သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဂႏၶမာနဲ႔ Ruby Mart ကုန္တိုက္ေတြမီးေလာင္မႈ ရွင္းရွင္းလင္းလင္းမရွိေသး


ဂႏၶမာကုန္တိုက္ မီးေလာင္ေနသည့္ျမင္ကြင္း ( ေအၿပီလ ၁၊ ၂ဝ၂၁) ဓါတ္ပုံ Myanmar Fire Services Department Facebook

{{Zawgyi/Unicode}}
ရန္ကုန္ၿမိဳ႕က စစ္တပ္ပိုင္ကုန္တိုက္ႀကီး ၂ ခု ဒီေန႔ မနက္အေစာႀကီးမွာ မီးေလာင္ခဲ့တဲ့အေပၚ ရန္ကုန္ၿမိဳ႔ခံေတြၾကား အံ့ၾသ ေနၾကပါတယ္။ ဘာေတြမီးေလလာင္သြားၿပီး ဘယ္လိုထူးျခားမူေတြရွိေနပါလဲ၊ အမည္မေဖာ္လိုတဲ့ ရန္ကုန္ၿမိဳ႕ခံတခ်ဳိ႕ကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္းၿပီး တင္ျပထားပါတယ္။

ဒီစစ္တပ္ပိုင္ ကႏၶမာ Wholesale ကုန္တိုက္ႀကီးရွိရာ၊ မရမ္းကုန္းၿမိဳ. (၈) ရပ္ကြက္ေန၊ အမည္မေဖာ္လိုသူတစ္ဦးက စတင္သိရပံုကို -

"ညထဲကေတာ့ ဒီမီးေလာင္တယ္ဆိုတာကို သိရတယ္ေပါ့ေနာ္၊ (၁) နာရီနဲ႔ (၂) နာရီ ဝန္းက်င္မွာျဖစ္မယ္ထင္တယ္၊ ကၽြန္ေတာ္တို႔ အခိ်န္အတိအက်ကိုေတာ့ မသိဘူးေပါ့။ မီးေလာင္တာသိေတာ့၊ ရပ္ကြက္ထဲကလူေတြကေတာ့၊ အကုန္လံုး အဲ့ဒီကိုသြားေတာ့မၾကည့္ဘူးေပါ့ေနာ္၊ အကုန္လမ္းထိပ္ေတြကပဲ ထြက္ၾကည့္လိုက္တယ္။ ကၽြန္ေတာ္တို႔ မီးခိုးေတြေတြ႔ရတယ္။

"တခ်ိဳ.က်ေတာ့လဲ ဒီမီးေတြျမင္ရတယ္လို႔ေျပာတယ္။ အဲ့ဒီနားသြားဖို႔ကေတာ့၊ ဒီ ဂႏၶမာလမ္းမေပၚကိုတက္ရမွာဆိုေတာ့၊ Curfew (ညမထြက္ရအမိန္႔) အခ်ိန္ျဖစ္တဲ့အတြက္၊ ကၽြန္ေတာ္တိုသြားမၾကည့္လိုက္ဘူး။ မနက္က်မွ ကၽြန္ေတာ္တို႔သြားၾကည့္လိုက္တာ။ သြားၾကည့္လိုက္တဲ့အခါက်ေတာ့၊ (၁) နာရီထိုးထဲကမီးက၊ မနက္မိုးလင္း၊ ကၽြန္ေတာ္ေရာက္သြားတဲ့အခ်ိန္ဆို (၈) နာရီေလာက္ရွိၿပီ၊ အဲ့ဒိအခ်ိန္ထိကိုသူတို႔ အထဲမွာ မျငိွမ္းႏိုင္ေသးဘူး။ ၿငိွမ္းေနရေသးတာ။ ျမင္ရသေလာက္ေတာ့ အကုန္လံုး ေဟာင္းေလာင္းေပါက္ေတြ ျဖစ္ေနတာ။ အထဲမွာ ပစၥည္းတခ်ိဳ.၊ မီးေလာင္ထားတဲ့ဟာေတြကိုလည္းေတြ႔ရတယ္ေပါ့ေနာ္။ အဲ့ဒီ မီးခိုးအမဲေတြတက္တယ္၊ ေနာက္ေတာ့ အခုမွ ပစၥည္းတစ္ခုခု အခုမွစ မီးစစြဲလို႔၊ မီးခိုးအျဖဴေတြတက္တာမ်ိဳး၊ အဲ့ဒါမ်ိဳးေတာ့ျမင္ရတယ္။ ၿပီးသြားတဲ့အခါက်ေတာ့၊ ကၽြန္ေတာ္တို႔အျပင္ကိုလည္း၊ အေညွာ္နံ႔ေတြထြက္တဲ့အခါက်ေတာ့၊ အနံမ်ိဳးစံုရတဲ့ဟာမ်ိဳးလည္းရွိတယ္။"

ဒါ့အျပင္ မီးသတ္အင္အားနဲ႔ လံုၿခံဳေရးအေနအထားေတြ႔ခဲ့ရပံုကိုလည္း၊ ဂႏၶမာလမ္းနဲ႔ ေဝဇႏာၱယာလမ္းေထာင့္က ဒီကုန္တိုက္ႀကီးရွိ ရပ္ကြက္ထဲေနထိုင္သူကပဲ အခုလိုရွင္းျပပါတယ္။

"မီးသတ္အင္အား ကၽြန္ေတာ္တို႔ေတြ႔ရသေလာက္ဆိုရင္ေတာ့၊ အေနာက္ဖက္မွာေတာ့ သူတို႔ (၂) စီးေလာက္ရွိမယ္၊ ျမဝတီဘဏ္ဘက္ျခမ္း အပိုင္းက ျငွိမ္းေနတာ။ အဲ့ဒိ (၂) စီးက လူကယ္တဲ့ ကရိန္းလိုမ်ိဳးႀကီးနဲ႔ ျဖန္းတာကိုေတြ႔ရတယ္ေပါ့ေနာ္။ ၿပီးသြားေတာ့ အေရွမွာက က်ေတာ့လည္း (၂) စီးရွိတယ္။ ၿပီးသြားရင္၊ ဒီဘက္ေဘး ေဝဇယႏာၱဘက္မွာ ရပ္ထားတာ (၁) စီးရွိမယ္။ ၿပီးသြားေတာ့အဲ့ဒိဖက္မွာ ေရသန္႔ရွိေတာ့ ေရျဖည့္ေနတာ (၂) စီးဆိုေတာ့၊ စုစုေပါင္း (၆) စီး (၇) စီးေလာက္ေတာ့ရွိမယ္ဗ်။ ဒါကၽြန္ေတာ္ျမင္သေလာက္ေပါ့ေနာ္၊ Total (စုစုေပါင္း) ဘယ္ႏွစ္စီးဆိုတာ၊ကၽြန္ေတာ္လည္းမသိဘူး။ ေနာက္၊ လံုၿခံဳေရး သူတို႔ယူထားတယ္ေပါ့ေနာ္။ အနားမွာ သူတို႔ စစ္သားေတြရွိမယ္။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ သိသေလာက္ေတာ့၊ အရင္ထဲက အဲ့ဒိမွာ တပ္စြဲထားတယ္လို႔ေတာ့သိထားတယ္။"

အလားတူး စစ္တပ္ပိုင္ ေနာက္ကုန္တိုက္တခုရွိတဲ့၊ ရန္ကုန္ၿမိဳ.ထဲ ပန္းဆိုးတန္း Ruby Mart မီးေလာင္ခဲ့တာကို သြားၾကည့္ခဲ့တဲ့၊ ရန္ကုန္ၿမိဳ.ေနသူတစ္ဦးကလည္း အခုလိုရွင္းျပပါတယ္။

" ေန႔ခင္း (၁၂) နာရီေလာက္က၊ ဗိုလ္ခ်ဳပ္လမ္းကို ဆူးေလကေနစၿပီးေတာ့ ပိတ္ထားလိုက္တယ္။ ဘယ္ဖက္ကေန ျပန္ပတ္သြားရသလဲဆိုေတာ့၊ အထက္ပန္းဆိုးတန္းလမ္းကေန ျပန္ပတ္ၿပီးေတာ့၊ဆင္းလာေတာ့၊ အဲ့ဒီ Ruby Mart ကိုကေတာ့၊ ကားေပၚကပဲ ျမင္ခဲ့တာေပါ့ေနာ္။ အေဆာက္အဦးတစ္ခုလံုး မီးေတြေလာင္ၿပီး ကၽြမ္းေနတယ္ေပါ့။ အေဆာက္အဦးအခြံ၊ အုတ္နံရံနဲ႔ တိုင္ေတြပဲက်န္ေတာ့တယ္။ ဘာမွမရွိေတာ့ဘူး။ အကုန္ေလာင္တယ္။ အဲ့ဒီကေဘးဖက္အေဆာက္အဦးေတြေတာ့ ေလာင္တာမေတြ႔ရဘူး။ အဲ့ဒီ အေဆာက္အဦး (၁) ခုထဲပဲ။ ဒီ Curfew (ညမထြက္ရအမိန္႔)အခ်ိန္လဲျဖစ္ေတာ့၊ စေလာင္စဥ္ တျခားအဲ့ဒီနား ဘယ္သူမွလည္း ျဖတ္သြားျဖတ္လာမရွိဘူးေလ၊ အဲ့ဒိအခ်ိန္ဆိုေတာ့၊ ေလာင္တာက ရိုးရိုးတန္းတန္းေလာင္တာနဲ႔ေတာ့ မတူဘူးေပါ့။"

အဲ့ဒီေတာ့၊ အခုလို မီးေလာင္မူ (၂) ခု၊ ထူးထူးျခားျခားျဖစ္လာပံုကို၊ ရန္ကုန္ၿမိဳ.ေန ေနာက္သံုးသပ္သူတဦးက -

"ဒီေန႔ကေတာ့ တိုက္တိုက္ဆိုင္ဆိုင္၊ စစ္တပ္ပိုင္စီးပြားေရးလုပ္ငန္း (၂) ခု၊ တၿပိဳင္တည္းနီးပါး မီးေလာင္ခဲ့ေတာ့၊ နည္းနည္းေလး တိုက္တိုက္ဆိုင္ဆိုင္ေလးေတာ့ ရွိတယ္။"

ဒါ့အျပင္ ဒီ ဂႏာၱမာကုန္တိုက္ႀကီး မီးေလာင္မူမွာ ေနာက္ထပ္ ထူးျခားခဲ့ပံုကိုလည္း၊ ဒဂံုတကၠသိုလ္ IR ႏိုင္ငံတကာဆက္ဆံေရး ေက်ာင္းသား (၁) ဦးက -

"ကၽြန္ေတာ္တို႔ (၈) နာရီ (၄၅) မီးနစ္ ဝန္းက်င္ ေလာက္ကေပါ့့၊ ဒီ ဂႏၶမာ Wholesale ေရာက္တဲ့အခ်ိန္မွာ၊ CNN သတင္းေထာက္ကိုလည္း ကၽြန္ေတာ္တို႔ ေတြ႔လုိက္ရပါတယ္။ အကီၤ်က
ပန္းေရာင္သန္းတယ္ေပါ့၊ အနီမက်၊ ပန္းေရာင္မက်နဲ႔၊ ဒီ ေဘာင္းဘီဝတ္ထားတယ္၊ ဒီ CNN သတင္းေထာက္ကေလ။ ကၽြန္ေတာ္တို႔ထင္တာက၊ ဒီ CNN သတင္းေထာက္က၊ ဒီ ရန္ကုန္ၿမိဳ.မွာရွိတဲ့ဆႏၵျပပြဲေနရာေတြကို သြားေရာက္ေလ့လာစံုစမ္းမယ္ထင္ေနတာေပါ့။ ဒါေပမဲ့ ကၽြန္ေတာ္တို႔ သြားၾကည့္တဲ့ေနရာမွာ၊ သူက ဒီမီးေလာင္တဲ့ေနရာကို သြားစံုစမ္းေနတာကို ေတြ႔လိုက္ရတယ္ေပါ့။ မီးေလာင္တဲ့ေနရာကို၊ သူက ေလွ်ာက္ပတ္ၾကည့္ေနတာေပါ့။"

တကယ္ေတာ့ ျမန္မာႏိုင္ငံထဲ စစ္အာဏာသိမ္းဆန္႔က်င္ဆႏၵျပမူေတြကို၊ စစ္တပ္က ပစ္ခတ္ၿဖိဳခြင္းရာမွာ၊ အရင္ မီးေလာင္မူ တခ်ိဳ.ရွိခဲ့ေပမဲ့၊ ဒီတစ္ေခါက္ကေတာ့ ႀကီးမား ထူးျခားတယ္လို႔ သံုးသပ္သူေတြက ဆိုေနပါတယ္။

.....................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}
ရန်ကုန်မြို့က စစ်တပ်ပိုင်ကုန်တိုက်ကြီး ၂ ခု ဒီနေ့ မနက်အစောကြီးမှာ မီးလောင်ခဲ့တဲ့အပေါ် ရန်ကုန်မြို့ခံတွေကြား အံ့သြ နေကြပါတယ်။ ဘာတွေမီးလေလာင်သွားပြီး ဘယ်လိုထူးခြားမူတွေရှိနေပါလဲ၊ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတချို့ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်းပြီး တင်ပြထားပါတယ်။

ဒီစစ်တပ်ပိုင် ကန္ဓမာ Wholesale ကုန်တိုက်ကြီးရှိရာ၊ မရမ်းကုန်းမြို. (၈) ရပ်ကွက်နေ၊ အမည်မဖော်လိုသူတစ်ဦးက စတင်သိရပုံကို -

"ညထဲကတော့ ဒီမီးလောင်တယ်ဆိုတာကို သိရတယ်ပေါ့နော်၊ (၁) နာရီနဲ့ (၂) နာရီ ဝန်းကျင်မှာဖြစ်မယ်ထင်တယ်၊ ကျွန်တော်တို့ အချိန်အတိအကျကိုတော့ မသိဘူးပေါ့။ မီးလောင်တာသိတော့၊ ရပ်ကွက်ထဲကလူတွေကတော့၊ အကုန်လုံး အဲ့ဒီကိုသွားတော့မကြည့်ဘူးပေါ့နော်၊ အကုန်လမ်းထိပ်တွေကပဲ ထွက်ကြည့်လိုက်တယ်။ ကျွန်တော်တို့ မီးခိုးတွေတွေ့ရတယ်။

"တချို.ကျတော့လဲ ဒီမီးတွေမြင်ရတယ်လို့ပြောတယ်။ အဲ့ဒီနားသွားဖို့ကတော့၊ ဒီ ဂန္ဓမာလမ်းမပေါ်ကိုတက်ရမှာဆိုတော့၊ Curfew (ညမထွက်ရအမိန့်) အချိန်ဖြစ်တဲ့အတွက်၊ ကျွန်တော်တိုသွားမကြည့်လိုက်ဘူး။ မနက်ကျမှ ကျွန်တော်တို့သွားကြည့်လိုက်တာ။ သွားကြည့်လိုက်တဲ့အခါကျတော့၊ (၁) နာရီထိုးထဲကမီးက၊ မနက်မိုးလင်း၊ ကျွန်တော်ရောက်သွားတဲ့အချိန်ဆို (၈) နာရီလောက်ရှိပြီ၊ အဲ့ဒိအချိန်ထိကိုသူတို့ အထဲမှာ မငြှိမ်းနိုင်သေးဘူး။ ငြှိမ်းနေရသေးတာ။ မြင်ရသလောက်တော့ အကုန်လုံး ဟောင်းလောင်းပေါက်တွေ ဖြစ်နေတာ။ အထဲမှာ ပစ္စည်းတချို.၊ မီးလောင်ထားတဲ့ဟာတွေကိုလည်းတွေ့ရတယ်ပေါ့နော်။ အဲ့ဒီ မီးခိုးအမဲတွေတက်တယ်၊ နောက်တော့ အခုမှ ပစ္စည်းတစ်ခုခု အခုမှစ မီးစစွဲလို့၊ မီးခိုးအဖြူတွေတက်တာမျိုး၊ အဲ့ဒါမျိုးတော့မြင်ရတယ်။ ပြီးသွားတဲ့အခါကျတော့၊ ကျွန်တော်တို့အပြင်ကိုလည်း၊ အညှော်နံ့တွေထွက်တဲ့အခါကျတော့၊ အနံမျိုးစုံရတဲ့ဟာမျိုးလည်းရှိတယ်။"

ဒါ့အပြင် မီးသတ်အင်အားနဲ့ လုံခြုံရေးအနေအထားတွေ့ခဲ့ရပုံကိုလည်း၊ ဂန္ဓမာလမ်းနဲ့ ဝေဇန္တာယာလမ်းထောင့်က ဒီကုန်တိုက်ကြီးရှိ ရပ်ကွက်ထဲနေထိုင်သူကပဲ အခုလိုရှင်းပြပါတယ်။

"မီးသတ်အင်အား ကျွန်တော်တို့တွေ့ရသလောက်ဆိုရင်တော့၊ အနောက်ဖက်မှာတော့ သူတို့ (၂) စီးလောက်ရှိမယ်၊ မြဝတီဘဏ်ဘက်ခြမ်း အပိုင်းက ငြှိမ်းနေတာ။ အဲ့ဒိ (၂) စီးက လူကယ်တဲ့ ကရိန်းလိုမျိုးကြီးနဲ့ ဖြန်းတာကိုတွေ့ရတယ်ပေါ့နော်။ ပြီးသွားတော့ အရှေမှာက ကျတော့လည်း (၂) စီးရှိတယ်။ ပြီးသွားရင်၊ ဒီဘက်ဘေး ဝေဇယန္တာဘက်မှာ ရပ်ထားတာ (၁) စီးရှိမယ်။ ပြီးသွားတော့အဲ့ဒိဖက်မှာ ရေသန့်ရှိတော့ ရေဖြည့်နေတာ (၂) စီးဆိုတော့၊ စုစုပေါင်း (၆) စီး (၇) စီးလောက်တော့ရှိမယ်ဗျ။ ဒါကျွန်တော်မြင်သလောက်ပေါ့နော်၊ Total (စုစုပေါင်း) ဘယ်နှစ်စီးဆိုတာ၊ကျွန်တော်လည်းမသိဘူး။ နောက်၊ လုံခြုံရေး သူတို့ယူထားတယ်ပေါ့နော်။ အနားမှာ သူတို့ စစ်သားတွေရှိမယ်။ ဒါပေမဲ့ ကျွန်တော်တို့ သိသလောက်တော့၊ အရင်ထဲက အဲ့ဒိမှာ တပ်စွဲထားတယ်လို့တော့သိထားတယ်။"

အလားတူး စစ်တပ်ပိုင် နောက်ကုန်တိုက်တခုရှိတဲ့၊ ရန်ကုန်မြို.ထဲ ပန်းဆိုးတန်း Ruby Mart မီးလောင်ခဲ့တာကို သွားကြည့်ခဲ့တဲ့၊ ရန်ကုန်မြို.နေသူတစ်ဦးကလည်း အခုလိုရှင်းပြပါတယ်။

" နေ့ခင်း (၁၂) နာရီလောက်က၊ ဗိုလ်ချုပ်လမ်းကို ဆူးလေကနေစပြီးတော့ ပိတ်ထားလိုက်တယ်။ ဘယ်ဖက်ကနေ ပြန်ပတ်သွားရသလဲဆိုတော့၊ အထက်ပန်းဆိုးတန်းလမ်းကနေ ပြန်ပတ်ပြီးတော့၊ဆင်းလာတော့၊ အဲ့ဒီ Ruby Mart ကိုကတော့၊ ကားပေါ်ကပဲ မြင်ခဲ့တာပေါ့နော်။ အဆောက်အဦးတစ်ခုလုံး မီးတွေလောင်ပြီး ကျွမ်းနေတယ်ပေါ့။ အဆောက်အဦးအခွံ၊ အုတ်နံရံနဲ့ တိုင်တွေပဲကျန်တော့တယ်။ ဘာမှမရှိတော့ဘူး။ အကုန်လောင်တယ်။ အဲ့ဒီကဘေးဖက်အဆောက်အဦးတွေတော့ လောင်တာမတွေ့ရဘူး။ အဲ့ဒီ အဆောက်အဦး (၁) ခုထဲပဲ။ ဒီ Curfew (ညမထွက်ရအမိန့်)အချိန်လဲဖြစ်တော့၊ စလောင်စဉ် တခြားအဲ့ဒီနား ဘယ်သူမှလည်း ဖြတ်သွားဖြတ်လာမရှိဘူးလေ၊ အဲ့ဒိအချိန်ဆိုတော့၊ လောင်တာက ရိုးရိုးတန်းတန်းလောင်တာနဲ့တော့ မတူဘူးပေါ့။"

အဲ့ဒီတော့၊ အခုလို မီးလောင်မူ (၂) ခု၊ ထူးထူးခြားခြားဖြစ်လာပုံကို၊ ရန်ကုန်မြို.နေ နောက်သုံးသပ်သူတဦးက -

"ဒီနေ့ကတော့ တိုက်တိုက်ဆိုင်ဆိုင်၊ စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်း (၂) ခု၊ တပြိုင်တည်းနီးပါး မီးလောင်ခဲ့တော့၊ နည်းနည်းလေး တိုက်တိုက်ဆိုင်ဆိုင်လေးတော့ ရှိတယ်။"

ဒါ့အပြင် ဒီ ဂန္တာမာကုန်တိုက်ကြီး မီးလောင်မူမှာ နောက်ထပ် ထူးခြားခဲ့ပုံကိုလည်း၊ ဒဂုံတက္ကသိုလ် IR နိုင်ငံတကာဆက်ဆံရေး ကျောင်းသား (၁) ဦးက -

"ကျွန်တော်တို့ (၈) နာရီ (၄၅) မီးနစ် ဝန်းကျင် လောက်ကပေါ့၊ ဒီ ဂန္ဓမာ Wholesale ရောက်တဲ့အချိန်မှာ၊ CNN သတင်းထောက်ကိုလည်း ကျွန်တော်တို့ တွေ့လိုက်ရပါတယ်။ အကီၤျက
ပန်းရောင်သန်းတယ်ပေါ့၊ အနီမကျ၊ ပန်းရောင်မကျနဲ့၊ ဒီ ဘောင်းဘီဝတ်ထားတယ်၊ ဒီ CNN သတင်းထောက်ကလေ။ ကျွန်တော်တို့ထင်တာက၊ ဒီ CNN သတင်းထောက်က၊ ဒီ ရန်ကုန်မြို.မှာရှိတဲ့ဆန္ဒပြပွဲနေရာတွေကို သွားရောက်လေ့လာစုံစမ်းမယ်ထင်နေတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ သွားကြည့်တဲ့နေရာမှာ၊ သူက ဒီမီးလောင်တဲ့နေရာကို သွားစုံစမ်းနေတာကို တွေ့လိုက်ရတယ်ပေါ့။ မီးလောင်တဲ့နေရာကို၊ သူက လျှောက်ပတ်ကြည့်နေတာပေါ့။"

တကယ်တော့ မြန်မာနိုင်ငံထဲ စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြမူတွေကို၊ စစ်တပ်က ပစ်ခတ်ဖြိုခွင်းရာမှာ၊ အရင် မီးလောင်မူ တချို.ရှိခဲ့ပေမဲ့၊ ဒီတစ်ခေါက်ကတော့ ကြီးမား ထူးခြားတယ်လို့ သုံးသပ်သူတွေက ဆိုနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG