သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CRPH အတြက္ လက္ခံေနတဲ့ ရန္ပံုေငြ ၀က္ဘ္ဆိုဒ္ ေႏွာင့္ယွက္ခံရ


CRPH အတြက္ ရန္ပံုေငြ ၀က္ဘ္ဆိုဒ္

(Zawgyi/Unicode)

CRPH အတြက္ ထည့္၀င္ေနတဲ့ ရန္ပံုေငြ ၀က္ဘ္ဆိုဒ္ ေႏွာင့္ယွက္ ခံရတဲ့ အတြက္ အလွဴေငြ လက္ခံမႈေတြကို ခဏရပ္နားထားေပမယ့္ မၾကာခင္အတြင္း ျပန္ၿပီး ဖြင့္ႏိုင္ေအာင္ ႀကိဳးပမ္းေနေၾကာင္း CRPH ႏိုင္ငံတကာဆက္ဆံေရး ကိုယ္စားလွယ္ ဦးထင္လင္းေအာင္ကေျပာပါတယ္။ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH အတြက္ GoFundMe ၀က္ဘ္ဆိုဒ္ကတဆင့္ ကမၻာတလႊားက အလွဴေငြေတြ ထည့္၀င္ေနရာမွာ တနလၤာေန႔က အေမရိကန္ေဒၚလာ ၉ သန္းေက်ာ္ထိ လက္ခံရရွိခဲ့တာပါ။

ရန္ပံုေငြ ေနာက္ဆံုးအေျခအေနနဲ႔ ပတ္သက္လို႔ CRPH ႏိုင္ငံတကာဆက္ဆံေရး ကိုယ္စားလွယ္ ဦးထင္လင္းေအာင္ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

မအင္ၾကင္းႏိုင္ ။ ။ ႏိုင္ငံတကာမွာ ေရာက္ရွိေနတဲ့ ျမန္မာနဲ႔ တိုင္းရင္းသားေတြကေနၿပီးေတာ့ ဒီ CRPH အတြက္ကို သူတို႔ ရန္ပံုေငြေတြ လွဴဒါန္းေနၾကတဲ့အခါမွာ အခု GoFundMe ကေနတဆင့္ေပါ့ေနာ္ CRPH ကို လွဴဒါန္းတဲ့အတြက္ အထူးေက်းဇူးတင္ရွိေၾကာင္း CRPH ထုတ္ျပန္ထားပါတယ္။ ဆိုေတာ့ အခု လွဴဒါန္းေနတဲ့ ရန္ပံုေငြေတြရဲ႕ အေျခအေနက ဘယ္လို ရွိပါသလဲ။

ဦးထင္လင္းေအာင္။ ။ တကယ္ေတာ့ အဲဒါေလးနည္းနည္း က်ေနာ္ရွင္းျပခ်င္တယ္ခင္ဗ် GoFundMe နဲ႔ လွဴဒန္းတာက CRPH ကို လွဴဒါန္းတယ္ဆိုတာထက္ကို ျပည္တြင္းမွာ ရွိေနတဲ့ စစ္ေဘးေၾကာင့္ ဒုကၡေရာက္ရတဲ့လူေတြေပါ့ဗ်ာ ရွင္းရွင္းေျပာရင္ အခုဟာက စစ္ေဘးလို႔ပဲ ေျပာရမွာပါ။ စစ္တပ္ကေနၿပီးေတာ့ လုပ္ေနတဲ့ အၾကမ္းဖက္မႈေတြေၾကာင့္ ဒုကၡေရာက္ေနတဲ့ ျပည္သူေတြကို ကူညီဖို႔အတြက္ကို ျပည္သူ႔ဂုဏ္ရည္ကေနၿပီးေတာ့ တာ၀န္ယူၿပီးေတာ့ ေဆာင္ရြက္ေနတာျဖစ္တယ္ ဒီအလွဴေငြ ေကာက္ခံေနတာျဖစ္တယ္။ အဲဒီအတြက္ကို က်ေနာ္တို႔ CRPH က ျပည္သူေတြကိုယ္စား ေက်းဇူးတင္ေၾကာင္း က်ေနာ္တုိ႔ ေဖာ္ျပလိုတာျဖစ္ပါတယ္ခင္ဗ်။ လက္ရွိအေျခအေနမွာေတာ့ တခုခု အေႏွာင့္အယွက္ေၾကာင့္ေသာ္လည္းေကာင္း က်ေနာ္တို႔ အခက္အခဲေလးေတြ ႀကံဳေနရတာ ရွိပါတယ္။ က်ေနာ္တို႔ အဲဒီအတြက္ေၾကာင့္ လက္ရွိအေနအထားမွာ အလွဴခံေနတဲ့ Website ကုိ ခဏရပ္ထားပါတယ္။

မအင္ၾကင္းႏိုင္ ။ ။ အဲဒါဆိုရင္ ျပည္သူေတြ ဘက္ကေနၿပီးေတာ့ လွဴဒါန္းမယ္ဆိုရင္ ဘယ္ေတာ့ေလာက္ ျပန္ၿပီးေတာ့ လွဴဒါန္းလို႔ ရမလဲ။

ဦးထင္လင္းေအာင္။ ။ အဲဒါအတြက္ကို ျပည္သူ႔ဂုဏ္ရည္ကေနၿပီးေတာ့ ေျဖရွင္းခ်က္ ျပန္လည္တင္ျပထားပါတယ္။ အဲဒီတင္ျပခ်က္ကို သူတို႔ဘက္ကေနၿပီးေတာ့ အဆင္ေျပၿပီဆိုရင္ ျပန္ၿပီးေတာ့ ဖြင့္ေပးမယ္လို႔ သိရပါတယ္။ ရပ္အတိအက်ေတာ့ ေျပာလို႔မရေသးဘူး ။ မ်ားေသာအားျဖင့္ ၁ ရက္ ၂ ရက္အတြင္းမွာ သူတို႔ ေျဖရွင္းခ်က္ကို ေက်နပ္တယ္ဆိုရင္ ဒါက ျပန္ၿပီးေတာ့ ဖြင့္ေပးလို႔ ရပါတယ္။

မအင္ၾကင္းႏိုင္ ။ ။ တဖက္မွာေတာ့ ဒီလွဴဒါန္းေငြ ပမာဏနဲ႔ ပတ္သက္ၿပီးေတာ့ အခု ဦးထင္လင္းေအာင္တို႔ သတ္မွတ္ထားတာမ်ိဳး ရွိပါသလားရွင့္။

ဦးထင္လင္းေအာင္။ ။ က်ေနာ္တို႔အေနနဲ႔ သတ္မွတ္ထားတာမ်ိဳးမရွိပါဘူး။ ဒါကေတာ့ ျပည္သူလူထုေတြရဲ႕ ေစတနာအေပၚမူတည္ၿပီးေတာ့ သူ႔ amount ဘယ္ေလာက္ပဲ ေရာက္ေရာက္ က်ေနာ္တို႔ကေတာ့ ဒါကို ဘယ္ေလာက္ရရမယ္ ၊ ဘယ္ေလာက္ ေရာက္ရမယ္ ဆိုတာမ်ိဳး မရွိပါဘူး။ အခုဆိုရင္ပဲ ျပည္သူလူထုေတြရဲ႕ ေစတနာေၾကာင့္ ဒီေငြ ပမာဏက ရက္ပိုင္းအတြင္းမွာတင္ သန္းနဲ႔ ခ်ီၿပီးေတာ့ တက္လာတာ က်ေနာ္တို႔ ေတြ႔ရပါတယ္။ အဲဒါကေတာ့ က်ေနာ္တို႔ သတ္မွတ္ခ်က္ သီးသန္႔အေနနဲ႔ မရွိပါဘူး။

မအင္ၾကင္းႏိုင္ ။ ။ ေစာေစာက ဦးထင္လင္းေအာင္လည္း ရွင္းျပသြားပါတယ္ အခုလွဴဒါန္းတဲ့ေငြေတြဟာ ျမန္မာႏိုင္ငံမွာ အထူးသျဖင့္ စစ္ေဘးဒုကၡပဲျဖစ္ျဖစ္ ၊ စစ္ေကာင္စီရဲ႕ ဖိႏွိပ္မႈေၾကာင့္ အခက္အခဲ ႀကံဳေနရတဲ့ ျပည္သူေတြကိုလွဴဒါန္းမယ္ေပါ့ေနာ္။ CDM မွာပါတဲ့သူေတြကိုလည္း လွဴဒန္းမယ့္အထဲမွာ ပါတဲ့အခါက်ေတာ့ တကယ္လိုအပ္ေနတဲ့သူေတြဆီကို ဒီရန္ပံုေငြေတြ ေရာက္ဖို႔ အဲဒါမ်ိဳးက်ေတာ့ CRPH က ဘယ္လိုလုပ္ေဆာင္သလဲရွင့္။

ဦးထင္လင္းေအာင္။ ။ အဲဒီအေပၚမွာေတာ့ က်ေနာ္တို႔အေနနဲ႔ အခက္အခဲေတြ အမ်ားႀကီး ျဖစ္ေနတာေပါ့ဗ်ာ ။ အခုအခ်ိန္မွာေတာ့ ဘဏ္ေတြကလည္း ပိတ္ထားတယ္။ ဒီၾကားထဲမွာ အဲဒီေငြေတြရဲ႕ စီးဆင္းမႈေတြကို စစ္ေကာင္စီကေနၿပီးေတာ့ အတင္းကို ပိတ္ဆို႔မႈေတြ တင္းက်ပ္မႈေတြ လုပ္ေနတဲ့အခါက်ေတာ့ က်ေနာ္တို႔အေနနဲ႔ ေတာ္ေတာ္ေလး အခက္အခဲျဖစ္ရပါတယ္။ တကယ္ေတာ့ ဒါက လံုး၀ မလုပ္သင့္တဲ့ ကိစၥျဖစ္တယ္ ဘာျဖစ္လို႔လဲဆိုေတာ့ အခက္အခဲျဖစ္ေနတဲ့ လူထုဆီကို ဒီအလွဴခံထားတဲ့ ေငြေတြကို ေရာက္ေအာင္ပို႔ဖို႔အတြက္ကုိ လုပ္ေနတဲ့ ကိစၥမွာ ဒါလူထုကို ပိုၿပီးေတာ့ ဒုကၡေရာက္ေအာင္ သူတို႔ဘက္က လုပ္ေနတယ္လို႔ က်ေနာ္တို႔ ျမင္တယ္ခင္ဗ်။ အခက္အခဲေတြက ေတာ္ေတာ္ကို က်ေနာ္တုိ႔အတြက္ ျဖစ္ေနပါတယ္။

မအင္ၾကင္းႏိုင္ ။ ။ အခုရလာတဲ့ ရန္ပံုေငြေတြကို ဒီလိုအခက္အခဲေတြၾကားထဲက ဘယ္လို ေဆာင္ရြက္သြားမလဲရွင့္။

ဦးထင္လင္းေအာင္။ ။ အဲဒါကေတာ့ က်ေနာ္တို႔လည္း နည္းလမ္းေတြ ရွာေဖြၿပီးေတာ့ ေဆာင္ရြက္သြားမွာရွိပါတယ္။ ဒါ က်ေနာ့္အေနနဲ႔ သီးသန္႔ႀကီး ထုတ္ေဖာ္ေျပာေနလို႔ မရပါဘူး။ အဲဒါကေတာ့ က်ေနာ္တုိ႔ အလွဴခံတဲ့ အဖြဲ႔အစည္းကေနၿပီးေတာ့ ဒါကို အဆင္ေျပသြားေအာင္ လုပ္ဖို႔ အစီအစဥ္ရွိပါတယ္။

မအင္ၾကင္းႏိုင္ ။ ။ လွဴဒါန္းတဲ့သူေတြဘက္ကေရာ ဒီအေပၚမွာ သူတို႔ရဲ႕ ယံုၾကည္မႈေပါ့ေနာ္ ၊ အဲဒါက ဘယ္ေလာက္အထိ ယံုၾကည္ စိတ္ခ်ရမလဲရွင့္။

ဦးထင္လင္းေအာင္။ ။ လွဴဒါန္းတဲ့သူေတြအေနနဲ႔ကေတာ့ ယံုၾကည္ စိတ္ခ်လို႔ရပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ျပည္သူ႔ဂုဏ္ရည္အသင္းဆိုတာကလည္း သမာသမတ္က်က်နဲ႔ ဟိုတုန္းကတည္းက ႏွစ္ေပါင္းမ်ားစြာ ရပ္တည္လာတဲ့ အဖြဲ႔အစည္းလည္း ျဖစ္တယ္။ ဘယ္သူေတြ လုပ္ေနတယ္ဆိုတာလည္း ပြင့္ပြင့္လင္းလင္း ျမင္ျမင္သာသာ ရွိပါတယ္။ ၿပီးေတာ့ က်ေနာ္တို႔ အေနနဲ႔ကလည္း သူတို႔ကို ယံုယံုၾကည္ၾကည္ရွိပါတယ္။ CRPH က ယံုၾကည္တဲ့ လူေတြအေပၚမွာ ျပည္သူလူထုကလည္း ယံုၾကည္မယ္ဆိုတာ ဒါ ရွင္းရွင္းပဲ က်ေနာ္တို႔က ယံုၾကည္ၿပီးသားဆိုေတာ့ ျပည္သူလူထုအေနနဲ႔ ဒီအေပၚမွာ သံသယရွိမယ္ဆိုတာ က်ေနာ္တို႔ လံုး၀ မထင္ပါဘူး။ ဒါေၾကာင့္မို႔လည္း ကာလတိုအေတာအတြင္းေလးမွာ ေငြေတြ ဒီေလာက္ ခဏေလးနဲ႔ ပမဏေတြ အမ်ားႀကီး ျဖစ္လာတာပါ။

မအင္ၾကင္းႏိုင္ ။ ။ တဖက္မွာ စစ္ေကာင္စီက ေတာ္ေတာ္ေလးကို ျပင္းျပင္းထန္ထန္ အင္အားအရမ္းသံုးၿပီးေတာ့ ဖိႏွိပ္တဲ့အေပၚမွာ က်ေတာ့ေရာ ျပည္သူေတြေရာ ေနာက္ႏိုင္ငံတကာမွာ ေရာက္ေနတဲ့ ျမန္မာေတြ တိုင္းရင္းသားေတြကေရာ သူတို႔က ဖယ္ဒရယ္ျပည္ေထာင္စုအစိုးရ၊ ဖယ္ဒရယ္တပ္ ဒါမ်ိဳးေတြ ဖြဲ႔စည္းဖို႔လည္း ရန္ပံုေငြေတြ အသံုးျပဳဖို႔ လိုလိုလားလားေပါ့ သူတုိ႔ ထုတ္ေဖာ္ေျပာဆိုတာေတြလည္း ရွိတယ္ဆိုေတာ့ ဒီအေပၚမွာေရာ ဦးထင္လင္းေအာင္ ဘယ္လိုအျမင္ရွိပါသလဲ။

ဦးထင္လင္းေအာင္။ ။ လွဴဒါန္းမႈေတြနဲ႔ ပတ္သက္လို႔ က်ေနာ့္အေနနဲ႔ အမ်ားႀကီး မေျပာလိုပါဘူး။ ဖယ္ဒရယ္တပ္မေတာ္ဆိုတာကေတာ့ အစိုးရတရပ္ျဖစ္လာရင္ တပ္မေတာ္ဆိုတာ လူထုကို အကာအကြယ္ေပးမယ့္ တပ္မေတာ္ဆိုတာကေတာ့ ရွိလာမွာပါ။ အဲဒီေတာ့ ဒါရွိဖို႔လည္း လိုအပ္ပါတယ္။ လူထုကို တကယ့္ကို အကာအကြယ္ေပးမယ့္ဖယ္ဒရယ္တပ္မေတာ္ဆိုတာ ျဖစ္လာမွာပါ။ အဲဒီအေပၚမွာေတာ့ က်ေနာ္ ဘာမွ ေျပာစရာမရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္


.............

CRPH အတွက် လက်ခံနေတဲ့ ရန်ပုံငွေ ဝက်ဘ်ဆိုဒ် နှောင့်ယှက်ခံရ

(Unicode)

CRPH အတွက် ထည့်ဝင်နေတဲ့ ရန်ပုံငွေ ဝက်ဘ်ဆိုဒ် နှောင့်ယှက် ခံရတဲ့အတွက်အလှူငွေလက်ခံမှုတွေကို ခဏရပ်နားထားပေမယ့် မကြာခင်အတွင်း ပြန်ပြီး ဖွင့်နိုင်အောင် ကြိုးပမ်းနေကြောင်း CRPH နိုင်ငံတကာဆက်ဆံရေး ကိုယ်စားလှယ် ဦးထင်လင်းအောင်ကပြောပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH အတွက် GoFundMe ဝက်ဘ်ဆိုဒ်ကတဆင့် ကမ္ဘာတလွှားက အလှူငွေတွေ ထည့်ဝင်နေရာမှာ တနင်္လာနေ့က အမေရိကန်ဒေါ်လာ ၉ သန်းကျော်ထိလက်ခံရရှိခဲ့တာပါ။ရန်ပုံငွေ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ CRPH နိုင်ငံတကာဆက်ဆံရေး ကိုယ်စားလှယ် ဦးထင်လင်းအောင်ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ မြန်မာနဲ့ တိုင်းရင်းသားတွေကနေပြီးတော့ ဒီ CRPH အတွက်ကို သူတို့ ရန်ပုံငွေတွေ လှူဒါန်းနေကြတဲ့အခါမှာ အခု GoFundMe ကနေတဆင့်ပေါ့နော် CRPH ကို လှူဒါန်းတဲ့အတွက် အထူးကျေးဇူးတင်ရှိကြောင်း CRPH ထုတ်ပြန်ထားပါတယ်။ ဆိုတော့ အခု လှူဒါန်းနေတဲ့ ရန်ပုံငွေတွေရဲ့ အခြေအနေက ဘယ်လို ရှိပါသလဲ။

ဦးထင်လင်းအောင်။ ။ တကယ်တော့ အဲဒါလေးနည်းနည်း ကျနော်ရှင်းပြချင်တယ်ခင်ဗျ GoFundMe နဲ့ လှူဒန်းတာက CRPH ကို လှူဒါန်းတယ်ဆိုတာထက်ကို ပြည်တွင်းမှာ ရှိနေတဲ့ စစ်ဘေးကြောင့် ဒုက္ခရောက်ရတဲ့လူတွေပေါ့ဗျာ ရှင်းရှင်းပြောရင် အခုဟာက စစ်ဘေးလို့ပဲ ပြောရမှာပါ။ စစ်တပ်ကနေပြီးတော့ လုပ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီဖို့အတွက်ကို ပြည်သူ့ဂုဏ်ရည်ကနေပြီးတော့ တာဝန်ယူပြီးတော့ ဆောင်ရွက်နေတာဖြစ်တယ် ဒီအလှူငွေ ကောက်ခံနေတာဖြစ်တယ်။ အဲဒီအတွက်ကို ကျနော်တို့ CRPH က ပြည်သူတွေကိုယ်စား ကျေးဇူးတင်ကြောင်း ကျနော်တို့ ဖော်ပြလိုတာဖြစ်ပါတယ်ခင်ဗျ။ လက်ရှိအခြေအနေမှာတော့ တခုခု အနှောင့်အယှက်ကြောင့်သော်လည်းကောင်း ကျနော်တို့ အခက်အခဲလေးတွေ ကြုံနေရတာ ရှိပါတယ်။ ကျနော်တို့ အဲဒီအတွက်ကြောင့် လက်ရှိအနေအထားမှာ အလှူခံနေတဲ့ Website ကို ခဏရပ်ထားပါတယ်။

မအင်ကြင်းနိုင် ။ ။ အဲဒါဆိုရင် ပြည်သူတွေ ဘက်ကနေပြီးတော့ လှူဒါန်းမယ်ဆိုရင် ဘယ်တော့လောက် ပြန်ပြီးတော့ လှူဒါန်းလို့ ရမလဲ။

ဦးထင်လင်းအောင်။ ။ အဲဒါအတွက်ကို ပြည်သူ့ဂုဏ်ရည်ကနေပြီးတော့ ဖြေရှင်းချက် ပြန်လည်တင်ပြထားပါတယ်။ အဲဒီတင်ပြချက်ကို သူတို့ဘက်ကနေပြီးတော့ အဆင်ပြေပြီဆိုရင် ပြန်ပြီးတော့ ဖွင့်ပေးမယ်လို့ သိရပါတယ်။ ရပ်အတိအကျတော့ ပြောလို့မရသေးဘူး ။ များသောအားဖြင့် ၁ ရက် ၂ ရက်အတွင်းမှာ သူတို့ ဖြေရှင်းချက်ကို ကျေနပ်တယ်ဆိုရင် ဒါက ပြန်ပြီးတော့ ဖွင့်ပေးလို့ ရပါတယ်။

မအင်ကြင်းနိုင် ။ ။ တဖက်မှာတော့ ဒီလှူဒါန်းငွေ ပမာဏနဲ့ ပတ်သက်ပြီးတော့ အခု ဦးထင်လင်းအောင်တို့ သတ်မှတ်ထားတာမျိုး ရှိပါသလားရှင့်။

ဦးထင်လင်းအောင်။ ။ ကျနော်တို့အနေနဲ့ သတ်မှတ်ထားတာမျိုးမရှိပါဘူး။ ဒါကတော့ ပြည်သူလူထုတွေရဲ့ စေတနာအပေါ်မူတည်ပြီးတော့ သူ့ amount ဘယ်လောက်ပဲ ရောက်ရောက် ကျနော်တို့ကတော့ ဒါကို ဘယ်လောက်ရရမယ် ၊ ဘယ်လောက် ရောက်ရမယ် ဆိုတာမျိုး မရှိပါဘူး။ အခုဆိုရင်ပဲ ပြည်သူလူထုတွေရဲ့ စေတနာကြောင့် ဒီငွေ ပမာဏက ရက်ပိုင်းအတွင်းမှာတင် သန်းနဲ့ ချီပြီးတော့ တက်လာတာ ကျနော်တို့ တွေ့ရပါတယ်။ အဲဒါကတော့ ကျနော်တို့ သတ်မှတ်ချက် သီးသန့်အနေနဲ့ မရှိပါဘူး။

မအင်ကြင်းနိုင် ။ ။ စောစောက ဦးထင်လင်းအောင်လည်း ရှင်းပြသွားပါတယ် အခုလှူဒါန်းတဲ့ငွေတွေဟာ မြန်မာနိုင်ငံမှာ အထူးသဖြင့် စစ်ဘေးဒုက္ခပဲဖြစ်ဖြစ် ၊ စစ်ကောင်စီရဲ့ ဖိနှိပ်မှုကြောင့် အခက်အခဲ ကြုံနေရတဲ့ ပြည်သူတွေကိုလှူဒါန်းမယ်ပေါ့နော်။ CDM မှာပါတဲ့သူတွေကိုလည်း လှူဒန်းမယ့်အထဲမှာ ပါတဲ့အခါကျတော့ တကယ်လိုအပ်နေတဲ့သူတွေဆီကို ဒီရန်ပုံငွေတွေ ရောက်ဖို့ အဲဒါမျိုးကျတော့ CRPH က ဘယ်လိုလုပ်ဆောင်သလဲရှင့်။

ဦးထင်လင်းအောင်။ ။ အဲဒီအပေါ်မှာတော့ ကျနော်တို့အနေနဲ့ အခက်အခဲတွေ အများကြီး ဖြစ်နေတာပေါ့ဗျာ ။ အခုအချိန်မှာတော့ ဘဏ်တွေကလည်း ပိတ်ထားတယ်။ ဒီကြားထဲမှာ အဲဒီငွေတွေရဲ့ စီးဆင်းမှုတွေကို စစ်ကောင်စီကနေပြီးတော့ အတင်းကို ပိတ်ဆို့မှုတွေ တင်းကျပ်မှုတွေ လုပ်နေတဲ့အခါကျတော့ ကျနော်တို့အနေနဲ့ တော်တော်လေး အခက်အခဲဖြစ်ရပါတယ်။ တကယ်တော့ ဒါက လုံး၀ မလုပ်သင့်တဲ့ ကိစ္စဖြစ်တယ် ဘာဖြစ်လို့လဲဆိုတော့ အခက်အခဲဖြစ်နေတဲ့ လူထုဆီကို ဒီအလှူခံထားတဲ့ ငွေတွေကို ရောက်အောင်ပို့ဖို့အတွက်ကို လုပ်နေတဲ့ ကိစ္စမှာ ဒါလူထုကို ပိုပြီးတော့ ဒုက္ခရောက်အောင် သူတို့ဘက်က လုပ်နေတယ်လို့ ကျနော်တို့ မြင်တယ်ခင်ဗျ။ အခက်အခဲတွေက တော်တော်ကို ကျနော်တို့အတွက် ဖြစ်နေပါတယ်။

မအင်ကြင်းနိုင် ။ ။ အခုရလာတဲ့ ရန်ပုံငွေတွေကို ဒီလိုအခက်အခဲတွေကြားထဲက ဘယ်လို ဆောင်ရွက်သွားမလဲရှင့်။

ဦးထင်လင်းအောင်။ ။ အဲဒါကတော့ ကျနော်တို့လည်း နည်းလမ်းတွေ ရှာဖွေပြီးတော့ ဆောင်ရွက်သွားမှာရှိပါတယ်။ ဒါ ကျနော့်အနေနဲ့ သီးသန့်ကြီး ထုတ်ဖော်ပြောနေလို့ မရပါဘူး။ အဲဒါကတော့ ကျနော်တို့ အလှူခံတဲ့ အဖွဲ့အစည်းကနေပြီးတော့ ဒါကို အဆင်ပြေသွားအောင် လုပ်ဖို့ အစီအစဉ်ရှိပါတယ်။

မအင်ကြင်းနိုင် ။ ။ လှူဒါန်းတဲ့သူတွေဘက်ကရော ဒီအပေါ်မှာ သူတို့ရဲ့ ယုံကြည်မှုပေါ့နော် ၊ အဲဒါက ဘယ်လောက်အထိ ယုံကြည် စိတ်ချရမလဲရှင့်။

ဦးထင်လင်းအောင်။ ။ လှူဒါန်းတဲ့သူတွေအနေနဲ့ကတော့ ယုံကြည် စိတ်ချလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူ့ဂုဏ်ရည်အသင်းဆိုတာကလည်း သမာသမတ်ကျကျနဲ့ ဟိုတုန်းကတည်းက နှစ်ပေါင်းများစွာ ရပ်တည်လာတဲ့ အဖွဲ့အစည်းလည်း ဖြစ်တယ်။ ဘယ်သူတွေ လုပ်နေတယ်ဆိုတာလည်း ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာ ရှိပါတယ်။ ပြီးတော့ ကျနော်တို့ အနေနဲ့ကလည်း သူတို့ကို ယုံယုံကြည်ကြည်ရှိပါတယ်။ CRPH က ယုံကြည်တဲ့ လူတွေအပေါ်မှာ ပြည်သူလူထုကလည်း ယုံကြည်မယ်ဆိုတာ ဒါ ရှင်းရှင်းပဲ ကျနော်တို့က ယုံကြည်ပြီးသားဆိုတော့ ပြည်သူလူထုအနေနဲ့ ဒီအပေါ်မှာ သံသယရှိမယ်ဆိုတာ ကျနော်တို့ လုံး၀ မထင်ပါဘူး။ ဒါကြောင့်မို့လည်း ကာလတိုအတောအတွင်းလေးမှာ ငွေတွေ ဒီလောက် ခဏလေးနဲ့ ပမဏတွေ အများကြီး ဖြစ်လာတာပါ။

မအင်ကြင်းနိုင် ။ ။ တဖက်မှာ စစ်ကောင်စီက တော်တော်လေးကို ပြင်းပြင်းထန်ထန် အင်အားအရမ်းသုံးပြီးတော့ ဖိနှိပ်တဲ့အပေါ်မှာ ကျတော့ရော ပြည်သူတွေရော နောက်နိုင်ငံတကာမှာ ရောက်နေတဲ့ မြန်မာတွေ တိုင်းရင်းသားတွေကရော သူတို့က ဖယ်ဒရယ်ပြည်ထောင်စုအစိုးရ၊ ဖယ်ဒရယ်တပ် ဒါမျိုးတွေ ဖွဲ့စည်းဖို့လည်း ရန်ပုံငွေတွေ အသုံးပြုဖို့ လိုလိုလားလားပေါ့ သူတို့ ထုတ်ဖော်ပြောဆိုတာတွေလည်း ရှိတယ်ဆိုတော့ ဒီအပေါ်မှာရော ဦးထင်လင်းအောင် ဘယ်လိုအမြင်ရှိပါသလဲ။

ဦးထင်လင်းအောင်။ ။ လှူဒါန်းမှုတွေနဲ့ ပတ်သက်လို့ ကျနော့်အနေနဲ့ အများကြီး မပြောလိုပါဘူး။ ဖယ်ဒရယ်တပ်မတော်ဆိုတာကတော့ အစိုးရတရပ်ဖြစ်လာရင် တပ်မတော်ဆိုတာ လူထုကို အကာအကွယ်ပေးမယ့် တပ်မတော်ဆိုတာကတော့ ရှိလာမှာပါ။ အဲဒီတော့ ဒါရှိဖို့လည်း လိုအပ်ပါတယ်။ လူထုကို တကယ့်ကို အကာအကွယ်ပေးမယ့်ဖယ်ဒရယ်တပ်မတော်ဆိုတာ ဖြစ်လာမှာပါ။ အဲဒီအပေါ်မှာတော့ ကျနော် ဘာမှ ပြောစရာမရှိပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG