(Zawgyi/Unicode)
ကမၻာ့အရွည္ၾကာဆံုးအင္တာနက္ျဖတ္ေတာက္မွုအျဖစ္ ၁၉ လ အၾကာ အင္တာနက္ျဖတ္ေတာက္ထားမွုကို ရခိုင္နဲ ့ခ်င္းျပည္နယ္ေတြထဲမွာ အဆံုးသတ္လိုက္ပါျပီ။
ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ အရပ္သားအစိုးရရဲ့ ဆက္သြယ္ေရး၀န္ၾကီးဌာနက ျပီးခဲ့တဲ့ ၂၀၁၉ ဂ်ြန္လထဲက ပဋိပကၡျဖစ္ပြားေနခဲ့တဲ့ ျမန္မာနိုင္ငံေျမာက္ပိုင္းျပည္နယ္ေတြျဖစ္တဲ့ ရခိုင္နဲ ့ခ်င္းျပည္နယ္ေတြမွာ အေရးေပၚအေျခအေနေျကညာျပီး အင္တာနက္ျဖတ္ေတာက္ခဲ့တာျဖစ္ပါတယ္။
ျပီးခဲ့တဲတနလၤာေန ့မွာ စစ္အာဏာသိမ္းယူျပီးေနာက္ပိုင္း ဆက္သြယ္ေရးကုမၼဏီတခုျဖစ္တဲ့ Telenor အုပ္စုက ရခိုင္နဲ ့ခ်င္းျပည္နယ္ (၈) ျမိဳ ့နယ္မွာ အင္တာနက္ဆက္သြယ္ေရးလုပ္ငန္းေတြ အျပည့္အ၀ ျပန္လည္လုပ္ကိုင္ေနျပီျဖစ္တယ္လို ့ ဗုဒၶဟူးေန ့က အတည္ျပဳေျပာၾကားပါတယ္။
ေျမာက္ဦးေဒသခံ ကိုခင္ေမာင္ကေတာ့ အင္တာနက္ျပန္ရေနျပီ။ ဒါေပမယ့္ ေနွးေနတုန္းပဲလို ့ေျပာပါတယ္။ ေမာင္ေတာေဒသခံ ရိုဟင္ဂ်ာတဦးျဖစ္တဲ့ Shouban ကလည္း အခုေတာ့ အင္တာနက္ေတြျပန္ရပါျပီ။ အာဏာသိမ္းတာကိုလည္း သိရပါတယ္လို ့ ေျပာပါတယ္။
လူ ့အခြင့္အေရးေလ့လာေစာင့္ၾကည့္ေရးအဖြဲ ့HRW ကေတာ့ အင္တာနက္ျဖတ္ေတာက္ထားမွုေၾကာင့္ က်န္းမာေရးနဲ ့ပက္သက္တဲ့ သတင္းအခ်က္အလက္ေတြနဲ ့ ကိုရိုနာဗိုင္းရပ္စ္ အႏၱရာယ္သတိေပးခ်က္ေတြကို ျဖတ္ေတာက္သလိုျဖစ္ခဲ့ရတယ္လို ့ဆိုပါတယ္။
ျမန္မာစစ္တပ္နဲ ့AA ရခိုင္လက္နက္ကိုင္တပ္ဖြဲ ့ေတြအၾကားျဖစ္ပြားခဲ့တဲ့ တိုက္ပြဲေတြေၾကာင့္ ရခုိင္ျပည္နယ္ထဲ လူေပါင္းရာနဲ ့ခ်ီျပီး ေသဆံုးဒဏ္ရာရခဲ့ပါတယ္။ ကုလသမဂၢအဆိုအရ ရခိုင္ေဒသမွာ စစ္တပ္ရဲ့ ၾကမ္းတမ္းတဲ့စစ္ဆင္ေရးေတြေၾကာင့္လည္း ရိုဟင္ဂ်ာ ၇၄၀ ၀၀၀ ေလာက္ဟာ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္နို္င္ငံထဲကို ထြက္ေျပးခိုလွံဳခဲ့ၾကပါတယ္။ က်န္ရွိတဲ့ ရိုဟင္ဂ်ာ ၆၀၀ ၀၀၀ ခန္ ့ဟာလည္း လူမ်ိဳးေရးခြဲျခားခံထားရသကဲ့သို ့အေျခအေနေတြေအာက္မွာ ေနထိုင္ေနၾကရပါတယ္။
ျမန္မာအစိုးရနဲ ့စစ္တပ္ကေတာ့ ရိုဟင္ဂ်ာဆိုတဲ့ အသံုးအနွဳံးကို ခြင့္မျပဳပါဘူး။
...............................................................
ရခိုင်နဲ့ ချင်းပြည်နယ်တို့မှာ အင်တာနက်ပြန်ဖွင့်ပေး
(Unicode)
ကမ္ဘာ့အရှည်ကြာဆုံးအင်တာနက်ဖြတ်တောက်မှုအဖြစ် ၁၉ လ အကြာ အင်တာနက်ဖြတ်တောက်ထားမှုကို ရခိုင်နဲ့ချင်းပြည်နယ်တွေထဲမှာ အဆုံးသတ်လိုက်ပါပြီ။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရရဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၁၉ ဂျွန်လထဲက ပဋိပက္ခဖြစ်ပွားနေခဲ့တဲ့ မြန်မာနိုင်ငံမြောက်ပိုင်းပြည်နယ်တွေဖြစ်တဲ့ ရခိုင်နဲ့ချင်းပြည်နယ်တွေမှာ အရေးပေါ်အခြေအနေကြေညာပြီး အင်တာနက်ဖြတ်တောက်ခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲတနင်္လာနေ့မှာ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ဆက်သွယ်ရေးကုမ္မဏီတခုဖြစ်တဲ့ Telenor အုပ်စုက ရခိုင်နဲ့ချင်းပြည်နယ် (၈) မြို့နယ်မှာ အင်တာနက်ဆက်သွယ်ရေးလုပ်ငန်းတွေ အပြည့်အ၀ ပြန်လည်လုပ်ကိုင်နေပြီဖြစ်တယ်လို့ ဗုဒ္ဓဟူးနေ့က အတည်ပြုပြောကြားပါတယ်။
မြောက်ဦးဒေသခံ ကိုခင်မောင်ကတော့ အင်တာနက်ပြန်ရနေပြီ။ ဒါပေမယ့် နှေးနေတုန်းပဲလို့ပြောပါတယ်။ မောင်တောဒေသခံ ရိုဟင်ဂျာတဦးဖြစ်တဲ့ Shouban ကလည်း အခုတော့ အင်တာနက်တွေပြန်ရပါပြီ။ အာဏာသိမ်းတာကိုလည်း သိရပါတယ်လို့ ပြောပါတယ်။
လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့HRW ကတော့ အင်တာနက်ဖြတ်တောက်ထားမှုကြောင့် ကျန်းမာရေးနဲ့ပက်သက်တဲ့ သတင်းအချက်အလက်တွေနဲ့ ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်သတိပေးချက်တွေကို ဖြတ်တောက်သလိုဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။
မြန်မာစစ်တပ်နဲ့AA ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တွေအကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်ထဲ လူပေါင်းရာနဲ့ချီပြီး သေဆုံးဒဏ်ရာရခဲ့ပါတယ်။ ကုလသမဂ္ဂအဆိုအရ ရခိုင်ဒေသမှာ စစ်တပ်ရဲ့ ကြမ်းတမ်းတဲ့စစ်ဆင်ရေးတွေကြောင့်လည်း ရိုဟင်ဂျာ ၇၄၀ ၀၀၀ လောက်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။ ကျန်ရှိတဲ့ ရိုဟင်ဂျာ ၆၀၀ ၀၀၀ ခန့်ဟာလည်း လူမျိုးရေးခွဲခြားခံထားရသကဲ့သို့အခြေအနေတွေအောက်မှာ နေထိုင်နေကြရပါတယ်။
မြန်မာအစိုးရနဲ့စစ်တပ်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုံးကို ခွင့်မပြုပါဘူး။