သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈ ေနာက္ဆက္တဲြ ဘဏ္နဲ႔ ေငြေၾကးလည္ပတ္မႈ ရပ္ဆိုင္းမယ့္အေျခအေန ဦးတည္ေန


မွတ္တမ္းဓါတ္ပံု- ေဖေဖာ္၀ါရီ ၂၃ ရက္ေန႔က ATM စက္မွ ေငြထုတ္ဖို႔ ေစာင့္ေနသူမ်ား

(Zawgyi/Unicode)

ျပည္တြင္းဘဏ္ေတြကေန ပိုက္ဆံ ထုတ္ႏိုင္တဲ့ပမာဏ အကန႔္သတ္ ျဖစ္လာတာေၾကာင့္ ေငြလုံးေငြရင္းသုံးစြဲရတဲ့ စီးပြားေရး လုပ္ငန္းေတြ အခက္အခဲျဖစ္ေနပါတယ္။ ဒါက ဘဏ္အက်ပ္အတည္းနဲ႔ ေငြေၾကးလည္ပတ္ စီးဆင္းမႈ လုံးဝရပ္တန႔္ေတာ့မယ့္ အေျခအေနဆီ တျဖည္းျဖည္း ဦးတည္ေနတယ္လို႔ စီးပြားေရး ပညာရွင္ေတြက သံုးသပ္ၾကပါတယ္။ ရန္ကုန္ကေပးပို႔လာတဲ့ သတင္း အျပည့္အစုံကိုေတာ့ ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ နန္လဖိုင္က ေျပာျပေပးမွာပါ။

ျမန္မာႏိုင္ငံမွာ လူတေယာက္အေနနဲ႔ ဘဏ္မွာ ေငြထုတ္မယ္ဆုိရင္ တပတ္ကို က်ပ္ သိန္း ၂၀၊ အဖြဲ႕အစည္းဆိုရင္ သိန္း ၂၀၀ ထုတ္ႏိုင္တယ္လို႔ ဗဟိုဘဏ္က သတ္မွတ္ထားပါတယ္။ ATM ေငြထုတ္စက္ေတြကေန ထုတ္မယ္ဆိုရင္ အရင္ က်ပ္ ၅ သိန္းခြင့္ျပဳထားတာကေန မတ္လ ၃၀ ရက္ေန႔ကစၿပီး တရက္ကို က်ပ္ေငြ ၂ သိန္းပဲ ထုတ္ယူခြင့္ျပဳမယ္ ေျပာင္းလဲသတ္မွတ္ခဲ့ပါတယ္။ ခုလို ျမန္မာႏိုင္ငံ ဘဏ္အသင္းက ၫႊန္ၾကားလိုက္ၿပီး ျပည္တြင္း ဘဏ္ႀကီးတခုျဖစ္တဲ့ ကေမာၻဇဘဏ္ကေတာ့ အဲဒီအတိုင္း စတင္ လုပ္ေဆာင္ေနေၾကာင္း ေၾကညာခ်က္ထုတ္ထားပါတယ္။

လက္ရွိမွာ ပုဂၢလိက ဘဏ္ေတြရဲ႕ ေငြထုတ္၊ ေငြလႊဲအပါအဝင္ စည္းကမ္းခ်က္ေတြကို ဗဟိုဘဏ္က အခါအားေလွ်ာ္စြာထုတ္ျပန္ေပးေနၿပီး၊ ဘဏ္ေတြ ၿပိဳလဲသြားမွာမ်ဳိး စိုးရိမ္စရာ မ႐ွိပါဘူးလို႔ ဗဟိုဘဏ္ရဲ႕ လက္ရွိ ဒုဥကၠ႒ ဦးဝင္းေသာ္က ဗြီအိုေအကို ေျပာပါတယ္။

“ တခ်ိဳ႕ကိစၥရပ္ေတြမွာ ကန႔္သတ္ခ်က္တခုလုပ္ရင္ ဘာျဖစ္လာႏိုင္မယ္ဆိုတဲ့ impact ကိုလည္း တြက္ခ်က္ၿပီးမွ လိုအပ္တဲ့ဟာကို ကာလတခု အတိုင္းအတာ တခုကို ဒါ စည္းကမ္းတခု၊ စနစ္တခု သတ္မွတ္တာ ျဖစ္ပါတယ္။ အဲဒီ သတ္မွတ္တဲ့ ကိစၥရပ္တခုသည္ serious ျဖစ္စရာ အေၾကာင္းေပၚမွာ အေျခခံတဲ့ ကိစၥရပ္ မရွိပါဘူး။ ဘာမွစိုးရိမ္စရာ မရွိဘူးလို႔ပဲ ေျပာခ်င္ပါတယ္ခင္ဗ်။”

ဘဏ္ေတြ လည္ပတ္ေအာင္ ႀကိဳးစားေနတယ္လို႔ စစ္ေကာင္စီက ေျပာေပမဲ့ လက္တေတြ႕မွာ အခက္အခဲေတြ႐ွိတယ္လို႔ စီးပြားေရးပညာရွင္ ဦးမင္းခင္က သံုးသပ္ပါတယ္။

“ တဖက္ကေတာ့ ဘဏ္ေတြမွာ ေငြေတြစုၿပဳံထုတ္ၾကလို႔ ဘဏ္ေတြ ယိမ္းယိုင္သြားမွာကို စိုးရိမ္တာမ်ိဳးလည္း ရွိေကာင္းရွိမယ္။ ဒါေပမဲ့ ဖြင့္သေလာက္ ဖြင့္ေနတဲ့ဘဏ္ေတြ လုပ္ေနတဲ့ အပိုင္းေလးေတြက စီးပြားေရးအတြက္ ေငြေရးေၾကးေရးလည္ပတ္ေအာင္ ဘာေၾကာင့္ ေငြသားကို ထုတ္ေပးတာမ်ိဳး၊ လႊဲေျပာင္းေပးတာမ်ိဳး မလုပ္ႏိုင္လဲဆိုတာကေတာ့ အေတာ္စဥ္းစားရခက္တယ္။ ဒီမွာ ခက္တာက ဗဟိုဘဏ္ကိုယ္တိုင္က အကန႔္အသတ္ေတြ အမ်ားႀကီး လုပ္ေနေတာ့ ဘဏ္ေတြအေပၚမွာ လူေတြရဲ႕ ယုံၾကည္မႈ ထိခိုက္သြားမွာ စိုးရိမ္တယ္။ တဖက္ကလည္း စီးပြားေရး လည္ပတ္မယ့္ အလားအလာ မျမင္ရေသးဘူးဆိုေတာ့ ထိပ္ဆုံးက ႏိုင္ငံေရးျပႆနာက တိုင္းျပည္ကို အမ်ားႀကီး ဒုကၡေပးေနၿပီ။ အဆိုးသံသရာ လည္ေနၿပီလို႔ ေျပာလို႔ရတယ္။ ေျပာမယ္ဆိုရင္ ေငြေရးေၾကးေရးက႑ ၿပိဳလဲတာမ်ိဳးအထိ ျဖစ္ႏိုင္တဲ့ အႏၲရာယ္မ်ိဳးအထိ ရွိတယ္။”

ခုလိုအေျခေနမွာပဲ အာဏာသိမ္းအုပ္ခ်ဳပ္ေနသူေတြက လက္ကိုင္ဖုန္းေတြကေန အင္တာနက္ ဆက္သြယ္ေရးကို ျဖတ္ေတာက္ထားတဲ့အတြက္ လက္ကိုင္ဖုန္းေတြေပၚကေန ေငြအလႊဲအေျပာင္းလုပ္ ေငြေပးေျခႏိုင္တဲ့ စီးပြားေရးလုပ္ငန္းေတြအားလုံးရပ္တံ့ေနပါတယ္။ စီးပြားေရးလည္ပါတ္ဖုိ႔အေရးႀကီးတဲ့ အင္တာနက္ ဆက္သြယ္ေရးစနစ္ေတြ ျဖတ္ေတာက္ထားတာ၊ မတည္မၿငိမ္ျဖစ္ေနတာေတြက ျပန္လည္ျပင္ဆင္ဖုိ႔ မလြယ္ႏုိင္ေလာက္တဲ့ စီးပြားေရးအေျခအေနမ်ဳိးအထိ အေႏွးနဲ႔အျမန္ ေရာက္ရွိႏိုင္ေၾကာင္း စီးပြားေရးပညာရွင္ေတြက သတိေပးထားပါတယ္။

ေခ်းေငြထုတ္ေပးထားၿပီး ေငြေၾကးလည္ပတ္မႈ မရွိသေလာက္ျဖစ္ေနတဲ့ ျပည္တြင္း ပုဂၢလိကဘဏ္ေတြက အတိုးႏႈန္းေလွ်ာ့ခ်ေပးဖို႔ ဗဟိုဘဏ္ကို ဒီရက္ပိုင္း တိုက္တြန္းလာပါတယ္။

ဘဏ္တိုးႏႈန္းကို ေလွ်ာ့သည္ျဖစ္ေစ၊ မေလွ်ာ့သည္ျဖစ္ေစ ဘဏ္ေတြဟာ အေျခအေနတခုကို ရင္ဆိုင္ရမွာျဖစ္ၿပီး အထူးသျဖင့္ ဘဏ္ခြဲမ်ားတဲ့ ဘဏ္ေတြ တြက္ေျခမကိုက္ေတာ့သလို ဘဏ္ေသးေတြလည္း အက်ပ္အတည္းႀကဳံလာႏိုင္ၿပီး ျပည္သူေတြရဲ႕ စိုးရိမ္မႈျမင့္မားလာႏိုင္ေၾကာင္း စီးပြားေရးပညာရွင္ ပါေမာကၡ ေဒါက္တာမိမိခ်ိဳက ဗြီအိုေအကို ေျပာလိုက္ပါတယ္။

“Commodity flow ( ကုန္စည္စီးဆင္းမႈ) က ပုံမွန္အေျခအေန မဟုတ္ေတာ့ဘူး၊ financial flow ကပုံမွန္မဟုတ္ေတာ့ဘူး ေတြ႕ေနရၿပီ၊ ေနာက္ သတင္းအခ်က္အလက္ စီးဆင္းမႈက ပုံမွန္အေျခအေန မဟုတ္ေတာ့တာ ေတြ႕တဲ့အခါမွာ လူေတြက တျဖည္းျဖည္း panic ( ထိတ္လန႔္မႈ) ဝင္လာႏိုင္တယ္။ ဒီ panic ဆိုသည္မွာ သိပ္ေၾကာက္စရာေကာင္းတယ္၊ စီးပြားေရးတခုလုံးကို ယိုင္လဲသြားတယ္၊ ယိုင္တာကို ပိုယိုင္သြားေစတယ္။ အေျခအေနက ပိုဆိုးေစႏိုင္တဲ့ အေနအထား ျဖစ္သြားေစႏိုင္တယ္။ ဒါေၾကာင့္ ေစာေစာကေျပာတဲ့ ဒီသုံးခုကို အတတ္ႏိုင္ဆုံး ျပန္ၿပီး ထိန္းႏိုင္ဖို႔လိုတယ္။ ဒါက ဒီေန႔ ျမန္မာႏိုင္ငံမွာ ျဖစ္ေနတာက ႏိုင္ငံေရးအေပၚမွာ ျဖစ္လာတဲ့ စီးပြားေရး အက်ပ္အတည္းလို႔ ေျပာလို႔ရတယ္၊ ႏိုင္ငံေရး အက်ပ္အတည္းကို ႏိုင္ငံေရးနည္းနဲ႔ ေျဖရွင္းႏိုင္ရင္ေတာ့ အေကာင္းဆုံးပဲလို႔ ေျပာခ်င္တယ္။”

အာဏာသိမ္းတဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ အေစာပိုင္းမွာပဲ ျမန္မာႏိုင္ငံဘဏ္မ်ားအသင္းက ဆက္သြယ္ေရးကြန္ရက္ ျပတ္ေတာက္လို႔ ဘဏ္ေတြအားလုံး ယာယီပိတ္ထားေပးဖို႔ ၫႊန္ၾကားလာတဲ့အတြက္ ျပည္တြင္းဘဏ္ေတြ တၿပိဳင္နက္တည္း ပိတ္ခဲ့ၾကပါတယ္။

ျမန္မာႏိုင္ငံမွာ ဘ႑ာေရးအၾကပ္အတည္းႀကံဳလာႏိုင္တယ္ဆိုတဲ့ စိုးရိမ္မႈေတြေၾကာင့္ စီးပြားေရးလာလုပ္ေနတဲ့ ႏိုင္ငံျခားဘဏ္ေတြထဲက ကိုရီးယားဘဏ္လုပ္ငန္းေတြနဲ႔ေငြေၾကးဝန္ေဆာင္မႈလုပ္ငန္း ၁၁ ခုက ေငြထုတ္၊ ေငြသြင္းနဲ႔ ေငြလႊဲေျပာင္းတဲ့ ဝန္ေဆာင္မႈအားလုံးကို မတ္လထဲမွာ ရပ္နားခ့ဲပါတယ္။

ဆႏၵျပပြဲေတြ၊ CDM လႈပ္႐ွားမႈေတြေၾကာင့္ ျပည္သူေတြရဲ႕ ဝင္ေငြလည္ပတ္မႈက ရပ္သြားတာေၾကာင့္ ဘဏ္စုေဆာင္းေငြေတြကိုပဲ ထုတ္သုံးေနရတဲ့ အေျခအေန ျဖစ္ပါတယ္။ ဘဏ္ေတြမွာ ဒီေငြပမာဏ ေလ်ာ့က်သြားႏိုင္ၿပီး ဘဏ္အခက္အခဲေတြ ရွိလာႏိုင္ေၾကာင္း ေဒါက္တာမိမိခ်ိဳက ေျပာပါတယ္။

“ ဆိုေတာ့ ဘဏ္က ဝန္ထုပ္ဝန္ပိုးေတြ မ်ားလာၿပီ မ်ားလာေတာ့ ဘဏ္တိုးႏႈန္းေတြ ေလွ်ာ့ခ်ခိုင္းမယ္၊ ဘဏ္တိုးႏႈန္း ေလွ်ာ့ခ်ခိုင္းေတာ့ ဒီလူေတြက ရင္းႏွီးျမႇဳပ္ႏွံမႈမွာ ဘယ္လုပ္မလဲ ဒီအခ်ိန္မွာ၊ ေဒၚလာဝယ္မွာေပါ့။ သူမ်ားႏိုင္ငံမွာ ရင္းႏွီးျမႇဳပ္ႏွံမွာေပါ့ ပိုက္ဆံ ခ်မ္းသာတဲ့သူေတြက။ ဥပမာ စကၤာပူတို႔ ဘာတို႔မွာ အိမ္ေတြဝယ္တာတို႔ ေျမေတြဝယ္တာတို႔ သြားလုပ္ၾကေတာ့မွာေပါ့။ ဘဏ္ထဲမွာ ေစာေစာကေျပာတဲ့ ၄၅ ထရစ္လီယံေလာက္ရွိတဲ့ ျမန္မာက်ပ္ေငြ ပမာဏ ေလ်ာ့သြားမွာေပါ့။ ေလ်ာ့တာ မေလ်ာ့တာ ေနာက္လာမယ့္ ၆လေလာက္ေနရင္ အဲဒီဘဏ္ေတြရဲ႕ ပမာဏကို ႏႈိင္းယွဥ္ၾကည့္လိုက္ သိလိမ့္မယ္။”

အၾကမ္းမဖက္ အာဏာဖီဆန္တဲ့ CDM လႈပ္႐ွားမႈမွာ ပုဂၢလိကဘဏ္ဝန္ထမ္းေတြ ေတာ္ေတာ္မ်ားမ်ား ပါဝင္ၾကတဲ့အတြက္ ဘဏ္လုပ္ငန္းေတြကို ရပ္နားထားခဲ့ရပါတယ္။ အခုထိလည္း ဝန္ထမ္းေတြ ႐ံုးတက္ဖို႔ သြားေရးလာေရး အခက္အခဲ၊ လံုၿခံဳေရး အေျခအေနေတြေၾကာင့္ ဘဏ္ေတြ ပံုမွန္လို ျပန္ မလည္ပါတ္ႏုိင္ၾကေသးပါဘူး။ ကိုဗစ္ကပ္ေရာဂါေၾကာင့္ စီးပြားေရး ထိခိုက္ေနခ်ိန္မွာ စစ္အာဏာသိမ္းမႈျဖစ္တဲ့အတြက္ ခုလို ဘဏ္လုပ္ငန္းေတြ၊ ေငြေၾကး လည္ပါတ္ စီးဆင္းမႈေတြ ထိခိုက္ၿပီး စီးပြားေရး က်ဆင္းတဲ့ဖက္ ဦးတည္သြားေနတဲ့အေပၚ စီးပြားေရးပညာရွင္ေတြ စိုးရိမ္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


...........

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ဘဏ်နဲ့ ငွေကြေးလည်ပတ်မှု ရပ်ဆိုင်းမယ့်အခြေအနေ ဦးတည်နေ

(Unicode)

ပြည်တွင်းဘဏ်တွေကနေ ပိုက်ဆံ ထုတ်နိုင်တဲ့ပမာဏ အကန့်သတ် ဖြစ်လာတာကြောင့် ငွေလုံးငွေရင်းသုံးစွဲရတဲ့ စီးပွားရေး လုပ်ငန်းတွေ အခက်အခဲဖြစ်နေပါတယ်။ ဒါက ဘဏ်အကျပ်အတည်းနဲ့ ငွေကြေးလည်ပတ် စီးဆင်းမှု လုံးဝရပ်တန့်တော့မယ့် အခြေအနေဆီ တဖြည်းဖြည်း ဦးတည်နေတယ်လို့ စီးပွားရေး ပညာရှင်တွေက သုံးသပ်ကြပါတယ်။ ရန်ကုန်ကပေးပို့လာတဲ့ သတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နန်လဖိုင်က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံမှာ လူတယောက်အနေနဲ့ ဘဏ်မှာ ငွေထုတ်မယ်ဆိုရင် တပတ်ကို ကျပ် သိန်း ၂၀၊ အဖွဲ့အစည်းဆိုရင် သိန်း ၂၀၀ ထုတ်နိုင်တယ်လို့ ဗဟိုဘဏ်က သတ်မှတ်ထားပါတယ်။ ATM ငွေထုတ်စက်တွေကနေ ထုတ်မယ်ဆိုရင် အရင် ကျပ် ၅ သိန်းခွင့်ပြုထားတာကနေ မတ်လ ၃၀ ရက်နေ့ကစပြီး တရက်ကို ကျပ်ငွေ ၂ သိန်းပဲ ထုတ်ယူခွင့်ပြုမယ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။ ခုလို မြန်မာနိုင်ငံ ဘဏ်အသင်းက ညွှန်ကြားလိုက်ပြီး ပြည်တွင်း ဘဏ်ကြီးတခုဖြစ်တဲ့ ကမ္ဘောဇဘဏ်ကတော့ အဲဒီအတိုင်း စတင် လုပ်ဆောင်နေကြောင်း ကြေညာချက်ထုတ်ထားပါတယ်။

လက်ရှိမှာ ပုဂ္ဂလိက ဘဏ်တွေရဲ့ ငွေထုတ်၊ ငွေလွှဲအပါအဝင် စည်းကမ်းချက်တွေကို ဗဟိုဘဏ်က အခါအားလျှော်စွာထုတ်ပြန်ပေးနေပြီး၊ ဘဏ်တွေ ပြိုလဲသွားမှာမျိုး စိုးရိမ်စရာ မရှိပါဘူးလို့ ဗဟိုဘဏ်ရဲ့ လက်ရှိ ဒုဥက္ကဋ္ဌ ဦးဝင်းသော်က ဗွီအိုအေကို ပြောပါတယ်။

“ တချို့ကိစ္စရပ်တွေမှာ ကန့်သတ်ချက်တခုလုပ်ရင် ဘာဖြစ်လာနိုင်မယ်ဆိုတဲ့ impact ကိုလည်း တွက်ချက်ပြီးမှ လိုအပ်တဲ့ဟာကို ကာလတခု အတိုင်းအတာ တခုကို ဒါ စည်းကမ်းတခု၊ စနစ်တခု သတ်မှတ်တာ ဖြစ်ပါတယ်။ အဲဒီ သတ်မှတ်တဲ့ ကိစ္စရပ်တခုသည် serious ဖြစ်စရာ အကြောင်းပေါ်မှာ အခြေခံတဲ့ ကိစ္စရပ် မရှိပါဘူး။ ဘာမှစိုးရိမ်စရာ မရှိဘူးလို့ပဲ ပြောချင်ပါတယ်ခင်ဗျ။”

ဘဏ်တွေ လည်ပတ်အောင် ကြိုးစားနေတယ်လို့ စစ်ကောင်စီက ပြောပေမဲ့ လက်တတွေ့မှာ အခက်အခဲတွေရှိတယ်လို့ စီးပွားရေးပညာရှင် ဦးမင်းခင်က သုံးသပ်ပါတယ်။

“ တဖက်ကတော့ ဘဏ်တွေမှာ ငွေတွေစုပြုံထုတ်ကြလို့ ဘဏ်တွေ ယိမ်းယိုင်သွားမှာကို စိုးရိမ်တာမျိုးလည်း ရှိကောင်းရှိမယ်။ ဒါပေမဲ့ ဖွင့်သလောက် ဖွင့်နေတဲ့ဘဏ်တွေ လုပ်နေတဲ့ အပိုင်းလေးတွေက စီးပွားရေးအတွက် ငွေရေးကြေးရေးလည်ပတ်အောင် ဘာကြောင့် ငွေသားကို ထုတ်ပေးတာမျိုး၊ လွှဲပြောင်းပေးတာမျိုး မလုပ်နိုင်လဲဆိုတာကတော့ အတော်စဉ်းစားရခက်တယ်။ ဒီမှာ ခက်တာက ဗဟိုဘဏ်ကိုယ်တိုင်က အကန့်အသတ်တွေ အများကြီး လုပ်နေတော့ ဘဏ်တွေအပေါ်မှာ လူတွေရဲ့ ယုံကြည်မှု ထိခိုက်သွားမှာ စိုးရိမ်တယ်။ တဖက်ကလည်း စီးပွားရေး လည်ပတ်မယ့် အလားအလာ မမြင်ရသေးဘူးဆိုတော့ ထိပ်ဆုံးက နိုင်ငံရေးပြဿနာက တိုင်းပြည်ကို အများကြီး ဒုက္ခပေးနေပြီ။ အဆိုးသံသရာ လည်နေပြီလို့ ပြောလို့ရတယ်။ ပြောမယ်ဆိုရင် ငွေရေးကြေးရေးကဏ္ဍ ပြိုလဲတာမျိုးအထိ ဖြစ်နိုင်တဲ့ အန္တရာယ်မျိုးအထိ ရှိတယ်။”

ခုလိုအခြေနေမှာပဲ အာဏာသိမ်းအုပ်ချုပ်နေသူတွေက လက်ကိုင်ဖုန်းတွေကနေ အင်တာနက် ဆက်သွယ်ရေးကို ဖြတ်တောက်ထားတဲ့အတွက် လက်ကိုင်ဖုန်းတွေပေါ်ကနေ ငွေအလွှဲအပြောင်းလုပ် ငွေပေးခြေနိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေအားလုံးရပ်တံ့နေပါတယ်။ စီးပွားရေးလည်ပါတ်ဖို့အရေးကြီးတဲ့ အင်တာနက် ဆက်သွယ်ရေးစနစ်တွေ ဖြတ်တောက်ထားတာ၊ မတည်မငြိမ်ဖြစ်နေတာတွေက ပြန်လည်ပြင်ဆင်ဖို့ မလွယ်နိုင်လောက်တဲ့ စီးပွားရေးအခြေအနေမျိုးအထိ အနှေးနဲ့အမြန် ရောက်ရှိနိုင်ကြောင်း စီးပွားရေးပညာရှင်တွေက သတိပေးထားပါတယ်။

ချေးငွေထုတ်ပေးထားပြီး ငွေကြေးလည်ပတ်မှု မရှိသလောက်ဖြစ်နေတဲ့ ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေက အတိုးနှုန်းလျှော့ချပေးဖို့ ဗဟိုဘဏ်ကို ဒီရက်ပိုင်း တိုက်တွန်းလာပါတယ်။

ဘဏ်တိုးနှုန်းကို လျှော့သည်ဖြစ်စေ၊ မလျှော့သည်ဖြစ်စေ ဘဏ်တွေဟာ အခြေအနေတခုကို ရင်ဆိုင်ရမှာဖြစ်ပြီး အထူးသဖြင့် ဘဏ်ခွဲများတဲ့ ဘဏ်တွေ တွက်ခြေမကိုက်တော့သလို ဘဏ်သေးတွေလည်း အကျပ်အတည်းကြုံလာနိုင်ပြီး ပြည်သူတွေရဲ့ စိုးရိမ်မှုမြင့်မားလာနိုင်ကြောင်း စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာမိမိချိုက ဗွီအိုအေကို ပြောလိုက်ပါတယ်။

“Commodity flow ( ကုန်စည်စီးဆင်းမှု) က ပုံမှန်အခြေအနေ မဟုတ်တော့ဘူး၊ financial flow ကပုံမှန်မဟုတ်တော့ဘူး တွေ့နေရပြီ၊ နောက် သတင်းအချက်အလက် စီးဆင်းမှုက ပုံမှန်အခြေအနေ မဟုတ်တော့တာ တွေ့တဲ့အခါမှာ လူတွေက တဖြည်းဖြည်း panic ( ထိတ်လန့်မှု) ဝင်လာနိုင်တယ်။ ဒီ panic ဆိုသည်မှာ သိပ်ကြောက်စရာကောင်းတယ်၊ စီးပွားရေးတခုလုံးကို ယိုင်လဲသွားတယ်၊ ယိုင်တာကို ပိုယိုင်သွားစေတယ်။ အခြေအနေက ပိုဆိုးစေနိုင်တဲ့ အနေအထား ဖြစ်သွားစေနိုင်တယ်။ ဒါကြောင့် စောစောကပြောတဲ့ ဒီသုံးခုကို အတတ်နိုင်ဆုံး ပြန်ပြီး ထိန်းနိုင်ဖို့လိုတယ်။ ဒါက ဒီနေ့ မြန်မာနိုင်ငံမှာ ဖြစ်နေတာက နိုင်ငံရေးအပေါ်မှာ ဖြစ်လာတဲ့ စီးပွားရေး အကျပ်အတည်းလို့ ပြောလို့ရတယ်၊ နိုင်ငံရေး အကျပ်အတည်းကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ရင်တော့ အကောင်းဆုံးပဲလို့ ပြောချင်တယ်။”

အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ အစောပိုင်းမှာပဲ မြန်မာနိုင်ငံဘဏ်များအသင်းက ဆက်သွယ်ရေးကွန်ရက် ပြတ်တောက်လို့ ဘဏ်တွေအားလုံး ယာယီပိတ်ထားပေးဖို့ ညွှန်ကြားလာတဲ့အတွက် ပြည်တွင်းဘဏ်တွေ တပြိုင်နက်တည်း ပိတ်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ဘဏ္ဍာရေးအကြပ်အတည်းကြုံလာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် စီးပွားရေးလာလုပ်နေတဲ့ နိုင်ငံခြားဘဏ်တွေထဲက ကိုရီးယားဘဏ်လုပ်ငန်းတွေနဲ့ငွေကြေးဝန်ဆောင်မှုလုပ်ငန်း ၁၁ ခုက ငွေထုတ်၊ ငွေသွင်းနဲ့ ငွေလွှဲပြောင်းတဲ့ ဝန်ဆောင်မှုအားလုံးကို မတ်လထဲမှာ ရပ်နားခဲ့ပါတယ်။

ဆန္ဒပြပွဲတွေ၊ CDM လှုပ်ရှားမှုတွေကြောင့် ပြည်သူတွေရဲ့ ဝင်ငွေလည်ပတ်မှုက ရပ်သွားတာကြောင့် ဘဏ်စုဆောင်းငွေတွေကိုပဲ ထုတ်သုံးနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဘဏ်တွေမှာ ဒီငွေပမာဏ လျော့ကျသွားနိုင်ပြီး ဘဏ်အခက်အခဲတွေ ရှိလာနိုင်ကြောင်း ဒေါက်တာမိမိချိုက ပြောပါတယ်။

“ ဆိုတော့ ဘဏ်က ဝန်ထုပ်ဝန်ပိုးတွေ များလာပြီ များလာတော့ ဘဏ်တိုးနှုန်းတွေ လျှော့ချခိုင်းမယ်၊ ဘဏ်တိုးနှုန်း လျှော့ချခိုင်းတော့ ဒီလူတွေက ရင်းနှီးမြှုပ်နှံမှုမှာ ဘယ်လုပ်မလဲ ဒီအချိန်မှာ၊ ဒေါ်လာဝယ်မှာပေါ့။ သူများနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှာပေါ့ ပိုက်ဆံ ချမ်းသာတဲ့သူတွေက။ ဥပမာ စင်္ကာပူတို့ ဘာတို့မှာ အိမ်တွေဝယ်တာတို့ မြေတွေဝယ်တာတို့ သွားလုပ်ကြတော့မှာပေါ့။ ဘဏ်ထဲမှာ စောစောကပြောတဲ့ ၄၅ ထရစ်လီယံလောက်ရှိတဲ့ မြန်မာကျပ်ငွေ ပမာဏ လျော့သွားမှာပေါ့။ လျော့တာ မလျော့တာ နောက်လာမယ့် ၆လလောက်နေရင် အဲဒီဘဏ်တွေရဲ့ ပမာဏကို နှိုင်းယှဉ်ကြည့်လိုက် သိလိမ့်မယ်။”

အကြမ်းမဖက် အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေ တော်တော်များများ ပါဝင်ကြတဲ့အတွက် ဘဏ်လုပ်ငန်းတွေကို ရပ်နားထားခဲ့ရပါတယ်။ အခုထိလည်း ဝန်ထမ်းတွေ ရုံးတက်ဖို့ သွားရေးလာရေး အခက်အခဲ၊ လုံခြုံရေး အခြေအနေတွေကြောင့် ဘဏ်တွေ ပုံမှန်လို ပြန် မလည်ပါတ်နိုင်ကြသေးပါဘူး။ ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေး ထိခိုက်နေချိန်မှာ စစ်အာဏာသိမ်းမှုဖြစ်တဲ့အတွက် ခုလို ဘဏ်လုပ်ငန်းတွေ၊ ငွေကြေး လည်ပါတ် စီးဆင်းမှုတွေ ထိခိုက်ပြီး စီးပွားရေး ကျဆင်းတဲ့ဖက် ဦးတည်သွားနေတဲ့အပေါ် စီးပွားရေးပညာရှင်တွေ စိုးရိမ်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG