သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD ပါတီဖ်က္သိမ္းခံရရင္ ၾကံဳရႏိုင္တဲ့ အက်ဳိးဆက္


ရန္ကုန္ၿမို႕ရွိ ပါတီ ဌာနခ်ဳပ္။ (ဓါတ္ပံု - courtesy photo/NLD)

(Zawgyi/Unicode)

NLD ပါတီကို အေၾကာင္းျပခ်က္တခုခုနဲ႔ ဖ်က္သိမ္းလိုက္မယ္ဆိုရင္ ႏိုင္ငံတကာရဲ႕ ျပင္းထန္တဲ့ တုန္႔ျပန္မႈေတြကို ရင္ဆိုင္ လာရလိမ့္မယ္လို႔ တိုင္းနဲ႔ျပည္နယ္ေတြမွာရွိတဲ့ NLD ပါတီ တာဝန္ရွိသူတခ်ဳိ႕က ေျပာဆိုလိုက္ပါတယ္။ NLD ပါတီကို ဖ်က္သိမ္းဖို႔ သင့္မသင့္ စဥ္းစားေဆာင္ရြက္သြားမယ္လို႔ စစ္ေကာင္စီက ဖဲြ႕စည္းထားတဲ့ ေရြးေကာက္ပဲြေကာ္မရွင္ ဥကၠဌက ေသာၾကာေန႔မွာ ေျပာဆို လိုက္ၿပီးေနာက္ အခုလို တုန္႔ျပန္ ေျပာဆိုသံေတြ ထြက္ေပၚလာတာပါ။ ဒီအေၾကာင္း ကိုဉာဏ္ဝင္းေအာင္က ေမးျမန္း တင္ျပထားပါတယ္။

၂၀၂၀ ေရြးေကာက္ပဲြမွာ မဲ မသမာမႈေတြ ရွိခဲ့တဲ့အတြက္ဆိုၿပီးအမ်ဳိးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီကို ဖ်က္သိမ္းမလား၊ မဲမသမာမႈ က်ဳးလြန္ခဲ့တဲ့ ပါတီ တာဝန္ရွိပုဂၢိဳလ္ေတြကို ႏိုင္ငံေတာ္ သစၥာေဖာက္မႈနဲ႔ အေရးယူမလား ဆိုတာကို စဥ္းစားေဆာင္ရြက္သြားမွာ ျဖစ္တယ္လို႔ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ဖြဲ႔ထားတဲ့ ေရြးေကာက္ပြဲေကာ္မရွင္ရဲ႕ ဥကၠဌ ဦးသိန္းစိုးက ေျပာဆိုခဲ့တာပါ။

ေနျပည္ေတာ္မွာ ေသာၾကာေန႔က်င္းပတဲ့ ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္နဲ႔ ႏိုင္ငံေရးပါတီေတြ ေတြ႔ဆုံတဲ့ အစည္းအေ၀းအတြင္း ေကာ္မရွင္ဥကၠ႒ ဦးသိန္းစိုးက အဲဒီလို ေျပာသြားတာပါ။

ဒီလိုသာ စစ္ေကာင္စီရဲ႕ေရြးေကာက္ပဲြေကာ္မရွင္က NLD ပါတီကို ဖ်က္သိမ္းတာမ်ဳိး လုပ္လာမယ္ဆိုရင္ ႏိုင္ငံတကာရဲ႕ ျပင္းထန္တဲ့ တုန္႔ျပန္မႈေတြ ေတြ႕လာရလိမ့္မယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း ၂၀၂၀ ေရြးေကာက္ပဲြအႏိုင္ရ ၊ လတ္တေလာ တိမ္းေရွာင္ေနရတဲ့ ပဲခူးတိုင္းေဒသႀကီးလႊတ္ေတာ္အမတ္ တဦးက ခုလို မွတ္ခ်က္ေပးပါတယ္။

" ႏိ္ုင္ငံတကာ အေနနဲ႔ကပါ အသံေတြက ပိုထြက္လာမယ္။ ဘာျဖစ္လို႔လည္း ဆိုေတာ့ ဂ်ပန္လို ႏိုင္ငံမ်ဳိးကလည္း ဆုေပးဒဏ္ေပး ပုံစံမ်ဳိးကေနတဆင့္ ဂ်ပန္ကလုပ္ေနတဲ့ စီးပြားေရးအကူအညီဘာညာ ရပ္ဆိုင္းတာမ်ဳိးလုပ္ဖို႔ အခုေတြ႕ေနရၿပီေလ။ ဟိုတုန္းက ဘာမွ မေျပာခဲ့တဲ့ ကိုရီးယားဆိုလည္းအခု ေတာ္ေတာ္ျပင္းျပင္းထန္ထန္ လုပ္လာခဲ့ၿပီ။ အဲဒီေတာ့ အဲလိုႏိုင္ငံမ်ဳိးေတြကအစ ဒီလိုပါလာတယ္ဆိုေတာ့ က်ေနာ္တို႔ ျမန္မာႏိုင္ငံ ဒီမိုကေရစီေရးအတြက္ကေတာ အေတာ္ဝမ္းသာစရာပဲ။ အဲဒီေတာ့ NLD ကို ဖ်က္သိမ္းလိုက္မယ္ဆိုရင္ ဒီႏိုင္ငံေတြက ဒီအေျခအေနထက္ ပိုၿပီးျပင္းထန္တဲ့ ထိေရာက္တဲ့ တုန္႔ျပန္မႈေတြ လာလိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္ဗ်။ "

စစ္ေကာင္စီက အာဏာသုံးၿပီး ဘယ္လို ဖိႏွိပ္မႈမ်ဳိးကို လုပ္လာသည္ျဖစ္ပါေစ NLD ပါတီကေတာ့ ဆက္လက္ရွင္သန္ေနဦးမွာ ျဖစ္တယ္လို႔ စစ္ကိုင္းတိုင္းထဲက လုံျခဳံေရးအရ အမည္မေဖၚလိုတဲ့ NLD ပါတီ ျမဳိ႕နယ္ဥကၠဌ အမ်ဳိးသမီးတဦးက ေျပာပါတယ္။

“အာဏာသိမ္းၿပီးကတည္းက ဖ်က္ဖို႔ ဦးတည္ေနတယ္လို႔လည္း က်မတို႔က ႀကိဳတင္ၿပီးေတာ့ ေတြးထားပါတယ္။ ဒါေပမဲ့ သူတို႔ျဖစ္ခ်င္တိုင္း အာဏာနဲ႔ သူတို႔ ဖိႏွိပ္ထားသည္ျဖစ္ေစ၊ NLD ပ်က္မသြားဘူးလို႔ က်မယံုၾကည္ထားတယ္။ လႈပ္ရွားမႈလည္း ေသ မသြားပါဘူးရွင့္။ က်မတို႔ ဆက္ၿပီးေတာ့ လႈပ္ရွားေနမွာပဲ ၊ အဓိကေတာ့ က်မတို႔က NLDဆိုတဲ့ နာမည္နဲ႔ ေနရာယူဖို႔ အလုပ္လုပ္ေနတာမဟုတ္ဘူး။ ျပည္သူအတြက္ လိုအပ္တဲ့ အလုပ္ကိုပဲ လုပ္ၾကမွာပဲ။ အဲဒီေတာ့ NLD က ေသမသြားဘူး ဆက္ၿပီးေတာ့ ရွင္သန္ေနမယ္ဆိုတာ က်မေျပာခ်င္တာ။”

၁၉၉၀ ေရြးေကာက္ပဲြအလြန္ကာလ အရင္ စစ္အစိုးရလက္ထက္တုန္းကလည္း NLD ပါတီ ေခါင္းေဆာင္ေတြကို ဖိႏွိပ္ၿပီး ဖ်က္သိ္မ္းဖို႔အထိ ၾကဳိစားခဲ့ေပမယ့္ ေအာင္ျမင္မႈ မရခဲ့သလိုပဲ ၊ ခုလည္း NLD ပါတီက လူထုၾကား ဆက္ၿပီးလႈပ္ရွားေနဦးမွာ ျဖစ္တယ္လို႔ ပဲခူးတိုင္းေဒသႀကီး လႊတ္ေတာ္အမတ္က ေျပာပါတယ္။

“ဒီသတင္းကေတာ့ ျဖစ္လာလိမ့္မယ္ဆိုတာ ႀကိဳၿပီးေတာ့ တြက္ထားတယ္။ ဟိုတုန္းက ၈၈ တုန္းကပံုစံမ်ိဳးေပါ့ေနာ္ ပါတီရဲ႕ အဓိက EC ၊ CEC ၿပီးရင္ ပါတီအဖြဲ႔၀င္ေတြကို ဖမ္းမယ္ ေထာင္ခ်မယ္ဆိုတာကိုေတာ့ ေမွ်ာ္လင့္ၿပီးသားပါ။ ဒီေျခေတြလက္ေတြ ပ်က္သြားမလားဆိုတာေတာ့ - ပါတီအေနနဲ႔ ပ်က္သြားမယ္လို႔ က်ေနာ္အေနနဲ႔ မထင္ပါဘူး ။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တုိ႔ Cell ေတြ အကုန္လုံးက ေအာက္ေျခအထိ ရွိၿပီးသားပါ။”

၂၀၂၀ ေရြးေကာက္ပဲြမွာ NLD ပါတီက မဲမသမာမႈလုပ္ခဲ့တယ္လို႔ စစ္ေကာင္စီက စြပ္စဲြထားေပမယ့္ ၿပီးခဲ့တဲ့ ႏိုဝင္ဘာ ေရြးေကာက္ပဲြဟာ ျပည္သူ႔ဆႏၵကို ထင္ဟတ္တဲ့ ေရြးေကာက္ပြဲျဖစ္ၿပီး ၊ မဲမသမာမႈဆိုတဲ့ စြပ္စြဲခ်က္နဲ႔ စစ္တပ္က အာဏာသိမ္းဖို႔ လုပ္တာဟာ က်ဳိးေၾကာင္းခိုင္လုံမႈ မရွိေၾကာင္း ANFREL ေခၚအာရွ လြတ္လပ္တဲ့ေရြးေကာက္ပြဲေစာင့္ၾကည့္ေရး ကြန္ယက္အဖြဲ႔က ဒီသီတင္းပတ္ထဲ အစီရင္ခံစာ ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

NLD ပါတီဖျက်သိမ်းခံရရင် ကြုံရနိုင်တဲ့ အကျိုးဆက်

(Unicode)

NLD ပါတီကို အကြောင်းပြချက်တခုခုနဲ့ ဖျက်သိမ်းလိုက်မယ်ဆိုရင် နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ တုန့်ပြန်မှုတွေကို ရင်ဆိုင် လာရလိမ့်မယ်လို့ တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ NLD ပါတီ တာဝန်ရှိသူတချို့က ပြောဆိုလိုက်ပါတယ်။ NLD ပါတီကို ဖျက်သိမ်းဖို့ သင့်မသင့် စဉ်းစားဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက သောကြာနေ့မှာ ပြောဆို လိုက်ပြီးနောက် အခုလို တုန့်ပြန် ပြောဆိုသံတွေ ထွက်ပေါ်လာတာပါ။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က မေးမြန်း တင်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲ မသမာမှုတွေ ရှိခဲ့တဲ့အတွက်ဆိုပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဖျက်သိမ်းမလား၊ မဲမသမာမှု ကျုးလွန်ခဲ့တဲ့ ပါတီ တာဝန်ရှိပုဂ္ဂိုလ်တွေကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ အရေးယူမလား ဆိုတာကို စဉ်းစားဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ စစ်အုပ်ချုပ်ရေးကောင်စီက ဖွဲ့ထားတဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥက္ကဌ ဦးသိန်းစိုးက ပြောဆိုခဲ့တာပါ။

နေပြည်တော်မှာ သောကြာနေ့ကျင်းပတဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံတဲ့ အစည်းအဝေးအတွင်း ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက အဲဒီလို ပြောသွားတာပါ။

ဒီလိုသာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်က NLD ပါတီကို ဖျက်သိမ်းတာမျိုး လုပ်လာမယ်ဆိုရင် နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ တုန့်ပြန်မှုတွေ တွေ့လာရလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ၊ လတ်တလော တိမ်းရှောင်နေရတဲ့ ပဲခူးတိုင်းဒေသကြီးလွှတ်တော်အမတ် တဦးက ခုလို မှတ်ချက်ပေးပါတယ်။

" နိုင်ငံတကာ အနေနဲ့ကပါ အသံတွေက ပိုထွက်လာမယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ဂျပန်လို နိုင်ငံမျိုးကလည်း ဆုပေးဒဏ်ပေး ပုံစံမျိုးကနေတဆင့် ဂျပန်ကလုပ်နေတဲ့ စီးပွားရေးအကူအညီဘာညာ ရပ်ဆိုင်းတာမျိုးလုပ်ဖို့ အခုတွေ့နေရပြီလေ။ ဟိုတုန်းက ဘာမှ မပြောခဲ့တဲ့ ကိုရီးယားဆိုလည်းအခု တော်တော်ပြင်းပြင်းထန်ထန် လုပ်လာခဲ့ပြီ။ အဲဒီတော့ အဲလိုနိုင်ငံမျိုးတွေကအစ ဒီလိုပါလာတယ်ဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက်ကတော အတော်ဝမ်းသာစရာပဲ။ အဲဒီတော့ NLD ကို ဖျက်သိမ်းလိုက်မယ်ဆိုရင် ဒီနိုင်ငံတွေက ဒီအခြေအနေထက် ပိုပြီးပြင်းထန်တဲ့ ထိရောက်တဲ့ တုန့်ပြန်မှုတွေ လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ဗျ။ "

စစ်ကောင်စီက အာဏာသုံးပြီး ဘယ်လို ဖိနှိပ်မှုမျိုးကို လုပ်လာသည်ဖြစ်ပါစေ NLD ပါတီကတော့ ဆက်လက်ရှင်သန်နေဦးမှာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းထဲက လုံခြုံရေးအရ အမည်မဖေါ်လိုတဲ့ NLD ပါတီ မြို့နယ်ဥက္ကဌ အမျိုးသမီးတဦးက ပြောပါတယ်။

“အာဏာသိမ်းပြီးကတည်းက ဖျက်ဖို့ ဦးတည်နေတယ်လို့လည်း ကျမတို့က ကြိုတင်ပြီးတော့ တွေးထားပါတယ်။ ဒါပေမဲ့ သူတို့ဖြစ်ချင်တိုင်း အာဏာနဲ့ သူတို့ ဖိနှိပ်ထားသည်ဖြစ်စေ၊ NLD ပျက်မသွားဘူးလို့ ကျမယုံကြည်ထားတယ်။ လှုပ်ရှားမှုလည်း သေ မသွားပါဘူးရှင့်။ ကျမတို့ ဆက်ပြီးတော့ လှုပ်ရှားနေမှာပဲ ၊ အဓိကတော့ ကျမတို့က NLDဆိုတဲ့ နာမည်နဲ့ နေရာယူဖို့ အလုပ်လုပ်နေတာမဟုတ်ဘူး။ ပြည်သူအတွက် လိုအပ်တဲ့ အလုပ်ကိုပဲ လုပ်ကြမှာပဲ။ အဲဒီတော့ NLD က သေမသွားဘူး ဆက်ပြီးတော့ ရှင်သန်နေမယ်ဆိုတာ ကျမပြောချင်တာ။”

၁၉၉၀ ရွေးကောက်ပွဲအလွန်ကာလ အရင် စစ်အစိုးရလက်ထက်တုန်းကလည်း NLD ပါတီ ခေါင်းဆောင်တွေကို ဖိနှိပ်ပြီး ဖျက်သိမ်းဖို့အထိ ကြိုစားခဲ့ပေမယ့် အောင်မြင်မှု မရခဲ့သလိုပဲ ၊ ခုလည်း NLD ပါတီက လူထုကြား ဆက်ပြီးလှုပ်ရှားနေဦးမှာ ဖြစ်တယ်လို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်အမတ်က ပြောပါတယ်။

“ဒီသတင်းကတော့ ဖြစ်လာလိမ့်မယ်ဆိုတာ ကြိုပြီးတော့ တွက်ထားတယ်။ ဟိုတုန်းက ၈၈ တုန်းကပုံစံမျိုးပေါ့နော် ပါတီရဲ့ အဓိက EC ၊ CEC ပြီးရင် ပါတီအဖွဲ့ဝင်တွေကို ဖမ်းမယ် ထောင်ချမယ်ဆိုတာကိုတော့ မျှော်လင့်ပြီးသားပါ။ ဒီခြေတွေလက်တွေ ပျက်သွားမလားဆိုတာတော့ - ပါတီအနေနဲ့ ပျက်သွားမယ်လို့ ကျနော်အနေနဲ့ မထင်ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ Cell တွေ အကုန်လုံးက အောက်ခြေအထိ ရှိပြီးသားပါ။”

၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီက မဲမသမာမှုလုပ်ခဲ့တယ်လို့ စစ်ကောင်စီက စွပ်စွဲထားပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို ထင်ဟတ်တဲ့ ရွေးကောက်ပွဲဖြစ်ပြီး ၊ မဲမသမာမှုဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်တပ်က အာဏာသိမ်းဖို့ လုပ်တာဟာ ကျိုးကြောင်းခိုင်လုံမှု မရှိကြောင်း ANFREL ခေါ်အာရှ လွတ်လပ်တဲ့ရွေးကောက်ပွဲစောင့်ကြည့်ရေး ကွန်ယက်အဖွဲ့က ဒီသီတင်းပတ်ထဲ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG