သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာစစ္တပ္ကုိ လက္နက္မေရာင္းဖုိ႔ အေမရိကန္နဲ႔ ေတာင္ကုိရီးယား ေခါင္းေဆာင္ေတြ တုိက္တြန္း


အိမ္ျဖဴေတာ္မွာ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ေနတဲ့ အေမရိကန္သမၼတ ဂ်ဳိးဘုိင္ဒန္ (ယာ) နဲ႔ ေတာင္ကုိရီးယားသမၼတ မြန္းေဂ်းအင္း။ (ေမ ၂၁၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာစစ္တပ္ကို လက္နက္မေရာင္းခ်ဖို႔ အေမရိကန္နဲ႔ ေတာင္ကိုရီးယား ေခါင္းေဆာင္ေတြက ကမာၻ႔ႏိုင္ငံေတြကို ပန္ၾကားလိုက္ပါတယ္။ ေတာင္ကိုရီးယားသမၼတ မြန္းေဂ်းအင္းရဲ႕ အေမရိကန္ျပည္ေထာင္စုကို လာေရာက္တဲ့ ခရီးစဥ္မွာ ေသာၾကာေန႔က အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္နဲ႔ အိမ္ျဖဴေတာ္မွာ ေတြ႔ဆံုအၿပီး ထုတ္ျပန္တဲ့ ပူးတြဲေၾကညာခ်က္မွာ ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံမွာ အရပ္သားေတြအေပၚ စစ္တပ္နဲ႔ ရဲေတြရဲ႕ အၾကမ္းဖက္မႈေတြကို ၂ ႏိုင္ငံစလံုးက ျပတ္ျပတ္သားသား ႐ႈတ္ခ်ေၾကာင္း ေျပာၾကားလိုက္တဲ့အျပင္ ဒီအၾကမ္းဖက္ေနမႈေတြ ခ်က္ခ်င္းရပ္တန္႔ဖို႔၊ ဖမ္းဆီးထားသူေတြကို ျပန္ၿပီး လႊတ္ေပးဖုိ႔နဲ႔ ျမန္မာႏုိင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ အျမန္ျပန္ၿပီး ေလွ်ာက္လွမ္းလာေစဖို႔ေတြ အတြက္ ႏွစ္ဖက္စလံုးက ဆက္လက္ဖိအားေပးဖို႔ သႏၷိ႒ာန္ခ်ထားၾကေၾကာင္းလည္း ေျပာပါတယ္။

ဒါ့အျပင္ အေမရိကန္နဲ႔ ေတာင္ကိုရီးယားနည္းတူ ျမန္မာႏုိင္ငံသားေတြကို ခိုလႈံစရာ ေနရာနဲ႔ အကာကြယ္ေပးၾကဖုိ႔နဲ႔ အာဏာသိမ္းထားတဲ့ စစ္တပ္ကို လက္နက္ေရာင္းခ်မႈ တားဆီးၾကဖို႔လည္း ကမာၻ႔ႏိုင္ငံအားလံုးကို ေတာင္းဆိုခဲ့တာပါ။

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းခဲ့တဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကလည္း သမၼတ ဂ်ိဳးဘိုင္ဒန္က ေၾကညာခ်က္ထုတ္ျပန္ၿပီး ျမန္မာစစ္တပ္ အာဏာသိမ္းထားတာကို ခ်က္ခ်င္းစြန္႔လႊတ္ဖို႔၊ ဖမ္းဆီးထားသူေတြကို ျပန္လႊတ္ဖို႔နဲ႔ အရပ္သားေတြအေပၚ မၾကမ္းမဖက္ဖို႔ ေတာင္းဆိုခဲ့ၿပီး ႏိုင္ငံတကာ အသိုင္းအဝိုင္းကလည္း တညီတညြတ္တည္း ပူးေပါင္းဖိအားေပးဖို႔ ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့ အမေရိကန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေ တိုက်တွန်း

မြန်မာစစ်တပ်ကို လက်နက်မရောင်းချဖို့ အမေရိကန်နဲ့ တောင်ကိုရီးယား ခေါင်းဆောင်တွေက ကမ္ဘာ့နိုင်ငံတွေကို ပန်ကြားလိုက်ပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်းရဲ့ အမေရိကန်ပြည်ထောင်စုကို လာရောက်တဲ့ ခရီးစဉ်မှာ သောကြာနေ့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံအပြီး ထုတ်ပြန်တဲ့ ပူးတွဲကြေညာချက်မှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အရပ်သားတွေအပေါ် စစ်တပ်နဲ့ ရဲတွေရဲ့ အကြမ်းဖက်မှုတွေကို ၂ နိုင်ငံစလုံးက ပြတ်ပြတ်သားသား ရှုတ်ချကြောင်း ပြောကြားလိုက်တဲ့အပြင် ဒီအကြမ်းဖက်နေမှုတွေ ချက်ချင်းရပ်တန့်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်ပြီး လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ပြန်ပြီး လျှောက်လှမ်းလာစေဖို့တွေ အတွက် နှစ်ဖက်စလုံးက ဆက်လက်ဖိအားပေးဖို့ သန္နိဋ္ဌာန်ချထားကြကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် အမေရိကန်နဲ့ တောင်ကိုရီးယားနည်းတူ မြန်မာနိုင်ငံသားတွေကို ခိုလှုံစရာ နေရာနဲ့ အကာကွယ်ပေးကြဖို့နဲ့ အာဏာသိမ်းထားတဲ့ စစ်တပ်ကို လက်နက်ရောင်းချမှု တားဆီးကြဖို့လည်း ကမ္ဘာ့နိုင်ငံအားလုံးကို တောင်းဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကလည်း သမ္မတ ဂျိုးဘိုင်ဒန်က ကြေညာချက်ထုတ်ပြန်ပြီး မြန်မာစစ်တပ် အာဏာသိမ်းထားတာကို ချက်ချင်းစွန့်လွှတ်ဖို့၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့နဲ့ အရပ်သားတွေအပေါ် မကြမ်းမဖက်ဖို့ တောင်းဆိုခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း တညီတညွတ်တည်း ပူးပေါင်းဖိအားပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG