(Zawgyi/Unicode)
မြန်မာ စစ်တပ်က အာဏာယူပြီးနောက်ပိုင်း နိုင်ငံတွင်းမှာ အင်တာနက် ဖြတ်တောက်ဖို့ ဖိအားပေး ခိုင်းစေမှုတွေကို ပြုစုဖော်ပြနေတဲ့ Telenor ဆက်သွယ်ရေး လုပ်ငန်းက ၀န်ထမ်းတွေရဲ့ လုံခြုံရေး စိုးရိမ်မှုကြောင့် ထပ်ပြီး မဖော်ပြတော့ဘူးလို့ တနလာင်္နေ့မှာ ပြောပါတယ်။ မြန်မာနိုင်ငံမှာတော့ ညသန်းခေါင်ကျော် အင်တာနက် ဖြတ်တောက်မှုက တနလာင်္နေ့နဲ့ ဒီကနေ့ အင်္ဂါနေ့မှာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်း အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းကြီးတွေဘက်က ၀န်ဆောင်မှုကို ဖြတ်ပေးဖို့၊ ဒါမှမဟုတ်လည်း အသုံးပြုခွင့် ကန့်သတ်ဖို့ အာဏာသိမ်း စစ်အဖွဲ့က အကြိမ်ကြိမ် ဖိအားပေးနေပြီး နော်ဝေ လုပ်ငန်းကြီး ဖြစ်တဲ့ Telenor က ပွင့်လင်းမြင်သာမှု ရှိရေး အတွက် ဒီညွှန်ကြားချက်တွေကို သူတို့ရဲ့ ၀က်ဘ်ဆိုက်မှာ တင်ခဲ့တာပါ။
..............
ကုမ္ပဏီဝန်ထမ်းတွေ လုံခြုံရေး Telenor စိုးရိမ်
(Unicode)
မြန်မာ စစ်တပ်က အာဏာယူပြီးနောက်ပိုင်း နိုင်ငံတွင်းမှာ အင်တာနက် ဖြတ်တောက်ဖို့ ဖိအားပေး ခိုင်းစေမှုတွေကို ပြုစုဖော်ပြနေတဲ့ Telenor ဆက်သွယ်ရေး လုပ်ငန်းက ဝန်ထမ်းတွေရဲ့ လုံခြုံရေး စိုးရိမ်မှုကြောင့် ထပ်ပြီး မဖော်ပြတော့ဘူးလို့ တနလာၤနေ့မှာ ပြောပါတယ်။ မြန်မာနိုင်ငံမှာတော့ ညသန်းခေါင်ကျော် အင်တာနက် ဖြတ်တောက်မှုက တနလာၤနေ့နဲ့ ဒီကနေ့ အင်္ဂါနေ့မှာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်း အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းကြီးတွေဘက်က ဝန်ဆောင်မှုကို ဖြတ်ပေးဖို့၊ ဒါမှမဟုတ်လည်း အသုံးပြုခွင့် ကန့်သတ်ဖို့ အာဏာသိမ်း စစ်အဖွဲ့က အကြိမ်ကြိမ် ဖိအားပေးနေပြီး နော်ေ၀ လုပ်ငန်းကြီး ဖြစ်တဲ့ Telenor က ပွင့်လင်းမြင်သာမှု ရှိရေး အတွက် ဒီညွှန်ကြားချက်တွေကို သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ တင်ခဲ့တာပါ။
အာဏာပိုင်တွေထံက ရတဲ့ ညွှန်ကြားချက်ကို တယ်လီနော ဘက်က ဖော်ပြဖို့ လက်ရှိမှာ မဖြစ်နိုင်ပါကြောင်း တနင်္ဂနွေနေ့မှာ ဝက်ဘ်ဆိုက်မှာ တင်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ကမောက်ကမနဲ့ မရှင်းမလင်း အခြေအနေမျိုး ဖြစ်ပြီး ဝန်ထမ်းတွေရဲ့ လုံခြုံရေးက ထိပ်တန်း ဦးစားပေး ဖြစ်ကြောင်း တယ်လီနောရဲ့ ပြောခွင့်ရ Hanne Langeland Knudsen က တနလာၤနေ့မှာ AFP ကို ပြောပါတယ်။
၂၀၁၄ ခုနှစ်က စလို့ မြန်မာနိုင်ငံတွင်း အင်တာနက် ဝန်ဆောင်မှု ပေးနေတဲ့ တယ်လီနော လုပ်ငန်းကြီးမှာ ပြီးခဲ့တဲ့နှစ် စာရင်းအရ ဝန်ထမ်းဦးရေ ၇၄၇ ဦး ရှိနေပါတယ်။