(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း မတည္မၿငိမ္ အေျခအေနေတြေၾကာင့္ သဘာ၀ဓာတ္ေငြ႕ တင္ပို႔ေရာင္းခ်မႈက ရရွိတဲ့ ေငြေပးေခ်မႈေတြကို ဆိုင္းငံ့လိုက္ေၾကာင္း ျပင္သစ္ေရနံလုပ္ငန္း Total က ဗုဒၶဟူးေန႔မွာ ေၾကညာလိုက္ပါတယ္။
ရတနာ သဘာ၀ဓာတ္ေငြ႕သိုက္ကေန ထိုင္းႏိုင္ငံကို သြယ္တန္းထားတဲ့ ပိုက္လိုင္းလုပ္ငန္းကို ပိုင္ဆိုင္တဲ့ မုတၱမ သဘာ၀ဓာတ္ေငြ႕ သယ္ယူပို႔ေဆာင္ေရး ကုမၸဏီ (MGTC) အစုရွယ္ယာ၀င္ေတြရဲ႕ ေမလ ၁၂ ရက္ေန႔ အစည္းအေ၀းမွာ ေငြေပးေခ်မယ့္ အစီအစဥ္ ဆိုင္းငံ့ထားဖို႔ ဆုံးျဖတ္လိုက္တာလို႔လည္း Total ကုမၸဏီရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
ဧၿပီလ ၁ ရက္ေန႔ကစ ေငြသားေပးေခ်မႈေတြ ဆိုင္းငံ့ဖို႔ကိုေတာ့ MGTC ကုမၸဏီရဲ႕ ၃၁.၂၄ ရာခိုင္ႏႈန္း ပိုင္ဆိုင္တဲ့ Total ကုမၸဏီက အဆိုျပဳခဲ့တာပါ။ Total ကုမၸဏီရဲ႕ ေၾကညာခ်က္မွာေတာ့ ျမန္မာႏိုင္ငံတြင္းက အၾကမ္းဖက္မႈေတြနဲ႔ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကို ရႈတ္ခ်ေၾကာင္းနဲ႔ ဥေရာပသမဂၢ (EU) နဲ႔ အေမရိကန္ ျပည္ေထာင္စုတို႔က ပိတ္ဆို႔ဒဏ္ခတ္မႈေတြ ခ်မွတ္တဲ့အခါ လိုက္နာသြားမွာ ျဖစ္ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။
ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းလိုက္ၿပီး၊ ေနာက္ဆက္တဲြ ဆန္႔က်င္ဆႏၵျပသူေတြကို အၾကမ္းဖက္ ႏွိမ္နင္းမႈေတြေၾကာင့္ စစ္တပ္အတြက္ ၀င္ေငြရေနတဲ့ လုပ္ရပ္ေတြကို ရပ္တန္႔ဖို႔ Total ကုမၸဏီ ဖိအားေပးခံေနရတာပါ။ ျပင္သစ္ကုမၸဏီနဲ႔အတူ ဖက္စပ္ လုပ္ကိုင္ေနတဲ့ အေမရိကန္ ေရနံကုမၸဏီ Chevron ကိုလည္း ဗုဒၶဟူးေန႔က ျမန္မာ့အေရးလႈပ္ရွားသူေတြ ကန္႔ကြက္ဆႏၵျပခဲ့ၾကပါတယ္။
Chevron ႐ုံးခ်ဳပ္ရွိရာ ဆန္ဖရစၥကိုမွာ ျမန္မာ့အေရး လႈပ္ရွားသူေတြ စုေ၀းၿပီး ျမန္မာစစ္အာဏာပိုင္ေတြအတြက္ ၀င္ေငြရေစမယ့္ လုပ္ရပ္ေတြကို ရပ္တန္႔ဖို႔ ေတာင္းဆိုဆႏၵျပခဲ့ၾကတာပါ။ MGTC ရဲ႕ ရွယ္ယာ ၂၈.၂၆ ရာခိုင္ႏႈန္းကိုေတာ့ အေမရိကန္ ေရနံလုပ္ငန္း Chevron က ပိုင္ဆိုင္ၿပီး၊ ထိုင္း PTTEP ကုမၸဏီက ၂၅.၅ ရာခိုင္ႏႈန္းနဲ႔ ျမန္မာစစ္တပ္က ထိန္းခ်ဳပ္ထားတဲ့ ျမန္မာ့ေရနံနဲ႔ သဘာ၀ဓာတ္ေငြ႕လုပ္ငန္း (MOGE) က ၁၅ ရာခိုင္ႏႈန္း ပိုင္ဆိုင္ၿပီး၊ သဘာ၀ဓာတ္ေငြ႕ ေရာင္းခ်မႈကေန ႏွစ္စဥ္ေဒၚလာသန္း ၁ ေထာင္ေလာက္ ၀င္ေငြရေနတယ္လို႔ ခန္႔မွန္းထားပါတယ္။
.............
သဘာဝဓာတ်ငွေ့ ရောင်းရငွေ မြန်မာစစ်တပ်ထံ ပေးပို့ရေး Total ကုမ္ပဏီဆိုင်းငံ့
(Unicode)
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတည်မငြိမ် အခြေအနေတွေကြောင့် သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချမှုက ရရှိတဲ့ ငွေပေးချေမှုတွေကို ဆိုင်းငံ့လိုက်ကြောင်း ပြင်သစ်ရေနံလုပ်ငန်း Total က ဗုဒ္ဓဟူးနေ့မှာ ကြေညာလိုက်ပါတယ်။
ရတနာ သဘာဝဓာတ်ငွေ့သိုက်ကနေ ထိုင်းနိုင်ငံကို သွယ်တန်းထားတဲ့ ပိုက်လိုင်းလုပ်ငန်းကို ပိုင်ဆိုင်တဲ့ မုတ္တမ သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ (MGTC) အစုရှယ်ယာဝင်တွေရဲ့ မေလ ၁၂ ရက်နေ့ အစည်းအဝေးမှာ ငွေပေးချေမယ့် အစီအစဉ် ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်လိုက်တာလို့လည်း Total ကုမ္ပဏီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဧပြီလ ၁ ရက်နေ့ကစ ငွေသားပေးချေမှုတွေ ဆိုင်းငံ့ဖို့ကိုတော့ MGTC ကုမ္ပဏီရဲ့ ၃၁.၂၄ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ Total ကုမ္ပဏီက အဆိုပြုခဲ့တာပါ။ Total ကုမ္ပဏီရဲ့ ကြေညာချက်မှာတော့ မြန်မာနိုင်ငံတွင်းက အကြမ်းဖက်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချကြောင်းနဲ့ ဥရောပသမဂ္ဂ (EU) နဲ့ အမေရိကန် ပြည်ထောင်စုတို့က ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်တဲ့အခါ လိုက်နာသွားမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီး၊ နောက်ဆက်တွဲ ဆန့်ကျင်ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းမှုတွေကြောင့် စစ်တပ်အတွက် ဝင်ငွေရနေတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ Total ကုမ္ပဏီ ဖိအားပေးခံနေရတာပါ။ ပြင်သစ်ကုမ္ပဏီနဲ့အတူ ဖက်စပ် လုပ်ကိုင်နေတဲ့ အမေရိကန် ရေနံကုမ္ပဏီ Chevron ကိုလည်း ဗုဒ္ဓဟူးနေ့က မြန်မာ့အရေးလှုပ်ရှားသူတွေ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။
Chevron ရုံးချုပ်ရှိရာ ဆန်ဖရစ္စကိုမှာ မြန်မာ့အရေး လှုပ်ရှားသူတွေ စုဝေးပြီး မြန်မာစစ်အာဏာပိုင်တွေအတွက် ဝင်ငွေရစေမယ့် လုပ်ရပ်တွေကို ရပ်တန့်ဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။ MGTC ရဲ့ ရှယ်ယာ ၂၈.၂၆ ရာခိုင်နှုန်းကိုတော့ အမေရိကန် ရေနံလုပ်ငန်း Chevron က ပိုင်ဆိုင်ပြီး၊ ထိုင်း PTTEP ကုမ္ပဏီက ၂၅.၅ ရာခိုင်နှုန်းနဲ့ မြန်မာစစ်တပ်က ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) က ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး၊ သဘာဝဓာတ်ငွေ့ ရောင်းချမှုကနေ နှစ်စဉ်ဒေါ်လာသန်း ၁ ထောင်လောက် ဝင်ငွေရနေတယ်လို့ ခန့်မှန်းထားပါတယ်။