပါတယ်။

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ KIA ကချင်လက်နက်ကိုင်အကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ မတ်လ ၁၁ ရက်နေ့က စတင်ခဲ့ပြီး အခုအခါမှာ ကချင်ပြည်နယ်သာမက စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းကိုပါ ပျံ့နှံ့လာနေတာ ဖြစ်ပါတယ်။

ဒီကနေ့မနက် စစ်ကိုင်းတိုင်းဒေသကြီး ခနီး္တမြို့နယ်အတွင်း တိုက်ခိုက်မှု အခြေအနေကို ဒေသခံတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“KIA က ဝင်တိုက်တာ။ အဓိကဝင်တိုက်တဲ့ အကြောင်းရင်းက ဦးပိုင်လုပ်ကွက်ကို အရင်ဆုံး ဝင်ပစ်တာ။ မနက် ၄ နာရီမှာ စပြီးတော့ပစ်တာ။ ပစ်ပြီးတော့ အခု နှစ်ဖက် အပြန်အလှန် ပစ်ခတ်တာ။ အခုချိန်ထိ စစ်တပ်ဘက်က လေယာဉ်တွေ သုံးနေတယ်။ အခုလောလောဆယ် လေယာဉ်က ၂ ကြိမ်လောက် ဝဲနေပြီ။ လေတပ်စခန်းကလည်း ဟုမ္မလင်းမှာရှိတဲ့အတွက် လေကြောင်းလိုင်းက နီးတဲ့အတွက် သူတို့ ဟုမ္မလင်းနဲ့ ခန္တီးနဲ့ လေယာဉ်နဲ့လာမယ်ဆို ၁၅ မိနစ်ပဲရှိတယ်။”

KIA ဘက်က အဓိကထား တိုက်ခိုက်ခဲ့တာက မကျန်ခရွာက ဦးပိုင်ကျောက်စိမ်းကုမ္ပဏီဖြစ်ပြီး မကျန်ခရဲစခန်း၊ နန့်စီပွန်ရဲတပ်ရင်းနဲ့ ရဲစခန်း၊ တပ်စခန်းတို့ကို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

နေ့ခင်း ၁၁ နာရီအကျော်လောက်မှာတော့ KIA တပ်တွေ ပြန်လည်ဆုတ်ခွာသွားပြီး ရဲတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရပြီး တချို့ကို ဖမ်းဆီးသွားတယ်လို့ ပြောပါတယ်။

“လက်ရှိ နောက်ဆုံး Update က ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာရတယ်။ ရဲစခန်းတွေအကုန်လုံး မီးရှို့သွားတယ်။ ဖျက်ဆီးသွားတယ်။ ပြီးကျတော့ ဒုရဲအုပ်အမျိုးသမီး အပါအဝင် အခြားအဆင့် ၉ ဦး ဖမ်းဆီးခေါ်ဆောင်သွားတယ်။ လေယာဉ်တွေလာတဲ့အချိန်မှာ သူတို့အားလုံး နောက်ဆုတ်သွားတယ်။ အခု တိုက်ပွဲကတော့ လောလောဆယ် ငြိမ်သွားပြီ။ လေယာဉ်တွေကတော့ ဝဲနေတုန်း။”

KNG ကချင်သတင်းဌာနကတော့ ရဲတပ်သား ၂ ဦးသေဆုံးပြီး အရပ်သားတဦး ထိခိုက်ကြောင်း ဖော်ပြထားပေမယ့် ဗွီအိုအေကတော့ သီးခြားအတည်ပြုချက် မရရှိပါဘူး။

ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ကလည်း ခန္တီးမြို့နယ် ကောင်းဟိန်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ရှမ်းနီလက်နက်ကိုင်အဖွဲ့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ တပ်မတော်က နန့်စီပွန်က ထွက်ရှိတဲ့ ကျောက်တွေကို မန္တလေးဘက်ကို သယ်ဆောင်လာစဉ်မှာ ဝင်ရောက်တိုက်ခိုက်ခံရတာဖြစ်ပြီး တပ်မတော်က အကျအဆုံးရှိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ထဲမှာတော့ သောကြာနေ့ညပိုင်းက ပစ်ခတ်မှုတွေ ဆက်လက်ရှိနေပြီး မြို့သစ်ရွာမှာ လက်နက်ကြီးကျည်ကျတာကြောင့် နေအိမ် ၂ လုံး မီးလောင်ခဲ့တယ်လို့ မိုးမောက်ဒေသခံတယောက်က ပြောပါတယ်။

“၉ နာရီလောက်မှာ အမြောက်ကြီးတွေ လေးငါးခါလောက်ပစ်တာ။ ဒီ မြို့သစ်ရွာကြားမှာ ချောင်းရှိတယ်လေ။ နမ့်မှော်ချောင်း၊ နမ့်မှော်ချောင်း အဲဒီချောင်းဘေးမှာ အမြောက်ကြီးကျည်ကျလို့ မီးလောင်တယ်တဲ့။ တအိမ် နှစ်အိမ်လောက်တော့ ပါတယ်။ ရှမ်းအိမ်လို့ ပြောတယ်။”

ကြာသပတေးနေ့ညကလည်း မြို့သစ်၊ ကုန်းလောနဲ့ စီဟတ်ရွာဘက်တွေမှာ တပ်မတော်နဲ့ KIA အကြား ပစ်ခတ်တိုက်ခိုက်တာတွေ ရှိခဲ့ပြီး စီဟတ်ရွာမှာ နေအိမ် ၆ လုံးလောက် ပျက်စီးပြီး လူ ၂ ယောက် ဒဏ်ရာရခဲ့ပါတယ်။

KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ခန္တီးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာနဲ့ မိုးမောက်မြို့နယ်မှာ လက်နက်ကြီးကျည်ကျလို့ နေအိမ်တချို့ ပျက်စီးတာ ဟုတ်မှန်ကြောင်း အတည်ပြုပြောကြားပေမယ့် အောက်ခြေက သတင်းမတက်လာတာကြောင့် အခြေအနေ အသေးစိတ် မသိရကြောင်း ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ တပ်မတော်နဲ့ KIA အကြား တိုက်ပွဲတွေဟာ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအထိပါ ကျယ်ပြန့်လာနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG