သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္တကၠသိုလ္ ဆရာ ၃ဝဝ ေက်ာ္ အလုပ္ျဖဳတ္ခံရ


ဝန္ထမ္းေတြ CDM လႈပ္ရွားမႈမွာ ပါဝင္ဖို႔ ေတာင္းဆုိတဲ့ ရန္ကုန္ၿမိဳ႕က ဆႏၵျပျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၁)

{{Zawgyi/Unicode}}

ရန္ကုန္တကၠသိုလ္က ဆရာ၊ ဆရာမ ၃၀၀ ေက်ာ္ကို ရာထူးက ထုတ္ပယ္လိုက္ၿပီဆိုတဲ့ ပညာေရးဝန္ႀကီးဌာနရဲ႕ အမိန႔္ ေၾကညာစာတေစာင္ ဒီကေန႔ ထြက္ရွိလာပါတယ္။ ႏိုင္ငံဝန္ထမ္းဥပေဒအတိုင္း အခုလို လုပ္ရတာလို႔ ပညာေရးဝန္ႀကီးရဲ႕ ထုတ္ျပန္ခ်က္မွာ ေရးသားထားေပမဲ့ ဒီလုပ္ရပ္အေပၚမွာေတာ့ ပညာေရး အသိုင္းအဝိုင္းက ျပစ္တင္၊ ေဝဖန္ လိုက္ပါတယ္။ ရန္ကုန္ေပးပို႔လာတဲ့ ဒီသတင္း အျပည့္အစုံကိုေတာ့ ကိုသားၫြန္႔ဦး ေျပာျပမွာပါ။

ခြင့္စည္းကမ္း ေဖာက္ဖ်က္လို႔ ရာထူးက ယာယီဆိုင္းငံ့ခံထားရတဲ့ ရန္ကုန္တကၠသိုလ္က ဆရာ၊ ဆရာမ ၃၃၈ ေယာက္ကို ရာထူးက ထုတ္ပယ္လိုက္ၿပီလို႔ ပညာေရး ဝန္ႀကီးဌာနက ထုတ္ျပန္လိုက္တာပါ။

ခြင့္မဲ့ပ်က္ကြက္တာ၊ အမိန႔္ ၫႊန္ၾကားခ်က္ေတြကို မလိုက္နာတာ။ ဒါေတြေၾကာင့္ ႏိုင္ငံ့ဝန္ထမ္း နည္းဥပေဒ ပုဒ္မ ၅၃ အတိုင္း ရာထူးကထုတ္ပယ္ၿပီး ျပစ္ဒဏ္ခ်မွတ္ လိုက္တယ္လို႔ ေမလ ၂၀ရက္ ေန႔စြဲတပ္ထားတဲ့ ဒီေၾကညာခ်က္မွာ ေရးသားထားတာပါ။

ပညာေရးဝန္ထမ္းေတြ အလုပ္ျပန္ဝင္ၾကဖို႔ ပညာေရးဝန္ႀကီးဌာနက မတ္လ ၅ရက္မွာ သတိေပးခဲ့ပါတယ္။ လုပ္ငန္းခြင္ ျပန္မလာတဲ့ ဆရာ၊ ဆရာမေတြကို အလုပ္က ယာယီရပ္နားေၾကာင္း၊ အဲဒီေနာက္ပိုင္းမွာ ေၾကညာခဲ့တာပါ။

ဒီေနာက္မွာ ဆရာ၊ ဆရာမေတြကို ႏိုင္ငံ့ဝန္ထမ္းဥပေဒပါအတိုင္း ကနဦးစစ္ေဆးမႈ ( Preliminary Enquiry) နဲ႔ ဌာနတြင္း စစ္ေဆးမႈ ( Departmental Enquiry) ေတြကို ပညာေရးဝန္ႀကီးဌာနက လုပ္ခဲ့တာပါ။

ဒီစစ္ေဆးမႈကို လက္မခံခဲ့တဲ့ ဆရာ၊ ဆရာမေတြကို အခုစတင္ၿပီး ရာထူးကေန ထုတ္ပယ္လာတာျဖစ္ေၾကာင္း ျမန္မာႏိုင္ငံလုံးဆိုင္ရာ ဆရာ၊ ဆရာမမ်ား အဖြဲ႕ခ်ဳပ္က ေဒါက္တာခင္ေလးျမင့္က ေျပာပါတယ္။

“ ပုံမွန္အမႈကို က်ဴးလြန္ထားတယ္ ဆိုရင္ေတာ့ ဆရာ၊ ဆရာမေတြက ဒါဟာ သူတို႔ ဒီျပစ္မႈနဲ႔ ပတ္သက္ၿပီးေတာ့ ထုေခ်ရွင္းလင္းမယ္၊ ခုခံေခ်ပမယ္ေပါ့။ ဒီကိစၥကေတာ့ ရည္႐ြယ္ခ်က္ရွိရွိနဲ႔ အာဏာရွင္ကို ပုန္ကန္ေတာ္လွန္ခ်င္လို႔ ေက်ာင္းမသြားတာ ျဖစ္တဲ့အတြက္ ဒီ PE/DE မွာလည္း ဘယ္သူမွသြားၿပီး အစစ္မခံဘူး။ အစစ္မခံတဲ့ အခါက်ေတာ့ သူတို႔က မ်က္ကြယ္မွာ စီရင္တယ္ ဆိုၿပီးေတာ့ စီရင္လိုက္တယ္။ ယာယီရပ္ဆိုင္း အဆင့္ကေန ဥပေဒရဲ႕ တတိယ အဆင့္အေနနဲ႔ ဒါဟာ removal ေပါ့ ထုတ္ပယ္စာရင္း ထြက္လာတာေပါ့။”

ရန္ကုန္ ပညာေရးတကၠသိုလ္က ဆရာနဲ႔ အမႈထမ္း ၁၈၉ ေယာက္ကိုလည္း ထုတ္ပယ္ေၾကာင္း ဒီရက္ပိုင္းက ေၾကညာခဲ့တာပါ။ ထုတ္ပယ္တဲ့ စာရင္းမွာ ပါေမာကၡ၊ တြဲဖက္ပါေမာကၡ၊ ပါေမာကၡ ( ႒ာနမႉး)၊ ကထိက၊ လက္ေထာက္ကထိက ဒီလို ရာထူးအဆင့္ အမ်ိဳးမ်ိဳး ပါဝင္ပါတယ္။

လတ္တေလာအားျဖင့္ တာဝန္က ယာယီရပ္ဆိုင္းခံထားရတဲ့ ပညာေရး၀န္ထမ္းစုစုေပါင္း ၁၂၅၀၀၀ ေက်ာ္ရွိၿပီး၊ ဒီထဲမွာ ဆရာ ဆရာမေတြလည္းအပါအ၀င္ျဖစ္ပါတယ္။ ဒီအေရအတြက္အတိုင္း ထုတ္ပယ္ခံရဖို႔မ်ားေၾကာင္း ေဒါက္တာခင္ေလးျမင့္က ေျပာပါတယ္။

“ အေရအတြက္က အတိုးအေလ်ာ့ေလးေတာ့ အနည္းငယ္ ရွိႏိုင္တယ္။ ဒါေပမဲ့ အဲဒီ ပမာဏႀကီးဟာ သိသိသာသာ ေျပာင္းသြားမွာ မဟုတ္ဘူး။ ဒီအေရအတြက္ အားလုံးက ထုတ္ပယ္ခံရတဲ့ စာရင္းထဲမွာ ပါလာမွာပဲ။”

ဆရာဆရာမေတြ ထုတ္ပယ္ခံရတဲ့ကိစၥကို ပညာေရးဝန္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာသိန္းဝင္းကို ဗြီအိုေအက ဆက္သြယ္ခဲ့ေပမဲ့ ဖုန္းျပန္လည္ ေျဖၾကားျခင္း မရွိပါဘူး။

ေမလ ၂၄ ရက္ကစၿပီး အေျခခံပညာေက်ာင္းေတြမွာ ေက်ာင္းအပ္လက္ခံေနေၾကာင္း ပညာေရးဝန္ႀကီးဌာနက ေၾကညာထားပါတယ္။ ဒါေပမဲ့ ကိုဗစ္က်န္းမာေရး စိုးရိမ္ရတာ၊ ႏိုင္ငံေရး မတည္ၿငိမ္တာေတြေၾကာင့္ ေက်ာင္းအပ္တဲ့ႏႈန္းကေတာ့ နည္းေနပါတယ္။ စစ္အုပ္ခ်ဳပ္ေရးေကာင္စီက ဇြန္လ ၁ရက္မွာ အေျခခံေက်ာင္းေတြ ျပန္ဖြင့္မယ္လို႔ ေၾကညာထားသလို လုပ္ငန္းခြင္ျပန္မဝင္တဲ့ ေက်ာင္းဆရာေတြကိုလည္း အေရးယူသြားမယ္လို႔ ဆိုပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ဗမာႏိုင္ငံလုံးဆိုင္ရာ အေျခခံပညာေရးဝန္ထမ္းမ်ား သမဂၢက ေဒါက္တာထင္လင္းက အခုလိုေျပာပါတယ္။

“ ေက်ာင္းေတြဖြင့္ဖို႔ ႀကိဳးစားတဲ့ကိစၥေလ အဆင့္ျမင့္( ပညာေရး) မွာ မေအာင္ျမင္ခဲ့သလို အခုအေျခခံ ( ပညာ) မွာလည္း မေန႔ရယ္ ဒီေန႔ရယ္ ေက်ာင္းအပ္တာက အလြန္နည္းတဲ့ ရာခိုင္ႏႈန္းေလာက္ပဲ ေက်ာင္းအပ္ေနတယ္၊ ဒီအေပၚမွာ စစ္အာဏာရွင္ေတြ ဘက္ကလည္း ဒါကိုေပါက္ကြဲတာလည္း ျဖစ္ႏိုင္တယ္။ အဲဒီေတာ့ အျပတ္ေခ်မႈန္းတဲ့ သေဘာေပါ့ေနာ္။”

အေျခခံညာေရးမွာေတာ့ ဆရာစုစုေပါင္း ၄၅၀၀၀၀ ေက်ာ္ရွိၿပီး ၁၂၀၀၀၀ ေက်ာ္က ခြင့္မဲ့ပ်က္ကြက္ေနေၾကာင္း စစ္အုပ္ခ်ဳပ္ေရး ေကာင္စီရဲ႕ ပညာေရး ဝန္ႀကီးဌာနက စာရင္း ထုတ္ျပန္ထားတာပါ။ ဒီရက္ပိုင္း ထုတ္ပယ္ခံရတဲ့ အေျခခံပညာ ဝန္ထမ္းေတြထဲမွာ ခ်င္းျပည္နယ္ ဖလမ္းခ႐ိုင္၊ တီးတိန္ၿမိဳ႕နယ္က ဆရာ ဆရာမ ၁၀၀၀ ေက်ာ္လည္း ပါဝင္ပါတယ္။

ျမန္မာႏိုင္ငံမွာ ကေလးငယ္ ၁၂ သန္းေလာက္က ၿပီးခဲ့တဲ့ ကိုဗစ္ကာလ တႏွစ္ပတ္လုံးမွာ စာေကာင္းေကာင္း မသင္ခဲ့ရသလို အခုလည္း မေရရာတဲ့ အေျခအေနေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ ပညာေရး ဝန္ထမ္းေတြက ေျပာပါတယ္။ ပညာမသင္ၾကားႏိုင္တာဟာ ျမန္မာႏိုင္ငံရဲ႕ အနာဂတ္ကို ထိခိုက္ေစလို႔ ဆရာေတြအေပၚ ဖိႏွိပ္တာ၊ စာသင္ေက်ာင္းေတြမွာ စစ္တပ္ဝင္ေရာက္ေနတာ ဒါေတြကို လက္မခံႏိုင္ေၾကာင္း UNICEF နဲ႔ Save the Children က ဒီရက္ပိုင္းအတြင္းမွာ သတိေပး ေျပာၾကားထားပါတယ္။

.........................................

ရန္ကုန္တကၠသိုလ္ ဆရာ ၃ဝဝ ေက်ာ္ အလုပ္ျဖဳတ္ခံရ
please wait

No media source currently available

0:00 0:03:40 0:00
တိုက္႐ိုက္ လင့္ခ္

{{Unicode}}

ရန်ကုန်တက္ကသိုလ်က ဆရာ၊ ဆရာမ ၃၀၀ ကျော်ကို ရာထူးက ထုတ်ပယ်လိုက်ပြီဆိုတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ အမိန့် ကြေညာစာတစောင် ဒီကနေ့ ထွက်ရှိလာပါတယ်။ နိုင်ငံဝန်ထမ်းဥပဒေအတိုင်း အခုလို လုပ်ရတာလို့ ပညာရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပေမဲ့ ဒီလုပ်ရပ်အပေါ်မှာတော့ ပညာရေး အသိုင်းအဝိုင်းက ပြစ်တင်၊ ဝေဖန် လိုက်ပါတယ်။ ရန်ကုန်ပေးပို့လာတဲ့ ဒီသတင်း အပြည့်အစုံကိုတော့ ကိုသားညွန့်ဦး ပြောပြမှာပါ။

ခွင့်စည်းကမ်း ဖောက်ဖျက်လို့ ရာထူးက ယာယီဆိုင်းငံ့ခံထားရတဲ့ ရန်ကုန်တက္ကသိုလ်က ဆရာ၊ ဆရာမ ၃၃၈ ယောက်ကို ရာထူးက ထုတ်ပယ်လိုက်ပြီလို့ ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာပါ။

ခွင့်မဲ့ပျက်ကွက်တာ၊ အမိန့် ညွှန်ကြားချက်တွေကို မလိုက်နာတာ။ ဒါတွေကြောင့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ပုဒ်မ ၅၃ အတိုင်း ရာထူးကထုတ်ပယ်ပြီး ပြစ်ဒဏ်ချမှတ် လိုက်တယ်လို့ မေလ ၂၀ရက် နေ့စွဲတပ်ထားတဲ့ ဒီကြေညာချက်မှာ ရေးသားထားတာပါ။

ပညာရေးဝန်ထမ်းတွေ အလုပ်ပြန်ဝင်ကြဖို့ ပညာရေးဝန်ကြီးဌာနက မတ်လ ၅ရက်မှာ သတိပေးခဲ့ပါတယ်။ လုပ်ငန်းခွင် ပြန်မလာတဲ့ ဆရာ၊ ဆရာမတွေကို အလုပ်က ယာယီရပ်နားကြောင်း၊ အဲဒီနောက်ပိုင်းမှာ ကြေညာခဲ့တာပါ။

ဒီနောက်မှာ ဆရာ၊ ဆရာမတွေကို နိုင်ငံ့ဝန်ထမ်းဥပဒေပါအတိုင်း ကနဦးစစ်ဆေးမှု ( Preliminary Enquiry) နဲ့ ဌာနတွင်း စစ်ဆေးမှု ( Departmental Enquiry) တွေကို ပညာရေးဝန်ကြီးဌာနက လုပ်ခဲ့တာပါ။

ဒီစစ်ဆေးမှုကို လက်မခံခဲ့တဲ့ ဆရာ၊ ဆရာမတွေကို အခုစတင်ပြီး ရာထူးကနေ ထုတ်ပယ်လာတာဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ဒေါက်တာခင်လေးမြင့်က ပြောပါတယ်။

“ ပုံမှန်အမှုကို ကျူးလွန်ထားတယ် ဆိုရင်တော့ ဆရာ၊ ဆရာမတွေက ဒါဟာ သူတို့ ဒီပြစ်မှုနဲ့ ပတ်သက်ပြီးတော့ ထုချေရှင်းလင်းမယ်၊ ခုခံချေပမယ်ပေါ့။ ဒီကိစ္စကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ အာဏာရှင်ကို ပုန်ကန်တော်လှန်ချင်လို့ ကျောင်းမသွားတာ ဖြစ်တဲ့အတွက် ဒီ PE/DE မှာလည်း ဘယ်သူမှသွားပြီး အစစ်မခံဘူး။ အစစ်မခံတဲ့ အခါကျတော့ သူတို့က မျက်ကွယ်မှာ စီရင်တယ် ဆိုပြီးတော့ စီရင်လိုက်တယ်။ ယာယီရပ်ဆိုင်း အဆင့်ကနေ ဥပဒေရဲ့ တတိယ အဆင့်အနေနဲ့ ဒါဟာ removal ပေါ့ ထုတ်ပယ်စာရင်း ထွက်လာတာပေါ့။”

ရန်ကုန် ပညာရေးတက္ကသိုလ်က ဆရာနဲ့ အမှုထမ်း ၁၈၉ ယောက်ကိုလည်း ထုတ်ပယ်ကြောင်း ဒီရက်ပိုင်းက ကြေညာခဲ့တာပါ။ ထုတ်ပယ်တဲ့ စာရင်းမှာ ပါမောက္ခ၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခ ( ဋ္ဌာနမှူး)၊ ကထိက၊ လက်ထောက်ကထိက ဒီလို ရာထူးအဆင့် အမျိုးမျိုး ပါဝင်ပါတယ်။

လတ်တလောအားဖြင့် တာဝန်က ယာယီရပ်ဆိုင်းခံထားရတဲ့ ပညာရေးဝန်ထမ်းစုစုပေါင်း ၁၂၅၀၀၀ ကျော်ရှိပြီး၊ ဒီထဲမှာ ဆရာ ဆရာမတွေလည်းအပါအဝင်ဖြစ်ပါတယ်။ ဒီအရေအတွက်အတိုင်း ထုတ်ပယ်ခံရဖို့များကြောင်း ဒေါက်တာခင်လေးမြင့်က ပြောပါတယ်။

“ အရေအတွက်က အတိုးအလျော့လေးတော့ အနည်းငယ် ရှိနိုင်တယ်။ ဒါပေမဲ့ အဲဒီ ပမာဏကြီးဟာ သိသိသာသာ ပြောင်းသွားမှာ မဟုတ်ဘူး။ ဒီအရေအတွက် အားလုံးက ထုတ်ပယ်ခံရတဲ့ စာရင်းထဲမှာ ပါလာမှာပဲ။”

ဆရာဆရာမတွေ ထုတ်ပယ်ခံရတဲ့ကိစ္စကို ပညာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာသိန်းဝင်းကို ဗွီအိုအေက ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းပြန်လည် ဖြေကြားခြင်း မရှိပါဘူး။

မေလ ၂၄ ရက်ကစပြီး အခြေခံပညာကျောင်းတွေမှာ ကျောင်းအပ်လက်ခံနေကြောင်း ပညာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။ ဒါပေမဲ့ ကိုဗစ်ကျန်းမာရေး စိုးရိမ်ရတာ၊ နိုင်ငံရေး မတည်ငြိမ်တာတွေကြောင့် ကျောင်းအပ်တဲ့နှုန်းကတော့ နည်းနေပါတယ်။ စစ်အုပ်ချုပ်ရေးကောင်စီက ဇွန်လ ၁ရက်မှာ အခြေခံကျောင်းတွေ ပြန်ဖွင့်မယ်လို့ ကြေညာထားသလို လုပ်ငန်းခွင်ပြန်မဝင်တဲ့ ကျောင်းဆရာတွေကိုလည်း အရေးယူသွားမယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ အခြေခံပညာရေးဝန်ထမ်းများ သမဂ္ဂက ဒေါက်တာထင်လင်းက အခုလိုပြောပါတယ်။

“ ကျောင်းတွေဖွင့်ဖို့ ကြိုးစားတဲ့ကိစ္စလေ အဆင့်မြင့်( ပညာရေး) မှာ မအောင်မြင်ခဲ့သလို အခုအခြေခံ ( ပညာ) မှာလည်း မနေ့ရယ် ဒီနေ့ရယ် ကျောင်းအပ်တာက အလွန်နည်းတဲ့ ရာခိုင်နှုန်းလောက်ပဲ ကျောင်းအပ်နေတယ်၊ ဒီအပေါ်မှာ စစ်အာဏာရှင်တွေ ဘက်ကလည်း ဒါကိုပေါက်ကွဲတာလည်း ဖြစ်နိုင်တယ်။ အဲဒီတော့ အပြတ်ချေမှုန်းတဲ့ သဘောပေါ့နော်။”

အခြေခံညာရေးမှာတော့ ဆရာစုစုပေါင်း ၄၅၀၀၀၀ ကျော်ရှိပြီး ၁၂၀၀၀၀ ကျော်က ခွင့်မဲ့ပျက်ကွက်နေကြောင်း စစ်အုပ်ချုပ်ရေး ကောင်စီရဲ့ ပညာရေး ဝန်ကြီးဌာနက စာရင်း ထုတ်ပြန်ထားတာပါ။ ဒီရက်ပိုင်း ထုတ်ပယ်ခံရတဲ့ အခြေခံပညာ ဝန်ထမ်းတွေထဲမှာ ချင်းပြည်နယ် ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်က ဆရာ ဆရာမ ၁၀၀၀ ကျော်လည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံမှာ ကလေးငယ် ၁၂ သန်းလောက်က ပြီးခဲ့တဲ့ ကိုဗစ်ကာလ တနှစ်ပတ်လုံးမှာ စာကောင်းကောင်း မသင်ခဲ့ရသလို အခုလည်း မရေရာတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပညာရေး ဝန်ထမ်းတွေက ပြောပါတယ်။ ပညာမသင်ကြားနိုင်တာဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ထိခိုက်စေလို့ ဆရာတွေအပေါ် ဖိနှိပ်တာ၊ စာသင်ကျောင်းတွေမှာ စစ်တပ်ဝင်ရောက်နေတာ ဒါတွေကို လက်မခံနိုင်ကြောင်း UNICEF နဲ့ Save the Children က ဒီရက်ပိုင်းအတွင်းမှာ သတိပေး ပြောကြားထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG