(Zawgyi/Unicode)
ျပင္သစ္ စြမ္းအင္ ကုမၸဏီ Total အက်ိဳးအျမတ္ ရေနတဲ႔ ေရနံပိုက္လိုင္းနဲ႔ ဆက္စပ္ေနတဲ႔ ဘ႑ာေရးဆိုင္ရာ လွ်ိဳ႕၀ွက္ ေဆာင္ရြက္မႈ ကေန တဆင့္ ျမန္မာ စစ္တပ္ဟာ သဘာ၀ ဓာတ္ေငြ႔ ေရာင္းခ်ရေငြ ေဒၚလာ သန္း ရာခ်ီရရွိေနေၾကာင္း ျပင္သစ္ သတင္းစာ တေစာင္က အဂၤါေန႔မွာ ေဖာ္ျပလိုက္ပါတယ္။
ဘာျမဴဒါမွာ မွတ္ပံုတင္ၿပီး ၁၉၉၄ ခုႏွစ္မွာ စတင္ဖြဲ႔စည္းခဲ႔တဲ႔ မုတၱမ ဓာတ္ေငြ႔ သယ္ယူပို႔ေဆာင္ေရး ကုမၸဏီ MGTC ဟာ ဓာတ္ေငြ႔ သယ္ယူပို႔ေဆာင္ေရး အတြက္ မတန္တဆ ေစ်းသတ္မွတ္ထားတာလို႔ ကုမၸဏီရဲ႕ စာရင္းေတြကို ကိုးကားၿပီး Le Monde သတင္းစာက ေဖာ္ျပပါတယ္။
ဒီလို ဘ႑ာေရးပိုင္းမွာ အႀကံအဖန္ လုပ္လိုက္တာေၾကာင့္ ႏုိင္ငံအေနနဲ႔ ေရနံ တူးေဖာ္ခြင့္ အခေၾကးေငြ ရတာ ေလ်ာ့သြားသလို တင္ပို႔တဲ႔ ဓာတ္ေငြ႔ေတြ အတြက္လည္း အခြန္ႏႈန္းထား ေလ်ာ့သြားေစေၾကာင္း ျပင္သစ္ သတင္းစာ Le Monde က ေဖာ္ျပပါတယ္။
ဒီလို လုပ္လိုက္တာေၾကာင့္ စစ္တပ္ အေနနဲ႔ သူတို႔ပိုင္ ေရနံနဲ႔ သဘာ၀ ဓာတ္ေငြ႔ ကုမၸဏီက တဆင့္ ဓာတ္ေငြ႔ တင္ပို႔ခ ေငြေၾကး တိုက္ရိုက္ ရရွိေနၿပီး ၂၀၁၉ ခုႏွစ္က ကုန္က်စာရိတ္ ေဒၚလာ ၅၂၃ သန္း ရွိခဲ႔တာကေန အခု အခါမွာ ကုန္က်စာရိတ္ ေဒၚလာ ၁၁ သန္းဘဲ က်သင့္ေတာ့တဲ႔ အေျခအေနကို ေျပာင္းလဲသြားေၾကာင္း ျပင္သစ္ သတင္းစာ Le Monde ရဲ႕ ေဖာ္ျပခ်က္ကို ကိုးကားၿပီး AFP သတင္းက ေဖာ္ျပထားပါတယ္။
Total လုပ္ငန္းႀကီးနဲ႔ စစ္တပ္က ထိန္းခ်ဳပ္ထားတဲ႔ ျမန္မာ့ေရနံနဲ႔ သဘာ၀ ဓာတ္ေငြ႔ လုပ္ငန္းႀကီးက မုတၱမ ဓာတ္ေငြ႔ သယ္ယူပို႔ေဆာင္ေရး ကုမၸဏီ MGTC ရဲ႕ အစုရွယ္ယာေတြကို ပိုင္ဆိုင္ထားတာ ျဖစ္ၿပီး MGTC ကုမၸဏီက ရတနာ ဓာတ္ေငြ႔ လုပ္ကြက္နဲ႔ ထိုင္းႏုိင္ငံကို ခ်ိတ္ဆက္ထားတဲ႔ ပိုက္လိုင္းကို ပိုင္ဆိုင္ထားတာပါ။ Total လုပ္ငန္းႀကီး အေနနဲ႔ စစ္တပ္ကို ဘ႑ာေငြ ေပးအပ္ေနတာေတြ ရပ္တန္႔ေရး အတြက္ ေဖေဖာ္၀ါရီလ စစ္အာဏာသိမ္းၿပီး ကတည္းက ဒီိမိုကေရစီ လိုလားသူ တက္ၾကြလႈပ္ရွားသူေတြက ဖိအားေပးေနၾကတာပါ။
............
သဘာဝဓာတ်ငွေ့လုပ်ငန်းက စစ်ကောင်စီ ဝင်ငွေရရှိပုံ ပြင်သစ်သတင်းစာ ဖော်ထုတ်
(Unicode)
ပြင်သစ် စွမ်းအင် ကုမ္ပဏီ Total အကျိုးအမြတ် ရနေတဲ့ ရေနံပိုက်လိုင်းနဲ့ ဆက်စပ်နေတဲ့ ဘဏ္ဍာရေးဆိုင်ရာ လျှို့ဝှက် ဆောင်ရွက်မှု ကနေ တဆင့် မြန်မာ စစ်တပ်ဟာ သဘာ၀ ဓာတ်ငွေ့ ရောင်းချရငွေ ဒေါ်လာ သန်း ရာချီရရှိနေကြောင်း ပြင်သစ် သတင်းစာ တစောင်က အင်္ဂါနေ့မှာ ဖော်ပြလိုက်ပါတယ်။
ဘာမြူဒါမှာ မှတ်ပုံတင်ပြီး ၁၉၉၄ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ မုတ္တမ ဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ MGTC ဟာ ဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး အတွက် မတန်တဆ ဈေးသတ်မှတ်ထားတာလို့ ကုမ္ပဏီရဲ့ စာရင်းတွေကို ကိုးကားပြီး Le Monde သတင်းစာက ဖော်ပြပါတယ်။
ဒီလို ဘဏ္ဍာရေးပိုင်းမှာ အကြံအဖန် လုပ်လိုက်တာကြောင့် နိုင်ငံအနေနဲ့ ရေနံ တူးဖော်ခွင့် အခကြေးငွေ ရတာ လျော့သွားသလို တင်ပို့တဲ့ ဓာတ်ငွေ့တွေ အတွက်လည်း အခွန်နှုန်းထား လျော့သွားစေကြောင်း ပြင်သစ် သတင်းစာ Le Monde က ဖော်ပြပါတယ်။
ဒီလို လုပ်လိုက်တာကြောင့် စစ်တပ် အနေနဲ့ သူတို့ပိုင် ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ ကုမ္ပဏီက တဆင့် ဓာတ်ငွေ့ တင်ပို့ခ ငွေကြေး တိုက်ရိုက် ရရှိနေပြီး ၂၀၁၉ ခုနှစ်က ကုန်ကျစာရိတ် ဒေါ်လာ ၅၂၃ သန်း ရှိခဲ့တာကနေ အခု အခါမှာ ကုန်ကျစာရိတ် ဒေါ်လာ ၁၁ သန်းဘဲ ကျသင့်တော့တဲ့ အခြေအနေကို ပြောင်းလဲသွားကြောင်း ပြင်သစ် သတင်းစာ Le Monde ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး AFP သတင်းက ဖော်ပြထားပါတယ်။
Total လုပ်ငန်းကြီးနဲ့ စစ်တပ်က ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာ၀ ဓာတ်ငွေ့ လုပ်ငန်းကြီးက မုတ္တမ ဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ MGTC ရဲ့ အစုရှယ်ယာတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပြီး MGTC ကုမ္ပဏီက ရတနာ ဓာတ်ငွေ့ လုပ်ကွက်နဲ့ ထိုင်းနိုင်ငံကို ချိတ်ဆက်ထားတဲ့ ပိုက်လိုင်းကို ပိုင်ဆိုင်ထားတာပါ။ Total လုပ်ငန်းကြီး အနေနဲ့ စစ်တပ်ကို ဘဏ္ဍာငွေ ပေးအပ်နေတာတွေ ရပ်တန့်ရေး အတွက် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီး ကတည်းက ဒီမိုကရေစီ လိုလားသူ တက်ကြွလှုပ်ရှားသူတွေက ဖိအားပေးနေကြတာပါ။