သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဆက္သြယ္ေရးၾကားျဖတ္စနစ္ တပ္ဆင္မႈ အလားအလာႏွင္႔ ေ၀ဖန္မႈတခ်ိဳ႕


မွတ္တမ္းဓါတ္ပံု-၂၀၁၈ ၾသဂုတ္လတုန္းက ဖုန္းမွ အင္တာနက္သံုးေနသူမ်ား

(Zawgyi/Unicode)

နစက စစ္ေကာင္စီဟာ Spyware နည္းပညာအသုံးျပဳၿပီး ျပည္သူေတြရဲ႕ ပုဂၢိဳလ္ေရး အခ်က္အလက္ေတြကို စုံစမ္းေထာက္လွမ္းႏိုင္ဖုိ႔ ႀကိဳးစားတဲ့အေနနဲ႔ ဖုန္းနဲ႔အင္တာနက္ ဝန္ေဆာင္မႈေပးေနတဲ့ ကုမၸဏီမွာ ဒီစနစ္ကိုတပ္ဆင္ဖို႔ စစ္ေကာင္စီဘက္က ၫႊန္ၾကားထားပါတယ္။

ဒါေပမယ့္ ျမန္မာ့ဆက္သြယ္ေရး MPT ကေတာ့ အဲဒီလုိ လုပ္ေဆာင္ျခင္း မရွိေၾကာင္း ျငင္းဆိုထားပါတယ္။ လူ႔အခြင့္အေရး အဖြဲ႕ေတြကေတာ့ ပုဂၢိဳလ္ေရး ေစာင့္ၾကည့္ ခံရမႈအတြက္ ျပစ္တင္ ေဝဖန္ထားပါတယ္။ ရန္ကုန္က ေပးပို႔လာတဲ့ ဒီသတင္းအျပည့္အစုံကိုေတာ့ နန္လဖိုင္က ေျပာျပေပးမွာပါ။

ဆက္သြယ္ေရး ဝန္ေဆာင္မႈေပးေနတဲ့ ကုမၸဏီေတြမွာ နည္းပညာသုံး ေျခရာခံစနစ္ေတြသုံးၿပီး အသုံးျပဳသူေတြရဲ႕ တည္ေနရာကို ေထာက္လွမ္းဖို႔၊ ၾကားျဖတ္ နားေထာင္ဖို႔၊ အီးေမးေတြ ဝင္ၾကည့္ဖို႔အတြက္ စစ္ေကာင္စီက ႀကိဳးပမ္းေနေၾကာင္း ဒီစီမံကိန္းနဲ႔နီးစပ္တဲ့ အရာရွိတဦးကို ကိုးကားၿပီး ႐ိုက္တာသတင္းက ေရးသားထားတာပါ။ ဆက္သြယ္ေရး ေအာ္ပေရတာေတြမွာ Spyware ေတြတပ္ဆင္ဖို႔ စစ္ေကာင္စီက ၫႊန္ၾကားထားတယ္လို႔ ဆိုထားတာပါ။ ျမန္မာ့ဆက္သြယ္ေရး MPT ရဲ႕ အႀကီးတန္း အရာရွိတဦးကေတာ့ သူတို႔ဆီ ဒီၫႊန္ၾကားခ်က္ မေရာက္ေသးေၾကာင္း ျငင္းဆိုလိုက္ပါတယ္။

“ အဲလိုမ်ိဳးေတာ့ က်မ မၾကားမိဘူးရွင့္၊ ၫႊန္ၾကားခ်က္ေတြ ဘာေတြလည္း အခုအထိေတာ့ မရွိပါဘူး၊ update ျဖစ္တဲ့ဟာ ေတာ္ေတာ္မ်ားမ်ားကေတာ့ သိတယ္ေပါ့ေနာ္၊ ဒါေပမဲ့ အဲဒါနဲ႔ ပတ္သက္တဲ့ဟာကေတာ့ ေျပာသံမၾကားဘူးရွင့္။ က်မတခ်က္ confirm လုပ္ၾကည့္လိုက္မယ္၊ ဒါေတြက rumours လည္း ျဖစ္ခ်င္ ျဖစ္ႏိုင္တာပဲေလ။”

ဒီကိစၥနဲ႔ပတ္သက္လို႔ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာနကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမဲ့ မရခဲ့ပါဘူး။ စစ္ေကာင္စီက ဒီစနစ္ကို တပ္ဆင္ဖို႔အတြက္ MPT ၊ Mytel ၊ Ooredoo စတဲ့ ေအာ္ပေရတာ သုံးခုကို ၫႊန္ၾကားထားတယ္လို႔ ႐ိုက္တာသတင္းဌာနက ေရးသားထားတာပါ။

ဆက္သြယ္ေရးၾကားျဖတ္စနစ္ေတြလိုအပ္ရင္တရားဝင္အသံုးျပဳဘို႔ ေဆြးေႏြးေျပာဆိုမႈနဲ႔လုပ္ငန္းေတြကို ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ NLD အစိုးရလက္ထက္မွာစတင္ခဲ့တာျဖစ္ေၾကာင္း၊ ဆက္သြယ္ေရးဝန္ႀကီးဌာနဟာ အရပ္ဖက္ဝန္ႀကီးဌါနျဖစ္ေပမဲ့ အဆင္ျမင့္တာဝန္ရွိသူေတြဟာ စစ္တပ္အရာရွိေဟာင္းေတြျဖစ္တယ္လို႔လဲ႐ိုက္တာကေရးထားပါတယ္။

စစ္ေကာင္စီရဲ႕ အစီအစဥ္ဟာ တက္ႂကြလႈပ္ရွားသူေတြ၊ ဒီမိုကေရစီအေရး လႈပ္ရွားသူေတြကို အဓိက ပစ္မွတ္ထားလာႏိုင္ေၾကာင္း Fortify Rights က ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရး ကြၽမ္းက်င္သူ Nickey Diamond က ေျပာပါတယ္။ ဒါဟာ ႀကီးမားတဲ့ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈပဲလို႔ သူကေဝဖန္လိုက္ပါတယ္။

“ Spyware ေတြကို Telecom ေတြမွာ သုံးစြဲလာၿပီးေတာ့ေပါ့ တက္ႂကြလႈပ္ရွားသူေတြ၊ ဒီမိုကေရစီ လူ႔အခြင့္အေရး လႈပ္ရွားသူေတြကို ပိုၿပီး ပစ္မွတ္ထားၿပီး ေတာ့ေပါ့ေနာ္၊ က်ေနာ္တို႔ ဘယ္လိုဆက္သြယ္ေနလဲ၊ ဘယ္ေနရာေတြမွာ ရွိေနလဲဆိုတဲ့ ရွာေဖြတဲ့ေနရာမွာ သုံးဖို႔အတြက္ ဒါ အခြင့္အလမ္းေတြ အမ်ားႀကီး သူတို႔ရသြားတယ္လို႔ ျမင္တယ္ေပါ့။ တခုခု က်ေနာ္တို႔ တိုင္ပင္ဖို႔၊ ေဆြးေႏြးဖို႔ဆိုရင္ ျမန္မာျပည္မွာရွိတဲ့ ဖုန္းေတြ၊ Operator ေတြကို ယုံၾကည့္စိတ္ခ်လို႔ မရေတာ့ဘဲနဲ တျခားနည္ပညာေတြေပါ့ သုံးရတဲ့အေနအထား ျဖစ္သြားတာေပါ့။”

လုံၿခဳံေရးအရ ဖုန္းေတြ ၾကားျဖတ္နားေထာင္ဖို႔ လိုတယ္ဆိုတဲ့ကိစၥဟာ တခ်ိဳ႕ ဖြံ႕ၿဖိဳးၿပီး ႏိုင္ငံေတြမွာလည္း အျငင္းပြားစရာ ကိစၥတခုျဖစ္ေနပါတယ္။ ျမန္မာႏိုင္ငံလို ျပည္သူကို အျပည့္အဝအကာကြယ္ ေပးႏိုင္တဲ့ဥပေဒေတြ မရွိတဲ့ ႏိုင္ငံအတြက္ေတာ့ ဒါဟာ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈလို႔ အမ်ားစုက ျမင္ၾကတာပါ။

သုံးစြဲသူေတြက သူတို႔လုံၿခဳံေရးအတြက္ မိုဘိုင္းဖုန္းနဲ႔ အင္တာနက္ကို နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ အသုံးျပဳၾကတာပါ။ ဒါေပမဲ့ ပင္မဆက္သြယ္ေရး ေအာ္ပေရတာကို မျဖစ္မေန ျဖတ္သန္းရမယ့္ အခ်က္အလက္ေတြ ဆိုရင္ေတာ့ လုံၿခဳံမႈမရွိေၾကာင္း အိုင္တီႏွင့္ သတင္းအခ်က္အလက္ လုံၿခဳံေရးပညာရွင္ တဦးက ေျပာပါတယ္။

“ လုံၿခဳံေရးပိုင္းဆိုတာက ေျပာရသိပ္ခက္တယ္၊ ဘာအတြက္ သုံးေနလဲဆိုတဲ့ အေပၚမွာ မူတည္တာေပါ့။ တခုခုေပါ့ တဖက္က မၾကည္ျဖဴတဲ့ ဥစၥာမ်ိဳး၊ သူ႔ဖက္ကသူ သုံးခ်င္တယ္ဆိုတဲ့ personal အခ်က္အလက္ေတြလည္း ျဖစ္ႏိုင္တယ္။ security ရႈေထာင့္က ၾကည့္မယ္ဆိုရင္ trace လိုက္လို႔ရတယ္၊ leakage လုပ္လို႔ရတယ္ ဆိုတာမ်ိဳးက ျဖစ္ႏိုင္တယ္။ ဘယ္လို ကိုယ္ေရးကိုယ္တာပဲေျပာေျပာ ဘာအခ်က္အလက္ျဖစ္ျဖစ္ ပါသြားႏိုင္တာပဲ၊ ျမင္သြားႏိုင္တာပဲ။ အဲဒါမ်ိဳးကို ကာကြယ္ဖို႔ဆိုတဲ့ system ကလည္း application ေတြနဲ႔ တျခား security setting ေတြသုံးၿပီးေတာ့ ကာကြယ္တာကေတာ့ ျဖစ္ႏိုင္တယ္၊ ဒါေပမဲ့ ဒီလိုမ်ိဳး ေအာ္ပေရတာကို ျဖတ္ၿပီးေတာ့မွ သြားရတဲ့ ကိစၥမ်ိဳးေတြ ရွိတာကိုး။ Operator ကိုျဖတ္မွဆိုေတာ့ သိပ္ေတာ့မလြယ္ဘူး။”

အာဏာသိမ္း စစ္ေကာင္စီဟာ အင္တာနက္ လူမႈကြန္ရက္ေတြကို ထိန္းခ်ဳပ္ၿပီး ကန႔္သတ္ခ်ိဳးေဖာက္တဲ့သူေတြကို ဆိုက္ဘာလုံၿခဳံေရး ဥပေဒနဲ႔ ျပစ္ဒဏ္ေပးဖို႔ ႀကိဳးစားေနတာပါ။ လိုအပ္တဲ့ နည္းပညာ အကူအညီေတြကိုလည္း တ႐ုတ္ႏိုင္ငံကေန မွာယူတင္သြင္းထားပါတယ္။ ဒီစက္ေတြကို အင္တာနက္ ဆက္သြယ္ေရး ကုမၸဏီေတြနဲ႔ ဖုန္းေအာ္ပေရတာေတြဆီ ေပးပို႔တပ္ဆင္ခိုင္းထားတယ္လို႔ ျပည္တြင္းက အမည္မေဖာ္လိုတဲ့ ဆိုက္ဘာလုံၿခဳံေရးပညာရွင္တခ်ိဳ႕က ဗြီအိုေအကို ေျပာခဲ့ပါတယ္။

ဆက္သြယ္ေရး ေအာ္ပေရတာေတြကေတာ့ ဒီကိစၥကို မသိရွိေသးေၾကာင္းနဲ႔ စစ္ေကာင္စီဘက္က ၫႊန္ၾကားခ်က္ေတြ အခုထိ မေရာက္လာေသးေၾကာင္း ျငင္းဆိုေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

ဆက်သွယ်ရေးကြားဖြတ်စနစ် တပ်ဆင်မှု အလားအလာနှင့် ဝေဖန်မှုတချို့
(Unicode)

နစက စစ်ကောင်စီဟာ Spyware နည်းပညာအသုံးပြုပြီး ပြည်သူတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို စုံစမ်းထောက်လှမ်းနိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ ဖုန်းနဲ့အင်တာနက် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီမှာ ဒီစနစ်ကိုတပ်ဆင်ဖို့ စစ်ကောင်စီဘက်က ညွှန်ကြားထားပါတယ်။

ဒါပေမယ့် မြန်မာ့ဆက်သွယ်ရေး MPT ကတော့ အဲဒီလို လုပ်ဆောင်ခြင်း မရှိကြောင်း ငြင်းဆိုထားပါတယ်။ လူ့အခွင့်အရေး အဖွဲ့တွေကတော့ ပုဂ္ဂိုလ်ရေး စောင့်ကြည့် ခံရမှုအတွက် ပြစ်တင် ဝေဖန်ထားပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်းအပြည့်အစုံကိုတော့ နန်လဖိုင်က ပြောပြပေးမှာပါ။

ဆက်သွယ်ရေး ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီတွေမှာ နည်းပညာသုံး ခြေရာခံစနစ်တွေသုံးပြီး အသုံးပြုသူတွေရဲ့ တည်နေရာကို ထောက်လှမ်းဖို့၊ ကြားဖြတ် နားထောင်ဖို့၊ အီးမေးတွေ ဝင်ကြည့်ဖို့အတွက် စစ်ကောင်စီက ကြိုးပမ်းနေကြောင်း ဒီစီမံကိန်းနဲ့နီးစပ်တဲ့ အရာရှိတဦးကို ကိုးကားပြီး ရိုက်တာသတင်းက ရေးသားထားတာပါ။ ဆက်သွယ်ရေး အော်ပရေတာတွေမှာ Spyware တွေတပ်ဆင်ဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ဆိုထားတာပါ။ မြန်မာ့ဆက်သွယ်ရေး MPT ရဲ့ အကြီးတန်း အရာရှိတဦးကတော့ သူတို့ဆီ ဒီညွှန်ကြားချက် မရောက်သေးကြောင်း ငြင်းဆိုလိုက်ပါတယ်။

“ အဲလိုမျိုးတော့ ကျမ မကြားမိဘူးရှင့်၊ ညွှန်ကြားချက်တွေ ဘာတွေလည်း အခုအထိတော့ မရှိပါဘူး၊ update ဖြစ်တဲ့ဟာ တော်တော်များများကတော့ သိတယ်ပေါ့နော်၊ ဒါပေမဲ့ အဲဒါနဲ့ ပတ်သက်တဲ့ဟာကတော့ ပြောသံမကြားဘူးရှင့်။ ကျမတချက် confirm လုပ်ကြည့်လိုက်မယ်၊ ဒါတွေက rumours လည်း ဖြစ်ချင် ဖြစ်နိုင်တာပဲလေ။”

ဒီကိစ္စနဲ့ပတ်သက်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။ စစ်ကောင်စီက ဒီစနစ်ကို တပ်ဆင်ဖို့အတွက် MPT ၊ Mytel ၊ Ooredoo စတဲ့ အော်ပရေတာ သုံးခုကို ညွှန်ကြားထားတယ်လို့ ရိုက်တာသတင်းဌာနက ရေးသားထားတာပါ။

ဆက်သွယ်ရေးကြားဖြတ်စနစ်တွေလိုအပ်ရင်တရားဝင်အသုံးပြုဘို့ ဆွေးနွေးပြောဆိုမှုနဲ့လုပ်ငန်းတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရလက်ထက်မှာစတင်ခဲ့တာဖြစ်ကြောင်း၊ ဆက်သွယ်ရေးဝန်ကြီးဌာနဟာ အရပ်ဖက်ဝန်ကြီးဌါနဖြစ်ပေမဲ့ အဆင်မြင့်တာဝန်ရှိသူတွေဟာ စစ်တပ်အရာရှိဟောင်းတွေဖြစ်တယ်လို့လဲရိုက်တာကရေးထားပါတယ်။

စစ်ကောင်စီရဲ့ အစီအစဉ်ဟာ တက်ကြွလှုပ်ရှားသူတွေ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို အဓိက ပစ်မှတ်ထားလာနိုင်ကြောင်း Fortify Rights က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်သူ Nickey Diamond က ပြောပါတယ်။ ဒါဟာ ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုပဲလို့ သူကဝေဖန်လိုက်ပါတယ်။

“ Spyware တွေကို Telecom တွေမှာ သုံးစွဲလာပြီးတော့ပေါ့ တက်ကြွလှုပ်ရှားသူတွေ၊ ဒီမိုကရေစီ လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ပိုပြီး ပစ်မှတ်ထားပြီး တော့ပေါ့နော်၊ ကျနော်တို့ ဘယ်လိုဆက်သွယ်နေလဲ၊ ဘယ်နေရာတွေမှာ ရှိနေလဲဆိုတဲ့ ရှာဖွေတဲ့နေရာမှာ သုံးဖို့အတွက် ဒါ အခွင့်အလမ်းတွေ အများကြီး သူတို့ရသွားတယ်လို့ မြင်တယ်ပေါ့။ တခုခု ကျနော်တို့ တိုင်ပင်ဖို့၊ ဆွေးနွေးဖို့ဆိုရင် မြန်မာပြည်မှာရှိတဲ့ ဖုန်းတွေ၊ Operator တွေကို ယုံကြည့်စိတ်ချလို့ မရတော့ဘဲနဲ တခြားနည်ပညာတွေပေါ့ သုံးရတဲ့အနေအထား ဖြစ်သွားတာပေါ့။”

လုံခြုံရေးအရ ဖုန်းတွေ ကြားဖြတ်နားထောင်ဖို့ လိုတယ်ဆိုတဲ့ကိစ္စဟာ တချို့ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလည်း အငြင်းပွားစရာ ကိစ္စတခုဖြစ်နေပါတယ်။ မြန်မာနိုင်ငံလို ပြည်သူကို အပြည့်အဝအကာကွယ် ပေးနိုင်တဲ့ဥပဒေတွေ မရှိတဲ့ နိုင်ငံအတွက်တော့ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်မှုလို့ အများစုက မြင်ကြတာပါ။

သုံးစွဲသူတွေက သူတို့လုံခြုံရေးအတွက် မိုဘိုင်းဖုန်းနဲ့ အင်တာနက်ကို နည်းလမ်းအမျိုးမျိုးနဲ့ အသုံးပြုကြတာပါ။ ဒါပေမဲ့ ပင်မဆက်သွယ်ရေး အော်ပရေတာကို မဖြစ်မနေ ဖြတ်သန်းရမယ့် အချက်အလက်တွေ ဆိုရင်တော့ လုံခြုံမှုမရှိကြောင်း အိုင်တီနှင့် သတင်းအချက်အလက် လုံခြုံရေးပညာရှင် တဦးက ပြောပါတယ်။

“ လုံခြုံရေးပိုင်းဆိုတာက ပြောရသိပ်ခက်တယ်၊ ဘာအတွက် သုံးနေလဲဆိုတဲ့ အပေါ်မှာ မူတည်တာပေါ့။ တခုခုပေါ့ တဖက်က မကြည်ဖြူတဲ့ ဥစ္စာမျိုး၊ သူ့ဖက်ကသူ သုံးချင်တယ်ဆိုတဲ့ personal အချက်အလက်တွေလည်း ဖြစ်နိုင်တယ်။ security ရှုထောင့်က ကြည့်မယ်ဆိုရင် trace လိုက်လို့ရတယ်၊ leakage လုပ်လို့ရတယ် ဆိုတာမျိုးက ဖြစ်နိုင်တယ်။ ဘယ်လို ကိုယ်ရေးကိုယ်တာပဲပြောပြော ဘာအချက်အလက်ဖြစ်ဖြစ် ပါသွားနိုင်တာပဲ၊ မြင်သွားနိုင်တာပဲ။ အဲဒါမျိုးကို ကာကွယ်ဖို့ဆိုတဲ့ system ကလည်း application တွေနဲ့ တခြား security setting တွေသုံးပြီးတော့ ကာကွယ်တာကတော့ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ဒီလိုမျိုး အော်ပရေတာကို ဖြတ်ပြီးတော့မှ သွားရတဲ့ ကိစ္စမျိုးတွေ ရှိတာကိုး။ Operator ကိုဖြတ်မှဆိုတော့ သိပ်တော့မလွယ်ဘူး။”

အာဏာသိမ်း စစ်ကောင်စီဟာ အင်တာနက် လူမှုကွန်ရက်တွေကို ထိန်းချုပ်ပြီး ကန့်သတ်ချိုးဖောက်တဲ့သူတွေကို ဆိုက်ဘာလုံခြုံရေး ဥပဒေနဲ့ ပြစ်ဒဏ်ပေးဖို့ ကြိုးစားနေတာပါ။ လိုအပ်တဲ့ နည်းပညာ အကူအညီတွေကိုလည်း တရုတ်နိုင်ငံကနေ မှာယူတင်သွင်းထားပါတယ်။ ဒီစက်တွေကို အင်တာနက် ဆက်သွယ်ရေး ကုမ္ပဏီတွေနဲ့ ဖုန်းအော်ပရေတာတွေဆီ ပေးပို့တပ်ဆင်ခိုင်းထားတယ်လို့ ပြည်တွင်းက အမည်မဖော်လိုတဲ့ ဆိုက်ဘာလုံခြုံရေးပညာရှင်တချို့က ဗွီအိုအေကို ပြောခဲ့ပါတယ်။

ဆက်သွယ်ရေး အော်ပရေတာတွေကတော့ ဒီကိစ္စကို မသိရှိသေးကြောင်းနဲ့ စစ်ကောင်စီဘက်က ညွှန်ကြားချက်တွေ အခုထိ မရောက်လာသေးကြောင်း ငြင်းဆိုနေကြပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG