သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကယားျပည္နယ္တြင္းတိုက္ပဲြမ်ားေၾကာင့္ ေဒသခံေသာင္းခ်ီထြက္ေျပး


မုိးၿဗဲရဲစခန္းကို သိမ္းပိုက္ဖို႔ ႀကိဳးစားေနတဲ့ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔ဝင္အခ်ဳိ႕။ (ေမ ၂၃၊ ၂၀၂၁)

{{Zawgyi/Unicode}}
ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕နဲ႕ ဒီေမာဆိုၿမိဳ႕ေတြမွာ စစ္တပ္နဲ႔ ေဒသခံျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြ တိုက္ပြဲေတြ ဆက္ျဖစ္ေနပါတယ္။ စစ္တပ္ဖက္ကေတာ့ တိုက္ပြဲေတြျဖစ္ေနသလို နယ္ေျမလံုၿခံဳေရးအတြက္ ေဆာင္႐ြက္မႈေတြ အဖမ္းအဆီးေတြ လုပ္ေနတယ္လို႔ ေျပာပါတယ္။ ကယားျပည္နယ္ၿမိဳ႕ေတြမွာျဖစ္ေနတဲ့ တိုက္ပဲြေတြနဲ႔ ေသာင္းခ်ီတဲ့ ေဒသခံေတြ ထြက္ေျပးေနၾကရတဲ့ အေျခအေနကို ဗြီအိုေအသတင္း ေထာက္ နိုင္ကြန္းအိန္ကေန ေျပာျပေပးမွာပါ။

ကယားျပည္နယ္၊ ဒီးေမာ့ဆိုၿမိဳ႕နဲ႕လြိဳင္ေကာ္ၿမိဳ႕ ေတြမွာ ေဒသခံျပည္သူ႕ကာကြယ္ေရးအဖဲြ႔ေတြနဲ႔ စစ္တပ္ၾကား ဒီေန႔လည္း တိုက္ပြဲေတြ ျပင္းထန္ေနပါတယ္။ ဒီေမာဆိုၿမိဳ႕မွာ ဒီေန႔ မနက္အေစာပိုင္းက စစ္ေကာင္စီတပ္ဖြဲ႕ေတြ ေနရာယူထားတဲ့ ၿမိဳ႕တြင္း ရဲစခန္းကို ေဒသခံျပည္သူ႕ ကာကြယ္ေရးတပ္ဖြဲ႕ဘက္က ပစ္ခတ္လို႔ ႏွစ္ဖက္တိုက္ပြဲျဖစ္ပြါးခဲ့ပါတယ္။ ဒီတိုက္ပြဲအတြင္း ႏွစ္ဖက္ထိခိုက္က်ဆုံးမွဳရွိခဲ့တယ္လို႔ ၿမိဳ႕ခံတဦးကေျပာပါတယ္။

"ဒီေမာ့ဆိုဘက္မွာေနာ္ မနက္(၅)နာရီကတည္းကစၿပီးတိုက္ပြဲျဖစ္ေနတာ။ ရဲစခန္းအနားမွာ အျပန္လွန္ထိေတြ႕ျဖစ္တယ္ ေပါ့။ ရဲစခန္းမွာလက္နက္ႀကီးေတြနဲ႕လိုက္ပစ္တယ္။ ထိခိုက္မွဳကေတာ့ PDFဘက္မွာက (၃)ေယာက္ဒဏ္ရာရတယ္ေပါ့။ (၂)ေယာက္ေသတယ္။ ဟိုဘက္လဲထိခိုက္တာရွိတယ္။ သံခ်ပ္ကာကား(၂)စီးပစ္ခံ။ သူတို႕လဲပစ္ခံထိတယ္ေလ။ ေသ တယ္ ဒါေပမဲ့အေရအတြက္ကအတည္မျပဳနိုင္ဘူးေပါ့"

ဒီေန႕မနက္ပိုင္းကစၿပီး ၁၀ နာရီအခ်ိန္ထိ တိုက္ပြဲျပင္းထန္ေနဆဲျဖစ္ၿ႔ပီး စစ္ေကာင္စီဘက္က တင့္ကားႏွစ္စီး ပ်က္စီး ၿပီးေတာ့ အက်ဆုံးမ်ားသလို ကာကြယ္ေရးတပ္ဖြဲ႕ဘက္က (၃) ဦးဒဏ္ရာရ တယ္လို႔ ကရင္နီျပည္သူ႔ကာကြယ္ေရးအဖဲြ႔ KPDF ဘက္ကထုတ္ျပန္ ထား ပါတယ္။ နစက စစ္ေကာင္စီရဲ႕ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ တိုက္ပြဲေတြ ျဖစ္တယ္ဆိုတာ အတည္ျပဳေပမဲ့ အေသးစိတ္ မသိရေသးဘူးလို႔ ေျပာပါတယ္။

"ဒီမနက္အေျခအေနေတာ့အေသးစိပ္မသိေသးဘူး။ ကြ်န္ေတာ္တို႕ဒီ အၾကမ္းဖက္အဖြဲ႕အေနနဲ႕ကေတာ့ တိုက္ခိုက္ခဲ့တာ ေတာ့ရွိတယ္"

ဒီးေမာ့ဆိုၿမိဳ႕ထဲက အစိုးရရံုးတခ်ိဳ႕ကို ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြ႔ တနဂၤေႏြေန႔က မီးရွိဳ႕ဖ်က္စီးခဲ့ၿပီးေနာက္ စစ္တပ္ဖက္က အင္အားျဖည့္ထားပါတယ္။ ေသာၾကာနဲ႔စေနေန႔ေတြတုန္းကလဲ ႏွစ္ဖက္ပစ္ခတ္တိုက္ခိုက္မွဳေတြေၾကာင့္ ဒီေမာဆိုၿမိဳ႕ ေဒသခံ ေသာင္းနဲ႔ခ်ီ စစ္ေဘးလြတ္ရာ တိမ္းေရွာင္ေနၾကရပါတယ္။

ေဘာ္လခဲၿမိဳ႕နယ္ ေမာ္ခ်ီးၿမိဳ႕ဘက္မွာေတာ့ ကရင္နီအမ်ိဳးသားတိုးတက္ေရးပါတီအပါအ၀င္ ပူးေပါင္းအင္အားအဖြဲ႕ ကေန စစ္ေကာင္စီတပ္စခန္းတခု အေပၚ မေန႔ ေမလ ၂၄ ရက္ေန႔က တိုက္ခိုက္ခဲ့တယ္လို႕ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျာပါတယ္။

" ေမာ္ခ်ီးဘက္မွာေတာ့ မေန႕တုန္းကကြ်န္ေတာ္တို႕ ညေနပိုင္းေလာက္မွာ စခန္းတခုကို KNPP အဖြဲ႕ေတြပါပါတယ္။ ၀င္ၿပီးပစ္ခတ္တာရွိတယ္"

တခါ လြိဳင္ေကာ္ၿမိဳ႕ မွာလည္း ၿမိဳ႕အဝင္အထြက္ စစ္ေဆးေရးဂိတ္တခုျဖစ္တဲ့ ပန္ကန္းဂိတ္မွာ ဒီေန႔ အေစာပိုင္း စစ္တပ္နဲ႔ ေဒသခံလက္နက္ကိုင္အဖဲြ႔ေတြ တိုက္ပြဲျဖစ္သလို နာနတ္ေတာရပ္ကြက္မွာ မေန႔ညက တိုက္ပြဲေတြျဖစ္ခဲ့တယ္လို႔ လြိဳင္ေကာ္ၿမိဳ႕ခံက ေျပာျပပါတယ္။

"ဒီေန႕လည္ေတာ့လြိဳင္ေကာ္ၿမိဳ႕လယ္ထဲမွာ အျပန္လွန္ပစ္ခတ္ၾကတာ ပန္ကန္းဂိတ္တို႕ဘက္မွာ။ စစ္တပ္ဘက္အေျမာက္ ေတြနဲ႕ ေလးငါးေျခာက္ခ်က္ဆက္တိုက္ပစ္ေနတယ္။ မေန႕ည အေျခအေနကေတာ့ စစ္တပ္ကအေယာက္(၅၀)နဲ႕ တင့္ကားတစီးေပါ့ေနာ္။ နာနတ္ေတာဘက္ ခ်ီတက္လာတဲ့အခ်ိန္မွာ PDFအဖြဲ႕နဲ႕တိုက္ရိုက္ေတြ႕ၾကေတာ့ အျပန္လွန္ပစ္ ခတ္မွဳေတြျဖစ္တယ္။ ည(၉)နာရီအထိေတာ့ အျပန္လွန္ ပစ္လိုက္ နားလိုက္ဘဲ။ စစ္တပ္ကလက္နက္ႀကီေတြလဲသုံးတယ္။ PDFအဖြဲ႕က လူထုအထိနာမွာ စိုးလို႕ PDFအဖြဲ႕ေတြကေနာက္တခ်က္ျပန္ဆုတ္ေပးလိုက္တယ္"

စစ္ေကာင္စီေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ လြိဳင္ေကာ္ၿမိဳ႕အတြင္းပစ္ခတ္မွဳေတြရွိေနသလို စစ္တပ္ဘက္က အဖမ္းအဆီးေတြလုပ္ခ့ဲတယ္လို႔ေျပာပါတယ္။

"လိြဳင္ေကာ္ဘက္အေျခအေနမွာလဲ အဲဒီမွာကြ်န္ေတာ္တို႕ေတာ့ နယ္ေျမလုံျခံဳေရးဆက္လက္ေဆာင္ရြက္ေနရတာ ရွိပါ တယ္။ စခန္းေတြေတာ့ ပစ္ခတ္တာေတြ ေႏွာက္ယွက္တာေတြ ရွိေနတုန္းဘဲျဖစ္ပါတယ္။ မေန႕ကေတာ့ ကြ်န္ေတာ္တို႕ လိြဳင္ေကာ္ဘက္မွာဖမ္းဆီးရမိတဲ့သူေတြလဲ ရွိတယ္။ ကြ်န္ေတာ္တို႕ လိြဳင္ေကာ္တ၀ိုက္မွာ ရွင္းလင္းရင္းနဲ႕ကြ်န္ေတာ္တို႕ ဖမ္းဆီးရမိတာရွိတယ္"

လြိဳင္ေကာ္ၿမိဳ႕ထဲ လမ္းသြားလမ္းလာသူေတြကို စစ္တပ္က ဖမ္းဆီးခဲ့တယ္လို႔ ၿမိဳ႕ခံက ေျပာျပပါတယ္။

"မေန႕ကလြိဳင္ေကာ္ဘက္မွာ(၆)ေယာက္အဖမ္းခံရတယ္ ဟုတ္တယ္။ မိုင္းလုံးရပ္ကြက္က။ ေရွာင္တခင္ဘဲ ဒီအတိုင္းလမ္းမွာေတြ႕တဲ့သူ ေကာက္ဖမ္းၿပီးကားေပၚတင္ထားလိုက္တယ္အဲဒီလို"

ပစ္ခတ္တိုက္ခိုက္မွဳေတြျဖစ္ေနတဲ့ လြိဳင္ေကာ္ၿမိဳ႕နယ္ထဲမွာ ေဘးလြတ္ေအာင္ ထြက္ေျပးေနရသူေတြ ေသာင္းနဲ႔ခ်ီ ႐ွိေနပါတယ္။

"လြိဳင္ေကာ္ တျမိဳ႕နယ္ထဲကိုမရွိဘူးဆိုရင္ေတာ့ (၃)ေသာင္း(၄)ေသာင္းေလာက္ေတာ့ရွိမယ္။ ရြာတိုင္းလိုလိုက ရြာမွာ လူမရွိေတာ့ဘူး။ အကုန္လုံးေတာေတာင္ထဲမွာ လယ္ကြင္းထဲမွာ ထြက္ေနၾကတယ္။ ၿမိဳ႕ေပၚမွာေနတဲ့လူလဲ ဘုန္းႀကီး ေက်ာင္းတို႕ ဘိုးဘြားရိပ္သာမွာဘဲေရွာင္ေနၾကတယ္"

မေန႔ကေတာ့ ကယန္းသာယာေက်းရြာက ဒုကၡသည္တခ်ဳိ႔ ပုန္းခိုေနတဲ့ ဘုရားေက်ာင္းထဲ စစ္တပ္က ပစ္တဲ့ လက္နက္ႀကီး ထိမွန္လို႔ အရပ္သား ၄ ေယာက္ ေသဆုံးခဲ့သလို အမ်ားအျပားဒဏ္ရာ ရရွိခဲ့ပါတယ္။

ကယားျပည္နယ္ လြိဳင္ေကာ္ၿမိဳ႕နယ္၊ ဒီးေမာ့ဆိုျမိဳ႕နယ္၊ ဖရူဆိုျမိဳ႕နယ္နဲ႕ ရွမ္းျပည္နယ္ မိုးျဗဲၿမိဳ႕တုိ႔မွာ စစ္တပ္နဲ႔ ေဒသခံ ျပည္သူ႔ ကာကြယ္ေရးအဖဲြ႔ေတြ အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္မႈေတြေၾကာင့္ ေဒသခံ(၆)ေသာင္းေက်ာ္ စစ္ေဘးတိမ္းေရွာင္ေနၾကရၿပီး ဒုကၡသည္ေတြအတြက္ ေဆးဝါး၊အစားအေသာက္၊ အသုံးအေဆာင္ေတြလိုအပ္ေနတယ္လို႔ ျပည္တြင္း ဒုကၡသည္အကူအညီေပးတ့ဲ အဖဲြ႔ေတြက ေျပာေနၾကပါတယ္။

...............................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ကယားပြည်နယ် လွိုင်ကော်မြို့နဲ့ ဒီမောဆိုမြို့တွေမှာ စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ စစ်တပ်ဖက်ကတော့ တိုက်ပွဲတွေဖြစ်နေသလို နယ်မြေလုံခြုံရေးအတွက် ဆောင်ရွက်မှုတွေ အဖမ်းအဆီးတွေ လုပ်နေတယ်လို့ ပြောပါတယ်။ ကယားပြည်နယ်မြို့တွေမှာဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ သောင်းချီတဲ့ ဒေသခံတွေ ထွက်ပြေးနေကြရတဲ့ အခြေအနေကို ဗွီအိုအေသတင်း ထောက် နိုင်ကွန်းအိန်ကနေ ပြောပြပေးမှာပါ။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နဲ့လွိုင်ကော်မြို့ တွေမှာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်တပ်ကြား ဒီနေ့လည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဒီမောဆိုမြို့မှာ ဒီနေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေ နေရာယူထားတဲ့ မြို့တွင်း ရဲစခန်းကို ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပစ်ခတ်လို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။ ဒီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိခဲ့တယ်လို့ မြို့ခံတဦးကပြောပါတယ်။

"ဒီမော့ဆိုဘက်မှာနော် မနက်(၅)နာရီကတည်းကစပြီးတိုက်ပွဲဖြစ်နေတာ။ ရဲစခန်းအနားမှာ အပြန်လှန်ထိတွေ့ဖြစ်တယ် ပေါ့။ ရဲစခန်းမှာလက်နက်ကြီးတွေနဲ့လိုက်ပစ်တယ်။ ထိခိုက်မှုကတော့ PDFဘက်မှာက (၃)ယောက်ဒဏ်ရာရတယ်ပေါ့။ (၂)ယောက်သေတယ်။ ဟိုဘက်လဲထိခိုက်တာရှိတယ်။ သံချပ်ကာကား(၂)စီးပစ်ခံ။ သူတို့လဲပစ်ခံထိတယ်လေ။ သေ တယ် ဒါပေမဲ့အရေအတွက်ကအတည်မပြုနိုင်ဘူးပေါ့"

ဒီနေ့မနက်ပိုင်းကစပြီး ၁၀ နာရီအချိန်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ြ့ပီး စစ်ကောင်စီဘက်က တင့်ကားနှစ်စီး ပျက်စီး ပြီးတော့ အကျဆုံးများသလို ကာကွယ်ရေးတပ်ဖွဲ့ဘက်က (၃) ဦးဒဏ်ရာရ တယ်လို့ ကရင်နီပြည်သူ့ကာကွယ်ရေးအဖွဲ့ KPDF ဘက်ကထုတ်ပြန် ထား ပါတယ်။ နစက စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တိုက်ပွဲတွေ ဖြစ်တယ်ဆိုတာ အတည်ပြုပေမဲ့ အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်။

"ဒီမနက်အခြေအနေတော့အသေးစိပ်မသိသေးဘူး။ ကျွန်တော်တို့ဒီ အကြမ်းဖက်အဖွဲ့အနေနဲ့ကတော့ တိုက်ခိုက်ခဲ့တာ တော့ရှိတယ်"

ဒီးမော့ဆိုမြို့ထဲက အစိုးရရုံးတချို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ့ တနင်္ဂနွေနေ့က မီးရှို့ဖျက်စီးခဲ့ပြီးနောက် စစ်တပ်ဖက်က အင်အားဖြည့်ထားပါတယ်။ သောကြာနဲ့စနေနေ့တွေတုန်းကလဲ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒီမောဆိုမြို့ ဒေသခံ သောင်းနဲ့ချီ စစ်ဘေးလွတ်ရာ တိမ်းရှောင်နေကြရပါတယ်။

ဘော်လခဲမြို့နယ် မော်ချီးမြို့ဘက်မှာတော့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီအပါအဝင် ပူးပေါင်းအင်အားအဖွဲ့ ကနေ စစ်ကောင်စီတပ်စခန်းတခု အပေါ် မနေ့ မေလ ၂၄ ရက်နေ့က တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကြောပါတယ်။

" မော်ချီးဘက်မှာတော့ မနေ့တုန်းကကျွန်တော်တို့ ညနေပိုင်းလောက်မှာ စခန်းတခုကို KNPP အဖွဲ့တွေပါပါတယ်။ ဝင်ပြီးပစ်ခတ်တာရှိတယ်"

တခါ လွိုင်ကော်မြို့ မှာလည်း မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တခုဖြစ်တဲ့ ပန်ကန်းဂိတ်မှာ ဒီနေ့ အစောပိုင်း စစ်တပ်နဲ့ ဒေသခံလက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဖြစ်သလို နာနတ်တောရပ်ကွက်မှာ မနေ့ညက တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ လွိုင်ကော်မြို့ခံက ပြောပြပါတယ်။

"ဒီနေ့လည်တော့လွိုင်ကော်မြို့လယ်ထဲမှာ အပြန်လှန်ပစ်ခတ်ကြတာ ပန်ကန်းဂိတ်တို့ဘက်မှာ။ စစ်တပ်ဘက်အမြောက် တွေနဲ့ လေးငါးခြောက်ချက်ဆက်တိုက်ပစ်နေတယ်။ မနေ့ည အခြေအနေကတော့ စစ်တပ်ကအယောက်(၅၀)နဲ့ တင့်ကားတစီးပေါ့နော်။ နာနတ်တောဘက် ချီတက်လာတဲ့အချိန်မှာ PDFအဖွဲ့နဲ့တိုက်ရိုက်တွေ့ကြတော့ အပြန်လှန်ပစ် ခတ်မှုတွေဖြစ်တယ်။ ည(၉)နာရီအထိတော့ အပြန်လှန် ပစ်လိုက် နားလိုက်ဘဲ။ စစ်တပ်ကလက်နက်ကြီတွေလဲသုံးတယ်။ PDFအဖွဲ့က လူထုအထိနာမှာ စိုးလို့ PDFအဖွဲ့တွေကနောက်တချက်ပြန်ဆုတ်ပေးလိုက်တယ်"

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ လွိုင်ကော်မြို့အတွင်းပစ်ခတ်မှုတွေရှိနေသလို စစ်တပ်ဘက်က အဖမ်းအဆီးတွေလုပ်ခဲ့တယ်လို့ပြောပါတယ်။

"လွိုင်ကော်ဘက်အခြေအနေမှာလဲ အဲဒီမှာကျွန်တော်တို့တော့ နယ်မြေလုံခြုံရေးဆက်လက်ဆောင်ရွက်နေရတာ ရှိပါ တယ်။ စခန်းတွေတော့ ပစ်ခတ်တာတွေ နှောက်ယှက်တာတွေ ရှိနေတုန်းဘဲဖြစ်ပါတယ်။ မနေ့ကတော့ ကျွန်တော်တို့ လွိုင်ကော်ဘက်မှာဖမ်းဆီးရမိတဲ့သူတွေလဲ ရှိတယ်။ ကျွန်တော်တို့ လွိုင်ကော်တဝိုက်မှာ ရှင်းလင်းရင်းနဲ့ကျွန်တော်တို့ ဖမ်းဆီးရမိတာရှိတယ်"

လွိုင်ကော်မြို့ထဲ လမ်းသွားလမ်းလာသူတွေကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ မြို့ခံက ပြောပြပါတယ်။

"မနေ့ကလွိုင်ကော်ဘက်မှာ(၆)ယောက်အဖမ်းခံရတယ် ဟုတ်တယ်။ မိုင်းလုံးရပ်ကွက်က။ ရှောင်တခင်ဘဲ ဒီအတိုင်းလမ်းမှာတွေ့တဲ့သူ ကောက်ဖမ်းပြီးကားပေါ်တင်ထားလိုက်တယ်အဲဒီလို"

ပစ်ခတ်တိုက်ခိုက်မှုတွေဖြစ်နေတဲ့ လွိုင်ကော်မြို့နယ်ထဲမှာ ဘေးလွတ်အောင် ထွက်ပြေးနေရသူတွေ သောင်းနဲ့ချီ ရှိနေပါတယ်။

"လွိုင်ကော် တမြို့နယ်ထဲကိုမရှိဘူးဆိုရင်တော့ (၃)သောင်း(၄)သောင်းလောက်တော့ရှိမယ်။ ရွာတိုင်းလိုလိုက ရွာမှာ လူမရှိတော့ဘူး။ အကုန်လုံးတောတောင်ထဲမှာ လယ်ကွင်းထဲမှာ ထွက်နေကြတယ်။ မြို့ပေါ်မှာနေတဲ့လူလဲ ဘုန်းကြီး ကျောင်းတို့ ဘိုးဘွားရိပ်သာမှာဘဲရှောင်နေကြတယ်"

မနေ့ကတော့ ကယန်းသာယာကျေးရွာက ဒုက္ခသည်တချို့ ပုန်းခိုနေတဲ့ ဘုရားကျောင်းထဲ စစ်တပ်က ပစ်တဲ့ လက်နက်ကြီး ထိမှန်လို့ အရပ်သား ၄ ယောက် သေဆုံးခဲ့သလို အများအပြားဒဏ်ရာ ရရှိခဲ့ပါတယ်။

ကယားပြည်နယ် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နဲ့ ရှမ်းပြည်နယ် မိုးဗြဲမြို့တို့မှာ စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံ(၆)သောင်းကျော် စစ်ဘေးတိမ်းရှောင်နေကြရပြီး ဒုက္ခသည်တွေအတွက် ဆေးဝါး၊အစားအသောက်၊ အသုံးအဆောင်တွေလိုအပ်နေတယ်လို့ ပြည်တွင်း ဒုက္ခသည်အကူအညီပေးတဲ့ အဖွဲ့တွေက ပြောနေကြပါတယ်။

XS
SM
MD
LG