သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

CDM လုပ္တဲ့ ဆရာ၊ ဆရာမ တသိန္းေက်ာ္ ရာထူးရပ္ဆိုင္းခံရ


ဝန္ထမ္းေတြ CDM လႈပ္ရွားမႈမွာ ပါဝင္ဖို႔ ေတာင္းဆုိတဲ့ ရန္ကုန္ၿမိဳ႕က ဆႏၵျပျမင္ကြင္း။ (ေဖေဖာ္ဝါရီ ၁၅၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းတာကုိ အၾကမ္းမဖက္တဲ့နည္းနဲ႔ ဆန္႔က်င္ကန္႔ကြက္ေနၾကတဲ့ CDM လႈပ္ရွားမႈမွာ ပါဝင္သူ ဆရာ ဆရာမ ၁၂၅,၀၀၀ ကုိ စစ္ေကာင္စီက ရာထူးက ရပ္ဆုိင္းလုိက္ေၾကာင္း ျမန္မာႏုိင္ငံ ဆရာ ဆရာမမ်ားသမဂၢရဲ႕ ေျပာၾကားခ်က္ကုိ ကုိးကားၿပီး ႐ုိက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏုိင္ငံမွာ ပညာသင္ႏွစ္အသစ္အတြက္ ေက်ာင္းေတြျပန္ဖြင့္ခါနီး ရက္ပုိင္းအလုိမွာ ေက်ာင္းဆရာ ဆရာမေတြကုိ အခုလုိ ရာထူးက ရပ္ဆုိင္းလုိက္တာ ျဖစ္ပါတယ္။ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းလုိက္ကတည္းက ေက်ာင္းဆရာ ဆရာမေတြ အပါအဝင္ က်န္းမာေရးဝန္ထမ္းေတြနဲ႔ အစုိးရဝန္ထမ္း အမ်ားအျပားက အၾကမ္းမဖက္ အာဏာဖီဆန္တဲ့အေနနဲ႔ အလုပ္မဆင္းဘဲ ဆႏၵျပေနၾကတာေၾကာင့္ အစုိးရလုပ္ငန္း အေတာ္မ်ားမ်ား ရပ္ဆုိင္းေနပါတယ္။

မေန႔ စေနေန႔အထိ ရာထူးက ရပ္ဆုိင္းခံရတဲ့ ဆရာ ဆရာမ ၁၂၅,၀၀၀ ရွိသြားၿပီလုိ႔ အမည္မေဖာ္လုိတဲ့ ဆရာ ဆရာမမ်ား သမဂၢအဖြဲ႔ဝင္တဦးကုိ ကုိးကားၿပီး ႐ုိက္တာသတင္းမွာ ေဖာ္ျပထားတာပါ။ အဲဒီ ေက်ာင္းဆရာဟာလည္း စစ္ေကာင္စီက အလုိရွိေနတဲ့သူေတြ စာရင္းမွာ ပါေနတယ္လုိ႔ ဆုိပါတယ္။

လြန္ခဲ့တဲ့ ၂ ႏွစ္က ေနာက္ဆုံးထုတ္ျပန္ခဲ့တဲ့ စာရင္းဇယားေတြအရ ျမန္မာႏုိင္ငံမွာ ေက်ာင္းဆရာ ဆရာမ အေရအတြက္ ၄၃၀,၀၀၀ ရွိတယ္လုိ႔ ဆုိပါတယ္။

အခုခ်ိန္ထိေတာ့ ဒီစာရင္းထဲမွာပါတဲ့သူ အမ်ားစုဟာ ရာထူးက ဆုိင္းငံ့ခံရတဲ့ အဆင့္မွာသာ ရွိေသးၿပီး သူတုိ႔ေတြ အလုပ္ျပန္ဆင္းဖုိ႔ စစ္ေကာင္စီဘက္က ၿခိမ္းေျခာက္တဲ့သေဘာ လုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း၊ တကယ္လုိ႔ အခုဆုိင္းငံ့တဲ့ အေရအတြက္ အားလုံးကုိ အလုပ္ျဖဳတ္လုိက္မယ္ဆုိရင္ ပညာေရးစနစ္ႀကီးတခုလုံး ၿပိဳက်ပ်က္စီးသြားႏုိင္ေၾကာင္းလည္း အဲဒီ သမဂၢေျပာခြင့္ရ ေက်ာင္းဆရာက ေျပာပါတယ္။

အခုခ်ိန္ထိ တကၠသုိလ္ေတြက ဝန္ထမ္း ၁၉,၅၀၀ လည္း ရာထူးက ရပ္ဆုိင္းခံထားရပါတယ္။

စစ္တပ္ရဲ႕ ပညာေရးစနစ္ကုိ ဆရာ ဆရာမေတြအျပင္ ေက်ာင္းသားေတြကပါ ေက်ာင္းမတက္ဘဲ သပိတ္ေမွာက္ေနၾကတာေၾကာင့္ ေက်ာင္းသားေတြေရာ၊ ဆရာ ဆရာမေတြပါ ေက်ာင္းျပန္တက္ၾကဖုိ႔ စစ္တပ္ပုိင္ ျမန္မာ့အလင္းသတင္းစာကေန ေခၚေနပါတယ္။

ေရွ႕လာမယ့္ ဇြန္လထဲမွာ အေျခခံပညာေက်ာင္းေတြကို ျပန္ဖြင့္ဖို႔ စစ္ေကာင္စီက ျပင္ဆင္ေဆာင္ရြက္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

CDM လုပ်တဲ့ ဆရာ၊ ဆရာမ တသိန်းကျော် ရာထူးရပ်ဆိုင်းခံရ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို အကြမ်းမဖက်တဲ့နည်းနဲ့ ဆန့်ကျင်ကန့်ကွက်နေကြတဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်သူ ဆရာ ဆရာမ ၁၂၅,၀၀၀ ကို စစ်ကောင်စီက ရာထူးက ရပ်ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံ ဆရာ ဆရာမများသမဂ္ဂရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ပညာသင်နှစ်အသစ်အတွက် ကျောင်းတွေပြန်ဖွင့်ခါနီး ရက်ပိုင်းအလိုမှာ ကျောင်းဆရာ ဆရာမတွေကို အခုလို ရာထူးက ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်ကတည်းက ကျောင်းဆရာ ဆရာမတွေ အပါအဝင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ အစိုးရဝန်ထမ်း အများအပြားက အကြမ်းမဖက် အာဏာဖီဆန်တဲ့အနေနဲ့ အလုပ်မဆင်းဘဲ ဆန္ဒပြနေကြတာကြောင့် အစိုးရလုပ်ငန်း အတော်များများ ရပ်ဆိုင်းနေပါတယ်။

မနေ့ စနေနေ့အထိ ရာထူးက ရပ်ဆိုင်းခံရတဲ့ ဆရာ ဆရာမ ၁၂၅,၀၀၀ ရှိသွားပြီလို့ အမည်မဖော်လိုတဲ့ ဆရာ ဆရာမများ သမဂ္ဂအဖွဲ့ဝင်တဦးကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားတာပါ။ အဲဒီ ကျောင်းဆရာဟာလည်း စစ်ကောင်စီက အလိုရှိနေတဲ့သူတွေ စာရင်းမှာ ပါနေတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ ကျောင်းဆရာ ဆရာမ အရေအတွက် ၄၃၀,၀၀၀ ရှိတယ်လို့ ဆိုပါတယ်။

အခုချိန်ထိတော့ ဒီစာရင်းထဲမှာပါတဲ့သူ အများစုဟာ ရာထူးက ဆိုင်းငံ့ခံရတဲ့ အဆင့်မှာသာ ရှိသေးပြီး သူတို့တွေ အလုပ်ပြန်ဆင်းဖို့ စစ်ကောင်စီဘက်က ခြိမ်းခြောက်တဲ့သဘော လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ တကယ်လို့ အခုဆိုင်းငံ့တဲ့ အရေအတွက် အားလုံးကို အလုပ်ဖြုတ်လိုက်မယ်ဆိုရင် ပညာရေးစနစ်ကြီးတခုလုံး ပြိုကျပျက်စီးသွားနိုင်ကြောင်းလည်း အဲဒီ သမဂ္ဂပြောခွင့်ရ ကျောင်းဆရာက ပြောပါတယ်။

အခုချိန်ထိ တက္ကသိုလ်တွေက ဝန်ထမ်း ၁၉,၅၀၀ လည်း ရာထူးက ရပ်ဆိုင်းခံထားရပါတယ်။

စစ်တပ်ရဲ့ ပညာရေးစနစ်ကို ဆရာ ဆရာမတွေအပြင် ကျောင်းသားတွေကပါ ကျောင်းမတက်ဘဲ သပိတ်မှောက်နေကြတာကြောင့် ကျောင်းသားတွေရော၊ ဆရာ ဆရာမတွေပါ ကျောင်းပြန်တက်ကြဖို့ စစ်တပ်ပိုင် မြန်မာ့အလင်းသတင်းစာကနေ ခေါ်နေပါတယ်။

ရှေ့လာမယ့် ဇွန်လထဲမှာ အခြေခံပညာကျောင်းတွေကို ပြန်ဖွင့်ဖို့ စစ်ကောင်စီက ပြင်ဆင်ဆောင်ရွက်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG