သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္နဲ႔ ကရင္နီ KNPP တပ္ဖြဲ႔ေတြၾကား တိုက္ပြဲ ျပန္ျဖစ္


ကရင္နီအမ်ဳိးသားတိုးတက္ေရးပါတီ နဲ႔ ျမန္မာအစိုးရၿငိမ္းခ်မ္းေရးအဖြဲ႔ ေဆြးေႏြးပြဲမွတ္တမ္း

{{Zawgyi/Unicode}}

ကယားျပည္နယ္ ေဘာ္လခဲ နဲ႔ ဖားေဆာင္းၿမိဳ႕နယ္ၾကားမွာ ကရင္နီအမ်ိဳးသား တိုးတက္ေရးပါတီ (KNPP) နဲ႔ ျမန္မာစစ္ေကာင္စီတပ္ေတြ ေမလ ၂၀ ရက္ေန႔ တိုက္ပြဲႏွစ္ႀကိမ္ျဖစ္ပြါးတယ္လို႔ KNPP ကေျပာပါတယ္။ KNPP နယ္ေျမထဲက လူငယ္ေလ့က်င့္ေရးေနရာတခုကို စစ္တပ္ဘက္က ဝင္ေရာက္ဖုိ႔ ႀကိဳးစားတဲ့အတြက္ ၂ ႏွစ္နီးပါးအတြင္း ပထမဆံုးအႀကိမ္ ႏွစ္ဘက္ၾကား တိုက္ပြဲျဖစ္ပြားခဲ့တာပါ။ အျပည့္အစုံကို ဗီြအိုေအသတင္းေထာက္ နိုင္ကြန္းအိန္က တင္ျပထားပါတယ္။

NCA အပစ္ခတ္ရပ္စဲေရးစာခ်ဳပ္မွာ လက္မွတ္ထိုးမထားေသးတဲ့ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (KNPP) နဲ႕ ျမန္မာ စစ္တပ္တို႕အၾကား (၂) ႏွစ္နီးပါး တိုက္ပြဲေတြ ရပ္ေနခဲ့ၿပီး ေမလ ၂၀ ရက္ေန႔က ပထမဆံုးအႀကိမ္ တိုက္ပြဲေတြ ျပန္ျဖစ္ခဲ့ပါတယ္။

ကယားျပည္နယ္ ေဘာလခဲၿမိဳ႕နယ္ႏွင့္ ဖားေဆာင္းၿမိဳ႕နယ္ အၾကားက KNPP ထိန္းခ်ဳပ္နယ္ေျမထဲမွာ႐ွိတဲ့ လူငယ္ေလ့က်င့္ေရးကြင္းေနရာကို ျမန္မာစစ္တပ္ဘက္က သြားဖုိ႔ ႀကိဳးစားရာက တိုက္ပြဲျဖစ္တာလို႕ KNPP ေခါင္းေဆာင္တဦးျဖစ္တဲ့ ဦးေအာင္ဆန္းျမင့္ ကေျပာပါတယ္။

"သူတို႕တက္လာတယ္ေပါ့။ သူတို႕တက္လာေတာ့ ကြ်န္ေတာ္တို႕ကဒီမွာ အဲဒီေနရာကေတာ့ ကြ်န္ေတာ္တို႕ရဲ႕ ဒုတိယ အေျခခ်တဲ့ ကြ်န္ေတာ္တို႔ နည္းနည္းပါးပါးလူငယ္ေတြကို Train ေနတဲ့ေနရာကိုသူတို႕တက္လာတယ္။ ကြ်န္ေတာ္တို႕ကေတာ့ သူတို႕ကိုမလာဖို႕ေျပာထားတယ္။ သူတို႕အဲဒါကိုဦးတည္ၿပီးသြားလိုက္တာေပါ့။ တိုက္ပြဲနဲနဲပါးပါးျဖစ္ခဲ့တယ္။ မနက္ တႀကိမ္ ေန႕လယ္တၾကိမ္ ႏွစ္ႀကိမ္ေတာ့ျဖစ္ခဲ့တယ္။ ထိခိုက္မွဳေတာ့ကြ်န္ေတာ္တို႕ဘက္ေတာ့မရွိဘူး။ သူတို႕ဘက္ေတာ့ ရြာသားေတြေပၚတာျပန္ေခၚသြားတယ္ဆိုေတာ့ သူတို႕တစုံတခုမ်ားရွိမလားေပါ့ေနာ။ ဒီေန႕လဲသူတို႕ တပ္ေတြနဲနဲ လွဳပ္ရွားေနတယ္။ တိုက္ပြဲမျဖစ္တာကေတာ့(၂၀၁၈-၁၉)ကတည္းကေလ"

ေဘာလခဲၿမိဳ႕နယ္ႏွင့္ ဖားေဆာင္းၿမိဳ႕နယ္အၾကား KNPP ထိမ္းခ်ဳပ္ထားတဲ့ အမွတ္(၂)ခရိုင္ အမွတ္(၁) ၿမိဳ႕နယ္ထဲက သဲေတာင္ဆိုတဲ့ေနရာမွာ တိုက္ပြဲျဖစ္တာျဖစ္ၿပီး ထိခိုက္မွဳေတြကိုေတာ့ အတည္မျပဳနိုင္ ေသးပါဘူး။ စစ္ေကာင္စီကို ဆန္႔က်င္ေနတဲ့ လူငယ္တခ်ဳိ႕ကို KNPP ထိန္းခ်ဳပ္နယ္ေျမထဲမွာ စစ္သင္တန္းေပးေနတယ္ ဆိုၿပီးသတင္းထြက္ေပၚေနလို႕ ျမန္မာစစ္တပ္က ထိုးစစ္ဆင္လာတာျဖစ္တယ္လို႕ ဖားေဆာင္းေဒသခံတဦးက ေျပာပါတယ္။

"မေန႕ကလဲ KNPP နဲ႔ စစ္တပ္နဲ႕ပစ္ၾကတယ္ ဖားေဆာင္းဘက္မွာ။ အဓိကေတာ့ ဒီစစ္ေရးသင္တန္းကိုတက္ေနတဲ့ ေနရာကို စစ္ေကာင္စီတပ္ဖြဲ႕ေတြက သြားၿပီးေတာ့ႏွိမ္ႏွင္းမယ္ဆိုတဲ့သေဘာမ်ိဳးသက္ေရာက္တယ္။ စစ္သင္တန္းေပးတဲ့ေနရာ အနီးတ၀ိုက္မွာလဲ လုံျခံဳေရး KNPP က လုံျခံဳေရးအထပ္ထပ္လုပ္ထားတာ။ စစ္ေကာင္စီကလဲတက္လာတယ္ ဆိုေတာ့ ပစ္ၾကတာေပါ့"

ေဘာလခဲၿမိဳ႕နယ္ႏွင့္ ဖားေဆာင္းၿမိဳ႕နယ္ အၾကား KNPP အဖြဲ႕နဲ႕တိုက္ပြဲျဖစ္ခဲ့တာနဲ႔ပါတ္သက္လို႔ စစ္ေကာင္ စီေျပာခြင့္ရကိုဆက္သြယ္ခဲ့ေပမဲ့ မရခဲ့ပါဘူး။

ၿပီးခဲ့တဲ့ဧၿပီ ၃၀ ကလဲ စစ္သင္တန္းတက္ၿပီးျပန္လာတယ္လို႔ဆိုတဲ့ လူငယ္ ၇၀ ေက်ာ္ကို ကယားျပည္နယ္ ဖ႐ူဆိုၿမိဳ႕နယ္ စစ္တပ္ စစ္ေဆးေရးဂိတ္မွာဖမ္းဆီးခဲ့ပါတယ္။ ဒီလူငယ္ေတြကို KNPP ကစစ္သင္တန္းေပးတာမဟုတ္ဘဲ ျပည္နယ္ကိုယ္စားျပဳအဖြဲ႕အစည္းတစ္ခုက စီစဥ္တဲ့ သင္တန္းတစ္ခုသာျဖစ္ေၾကာင္း ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီ (KNPP) တာ၀န္ရွိသူေတြက ေျဖရွင္းခ်က္ ေပးထားပါတယ္။

