သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အခ်ိဳးက် ကိုယ္စားျပဳစနစ္ ႏိုင္ငံေရးပါတီတခ်ိဳ႕ သေဘာတူ


စစ္ေကာင္စီ ဖြဲ႔စည္းထားတဲ့ ေရြးေကာက္ပြဲ ေကာ္မရွင္ နဲ႔ ႏိုင္ငံေရးပါတီ ကိုယ္စားလွယ္မ်ားေတြ႔ဆုံ

{{Zawgyi/Unicode}}

လာမယ့္ေ႐ြးေကာက္ပြဲကစၿပီး အခ်ိဳးက် ကိုယ္စားျပဳစနစ္ကို က်င့္သုံးနိုင္ေရး ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မ႐ွင္ရဲ႕ တင္ျပခ်က္ကို ေကာ္မ႐ွင္နဲ႔ ႏိုင္ငံေရးပါတီတခ်ဳိ႕ ဒီေန႔ေတ႔ြဆံုစဥ္ သေဘာတူခဲ့ၾကပါတယ္။ ၂၀၂၀ ေ႐ြးေကာက္ပြဲ အနိုင္ရပါတီ NLD က မဲမသမာမႈေတြ လုပ္ခဲ့တဲ့အတြက္ ပါတီကို ဖ်က္သိမ္းဖို႔ စဥ္းစားေဆာင္႐ြက္ေနတယ္လို႔ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ဖြဲ႔စည္းထားတဲ့ ေ႐ြးေကာက္ပြဲ ေကာ္မ႐ွင္ဥကၠ႒က ေျပာၾကားခဲ့ပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးက တင္ျပပါမယ္။

အခ်ဳိးက်ကိုယ္စားျပဳ PR စနစ္က်င့္သံုးေရးနဲ႔ ေ႐ြးေကာက္ပြဲ ဥပေဒတခ်ဳိ႕ ျပင္ဆင္ေရး စတဲ့ကိစၥေတြကို ႏိုင္ငံေရးပါတီတခ်ဳိ႕နဲ႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မ႐ွင္တုိ႔ ဒီေန႔ ေမလ ၂၁ ရက္၊ ေနျပည္ေတာ္မွာ ေတ႔ြဆံုေဆြးေႏြးခဲ့ၾကပါတယ္။

ဒီေဆြးေႏြးပြဲကို တက္ေရာက္တဲ့ ႏိုင္ငံေရးပါတီေတြက အခ်ဳိးက် ကိုယ္စားျပဳစနစ္ က်င့္သံုးဖို႔ ေကာ္မရွင္ဖက္က တင္ျပတာကို လက္ခံၿပီး ဘယ္လိုပံုစံနဲ႔လုပ္သြားမယ္ဆိုတာ ဆက္ေဆြးေႏြးဖုိ႔ သေဘာတူခဲ့ၾကတယ္လို႔ ျပည္သူ႕ပါတီ တြဲဖက္အေထြေထြအတြင္းေရးမႈး ၂ ဦးေက်ာ္ေက်ာ္စိုးက ဗီအိုေအကိုခုလိုေျပာပါတယ္။

