သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

 ျမန္မာစစ္ေကာင္စီအေပၚ Biden အစိုးရ ဒဏ္ခတ္အေရးယူမႈ ရီပတ္ဘလစ္ကန္ေခါင္းေဆာင္ Mitch McConnell ခ်ီးက်ဴး


ရီပတ္ဘလစ္ကန္ပါတီ အထက္လႊတ္ေတာ္ လူနည္းစုေခါင္းေဆာင္ Mitch McConnell

(Zawgyi/Unicode)

ျမန္မာစစ္အာဏာသိမ္း ေခါင္းေဆာင္ေတြအေပၚ အေမရိကန္သမၼတ Joe Biden အစိုးရက ဖိအားေပး အေရးယူေနတဲ့ အစီအစဥ္ေတြအေပၚ ထိပ္တန္းရီပတ္ဘလစ္ကန္ ေခါင္းေဆာင္တေယာက္က အားေပးေထာက္ခံေၾကာင္း ေျပာဆိုလိုက္ပါတယ္။

“ျမန္မာ့အေရးနဲ႔ ပတ္သက္လို႔ သမၼတ Joe Biden အစိုးရနဲ႔ ထိေတြ႕ဆက္ဆံၿပီး၊ စစ္ေခါင္းေဆာင္ေတြနဲ႔ အတိုက္အခံ ရင္ဆိုင္ေနသူေတြကို အေကာင္းဆုံး အားေပးေထာက္ခံႏိုင္မယ့္ နည္းလမ္းေတြ၊ အာဏာသိမ္း စစ္ေခါင္းေဆာင္ေတြ အထိနာေစမယ့္ ၀င္ေငြရမယ့္ ေနရာေတြကို ပစ္မွတ္ထား ဒဏ္ခတ္မႈ အသစ္ေတြ ခ်မွတ္ဖို႔၊ ပို႔ကုန္လိုင္စင္ တားျမစ္ဖို႔ေတြကိုလည္း ေဆြးေႏြးတာေတြ ရွိပါတယ္။ အေမရိကန္ အစိုးရရဲ႕ ျမန္ျမန္ဆန္ဆန္ တုံ႔ျပန္ေဆာင္ရြက္မႈေတြ အေပၚမွာလည္း အားရမိပါတယ္။” လို႔ အတိုက္အခံ ရီပတ္ဘလစ္ကန္ပါတီ အထက္လႊတ္ေတာ္ လူနည္းစုေခါင္းေဆာင္ Mitch McConnell ကေျပာဆိုသြားတာပါ။

ျမန္မာျပည္သူေတြရဲ႕ ဆႏၵေတြကို ထင္ဟပ္ခဲ့တဲ့ ေရြးေကာက္ပဲြ ရလဒ္ကို ဆန္႔က်င္ၿပီး စစ္တပ္က အာဏာသိမ္းခဲ့တာကို ၿငိမ္းခ်မ္းစြာ ဆႏၵျပသူေတြကို အၾကမ္းဖက္ ႏွိမ္နင္းတဲ့ လုပ္ရပ္အေပၚ အေမရိကန္က အဓိက ႏိုင္ငံေရး ပါတီႀကီး ၂ ခုက ပူးေပါင္းဖိအားေပးဖို႔လည္း ဝါရွင္တန္အေျခစိုက္ Heritage ေဖာင္ေဒးရွင္းက ကမကထလုပ္တဲ့ ျမန္မာ့အေရး အြန္လိုင္းေဆြးေႏြးပဲြ ဗုဒၶဟူးေန႔က က်င္းပရာမွာ အဖြင့္အမွာစကား ေျပာၾကားရာမွာ ထည့္သြင္းေျပာဆိုသြားပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းမႈနဲ႔ ေနာက္ဆက္တြဲ လုံျခံဳေရးအာဏာပိုင္ေတြရဲ႕ အၾကမ္းဖက္ ႏွိမ္နင္းမႈေတြအေပၚ တုံ႔ျပန္တဲ့ အေနနဲ႔ အေမရိကန္အစိုးရကေတာ့ အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္အပါအ၀င္ ထိပ္တန္း တာ၀န္ရွိသူေတြကို ဒဏ္ခတ္အေရးမႈေတြ ခ်မွတ္ထားတာပါ။

ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ ေတာင္ကိုရီးယားနဲ႔ အေမရိကန္ သမၼတေတြရဲ႕ ဝါရွင္တန္က ထိပ္သီးေတြ႕ဆုံမႈ အၿပီးမွာလည္း ျမန္မာႏိုင္ငံသားေတြကို သက္ဆိုင္ရာႏိုင္ငံေတြက ခိုလႈံခြင့္ေပးၿပီး ေစာင့္ေရွာက္ၾကဖို႔နဲ႔ ျမန္မာစစ္တပ္အတြက္ လက္နက္တင္ပို႔ေရာင္းခ်မႈေတြ တားျမစ္ဖို႔လည္း ႏိ္ုင္ငံတကာ အသိုင္းအ၀န္းကို တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

.............

မြန်မာစစ်ကောင်စီအပေါ် Biden အစိုးရ ဒဏ်ခတ်အရေးယူမှု ရီပတ်ဘလစ်ကန်ခေါင်းဆောင် Mitch McConnell ချီးကျူး

(Unicode)

မြန်မာစစ်အာဏာသိမ်း ခေါင်းဆောင်တွေအပေါ် အမေရိကန်သမ္မတ Joe Biden အစိုးရက ဖိအားပေး အရေးယူနေတဲ့ အစီအစဉ်တွေအပေါ် ထိပ်တန်းရီပတ်ဘလစ်ကန် ခေါင်းဆောင်တယောက်က အားပေးထောက်ခံကြောင်း ပြောဆိုလိုက်ပါတယ်။

“မြန်မာ့အရေးနဲ့ ပတ်သက်လို့ သမ္မတ Joe Biden အစိုးရနဲ့ ထိတွေ့ဆက်ဆံပြီး၊ စစ်ခေါင်းဆောင်တွေနဲ့ အတိုက်အခံ ရင်ဆိုင်နေသူတွေကို အကောင်းဆုံး အားပေးထောက်ခံနိုင်မယ့် နည်းလမ်းတွေ၊ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ အထိနာစေမယ့် ဝင်ငွေရမယ့် နေရာတွေကို ပစ်မှတ်ထား ဒဏ်ခတ်မှု အသစ်တွေ ချမှတ်ဖို့၊ ပို့ကုန်လိုင်စင် တားမြစ်ဖို့တွေကိုလည်း ဆွေးနွေးတာတွေ ရှိပါတယ်။ အမေရိကန် အစိုးရရဲ့ မြန်မြန်ဆန်ဆန် တုံ့ပြန်ဆောင်ရွက်မှုတွေ အပေါ်မှာလည်း အားရမိပါတယ်။” လို့ အတိုက်အခံ ရီပတ်ဘလစ်ကန်ပါတီ အထက်လွှတ်တော် လူနည်းစုခေါင်းဆောင် Mitch McConnell ကပြောဆိုသွားတာပါ။

မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေကို ထင်ဟပ်ခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ကို ဆန့်ကျင်ပြီး စစ်တပ်က အာဏာသိမ်းခဲ့တာကို ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းတဲ့ လုပ်ရပ်အပေါ် အမေရိကန်က အဓိက နိုင်ငံရေး ပါတီကြီး ၂ ခုက ပူးပေါင်းဖိအားပေးဖို့လည်း ဝါရှင်တန်အခြေစိုက် Heritage ဖောင်ဒေးရှင်းက ကမကထလုပ်တဲ့ မြန်မာ့အရေး အွန်လိုင်းဆွေးနွေးပွဲ ဗုဒ္ဓဟူးနေ့က ကျင်းပရာမှာ အဖွင့်အမှာစကား ပြောကြားရာမှာ ထည့်သွင်းပြောဆိုသွားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ လုံခြုံရေးအာဏာပိုင်တွေရဲ့ အကြမ်းဖက် နှိမ်နင်းမှုတွေအပေါ် တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်အစိုးရကတော့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် ထိပ်တန်း တာဝန်ရှိသူတွေကို ဒဏ်ခတ်အရေးမှုတွေ ချမှတ်ထားတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တောင်ကိုရီးယားနဲ့ အမေရိကန် သမ္မတတွေရဲ့ ဝါရှင်တန်က ထိပ်သီးတွေ့ဆုံမှု အပြီးမှာလည်း မြန်မာနိုင်ငံသားတွေကို သက်ဆိုင်ရာနိုင်ငံတွေက ခိုလှုံခွင့်ပေးပြီး စောင့်ရှောက်ကြဖို့နဲ့ မြန်မာစစ်တပ်အတွက် လက်နက်တင်ပို့ရောင်းချမှုတွေ တားမြစ်ဖို့လည်း နိုင်ငံတကာ အသိုင်းအဝန်းကို တိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG