(Zawgyi/Unicode)
ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဒါဇင်နဲ့ချီတဲ့ လူတွေဟာ က Total ရေနံကုမ္မဏီရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။ မြန်မာနိုင်ငံက ဆန္ဒပြသူတွေရဲ့ ဒဏ်ရာရ ဓာတ်ပုံတွေကို ကိုင်ဆောင်၊ သွေးတုတွေကို သွန်ချပြီး ရေနံနဲ့သဘာဝဓတ်ငွေ့ ကုမ္မဏီကြီးအနေနဲ့မြန်မာနိုင်ငံမှာ ဆက်ပြီး လုပ်ကိုင်နေတာကို ရှုတ်ချတဲ့အနေနဲ့အခုလို ဆန္ဒပြကြတာဖြစ်ပါတယ်။
စစ်အုပ်စုကို ငွေကြေးအထောက်အကူရစေတဲ့ မြန်မာနိုင်ငံထဲက Total ရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းရေး တောင်းဆိုဖို့အတွက် Total ရဲ့ အဆောက်အဦးတွေတည်ရှိတဲ့ La Defense စီးပွားရေးဇုံထဲမှာ စုရုံးရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။
ကြာသပတေးနေ့ပဲရစ်မြို့ဆန္ဒပြပွဲကို အခွင့်အရေး တက်ကြွလှုပ်ရှားသူ အုပ်စုတခုဖြစ်တဲ့ Info Birmanie က ဦးဆောင်တာဖြစ်ပါတယ်။
"မြန်မာနိုင်ငံထဲက အခြေအနေတွေကို ရင်ဆိုင်ရာမှာ Total ဘာလဲ ဘယ်လဲလို့ ကျနော်တို့မေးချင်ပါတယ်။ မြန်မာပြည်သူတွေရဲ့ အသံ၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အသံ၊ ရွေးကောက်ခံတွေရဲ့ အသံကိုနားထောင်ပေးဖို့ကျနော်တို့တောင်းဆိုနေတာဖြစ်ပါတယ်။ သူတို့က စစ်အုပ်စုကို ဘဏ္ဍာရေးအရ အထောက်အကူပေးနေတာတွေအားလုံးကို ရပ်တန့်ဖို့တောင်းဆိုနေပါတယ်။ မြန်မာပြည်မှာ လုပ်ငန်းရပ်ဆိုင်းလိုက်ကြတဲ့ Woodside တို့၊ Puma Energy တို့လို Total ကုမ္မဏီအနေနဲ့စံပြအဖြစ်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေတွေအရ Total ကုမ္မဏီဟာ အဓိကကျတဲ့ အခန်းကဏ္ဍက ထင်ထင်ရှားရှား ပါဝင်နေပြီး ဒါဟာ စစ်အုပ်စုကို ဆက်ပြီး ဘဏ္ဍာငွေကြေးထောက်ပံ့နေတယ်ဆိုတာ မေးစရာတောင်မလိုဘူး" လို့Info Birmanie အဖွဲ့ဝင်တဦးဖြစ်တဲ့ Sophie Brondel က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ခံအစိုးရကို ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းယူပြီးနောက် နေ့စဉ်လိုလို ဆန္ဒပြပွဲတွေနဲ့မြန်မာပြည်ဟာ ဆူညံပေါက်ကွဲနေခဲ့ပါတယ်။
ဗိုလ်ချုပ်တွေနဲ့စစ်အုပ်စုကို ဖွဲ့စည်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့NLD ပါတီဝင်တွေကို လည်း ထိန်းသိမ်းထားပါတယ်။
ဗုဒ္ဓဟူး နေ့ ညနေပိုင်းအထိ အကြမ်းဖက်ဖြိုခွဲမှုတွေမှာ အနည်းဆုံး လူ ၂၈၆ ဦး သေဆုံးခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။
..............
(Unicode)
ကွာသပတေးနေ့ပဲရဈမွို့ဆန်ဒပွပှဲကို အခှင့ျအရေး တကျကွှလှုပျရှားသူ အုပျစုတခုဖွဈတဲ့ Info Birmanie က ဦးဆောငျတာဖွဈပါတယျ။