"PR စနစ္ကိုအမ်ားစုကလက္ခံတယ္။ အဲတိုင္းသြားဖို႔ အမ်ားစုအားလုံးနီးနီး လက္ခံပါတယ္။ လက္ခံၿပီးဘယ္လိုပုံစံသြားမလဲ တေယာက္နဲ႔တေယာက္ တပါတီနဲ႔တပါတီမတူၾကဘူး။ သေဘာတူညီခ်က္ရတာကေတာ့ အဲ PR စနစ္ကိုသြားမယ္ သြားဖို႔ကိုဘယ္လိုပုံစံနဲ႔သြားမလဲဆိုတာကိုေပါ့။ ဖိုရမ္လုပ္မယ္ ႏိုင္ငံေရးပါတီေတြရယ္ UEC ရယ္ အရပ္ဘက္အဖြဲ႕ေတြရယ္ပါၿပီး ဖိုရမ္လုပ္ၿပီး ပုံစံခ်မယ္ဆိုတာကိုသေဘာတူခဲ့တယ္။ က်ေနာ္ေဆြးေႏြးတာကေတာ့ UEC အေၾကာင္းပါ။ ၂၀၀၈ အရ UEC သည္ အႏိုင္ရပါတီကဘဲဖြဲ႕တယ္။ ခုတပ္က အာဏာယူထားတဲ့တပ္ကဘဲ UECကိုဖြဲ႕တယ္ UEC အေနနဲ႔ အစိုးရနဲ႔တထပ္ထဲက်ေနတာ မျဖစ္သင့္တာေဆြးေႏြးခဲ့တယ္"

ေဆြးေႏြးပြဲတက္ေရာက္ခဲ့တဲ့ မြန္အမ်ိဳးသမီးပါတီ ဥကၠဌ မိသိန္းရွင္ကေတာ့ အခ်ိဳးက်ကိုယ္စားျပဳ စနစ္က်င့္သံုးနိုင္ဖို႔ လုပ္ေဆာင္မႈနဲ႕ပတ္သတ္လို႔ သူ႕အျမင္ကိုခုလိုေျပာပါတယ္။

" ေနာင္လာမယ့္ေ႐ြးေကာက္ပြဲ ဘယ္လိုမဲၿပိဳင္ၾကမလဲ ဘယ္စနစ္နဲ႔သြားမလဲ အဲေပၚမွာေဆြးေႏြးၾကတာပါ။ PR စနစ္ကေကာင္းတာေျပာတာရွိတယ္။ မသင့္ေတာ္ေသးဘူးလို႔ေျပာတာရွိတယ္အဲေပၚအေျဖတခုမထြက္ေသးဘူး။အေျခအတင္ေဆြးေႏြးေနတုန္းပါဘဲ။ ပါတီေတြလႈပ္ရွားမႉပိုင္းက သူတို႔အားေပးတဲ့အပိုငိးရွိတယ္။ပုံမပ်က္ဘဲ လႈပ္ရွားေနတာအားေပးတယ္။ အဲလိုဘယ္လိုလုပ္ရွားမလဲ ဘယ္လိုလုပ္မလဲသိပ္ မေဆြးေႏြးဘူး။ က်မအျမင္ကေတာ့ ဘယ္လိုျဖစ္ျဖစ္လူစုံတယ္။အျမင္ေတြေဆြးေႏြးၾကတယ္။ ဒီႏိုင္ငံေအးခ်မ္းဖို႔အတြက္ အေထာက္အကူျဖစ္မယ္လို႔ က်မယုံၾကည္တယ္"

လက္႐ွိျမန္မာႏိုင္ငံမွာ မဲမ်ားသူ အႏိုင္ရစနစ္ကို က်င့္သံုးေနတာျဖစ္ပါတယ္။ NLD အစိုးရလက္ထက္တုန္းကေတာ့ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီ အေျခမခုိင္ေသးတဲ့အတြက္ PR စနစ္က်င့္သံုးဖုိ႔ အဆင္မေျပႏုိင္ေသးဘူးလို႔ NLD တာဝန္႐ွိသူတေယာက္က ေျပာၾကားခဲ့ပါတယ္။

ဒီေန႔ ေ႐ြးေကာက္ပြဲ ေကာ္မ႐ွင္နဲ႔ ႏိုင္ငံေရးပါတီေတြ ေတြ႔ဆံုပဲြအတြင္း နိုင္ငံေရးပါတီေတြရဲ႕ လုံၿခဳံေရး၊ ပါတီ၀င္ေတြရဲ႕လုံၿခဳံမႈပိုင္းနဲ႕ပတ္သတ္လို႔ တခ်ိဳ႕ ႏိုင္ငံပါတီေတြဘက္က တင္ျပလာတာေတြရွိၿပီး လုံၿခဳံေရးအတြက္ သက္ဆိုင္ရာ စစ္တိုင္းမႉးေတြနဲ႕ေတြ႕ဆုံေဆြးေႏြးနိုင္ဖို႔ တင္ျပေတာင္းဆိုတာေတြလည္း ရွိခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၀ အေထြေထြေ႐ြး ေကာက္ပြဲမွာ အႏုိင္ရခဲ့တဲ့ အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ NLD ပါတီဟာ မဲမသမာမႈေတြ လုပ္ခဲ့တယ္။ မဲမသမာမႈေတြျဖစ္ေအာင္ ႀကိဳတင္ႀကံစည္ေဆာင္႐ြက္ခဲ့တဲ့အတြက္ဆုိၿပီး NLD ပါတီကို ဖ်က္သိမ္းဖို႔နဲ႕ ေဆာင္႐ြက္ခဲ့တဲ့ပုဂၢိဳလ္ေတြကို နိုင္ငံေတာ္သစၥာေဖာက္အျဖစ္ စစ္ေဆးစဥ္းစားေဆာင္႐ြက္သြားမယ္လို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ ဦးသိန္းစိုးက ဒီေန႔ ေတြ႔ဆံုပြဲ အဖြင့္မိန္႔ခြန္းမွာ ေျပာၾကားခဲ့ပါတယ္။

ဖ်က္သိမ္းမယ္လို႔ ေျပာေပမဲ့ အေရးယူေဆာင္႐ြက္မယ့္ ကိစၥအေပၚရွင္းရွင္း လင္းလင္းေျပာဆိုတာမရွိလို႔ အေသးစိတ္မသိရေသးဘူးလို႔ ျပည္သူ႕ပါတီက တြဲဖက္အေထြေထြအတြင္းေရးမႈး ၂ ဦးေက်ာ္ေက်ာ္စိုးကေတာ့ ခုလိုေျပာပါတယ္။

"NLD ပါတီနဲ႔ ပတ္သတ္လို႔ ဥကၠဌ မိန္႔ခြန္းထဲမွာကေတာ့ မဲမသမာမႈေတြေတြ႕ရတယ္ ေနာက္ထပ္ ၈ ၿမိဳ႕နယ္က်န္တယ္။ ေဖာ္ဖို႔အဲဒါဆိုၿပီးၿပီ အဲဒါေတြၿပီးရင္မဲလိမ္မဲခိုးတယ္ဆိုၿပီး အေၾကာင္းျပခ်က္နဲ႔ NLD ပါတီကို ဖ်က္သိမ္းဖို႔ ရွိတယ္လို႔ေျပာပါတယ္။ ဒါ NLD ပါတီေပါ့။ ေနာက္တခ်ိဳ႕ပါတီေတြက ေကာ္မရွင္ဖိတ္တာမလာတဲ့ပါတီဖ်က္သိမ္းဖို႔ တင္ျပတာေတြရွိတယ္။ အဲဒါနဲ႔ပတ္သတ္လို႔ ေကာ္မရွင္ကပါတီေတြမွာ အေၾကာင္းမ်ိဳးမ်ိဳးေၾကာင့္မတက္ႏိုင္တာရွိမယ္။ သူတို႔နည္းနည္းသည္းခံေစာင့္မယ္ ။ သို႔ေသာ္ လုပ္သင့္တဲ့အခ်ိန္ လုပ္သင့္တာလုပ္မယ္လို႔ေျပာပါတယ္"

ဒီေန႔ ေ႐ြးေကာက္ပြဲေကာ္မ႐ွင္ ဖိတ္တဲ့ပြဲကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD၊ ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD၊ ခ်င္းအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ CNLD တို႔အပါအ၀င္ လက္႐ွိတရားဝင္ပါတီေတြရဲ႕ ထက္၀က္နီးပါးေလာက္ မတက္ခဲ့ၾကပါဘူး။

နိုင္ငံေရးပါတီ ၉၁ ပါတီကို ဖိတ္ၾကားခဲ့တဲ့အနက္ ပါတီ ၅၉ ပါတီ တက္ေရာက္ခဲ့တာပါ။
၂၀၂၀ ေ႐ြးေကာက္ပြဲ က်င္းပခဲ့တဲ့ ၿမိဳ႕နယ္ ၃၁၅ ၿမိဳ႕နယ္မွာ ၿမိဳ႕နယ္ ၈ ၿမိဳ႕နယ္သာစစ္ေဆးဖို႔က်န္ေတာ့တာမို႔NLD ပါတီနဲ႕ တာဝန္ရွိသူေတြကို အေရးယူေဆာင္႐ြက္မႈေတြ မၾကာခင္ စတင္ႏိုင္တယ္လို႔ ဒီေန႔ေဆြးေႏြးပြဲတက္ခဲ့တဲ့ ႏိုင္ငံေရးပါတီေတြက ခန္႔မွန္းေနပါတယ္။

NLD ပါတီရဲ႕ ထိပ္ပိုင္းေခါင္းေဆာင္ေတြနဲ႕ ပါတီဝင္အမ်ားစုကို စစ္အာဏာသိမ္းခ်ိန္ကစလို႔ ဖမ္းဆီး ထိန္းသိမ္းထားသလို တခ်ဳိ႕ကိုလည္း ပုဒ္မမ်ိဳးစုံနဲ႔ အမႈဖြင့္ထားတဲ့အတြက္ ထြက္ေျပးတိမ္းေ႐ွာင္ေနၾကရပါတယ္။

.......................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

လာမယ့်ရွေးကောက်ပွဲကစပြီး အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တင်ပြချက်ကို ကော်မရှင်နဲ့ နိုင်ငံရေးပါတီတချို့ ဒီနေ့တေ့ွဆုံစဉ် သဘောတူခဲ့ကြပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပါတီ NLD က မဲမသမာမှုတွေ လုပ်ခဲ့တဲ့အတွက် ပါတီကို ဖျက်သိမ်းဖို့ စဉ်းစားဆောင်ရွက်နေတယ်လို့ စစ်အုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပါမယ်။

အချိုးကျကိုယ်စားပြု PR စနစ်ကျင့်သုံးရေးနဲ့ ရွေးကောက်ပွဲ ဥပဒေတချို့ ပြင်ဆင်ရေး စတဲ့ကိစ္စတွေကို နိုင်ငံရေးပါတီတချို့နဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ ဒီနေ့ မေလ ၂၁ ရက်၊ နေပြည်တော်မှာ တေ့ွဆုံဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲကို တက်ရောက်တဲ့ နိုင်ငံရေးပါတီတွေက အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးဖို့ ကော်မရှင်ဖက်က တင်ပြတာကို လက်ခံပြီး ဘယ်လိုပုံစံနဲ့လုပ်သွားမယ်ဆိုတာ ဆက်ဆွေးနွေးဖို့ သဘောတူခဲ့ကြတယ်လို့ ပြည်သူ့ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှုး ၂ ဦးကျော်ကျော်စိုးက ဗီအိုအေကိုခုလိုပြောပါတယ်။

"PR စနစ်ကိုအများစုကလက်ခံတယ်။ အဲတိုင်းသွားဖို့ အများစုအားလုံးနီးနီး လက်ခံပါတယ်။ လက်ခံပြီးဘယ်လိုပုံစံသွားမလဲ တယောက်နဲ့တယောက် တပါတီနဲ့တပါတီမတူကြဘူး။ သဘောတူညီချက်ရတာကတော့ အဲ PR စနစ်ကိုသွားမယ် သွားဖို့ကိုဘယ်လိုပုံစံနဲ့သွားမလဲဆိုတာကိုပေါ့။ ဖိုရမ်လုပ်မယ် နိုင်ငံရေးပါတီတွေရယ် UEC ရယ် အရပ်ဘက်အဖွဲ့တွေရယ်ပါပြီး ဖိုရမ်လုပ်ပြီး ပုံစံချမယ်ဆိုတာကိုသဘောတူခဲ့တယ်။ ကျနော်ဆွေးနွေးတာကတော့ UEC အကြောင်းပါ။ ၂၀၀၈ အရ UEC သည် အနိုင်ရပါတီကဘဲဖွဲ့တယ်။ ခုတပ်က အာဏာယူထားတဲ့တပ်ကဘဲ UECကိုဖွဲ့တယ် UEC အနေနဲ့ အစိုးရနဲ့တထပ်ထဲကျနေတာ မဖြစ်သင့်တာဆွေးနွေးခဲ့တယ်"

ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ မွန်အမျိုးသမီးပါတီ ဥက္ကဌ မိသိန်းရှင်ကတော့ အချိုးကျကိုယ်စားပြု စနစ်ကျင့်သုံးနိုင်ဖို့ လုပ်ဆောင်မှုနဲ့ပတ်သတ်လို့ သူ့အမြင်ကိုခုလိုပြောပါတယ်။

" နောင်လာမယ့်ရွေးကောက်ပွဲ ဘယ်လိုမဲပြိုင်ကြမလဲ ဘယ်စနစ်နဲ့သွားမလဲ အဲပေါ်မှာဆွေးနွေးကြတာပါ။ PR စနစ်ကကောင်းတာပြောတာရှိတယ်။ မသင့်တော်သေးဘူးလို့ပြောတာရှိတယ်အဲပေါ်အဖြေတခုမထွက်သေးဘူး။အခြေအတင်ဆွေးနွေးနေတုန်းပါဘဲ။ ပါတီတွေလှုပ်ရှားမှူပိုင်းက သူတို့အားပေးတဲ့အပိုငိးရှိတယ်။ပုံမပျက်ဘဲ လှုပ်ရှားနေတာအားပေးတယ်။ အဲလိုဘယ်လိုလုပ်ရှားမလဲ ဘယ်လိုလုပ်မလဲသိပ် မဆွေးနွေးဘူး။ ကျမအမြင်ကတော့ ဘယ်လိုဖြစ်ဖြစ်လူစုံတယ်။အမြင်တွေဆွေးနွေးကြတယ်။ ဒီနိုင်ငံအေးချမ်းဖို့အတွက် အထောက်အကူဖြစ်မယ်လို့ ကျမယုံကြည်တယ်"

လက်ရှိမြန်မာနိုင်ငံမှာ မဲများသူ အနိုင်ရစနစ်ကို ကျင့်သုံးနေတာဖြစ်ပါတယ်။ NLD အစိုးရလက်ထက်တုန်းကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အခြေမခိုင်သေးတဲ့အတွက် PR စနစ်ကျင့်သုံးဖို့ အဆင်မပြေနိုင်သေးဘူးလို့ NLD တာဝန်ရှိသူတယောက်က ပြောကြားခဲ့ပါတယ်။

ဒီနေ့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံပွဲအတွင်း နိုင်ငံရေးပါတီတွေရဲ့ လုံခြုံရေး၊ ပါတီဝင်တွေရဲ့လုံခြုံမှုပိုင်းနဲ့ပတ်သတ်လို့ တချို့ နိုင်ငံပါတီတွေဘက်က တင်ပြလာတာတွေရှိပြီး လုံခြုံရေးအတွက် သက်ဆိုင်ရာ စစ်တိုင်းမှူးတွေနဲ့တွေ့ဆုံဆွေးနွေးနိုင်ဖို့ တင်ပြတောင်းဆိုတာတွေလည်း ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေး ကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ မဲမသမာမှုတွေ လုပ်ခဲ့တယ်။ မဲမသမာမှုတွေဖြစ်အောင် ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့တဲ့အတွက်ဆိုပြီး NLD ပါတီကို ဖျက်သိမ်းဖို့နဲ့ ဆောင်ရွက်ခဲ့တဲ့ပုဂ္ဂိုလ်တွေကို နိုင်ငံတော်သစ္စာဖောက်အဖြစ် စစ်ဆေးစဉ်းစားဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ဒီနေ့ တွေ့ဆုံပွဲ အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

ဖျက်သိမ်းမယ်လို့ ပြောပေမဲ့ အရေးယူဆောင်ရွက်မယ့် ကိစ္စအပေါ်ရှင်းရှင်း လင်းလင်းပြောဆိုတာမရှိလို့ အသေးစိတ်မသိရသေးဘူးလို့ ပြည်သူ့ပါတီက တွဲဖက်အထွေထွေအတွင်းရေးမှုး ၂ ဦးကျော်ကျော်စိုးကတော့ ခုလိုပြောပါတယ်။

"NLD ပါတီနဲ့ ပတ်သတ်လို့ ဥက္ကဌ မိန့်ခွန်းထဲမှာကတော့ မဲမသမာမှုတွေတွေ့ရတယ် နောက်ထပ် ၈ မြို့နယ်ကျန်တယ်။ ဖော်ဖို့အဲဒါဆိုပြီးပြီ အဲဒါတွေပြီးရင်မဲလိမ်မဲခိုးတယ်ဆိုပြီး အကြောင်းပြချက်နဲ့ NLD ပါတီကို ဖျက်သိမ်းဖို့ ရှိတယ်လို့ပြောပါတယ်။ ဒါ NLD ပါတီပေါ့။ နောက်တချို့ပါတီတွေက ကော်မရှင်ဖိတ်တာမလာတဲ့ပါတီဖျက်သိမ်းဖို့ တင်ပြတာတွေရှိတယ်။ အဲဒါနဲ့ပတ်သတ်လို့ ကော်မရှင်ကပါတီတွေမှာ အကြောင်းမျိုးမျိုးကြောင့်မတက်နိုင်တာရှိမယ်။ သူတို့နည်းနည်းသည်းခံစောင့်မယ် ။ သို့သော် လုပ်သင့်တဲ့အချိန် လုပ်သင့်တာလုပ်မယ်လို့ပြောပါတယ်"

ဒီနေ့ ရွေးကောက်ပွဲကော်မရှင် ဖိတ်တဲ့ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် CNLD တို့အပါအဝင် လက်ရှိတရားဝင်ပါတီတွေရဲ့ ထက်ဝက်နီးပါးလောက် မတက်ခဲ့ကြပါဘူး။

နိုင်ငံရေးပါတီ ၉၁ ပါတီကို ဖိတ်ကြားခဲ့တဲ့အနက် ပါတီ ၅၉ ပါတီ တက်ရောက်ခဲ့တာပါ။
၂၀၂၀ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ မြို့နယ် ၃၁၅ မြို့နယ်မှာ မြို့နယ် ၈ မြို့နယ်သာစစ်ဆေးဖို့ကျန်တော့တာမို့ NLD ပါတီနဲ့ တာဝန်ရှိသူတွေကို အရေးယူဆောင်ရွက်မှုတွေ မကြာခင် စတင်နိုင်တယ်လို့ ဒီနေ့ဆွေးနွေးပွဲတက်ခဲ့တဲ့ နိုင်ငံရေးပါတီတွေက ခန့်မှန်းနေပါတယ်။

NLD ပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ပါတီဝင်အများစုကို စစ်အာဏာသိမ်းချိန်ကစလို့ ဖမ်းဆီး ထိန်းသိမ်းထားသလို တချို့ကိုလည်း ပုဒ်မမျိုးစုံနဲ့ အမှုဖွင့်ထားတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG