သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ကိုင္းတိုင္းအတြင္း စစ္ေကာင္စီတပ္နဲ႕ ျပည္သူ႔ ကာကြယ္ေရး ထိေတြ႕မႈျဖစ္


(Zawgyi/Unicode)

စစ္ကိုင္းတုိင္း၊ ေျမာင္ၿမိဳ႕နယ္ ေခ်ာင္းဇင္းေက်းရြာမွာ စစ္ေကာင္စီတပ္ေတြနဲ႔ ျပည္သူ႔ကာကြယ္ ေရးတပ္ဖြဲ႕ေတြ အျပန္အလွန္ ပစ္ခတ္မႈေတြျဖစ္ပြားခဲ့ၿပီး က်ဆံုးသူေတြရွိခဲ့သလို ေက်းရြာသားေတြလည္း ပိတ္မိေနတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။ ဒါ့အျပင္ စစ္ကိုင္းတိုင္း ကနီနယ္မွာလည္း ခႏၱီးေမွာ္ကေန ေက်ာက္စိမ္းတင္ေဆာင္လာတဲ့ စက္ေလွကို တိုက္ခိုက္ခဲ့တာအျပင္ လမ္းမွာ လံုၿခံဳေရးယူထားတဲ့ စစ္ေကာင္စီတပ္ေတြကို တိုက္ခိုက္ခဲ့တာေတြလည္းရွိခဲ့ပါတယ္။ ဒီအေၾကာင္း အျပည့္အစံု ရန္ကုန္က လာတဲ့သတင္းကို နန္လဖိုင္ ကေျပာျပပါမယ္။

စစ္ကိုင္းတိုင္၊း စစ္ကိုင္းခရိုင္ ၊ ေျမာင္ၿမိဳ႕နယ္၊ ေတာင္ဇင္းေက်းရြာမွာ စစ္ေကာင္စီတပ္ေတြနဲ႔ PDF တပ္ဖြဲ႕တို႔ ပစ္ခတ္တာေတြျဖစ္ခဲ့တာပါ။ ရြာရဲ႕သတင္းေပးဆိုသူက ေက်းရြာကို စစ္ေကာင္စီတပ္ေတြကို ေခၚေဆာင္ လာရာကေန ပစ္ခတ္တာျဖစ္ၿပီး စစ္ေကာင္စီဘက္က ၄ ဦးက်ဆံုးတယ္လို႔ စစ္ကုိင္း PDF က ဗြီအိုေအကို အတည္ျပဳေျပာပါတယ္။

ပစ္ခတ္မႈေတြေၾကာင့္ ေဒသခံေတြ ေက်းရြာေတြထဲမွာ ပိတ္မိတာေတြရွိေနတယ္လို႔ ေျမာင္ၿမိဳ႕ခံတဦးက အခုလိုေျပာပါတယ္။

“ေန႔လည္ ၁၁ နာရီေလာက္မွာ သူတို႔ စတင္ပစ္ခတ္တာေပါ့ေနာ္။ စတင္ပစ္ခတ္ေတာ့ အဲ့ဘက္ရြာနားမွာရွိတဲ့ ရြာခံေတြကေတာ့ ထြက္ေျပးတိမ္းေရွာင္ရတဲ့အေနအထားမွာျဖစ္ေနတယ္။ ျပန္ခုခံတာေတြဘာေတြေတာ့ မရွိဘူး။ ထြက္ေျပးတိမ္းေရွာင္ေနသူကလည္း ထြက္ေျပးေနတယ္။ အခုလက္ရွိမွာ ပိတ္မိေနသူလည္း ရွိတယ္ခင္ဗ်။ ကြ်န္ေတာ္လက္ရွိၾကားရသေလာက္က အဲ့ရြာက ဒလံရွိတာေပါ့ေနာ္။ ဒလံလို႔သတ္မွတ္လို႔ ရတဲ့သူကို သတ္လိုက္တယ္လို႔လည္းၾကားတယ္ခင္ဗ်။ သတ္လိုက္တဲ့အခ်ိန္မွာ စစ္ေကာင္စီဘက္က သူတို႔ကို ၿခိမ္းေျခာက္တဲ့အေနနဲ႔ ပစ္ခတ္တာလို႔ ၾကားတယ္။”

ေမ ၂၅ ရက္မွာလည္း စစ္ေကာင္စီဘက္က ခႏၱီးေမွာ္ကေန ေက်ာက္စိမ္းတင္ေဆာင္လာတဲ့ ေရယာဥ္ကို ေဒသခံ ျပည္သူ႔ကာကြယ္ေရး အဖြဲ႕ေတြက ၾကားျဖတ္ တိုက္ခိုက္တာေတြ ျပဳလုပ္ခဲ့သလို ေရယာဥ္ကို လံုၿခံဳေရး ယူဖို႔ ကုန္းလမ္းကေန လိုက္ပါလာတဲ့ စစ္ေကာင္စီတပ္ေတြနဲ႔လည္း ပစ္ခတ္တာေတြ ျဖစ္ပြားခဲ့ၿပီး ေဒသခံေတြဘက္က လက္နက္တခ်ိဳ႕ သိမ္းဆည္းရမိတယ္လို႔ ေဒသခံ ျပည္သူ႔ကာကြယ္ေရးအဖြဲ႕၀င္ တဦးကေျပာပါတယ္။

“ကြ်န္ေတာ္တို႔ဦးပိုင္ေပါ့ဗ်ာ ဦးပိုင္ကေနတူးေဖာ္ရရွိတဲ့ေက်ာက္စိမ္းကို မံုရြာကိုသယ္လာတာ မံုရြာကို သယ္လာတဲ့ Flat ခြံကို မံုရြာကေနၿပီးေတာ့ ၿပီးခဲ့တဲ့ ၃ ရက္ေျမာက္တုန္းက ၂၃ ရက္ေန႔တုန္းက သြားႀကိဳတဲ့ ေရယာဥ္ေတြနဲ႔ ထိပ္တိုက္ေတြ႕မႈအေျခအေနေတြ ျဖစ္ေနတယ္။ ၀င္းမနားဘက္မွာတုန္းကလည္း မေန႔ကတုန္းက ကုန္းေၾကာင္းကတက္သြားတဲ့ စစ္ကား ၅ စီးေပါ့ဗ်ာ။ စစ္ကား ၅ စီးက ကုန္းေပၚကေန လံုၿခံဳေရး လုိက္ပါေပးတာ လိုက္ပါေပးတဲ့ ၅ စီးနဲ႔ ျပည္သူ႔တပ္ဖြဲ႕ေတြ ထိပ္တိုက္ေတြ႕တာ မေန႔က ။ စစ္ေကာင္စီရဲ႕ ေက်ာက္စိမ္းတင္ေဆာင္လာတဲ့ ေမာ္ေတာ္ကို ျပည္သူ႔တပ္ဖြဲ႕ေတြက ၾကားျဖတ္တိုက္မွာ စိုးရိမ္တဲ့အတြက္ စစ္ေကာင္စီတပ္ေတြကို လံုၿခံဳေရးအေနနဲ႔ ျမစ္ကမ္းေတာက္ေလွ်ာက္ ေနရာယူၿပီးေတာ့ ဦးပိုင္ကထြက္တဲ့ ေက်ာက္စိမ္း ၇ တန္တင္တဲ့ Flat ခြံကို သူတို႔က ကင္းအေနနဲ႔ လံုၿခံဳေရးယူေပးထားတာ။ မေန႔က က်ဆံုး ဒဏ္ရာရတာရွိတာေတြက တိုက္ပြဲျဖစ္ေန ျပင္းထန္ေနတဲ့အခ်ိန္မွာ မိုးကရုတ္တရက္ရြာခ်လာတာဆိုေတာ့ ကြ်န္ေတာ္တို႔ အေနာက္ျပန္ဆုတ္ေပးလိုက္တာဆိုေတာ့ အတိအက်မသိဘူး။ ကြ်န္ေတာ္တို႔ဘက္က လက္နက္ေတြ ရလိုက္တာရွိတယ္။”

ေမ ၆ ရက္ကလည္း ခႏၱီးကို ပို႔ေဆာင္မယ့္ ယမ္းတင္ ေရယာဥ္ကို ေဒသခံကာကြယ္ေရး အဖြဲ႕ေတြက ပစ္ခတ္ တုိက္ခုိက္ခဲ့တာမွာ ေရယာဥ္တစီးနဲ႔အတူ လက္နက္ေတြ သိမ္းဆည္းရမိခဲ့သလို ေမ ၂၃ - ၂၄ ရက္တို႔မွာလည္း ကနီ- ကင္းလမ္းမွာ တပ္အင္အားျဖည့္တင္းလာတဲ့ စစ္ေကာင္စီတပ္ေတြကို တိုက္ခိုက္တခဲ့တာေၾကာင့္ စစ္ေကာင္စီဘက္က အက်အဆံုးမ်ားခဲ့တယ္လို႔ ကာကြယ္ေရးအဖြဲ႕ေတြက ဆိုပါတယ္။

ေသဆုံးသူစာရင္း အတိအက်ကုိေတာ့ ဗီြအုိေအက သီးျခား အတည္ျပဳလုိ႔ မရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

.............

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ ကာကွယ်ရေး ထိတွေ့မှုဖြစ်

(Unicode)

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ချောင်းဇင်းကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ကျဆုံးသူတွေရှိခဲ့သလို ကျေးရွာသားတွေလည်း ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း ကနီနယ်မှာလည်း ခန္တီးမှော်ကနေ ကျောက်စိမ်းတင်ဆောင်လာတဲ့ စက်လှေကို တိုက်ခိုက်ခဲ့တာအပြင် လမ်းမှာ လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တာတွေလည်းရှိခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်က လာတဲ့သတင်းကို နန်လဖိုင် ကပြောပြပါမယ်။

စစ်ကိုင်းတိုင်၊း စစ်ကိုင်းခရိုင် ၊ မြောင်မြို့နယ်၊ တောင်ဇင်းကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ PDF တပ်ဖွဲ့တို့ ပစ်ခတ်တာတွေဖြစ်ခဲ့တာပါ။ ရွာရဲ့သတင်းပေးဆိုသူက ကျေးရွာကို စစ်ကောင်စီတပ်တွေကို ခေါ်ဆောင် လာရာကနေ ပစ်ခတ်တာဖြစ်ပြီး စစ်ကောင်စီဘက်က ၄ ဦးကျဆုံးတယ်လို့ စစ်ကိုင်း PDF က ဗွီအိုအေကို အတည်ပြုပြောပါတယ်။

ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေ ကျေးရွာတွေထဲမှာ ပိတ်မိတာတွေရှိနေတယ်လို့ မြောင်မြို့ခံတဦးက အခုလိုပြောပါတယ်။

“နေ့လည် ၁၁ နာရီလောက်မှာ သူတို့ စတင်ပစ်ခတ်တာပေါ့နော်။ စတင်ပစ်ခတ်တော့ အဲ့ဘက်ရွာနားမှာရှိတဲ့ ရွာခံတွေကတော့ ထွက်ပြေးတိမ်းရှောင်ရတဲ့အနေအထားမှာဖြစ်နေတယ်။ ပြန်ခုခံတာတွေဘာတွေတော့ မရှိဘူး။ ထွက်ပြေးတိမ်းရှောင်နေသူကလည်း ထွက်ပြေးနေတယ်။ အခုလက်ရှိမှာ ပိတ်မိနေသူလည်း ရှိတယ်ခင်ဗျ။ ကျွန်တော်လက်ရှိကြားရသလောက်က အဲ့ရွာက ဒလံရှိတာပေါ့နော်။ ဒလံလို့သတ်မှတ်လို့ ရတဲ့သူကို သတ်လိုက်တယ်လို့လည်းကြားတယ်ခင်ဗျ။ သတ်လိုက်တဲ့အချိန်မှာ စစ်ကောင်စီဘက်က သူတို့ကို ခြိမ်းခြောက်တဲ့အနေနဲ့ ပစ်ခတ်တာလို့ ကြားတယ်။”

မေ ၂၅ ရက်မှာလည်း စစ်ကောင်စီဘက်က ခန္တီးမှော်ကနေ ကျောက်စိမ်းတင်ဆောင်လာတဲ့ ရေယာဉ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့သလို ရေယာဉ်ကို လုံခြုံရေး ယူဖို့ ကုန်းလမ်းကနေ လိုက်ပါလာတဲ့ စစ်ကောင်စီတပ်တွေနဲ့လည်း ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံတွေဘက်က လက်နက်တချို့ သိမ်းဆည်းရမိတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တဦးကပြောပါတယ်။

“ကျွန်တော်တို့ဦးပိုင်ပေါ့ဗျာ ဦးပိုင်ကနေတူးဖော်ရရှိတဲ့ကျောက်စိမ်းကို မုံရွာကိုသယ်လာတာ မုံရွာကို သယ်လာတဲ့ Flat ခွံကို မုံရွာကနေပြီးတော့ ပြီးခဲ့တဲ့ ၃ ရက်မြောက်တုန်းက ၂၃ ရက်နေ့တုန်းက သွားကြိုတဲ့ ရေယာဉ်တွေနဲ့ ထိပ်တိုက်တွေ့မှုအခြေအနေတွေ ဖြစ်နေတယ်။ ဝင်းမနားဘက်မှာတုန်းကလည်း မနေ့ကတုန်းက ကုန်းကြောင်းကတက်သွားတဲ့ စစ်ကား ၅ စီးပေါ့ဗျာ။ စစ်ကား ၅ စီးက ကုန်းပေါ်ကနေ လုံခြုံရေး လိုက်ပါပေးတာ လိုက်ပါပေးတဲ့ ၅ စီးနဲ့ ပြည်သူ့တပ်ဖွဲ့တွေ ထိပ်တိုက်တွေ့တာ မနေ့က ။ စစ်ကောင်စီရဲ့ ကျောက်စိမ်းတင်ဆောင်လာတဲ့ မော်တော်ကို ပြည်သူ့တပ်ဖွဲ့တွေက ကြားဖြတ်တိုက်မှာ စိုးရိမ်တဲ့အတွက် စစ်ကောင်စီတပ်တွေကို လုံခြုံရေးအနေနဲ့ မြစ်ကမ်းတောက်လျှောက် နေရာယူပြီးတော့ ဦးပိုင်ကထွက်တဲ့ ကျောက်စိမ်း ၇ တန်တင်တဲ့ Flat ခွံကို သူတို့က ကင်းအနေနဲ့ လုံခြုံရေးယူပေးထားတာ။ မနေ့က ကျဆုံး ဒဏ်ရာရတာရှိတာတွေက တိုက်ပွဲဖြစ်နေ ပြင်းထန်နေတဲ့အချိန်မှာ မိုးကရုတ်တရက်ရွာချလာတာဆိုတော့ ကျွန်တော်တို့ အနောက်ပြန်ဆုတ်ပေးလိုက်တာဆိုတော့ အတိအကျမသိဘူး။ ကျွန်တော်တို့ဘက်က လက်နက်တွေ ရလိုက်တာရှိတယ်။”

မေ ၆ ရက်ကလည်း ခန္တီးကို ပို့ဆောင်မယ့် ယမ်းတင် ရေယာဉ်ကို ဒေသခံကာကွယ်ရေး အဖွဲ့တွေက ပစ်ခတ် တိုက်ခိုက်ခဲ့တာမှာ ရေယာဉ်တစီးနဲ့အတူ လက်နက်တွေ သိမ်းဆည်းရမိခဲ့သလို မေ ၂၃ - ၂၄ ရက်တို့မှာလည်း ကနီ- ကင်းလမ်းမှာ တပ်အင်အားဖြည့်တင်းလာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်တခဲ့တာကြောင့် စစ်ကောင်စီဘက်က အကျအဆုံးများခဲ့တယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။

သေဆုံးသူစာရင်း အတိအကျကိုတော့ ဗွီအိုအေက သီးခြား အတည်ပြုလို့ မရသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG