သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေရနံဓာတ္ေငြ႔တူးေဖာ္ေရး လုပ္ငန္းေတြ ျမန္မာမွာ Total ကုမၸဏီ ဆက္လုပ္မည္


ျပင္သစ္အေျခစုိက္ Total ေရနံနဲ႔ သဘာဝဓာတ္ေငြ႔ တူးေဖာ္ေရးကုမၸဏီ။ (ေအာက္တိုဘာ ၁၂၊ ၂၀၁၆)

(Zawgyi / Unicode)

ျပင္သစ္ Total ေရနံနဲ႔ သဘာဝဓာတ္ေငြ႔တူးေဖာ္ေရး ကုမၸဏီက ျမန္မာႏိုင္ငံ ရတနာဓာတ္ေငြ႔ တူးေဖာ္ေရးက ထုတ္လုပ္ေရးလုပ္ငန္းေတြ ေဘးကင္းကင္းနဲ႔ ထုတ္ႏိုင္ေနသ၍ ရပ္ဆိုင္းမွာ မဟုတ္ဘူးလို႔ ေျပာဆိုပါတယ္။ ဒီလို ဆက္ၿပီး ထုတ္လုပ္တာဟာ တစိတ္တပိုင္းအားျဖင့္ ဝန္ထမ္းေတြကို အကာအကြယ္ေပးတာျဖစ္ၿပီး ဆက္မလုပ္ဘူးဆိုရင္ စစ္အုပ္ခ်ဳပ္ေရးေကာင္စီဘက္က လက္တုံ႔ျပန္မႈေတြ ရွိလာႏိုင္တယ္လို႔ ေျပာဆိုပါတယ္။

Total ကုမၸဏီရဲ႕ အခြန္ေပးေငြေတြဟာ စစ္တပ္အုပ္ခ်ဳပ္ေရးကို ေထာက္ပံ့ေနတယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ထုတ္လုပ္ေရးလုပ္ငန္းေတြကို ျပန္သုံးသပ္ဖို႔ CRPH အစိုးရအဖြဲ႔ဘက္က ဖိအားေပးမႈေတြ ရွိပါတယ္။

ဒါေပမယ့္ ကုမၸဏီအေနနဲ႔ လုပ္ငန္းေဆာင္တာေတြ ဆက္လည္ပတ္ဖို႔ အေၾကာင္းေတြ အမ်ားႀကီးရွိတဲ့အေၾကာင္း တနဂၤေႏြေန႔ ျပင္သစ္သတင္းစာ du Dimanche ကို Total ကုမၸဏီ အလုပ္အမႈေဆာင္ အႀကီးအကဲ Patrick Pouyanne က ေျပာဆိုပါတယ္။

ျမန္မာႏိုင္ငံအတြင္း အၾကမ္းဖက္မႈေတြကို ဆန႔္က်င္ၿပီး လုပ္ငန္းေတြ ရပ္တန႔္မယ္ဆိုရင္ ဝန္ထမ္းေတြကို အဓမၼခိုင္းေစတာမ်ိဳးေတြ ျဖစ္လာႏိုင္တယ္လို႔ Pouyanne က ေျပာပါတယ္။ ဒါ့အျပင္ စြမ္းအင္အဓိက ျဖည့္ဆည္းေပးေနတဲ့ အရင္းအျမစ္ကို ျဖတ္ေတာက္တာမ်ိဳး မလုပ္ခ်င္ဘူးလို႔လည္း သူကေျပာပါတယ္။

ရန္ကုန္ၿမိဳ႕ေန လူဦးေရ အမ်ားအျပားကို လွ်ပ္စစ္ေပးေနတဲ့ သဘာဝဓာတ္ေငြ႔ ထုတ္လုပ္မႈကို ရပ္ရင္ လူေတြပဲ ထပ္ၿပီး ဒုကၡေရာက္မွာ မဟုတ္လားလို႔ Pouyanne က ေၾကညာခ်က္ထုတ္ျပန္ ေမးခြန္းထုတ္ပါတယ္။ ထိုင္းအာဏာပိုင္ေတြဘက္ကလည္း ဒီ စြမ္းအင္အရင္းအျမစ္ အေရးႀကီးတာကို သတိေပးထားတယ္လို႔ ေျပာဆိုပါတယ္။

ျမန္မာႏုိင္ငံ အေနာက္ေတာင္ပိုင္း မုတၱမပင္လယ္ေကြ႔က ကမ္းလြန္ ရတနာ ဓာတ္ေငြ႔ထုတ္လုပ္ေရး လုပ္ငန္းက သဘာဝဓာတ္ေငြ႔ေတြကို ထိုင္းႏိုင္ငံကို အဓိက ပို႔ေပးတာျဖစ္ၿပီး ျမန္မာႏိုင္ငံအတြင္း ျပည္တြင္းေဈးကြက္ကိုလည္း တခ်ိဳ႕ ျဖန႔္ေဝေပးပါတယ္။

တက္ႂကြလႈပ္ရွားသူတခ်ိဳ႕ ေတာင္းဆိုသလို ေပးရမယ့္အခြန္ကို ယာယီထိန္းထားတဲ့စနစ္နဲ႔ Escrow ပုံစံ စုထားဖို႔ဆိုတာလည္း ေဒသခံ မန္ေနဂ်ာေတြအတြက္ ဥပေဒနဲ႔ မညီဘူးလို႔ Pouyanne က တုံ႔ျပန္ပါတယ္။

လစဥ္ စစ္အုပ္ခ်ဳပ္ေရးေကာင္စီကုိ ေပးေနတဲ့ ေဒၚလာ ၄ သန္းကိုေတာ့ ဘဏ္စနစ္ေတြ အလုပ္မလုပ္တဲ့အတြက္ ေလာေလာဆယ္ ေပးႏုိင္ျခင္းမရွိဘူးလို႔လည္း Total ကုမၸဏီက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ရေနံဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းတွေ မြန်မာမှာ Total ကုမ္ပဏီ ဆက်လုပ်မည်

ပြင်သစ် Total ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေး ကုမ္ပဏီက မြန်မာနိုင်ငံ ရတနာဓာတ်ငွေ့ တူးဖော်ရေးက ထုတ်လုပ်ရေးလုပ်ငန်းတွေ ဘေးကင်းကင်းနဲ့ ထုတ်နိုင်နေသ၍ ရပ်ဆိုင်းမှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။ ဒီလို ဆက်ပြီး ထုတ်လုပ်တာဟာ တစိတ်တပိုင်းအားဖြင့် ဝန်ထမ်းတွေကို အကာအကွယ်ပေးတာဖြစ်ပြီး ဆက်မလုပ်ဘူးဆိုရင် စစ်အုပ်ချုပ်ရေးကောင်စီဘက်က လက်တုံ့ပြန်မှုတွေ ရှိလာနိုင်တယ်လို့ ပြောဆိုပါတယ်။

Total ကုမ္ပဏီရဲ့ အခွန်ပေးငွေတွေဟာ စစ်တပ်အုပ်ချုပ်ရေးကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေကို ပြန်သုံးသပ်ဖို့ CRPH အစိုးရအဖွဲ့ဘက်က ဖိအားပေးမှုတွေ ရှိပါတယ်။

ဒါပေမယ့် ကုမ္ပဏီအနေနဲ့ လုပ်ငန်းဆောင်တာတွေ ဆက်လည်ပတ်ဖို့ အကြောင်းတွေ အများကြီးရှိတဲ့အကြောင်း တနင်္ဂနွေနေ့ ပြင်သစ်သတင်းစာ du Dimanche ကို Total ကုမ္ပဏီ အလုပ်အမှုဆောင် အကြီးအကဲ Patrick Pouyanne က ပြောဆိုပါတယ်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေကို ဆန့်ကျင်ပြီး လုပ်ငန်းတွေ ရပ်တန့်မယ်ဆိုရင် ဝန်ထမ်းတွေကို အဓမ္မခိုင်းစေတာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ Pouyanne က ပြောပါတယ်။ ဒါ့အပြင် စွမ်းအင်အဓိက ဖြည့်ဆည်းပေးနေတဲ့ အရင်းအမြစ်ကို ဖြတ်တောက်တာမျိုး မလုပ်ချင်ဘူးလို့လည်း သူကပြောပါတယ်။

ရန်ကုန်မြို့နေ လူဦးရေ အများအပြားကို လျှပ်စစ်ပေးနေတဲ့ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုကို ရပ်ရင် လူတွေပဲ ထပ်ပြီး ဒုက္ခရောက်မှာ မဟုတ်လားလို့ Pouyanne က ကြေညာချက်ထုတ်ပြန် မေးခွန်းထုတ်ပါတယ်။ ထိုင်းအာဏာပိုင်တွေဘက်ကလည်း ဒီ စွမ်းအင်အရင်းအမြစ် အရေးကြီးတာကို သတိပေးထားတယ်လို့ ပြောဆိုပါတယ်။

မြန်မာနိုင်ငံ အနောက်တောင်ပိုင်း မုတ္တမပင်လယ်ကွေ့က ကမ်းလွန် ရတနာ ဓာတ်ငွေ့ထုတ်လုပ်ရေး လုပ်ငန်းက သဘာဝဓာတ်ငွေ့တွေကို ထိုင်းနိုင်ငံကို အဓိက ပို့ပေးတာဖြစ်ပြီး မြန်မာနိုင်ငံအတွင်း ပြည်တွင်းဈေးကွက်ကိုလည်း တချို့ ဖြန့်ဝေပေးပါတယ်။

တက်ကြွလှုပ်ရှားသူတချို့ တောင်းဆိုသလို ပေးရမယ့်အခွန်ကို ယာယီထိန်းထားတဲ့စနစ်နဲ့ Escrow ပုံစံ စုထားဖို့ဆိုတာလည်း ဒေသခံ မန်နေဂျာတွေအတွက် ဥပဒေနဲ့ မညီဘူးလို့ Pouyanne က တုံ့ပြန်ပါတယ်။

လစဉ် စစ်အုပ်ချုပ်ရေးကောင်စီကို ပေးနေတဲ့ ဒေါ်လာ ၄ သန်းကိုတော့ ဘဏ်စနစ်တွေ အလုပ်မလုပ်တဲ့အတွက် လောလောဆယ် ပေးနိုင်ခြင်းမရှိဘူးလို့လည်း Total ကုမ္ပဏီက ပြောပါတယ်။

XS
SM
MD
LG