(Zawgyi / Unicode)
ျမန္မာ အာဏာသိမ္းစစ္ေကာင္စီ တပ္ဖြဲ႔ေတြနဲ႔ တုိင္းရင္းသားလက္နက္ကုိင္ ညြန္႔ေပါင္းအဖြဲ႔ေတြအၾကား တနဂၤေႏြေန႔မနက္ အေစာပုိင္းက တ႐ုတ္-ျမန္မာနယ္စပ္ မူဆယ္ၿမိဳ႕အနီးမွာ တုိက္ပြဲျဖစ္ပြားခဲ့ေၾကာင္း ႐ုိက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။
ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကုိ ဆန္႔က်င္ကန္႔ကြက္မႈေတြ ႏုိင္ငံတဝန္း ျဖစ္ေပၚခဲ့တာမွာ စစ္ေကာင္စီဘက္က အၾကမ္းဖက္ ၿဖိဳခြဲမႈေတြ ရွိခဲ့ၿပီးတဲ့ေနာက္ ႏုိင္ငံအတြင္းက ၿမိဳ႕အေတာ္မ်ားမ်ားမွာ ေပါက္ကြဲမႈေတြ၊ မီး႐ႈိ႕မႈေတြအျပင္ တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႔ေတြနဲ႔ ပစ္ခတ္တုိက္ခုိက္မႈေတြလည္း ျဖစ္ေပၚေနတာပါ။
တ႐ုတ္နဲ႔ နယ္စပ္ကုန္သြယ္ေရးမွာ အေရးပါတဲ့ ရွမ္းျပည္နယ္၊ မူဆယ္ၿမိဳ႕မွာ ဒီကေန႔ျဖစ္သြားတဲ့ တုိက္ပြဲအျပင္ အရင္ကလည္း စစ္ေကာင္စီတပ္ေတြနဲ႔ တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႔ေတြအျပင္ တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႔ေတြ အခ်င္းခ်င္းၾကားလည္း မၾကာခန တုိက္ပြဲျဖစ္ပြားေလ့ ရွိပါတယ္။
ျပည္တြင္း သတင္းမီဒီယာတခ်ဳိ႕မွာ က်ည္ဆန္မွန္ထားတဲ့ ကားေတြကုိ ေဖာ္ျပထားေၾကာင္း ႐ုိက္တာသတင္းမွာ ကုိးကား ေဖာ္ျပထားေပမယ့္ ထိခုိက္ေသဆုံးမႈ သတင္းေတာ့ မသိရေသးဘူးလုိ႔ ဆုိပါတယ္။
ဒီတုိက္ခုိက္မႈမွာ တုိင္းရင္းသား လက္နက္ကုိင္အဖြဲ႔ေတြထဲက ဘယ္အဖြဲ႔ေတြ ပါဝင္တယ္ ဆုိတာလည္း အခုခ်ိန္ထိ မသိရေသးပါဘူး။
-----------------------
(Unicode)
တရုတ်နယ်စပ် မူဆယ်မြို့အနီး တိုက်ခိုက်မှုဖြစ်ပွား
မြန်မာ အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် ညွန့်ပေါင်းအဖွဲ့တွေအကြား တနင်္ဂနွေနေ့မနက် အစောပိုင်းက တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့အနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်မှုတွေ နိုင်ငံတဝန်း ဖြစ်ပေါ်ခဲ့တာမှာ စစ်ကောင်စီဘက်က အကြမ်းဖက် ဖြိုခွဲမှုတွေ ရှိခဲ့ပြီးတဲ့နောက် နိုင်ငံအတွင်းက မြို့အတော်များများမှာ ပေါက်ကွဲမှုတွေ၊ မီးရှို့မှုတွေအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ဖြစ်ပေါ်နေတာပါ။
တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာ ဒီကနေ့ဖြစ်သွားတဲ့ တိုက်ပွဲအပြင် အရင်ကလည်း စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အချင်းချင်းကြားလည်း မကြာခန တိုက်ပွဲဖြစ်ပွားလေ့ ရှိပါတယ်။
ပြည်တွင်း သတင်းမီဒီယာတချို့မှာ ကျည်ဆန်မှန်ထားတဲ့ ကားတွေကို ဖော်ပြထားကြောင်း ရိုက်တာသတင်းမှာ ကိုးကား ဖော်ပြထားပေမယ့် ထိခိုက်သေဆုံးမှု သတင်းတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက ဘယ်အဖွဲ့တွေ ပါဝင်တယ် ဆိုတာလည်း အခုချိန်ထိ မသိရသေးပါဘူး။