မြန်မာနိုင်ငံနဲ့ ထိဆက်နေတဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ရွှေလီနဲ့ ကျယ်ဂေါင်မြို့မှာ ကိုဗစ်စည်းမျဉ်းတွေ ထပ်တိုးလိုက်တဲ့အတွက် အဲဒီမြို့တွေမှာ နေထိုင် အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံဘက်က အလုပ်သမားတွေ အခက်တွေ့နေကြပါတယ်။
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ချောင်းဇင်းကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ကျဆုံးသူတွေရှိခဲ့သလို ကျေးရွာသားတွေလည်း ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
နစက စစ်ကောင်စီဟာ Spyware နည်းပညာအသုံးပြုပြီး ပြည်သူတွေရဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေကို စုံစမ်းထောက်လှမ်းနိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ ဖုန်းနဲ့အင်တာနက် ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီမှာ ဒီစနစ်ကိုတပ်ဆင်ဖို့ စစ်ကောင်စီဘက်က ညွှန်ကြားထားပါတယ်။
မြန်မာနိုင်ငံမှာ အခြေခံပညာကျောင်းတွေကို ဇွန်လ ၁ ရက်နေ့မှာ ပြန်ဖွင့်တော့မှာဖြစ်ပါတယ်။ ဆရာ ၊ဆရာမအများအပြား အကြမ်းမဖက် CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့အတွက် ဒီဆရာတွေနေရာမှာ ဘယ်သူတွေနဲ့ အစားထိုးမလဲဆိုတာ မေးစရာဖြစ်နေပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးမှာ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM ပါဝင်နေကြတဲ့ မြန်မာ့မီးရထားဝန်ထမ်းတွေ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေ၊ ရေနံမြေက ဝန်ထမ်းတွေဟာ အချိန်ကြာလာတာနဲ့ အမျှ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။
စစ်ကောင်စီက အာဏာသိမ်းလိုက်တာ ၂လပြည့်ပြီးချိန်အထိ အာဏာရှင်ကျဆုံးရေးအတွက် ဆန့်ကျင်ဆန္ဒပြနေတာတွေ နေရာအနှံ့မှာ ပုံစံမျိုးစုံနဲ့ ရှိနေပါတယ်။
ပြည်တွင်းဘဏ်တွေကနေ ပိုက်ဆံ ထုတ်နိုင်တဲ့ပမာဏ အကန့်သတ် ဖြစ်လာတာကြောင့် ငွေလုံးငွေရင်းသုံးစွဲရတဲ့ စီးပွားရေး လုပ်ငန်းတွေ အခက်အခဲဖြစ်နေပါတယ်။
ဘာသာရေး၊ လူမျိုးရေးတွေ တင်းမာနေတဲ့ရခိုင်ပြည်နယ်ကို ဒေါ်အောင်ဆန်းစုကြည်သွားရောက်ဖို့ အစီအစဉ်အပေါ် စိုးရိမ်စိတ်တွေ ရှိခဲ့ကြပေမယ့် အခု ဒီခရီးစဉ်ဟာ အတော်လေးကို ချောချောမောမောဖြစ်နေတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာရွေးကောက်ပွဲမှာ ကချင်ပြည်နယ်အစိုးရဖွဲ့နိုင်ရေးအတွက် ကချင်နိုင်ငံရေးပါတီတွေက ကြိုးစားနေတာကို တွေ့ရပါတယ်။
"အစိုးရပိုင်းဆိုင်ရာ လှုပ်ရှားမှုက ငြိမ်းချမ်းရေးလို့ ပြောပေမဲ့လည်း စစ်တပ်ရဲ့ လှုပ်ရှားမှုက ငြိမ်းချမ်းရေးကို လုံးဝဥဿုံ ဖျက်ဆီးနေတဲ့ လမ်းကြောင်းဘက်ကနေ ပြန်သွားနေတယ်လို့ အဲ့လို မြင်ရတာပေါ့"
ပြင်သစ်နိုင်ငံမြောက်ပိုင်းက ရထားပေါ်မှာ လွန်ခဲ့တဲ့ သီတင်းပတ်က အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ခဲ့ပြီးနောက် ဥရောပနိုင်ငံတွေက ပြည်ထဲရေးနဲ့ ကုန်းလမ်းဆိုင်ရာဝန်ကြီးတွေ ပဲရစ်မှာ အစည်းအဝေးကနေ နယ်စပ်ဖြတ်ကျော်သွားနေတဲ့ မီးရထားလိုင်းတွေရဲ့ လုံခြုံရေးကိုတင်းကျပ်ဖို့ သဘောတူညီခဲ့ကြပါတယ်။
မြန်မာနိုင်ငံ နေရာအတော်များများမှာ လွန်ခဲ့တဲ့ရက်ပိုင်းကစတဲ့ မုတ်သုန်မိုးသည်းထန်မှုကြောင့် မြစ်ရေကြီးမှုတွေ ရှိနေပြီး ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ ရွှေကျင်၊ ငဝန်မြစ်တွေမှာ အချို့နေရာတွေ စိုးရိမ်ရေမှတ်ရောက်နေပါတယ်။