ကယားျပည္နယ္ထဲက ဒီေမာ့ဆိုၿမိဳ႕မွာလည္း စစ္တပ္နဲ႔ ဒီေမာဆိုး ေဒသခံလူငယ္ေတြ စုဖြဲ႕ထားတဲ့ ျပည္သူ႕ကာကြယ္ေရးအဖြဲ႔ (PDF)ေတြ အၾကား ဒီေန႔ မနက္ကလည္း ပစ္ခတ္တိုက္ခိုက္မွဳေတြျဖစ္ခဲ့ပါတယ္။ ဒီပစ္ခတ္မွဳမွာ ႏွစ္ဖက္ထိခိုက္မွဳေတြရွိေနတယ္လို႕ ဒီေမာ့ဆိုၿမိဳ႕ခံတဦးကေျပာပါတယ္။

"ဒီမနက္(၉)နာရီ၀န္းက်င္နဲ႕ ၿမိဳ႕ကPDF အဖြဲ႕၀င္ေတြေပါ့။ စစ္ေကာင္စီနဲ႕ ပစ္ေနၾကတုန္းဘဲ။ လူထုေတြကလဲ ကိုယ့္ရပ္ ကြက္လုံျခံဳေရးအတြက္ လုံျခံဳေရးဂိတ္ေတြထားထားတယ္။ စစ္ေကာင္စီဘက္ကေနစစ္မယ္ဆိုေတာ့ ရပ္ကြက္သူရပ္ကြက္သားေတြအစစ္မခံဘူး။ ထိပ္တိုက္ရင္ဆိုင္မွဳကျဖစ္သြားတယ္ဆိုေတာ့ အထိအခိုက္ေတာ့ စစ္တပ္ဘက္က(၅) ေယာက္ က်တယ္လို႕ေျပာတယ္။ PDFဘက္က က်တာေတာ့ကြ်န္ေတာ္မၾကားေသးဘူး။ ဒါေပမဲ့လို႕ ဆိုင္ကယ္ေမာင္း လာ တဲ့ကေလး ႏွစ္ေယာက္ကို စစ္ေကာင္စီဘက္က ရပ္ပါလို႕ေျပာတဲ့အခ်ိန္ သူကေမာင္းေျပးတဲ့အတြက္ ေနာက္က လိုက္ပစ္တယ္။ အဲဒီမွာကေလးႏွစ္ေယာက္ ထိခိုက္တာေျပာတယ္"

လက္ရွိကယားျပည္နယ္ထဲမွာ ျပည္သူ႕ကာကြယ္ေရးအဖြဲ႕နဲ႔ စစ္တပ္ၾကား ၿမိဳ႕ထဲမွာ ပစ္ခတ္မႈေတြ ျဖစ္ေနသလို ၿမိဳ႕ျပင္မွာလည္း KNPP တပ္ဖဲြ႔ေတြနဲ႔ တိုက္ပြဲျဖစ္ေနတာေၾကာင့္ သတိထားရမဲ့အေျခအေနရွိေနၿပီလို႕ KNPPေခါင္းေဆာင္တဦး ျဖစ္တဲ့ ဦးေအာင္ဆန္းျမင့္ကေျပာပါတယ္။

"ခန္႕မွန္းၾကည့္တဲ့ပုံစံကလဲ အခုလူငယ္ေတြကလဲ သူတို႕လဲေပ်ာက္ၾကားနည္းနဲ႕ဘဲေနာ္။ ဟိုပစ္ ဒီပစ္ ပစ္ေနတာရွိေနၿပီး ေလ ကြ်န္ေတာ္တို႕ ကယားျပည္နယ္မွာ။ သူတို႕ကလဲ (စစ္ေကာင္စီတပ္ဖြဲ႕)တပ္ေတြအင္အားျဖည့္ထားတယ္ဆိုေတာ့ သူတို႕ကေတာ့ၿမိဳ႕ေပၚမွာျဖစ္သလို အျပင္ထြက္လာရင္ေတာ့ကြ်န္ေတာ္တို႕နဲ႕ေတာ့ျဖစ္မွာဘဲ။ ဆိုေတာ့အခုသူတို႕ ကေတာ့ ၿမိဳ႕တြင္းေရာအျပင္ေရာ သူတို႕ဂရုစိုက္ရမဲ့အေနအထားျဖစ္ေနၿပီ"

ကရင္နီအမ်ဳိးသားတုိးတက္ေရး KNPP အဖြဲ႕ဟာ ၁၉၉၅ ခုႏွစ္ထဲမွာ န၀တစစ္အစိုးရနဲ႕ ႏႈတ္ကတိ သေဘာတူညီခ်က္နဲ႕အပစ္ရပ္ခဲ့ေပမဲ့ လပိုင္း အတြင္း တိုက္ပြဲမ်ားျပန္လည္ျဖစ္ပြါးၿပီး သေဘာတူညီခ်က္ ပ်က္ျပားသြားခဲ့ပါတယ္။

၂၀၁၁ ခုႏွစ္ ဦးသိန္းစိန္ အစိုးရ လက္ထက္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြ ျပန္လည္စတင္တဲ့ေနာက္ပိုင္း ၂၀၁၂ ခုႏွစ္မွာ ျပည္နယ္အဆင့္၊ ျပည္ေထာင္စု အဆင့္ အပစ္ရပ္သေဘာတူ လက္မွတ္ေရးထိုးနိုင္ခဲ့ေပမဲ့ NCA ပစ္ခတ္တိုက္ခိုက္မွဳရပ္စဲေရး သေဘာတူစာခ်ဳပ္မွာေတာ့ KNPP က ခုခ်ိန္ထိ လက္မွတ္ေရးထိုးထားျခင္းမရွိေသးပါဘူး။

.............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ကယားပြည်နယ် ဘော်လခဲ နဲ့ ဖားဆောင်းမြို့နယ်ကြားမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နဲ့ မြန်မာစစ်ကောင်စီတပ်တွေ မေလ ၂၀ ရက်နေ့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွါးတယ်လို့ KNPP ကပြောပါတယ်။ KNPP နယ်မြေထဲက လူငယ်လေ့ကျင့်ရေးနေရာတခုကို စစ်တပ်ဘက်က ဝင်ရောက်ဖို့ ကြိုးစားတဲ့အတွက် ၂ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် နှစ်ဘက်ကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က တင်ပြထားပါတယ်။

NCA အပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ထိုးမထားသေးတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ မြန်မာ စစ်တပ်တို့အကြား (၂) နှစ်နီးပါး တိုက်ပွဲတွေ ရပ်နေခဲ့ပြီး မေလ ၂၀ ရက်နေ့က ပထမဆုံးအကြိမ် တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။

ကယားပြည်နယ် ဘောလခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ် အကြားက KNPP ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ လူငယ်လေ့ကျင့်ရေးကွင်းနေရာကို မြန်မာစစ်တပ်ဘက်က သွားဖို့ ကြိုးစားရာက တိုက်ပွဲဖြစ်တာလို့ KNPP ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအောင်ဆန်းမြင့် ကပြောပါတယ်။

"သူတို့တက်လာတယ်ပေါ့။ သူတို့တက်လာတော့ ကျွန်တော်တို့ကဒီမှာ အဲဒီနေရာကတော့ ကျွန်တော်တို့ရဲ့ ဒုတိယ အခြေချတဲ့ ကျွန်တော်တို့ နည်းနည်းပါးပါးလူငယ်တွေကို Train နေတဲ့နေရာကိုသူတို့တက်လာတယ်။ ကျွန်တော်တို့ကတော့ သူတို့ကိုမလာဖို့ပြောထားတယ်။ သူတို့အဲဒါကိုဦးတည်ပြီးသွားလိုက်တာပေါ့။ တိုက်ပွဲနဲနဲပါးပါးဖြစ်ခဲ့တယ်။ မနက် တကြိမ် နေ့လယ်တကြိမ် နှစ်ကြိမ်တော့ဖြစ်ခဲ့တယ်။ ထိခိုက်မှုတော့ကျွန်တော်တို့ဘက်တော့မရှိဘူး။ သူတို့ဘက်တော့ ရွာသားတွေပေါ်တာပြန်ခေါ်သွားတယ်ဆိုတော့ သူတို့တစုံတခုများရှိမလားပေါ့နော။ ဒီနေ့လဲသူတို့ တပ်တွေနဲနဲ လှုပ်ရှားနေတယ်။ တိုက်ပွဲမဖြစ်တာကတော့(၂၀၁၈-၁၉)ကတည်းကလေ"

ဘောလခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ်အကြား KNPP ထိမ်းချုပ်ထားတဲ့ အမှတ်(၂)ခရိုင် အမှတ်(၁) မြို့နယ်ထဲက သဲတောင်ဆိုတဲ့နေရာမှာ တိုက်ပွဲဖြစ်တာဖြစ်ပြီး ထိခိုက်မှုတွေကိုတော့ အတည်မပြုနိုင် သေးပါဘူး။ စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ လူငယ်တချို့ကို KNPP ထိန်းချုပ်နယ်မြေထဲမှာ စစ်သင်တန်းပေးနေတယ် ဆိုပြီးသတင်းထွက်ပေါ်နေလို့ မြန်မာစစ်တပ်က ထိုးစစ်ဆင်လာတာဖြစ်တယ်လို့ ဖားဆောင်းဒေသခံတဦးက ပြောပါတယ်။

"မနေ့ကလဲ KNPP နဲ့ စစ်တပ်နဲ့ပစ်ကြတယ် ဖားဆောင်းဘက်မှာ။ အဓိကတော့ ဒီစစ်ရေးသင်တန်းကိုတက်နေတဲ့ နေရာကို စစ်ကောင်စီတပ်ဖွဲ့တွေက သွားပြီးတော့နှိမ်နှင်းမယ်ဆိုတဲ့သဘောမျိုးသက်ရောက်တယ်။ စစ်သင်တန်းပေးတဲ့နေရာ အနီးတဝိုက်မှာလဲ လုံခြုံရေး KNPP က လုံခြုံရေးအထပ်ထပ်လုပ်ထားတာ။ စစ်ကောင်စီကလဲတက်လာတယ် ဆိုတော့ ပစ်ကြတာပေါ့"

ဘောလခဲမြို့နယ်နှင့် ဖားဆောင်းမြို့နယ် အကြား KNPP အဖွဲ့နဲ့တိုက်ပွဲဖြစ်ခဲ့တာနဲ့ပါတ်သက်လို့ စစ်ကောင် စီပြောခွင့်ရကိုဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ဧပြီ ၃၀ ကလဲ စစ်သင်တန်းတက်ပြီးပြန်လာတယ်လို့ဆိုတဲ့ လူငယ် ၇၀ ကျော်ကို ကယားပြည်နယ် ဖရူဆိုမြို့နယ် စစ်တပ် စစ်ဆေးရေးဂိတ်မှာဖမ်းဆီးခဲ့ပါတယ်။ ဒီလူငယ်တွေကို KNPP ကစစ်သင်တန်းပေးတာမဟုတ်ဘဲ ပြည်နယ်ကိုယ်စားပြုအဖွဲ့အစည်းတစ်ခုက စီစဉ်တဲ့ သင်တန်းတစ်ခုသာဖြစ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တာဝန်ရှိသူတွေက ဖြေရှင်းချက် ပေးထားပါတယ်။

ကယားပြည်နယ်ထဲက ဒီမော့ဆိုမြို့မှာလည်း စစ်တပ်နဲ့ ဒီမောဆိုး ဒေသခံလူငယ်တွေ စုဖွဲ့ထားတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)တွေ အကြား ဒီနေ့ မနက်ကလည်း ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ခဲ့ပါတယ်။ ဒီပစ်ခတ်မှုမှာ နှစ်ဖက်ထိခိုက်မှုတွေရှိနေတယ်လို့ ဒီမော့ဆိုမြို့ခံတဦးကပြောပါတယ်။

"ဒီမနက်(၉)နာရီဝန်းကျင်နဲ့ မြို့ကPDF အဖွဲ့ဝင်တွေပေါ့။ စစ်ကောင်စီနဲ့ ပစ်နေကြတုန်းဘဲ။ လူထုတွေကလဲ ကိုယ့်ရပ် ကွက်လုံခြုံရေးအတွက် လုံခြုံရေးဂိတ်တွေထားထားတယ်။ စစ်ကောင်စီဘက်ကနေစစ်မယ်ဆိုတော့ ရပ်ကွက်သူရပ်ကွက်သားတွေအစစ်မခံဘူး။ ထိပ်တိုက်ရင်ဆိုင်မှုကဖြစ်သွားတယ်ဆိုတော့ အထိအခိုက်တော့ စစ်တပ်ဘက်က(၅) ယောက် ကျတယ်လို့ပြောတယ်။ PDFဘက်က ကျတာတော့ကျွန်တော်မကြားသေးဘူး။ ဒါပေမဲ့လို့ ဆိုင်ကယ်မောင်း လာ တဲ့ကလေး နှစ်ယောက်ကို စစ်ကောင်စီဘက်က ရပ်ပါလို့ပြောတဲ့အချိန် သူကမောင်းပြေးတဲ့အတွက် နောက်က လိုက်ပစ်တယ်။ အဲဒီမှာကလေးနှစ်ယောက် ထိခိုက်တာပြောတယ်"

လက်ရှိကယားပြည်နယ်ထဲမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ စစ်တပ်ကြား မြို့ထဲမှာ ပစ်ခတ်မှုတွေ ဖြစ်နေသလို မြို့ပြင်မှာလည်း KNPP တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတာကြောင့် သတိထားရမဲ့အခြေအနေရှိနေပြီလို့ KNPPခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးအောင်ဆန်းမြင့်ကပြောပါတယ်။

"ခန့်မှန်းကြည့်တဲ့ပုံစံကလဲ အခုလူငယ်တွေကလဲ သူတို့လဲပျောက်ကြားနည်းနဲ့ဘဲနော်။ ဟိုပစ် ဒီပစ် ပစ်နေတာရှိနေပြီး လေ ကျွန်တော်တို့ ကယားပြည်နယ်မှာ။ သူတို့ကလဲ (စစ်ကောင်စီတပ်ဖွဲ့)တပ်တွေအင်အားဖြည့်ထားတယ်ဆိုတော့ သူတို့ကတော့မြို့ပေါ်မှာဖြစ်သလို အပြင်ထွက်လာရင်တော့ကျွန်တော်တို့နဲ့တော့ဖြစ်မှာဘဲ။ ဆိုတော့အခုသူတို့ ကတော့ မြို့တွင်းရောအပြင်ရော သူတို့ဂရုစိုက်ရမဲ့အနေအထားဖြစ်နေပြီ"

ကရင်နီအမျိုးသားတိုးတက်ရေး KNPP အဖွဲ့ဟာ ၁၉၉၅ ခုနှစ်ထဲမှာ နဝတစစ်အစိုးရနဲ့ နှုတ်ကတိ သဘောတူညီချက်နဲ့အပစ်ရပ်ခဲ့ပေမဲ့ လပိုင်း အတွင်း တိုက်ပွဲများပြန်လည်ဖြစ်ပွါးပြီး သဘောတူညီချက် ပျက်ပြားသွားခဲ့ပါတယ်။

၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရ လက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြန်လည်စတင်တဲ့နောက်ပိုင်း ၂၀၁၂ ခုနှစ်မှာ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် အပစ်ရပ်သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပေမဲ့ NCA ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာတော့ KNPP က ခုချိန်ထိ လက်မှတ်ရေးထိုးထားခြင်းမရှိသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG