သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘုရားေက်ာင္းတိုက္ခိုက္တာမ်ိဳးရပ္တန္ဖို႔ ကာဒီနယ္ခ်ာလ္းေမာင္ဘိုေမတၱာရပ္ခံ


Cardinal Charles Maung Bo gestures during a Reuters interview in his office at Yangon January 6, 2015. Religious extremism could derail Myanmar's much-vaunted reform process, the Buddhist-majority country's first Catholic cardinal, Charles Maung Bo, said

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ စစ္ေကာင္စီတပ္ေတြနဲ႔ တိုင္းရင္းသားေဒသ တိုက္ပြဲေတြျပင္းထန္လာေနတာမွာ ဝတ္ျပဳဆုေတာင္းတဲ့ေနရာေတြပါ တုိက္ခိုက္ခံေနရတဲ့အတြက္ ဒီလုပ္ရပ္ေတြ အဆုံးသတ္ဖို႔ ကက္သလစ္ရဟန္းအမတ္ ကာဒီနယ္လ္ ခ်ားလ္စ္ ေမာင္ဘိုက ေမတၱာရပ္ခံေတာင္းဆိုလိုက္ပါတယ္။

ၿပီးခဲ့တဲ့တနဂၤေႏြေန႔ညက တိုက္ပြဲေတြေၾကာင့္ ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႔ အနီးက ဘုရားေက်ာင္းထဲလက္နက္ႀကီးက်ည္က်ၿပီး အဲဒီမွာ ခိုလႈံေနတဲ့ အမ်ိဳးသမီးနဲ႔ ကေလးငယ္ေတြအပါအ၀င္ လူ၄ ဦးေသဆုံးၿပီး ၈ ဦးဒဏ္ရာရခဲ့တယ္လို႔ လည္း ရဟန္းအမတ္ ခ်ားလ္္ေမာင္ဘိုက တြစ္တာစာမ်က္ႏွာမွာ ေရးပါတယ္။

ခုရက္ပိုင္းအတြင္း ရွမ္းနဲ႔ ကယားျပည္နယ္ထဲမွာ စစ္ေကာင္စီတပ္နဲ႔ ေဒသခံလက္နက္ကိုင္တို႔ၾကား တုိက္ပြြဲေတြေၾကာင့္ လုံၿခဳံေရးတပ္သားေတြနဲ႔ ေဒသခံတုိက္ခိုက္ေရးသမား ဒါဇင္နဲ႔ခ်ီေသဆုံးဒဏ္ရာရခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

ဒီလိုတုိ္က္ပြဲေတြေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့ျပည္သူေတြလည္း ေဘးလႊတ္ရာ ေတာေတာင္ေတြထဲမွာ တိ္မ္းေရွာင္ေနၾကရတာပါ။

ျမန္မာျပည္သူေတြအေနနဲ႔ ကပ္ေရာဂါေၾကာင့္ ဘဝရွင္သန္ေရးခက္ခဲ့ေနၾကရသလို ဒီလိုအခ်ိန္မွာ သေဘာထားကြဲလြဲေနတာက တိုင္းျပည္အတြက္ ပိုၿပီးဆိုး႐ြားတဲ့ အေျခအေနေတြကို ျဖစ္ေပၚေစၿပီး တခုတည္းေသာေျဖရွင္းႏုိင္တဲ့နည္းလမ္းက ၿငိမ္းခ်မ္းေရးျဖစ္တာေၾကာင့္ တုိက္ပြြဲေတြ ရပ္တန္႔ဖို႔ ရဟန္းအမတ္ ခ်ားလ္စ္ ေမာင္ဘိုက ေမတၱာရပ္ခံလိုက္တာျဖစ္ပါတယ္။

............................................

တိုက္႐ိုက္ လင့္ခ္


{{Unicode}}

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားဒေသ တိုက်ပွဲတွေပြင်းထန်လာနေတာမှာ ဝတ်ပြုဆုတောင်းတဲ့နေရာတွေပါ တိုက်ခိုက်ခံနေရတဲ့အတွက် ဒီလုပ်ရပ်တွေ အဆုံးသတ်ဖို့ ကက်သလစ်ရဟန်းအမတ် ကာဒီနယ်လ် ချားလ်စ် မောင်ဘိုက မေတ္တာရပ်ခံတောင်းဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညက တိုက်ပွဲတွေကြောင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ အနီးက ဘုရားကျောင်းထဲလက်နက်ကြီးကျည်ကျပြီး အဲဒီမှာ ခိုလှုံနေတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူ၄ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့တယ်လို့ လည်း ရဟန်းအမတ် ချားလ်မောင်ဘိုက တွစ်တာစာမျက်နှာမှာ ရေးပါတယ်။

ခုရက်ပိုင်းအတွင်း ရှမ်းနဲ့ ကယားပြည်နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံလက်နက်ကိုင်တို့ကြား တိုက်ပွဲတွေကြောင့် လုံခြုံရေးတပ်သားတွေနဲ့ ဒေသခံတိုက်ခိုက်ရေးသမား ဒါဇင်နဲ့ချီသေဆုံးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီလိုတိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ပြည်သူတွေလည်း ဘေးလွှတ်ရာ တောတောင်တွေထဲမှာ တိမ်းရှောင်နေကြရတာပါ။

မြန်မာပြည်သူတွေအနေနဲ့ ကပ်ရောဂါကြောင့် ဘဝရှင်သန်ရေးခက်ခဲ့နေကြရသလို ဒီလိုအချိန်မှာ သဘောထားကွဲလွဲနေတာက တိုင်းပြည်အတွက် ပိုပြီးဆိုးရွားတဲ့ အခြေအနေတွေကို ဖြစ်ပေါ်စေပြီး တခုတည်းသောဖြေရှင်းနိုင်တဲ့နည်းလမ်းက ငြိမ်းချမ်းရေးဖြစ်တာကြောင့် တိုက်ပွဲတွေ ရပ်တန့်ဖို့ ရဟန်းအမတ် ချားလ်စ် မောင်ဘိုက မေတ္တာရပ်ခံလိုက်တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG