သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိတ်ချရတဲ့ အခြေအနေမှာ ရွေးကောက်ပွဲလုပ်ပေးမည် - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။

(Zawgyi / Unicode)

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံမှာ စိတ်ချရတဲ့ အခြေအနေရောက်မှ ရွေေးကာက်ပွဲလုပ်မယ်လို့ တရုတ်သတင်းဌာန Phoenix TV ကို ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ကတော့ တပ်မတော်က လက်ခံထားတာကတော့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုကို သွားဖို့ပါပဲ။ ဒီစနစ်ကို သွားနိုင်ဖို့အတွက် စိတ်ချရတဲ့ အခြေအနေ ရှိတယ်ဆိုရင် ကျနော်တို့ လုပ်မှာပါပဲ။ တကယ်လို့ တနှစ်အတွင်းမှာ ရသွားရင်လည်း တနှစ်အတွင်းမှာပေါ့လေ။ နောက်ထပ် ၆ လတိုးပြီး ၆ လအတွင်းမှာ ရရင်လည်း ရပေါ့လေ။”

ရှားရှားပါးပါး တွေ့ရတဲ့ ကြာသပတေးနေ့က အွန်လိုင်း တွေ့ဆုံမေးမြန်းခန်းမှာ Phoenix ရုပ်သံသတင်းဌာနက တရုတ်နိုင်ငံ ဘေဂျင်းမြို့ကနေ မေးမြန်းပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံကနေ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ လက်ချက်ကြောင့် ဆန္ဒပြပြည်သူတွေ သေဆုံးသူ ၇၀၀ ကျော်ရှိတယ်ဆိုတာ သတင်းဌာနတချို့က ချဲ့ကားပြောတာဖြစ်တယ်လို့ စွပ်စွဲပြီး အမှန်တကယ် သေဆုံးသူက ၃၀၀ လောက်ပဲ ရှိတယ်လို့လည်း မြန်မာစစ်ခေါင်းဆောင်က ပြောဆိုသွားပါတယ်။ ရဲတပ်ဖွဲ့ဝင် ၄၇ ဦး သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့လည်း ပြောပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ လက်ချက်ကြောင့် သေဆုံးသူ ၈၀၀ ကျော်ရှိကြောင်း အရပ်ဘက်အဖွဲ့တချို့က စာရင်းကောက်ယူ ထုတ်ပြန်ထားတာပါ။

မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မကြာခင်ရက်ပိုင်းအတွင်း ရုံးထုတ်တဲ့အခါ တရားရုံံးမှာ လူကိုယ်တိုင် လာရောက်ကြားနာလိမ့်မယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းကျန်းမာမာနဲ့ သူ့နေအိမ်မှာ ရှိနေတဲ့အပြင် တရားခွင်မှာ တရားမျှမျှတတ စစ်ဆေးခံရမှာပါလို့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၇ မှုနဲ့ တရားစွဲဆိုထားတာဖြစ်ပြီး ခုအချိန်အထိ အွန်လိုင်းကနေ ရုံးထုတ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေကြောင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလည်း ဖျက်သိမ်းသင့်မသင့် စဉ်းစားမှာဖြစ်တယ်လို့လည်း စစ်ကောင်စီက အသစ်ခန့်အပ်တဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောထားပါတယ်။

လွတ်လပ်တဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်တဲ့ အဖွဲ့တွေကတော့ ပြီးခဲ့တဲ့ရွေးကောက်ပွဲအတွင်း မဲရလဒ် ပြောင်းသွားရလောက်အောင် မဲမသမာမှုတွေ မရှိခဲ့ဘူးလို့ ထုတ်ပြန်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)











XS
SM
MD
LG