သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေက်ာင္းသူ ေက်ာင္းသား တေသာင္းေက်ာ္ရွိတဲ႔ ေမာ္လၿမိဳင္တကၠသိုလ္ ေက်ာင္းျပန္တက္သူ ၂၀၀ သာရွိ


(ဓါတ္ပံု- Mawlamyine University Facebook)

(Zawgyi/Unicode)

စစ္အာဏာသိမ္းမႈကို မေက်နပ္လို႔ အာဏာဖီဆန္ေရးလႈပ္ရွားမႈ CDM မွာပါဝင္ၾကတဲ့ထဲက တကၠသိုလ္ဆရာ၊ ဆရာမတခ်ဳိ႕ အခု အလုပ္ျပန္ဝင္ေနၾကတာ႐ွိပါတယ္။ လံုၿခံဳေရးအပါအဝင္ အခက္အခဲအမ်ဳိးမ်ဳိးေၾကာင့္ အလုပ္ခြင္ျပန္ဝင္ေနတယ္လို႔ ေမာ္လၿမိဳင္ တကၠသိုလ္ဆရာမ တေယာက္က ေျပာပါတယ္။ ေမာ္လၿမိဳင္တကၠသိုလ္မွာ အရင္က CDM ပါမွာဝင္တဲ့ ဆရာ၊ ဆရာမ ၇၀% ေလာက္႐ွိခ့ဲေပမဲ့ အခုေတာ့ ၅၀% ေလာက္ပဲ ႐ွိေတာ့တယ္လို႔ ေမာ္လၿမိဳင္တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢက ေျပာပါတယ္။ ဒီအေၾကာင္းကို ကိုရဲမြန္ကတင္ျပပါမယ္။

ျမန္မာႏိုင္ငံမွာ အဆင့္ျမင့္ပညာေက်ာင္းေတြ ျပန္မခြင့္ခင္ ဆရာ၊ ဆရာမေတြကို ေမလ ၃ ရက္ေန႔ ေနာက္ဆံုးထားၿပီး လုပ္ငန္းခြင္ျပန္ဝင္ဖို႔ စစ္ေကာင္စီက အသိေပးထုတ္ျပန္ထားၿပီး အလုပ္ျပန္ မဝင္တဲ့သူေတြကို တာဝန္ကေန ယာယီရပ္ဆိုင္းေၾကာင္း ေၾကညာခ်က္ေတြ ထုတ္ျပန္ေနပါတယ္။ ျမန္မာတႏိုင္ငံလံုးက တကၠသိုလ္ ဆရာ၊ ဆရာမနဲ႔ တကၠသိုလ္ဝန္ထမ္း စုစုေပါင္း ၁ ေသာင္း ၁ ေထာင္ေက်ာ္ကို ရာထူးကေန ထုတ္ပယ္ထားပါတယ္။

ေမာ္လၿမိဳင္တကၠသိုလ္မွာလည္း CDM ပါဝင္တဲ့ ပါေမာကၡ၊ ကထိကအပါအဝင္ ဆရာ၊ ဆရာမ ၁၂၆ ဦးကို ႏိုင္ငံ့ဝန္ထမ္းဥပေဒနဲ႔ အလုပ္တာဝန္ကေန ယာယီရပ္ဆိုင္းခဲ့ပါတယ္။ အာဏာသိမ္းၿပီးေနာက္ CDM လႈပ္႐ွားမႈမွာ ပါဝင္ခဲ့ေပမဲ့ ေမလ ၃ ရက္ေန႔မွာ လုပ္ငန္းခြင့္ျပန္ဝင္ေနၾကတဲ့ တကၠသိုလ္ဆရာ၊ ဆရာမတခ်ဳိ႕လည္း႐ွိပါတယ္။ အဲဒီထဲက ဆရာမ တေယာက္က လံုၿခံဳေရးအပါအဝင္ အခက္အခဲေတြေၾကာင့္ အလုပ္ျပန္ဝင္တာ ျဖစ္တယ္လို႔ ဗီြအိုေအကို ခုလိုေျပာပါတယ္။

“ၿပီးခဲ့တဲ့ ၃ ရက္ေန႔ထိ မဝင္မွ သူက အဲ့လိုမ်ဳိး ယာယီရပ္ဆိုင္းထုတ္တာဟို…က်န္တဲ့ ရက္ေတြက ဘာမွအႀကံဳမဝင္ဘူး၊ လစာမဲ့တို႔ဘာေတြ အဲ့လိုမ်ဳိးပဲ၊ တီခ်ယ္တို႔က အဲ့လိုမ်ဳိး သိသြားမွာေၾကာင့္ အို…မထူးဘူးေပ့ါေနာ္ မထူးဘူးဆိုတာ တီခ်ယ္အမ်ဳိးသားလည္း ေျပာတယ္ေလး ေလာေလာဆယ္ကေတာ့ ဟို… ကိုယ့္ရဲ႕ အႏၱရာယ္မေအာင္ ေနာက္ၿပီးေတာ့ ေၾကာက္ေၾကာက္လန္႔လန္႔ မေနရေအာင္ေပါ့ကြယ္ တီခ်ယ္ကေတာ့ ဟိုဘက္အိမ္ ဒီဘက္အိမ္ ၾကည့္ေနရတာကို အဲ့လိုမ်ဳိးဆိုေတာ့ သြားဝင္လိုက္ဆိုေတာ့ တီခ်ယ္ကလည္း အတိုက္ခံေပ့ါကြယ္။ အမ်ဳိးမ်ဳိးေျပာရတာေပါ့ ေျပာၿပီးေတာ့မွ ေအး မထူးေတာ့ေလးဆိုေတာ့ သြားလိုက္တာ ေက်ာင္းသြားလိုက္တာ အစကေတာ့။ မသြားဘူးေပါ့ကြယ္ ဟိုကတည္းက သိတယ္ဟုတ္လား၊ ဘာျဖစ္ျဖစ္စိတ္ထဲမွာကေတာ့ဘယ္လုိပဲျဖစ္ျဖစ္ကိုယ္ကေတာ့ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းပဲ ျဖစ္ေစခ်င္တာေလး။”

ေမာ္လၿမိဳင္တကၠသိုလ္မွာ CDM အရင္က လုပ္ခဲ့တဲ့ ဆရာ၊ ဆရာမ ၇၀% ေလာက္႐ွိၿပီး အခုေတာ့ ၅၀% ေလာက္ပဲ ႐ွိေတာ့မယ္လို႔ ေမာ္လၿမိဳင္တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ ဥကၠ႒ကိုသံဇဥ္ဦးက ေျပာပါတယ္။

“ဒီဆရာ ဆရာမအားလံုးရဲ႕ ေမဂ်ာအားလံုးရဲ႕ ၇၀ ရာခိုင္ႏႈန္းေလာက္မွာ ရွိတယ္။ အခု ဟိုတစ္ေန႔ကလည္း ထုတ္တာေပါ့ေနာ္။ ဝန္ႀကီးဌာနေတြ လုိက္ထုတ္ထားတာရွိတယ္ ဒီယာယီ တာဝန္ကေန ယာယီ ရပ္ဆိုင္းထားတယ္၊ ဒီဝန္ထမ္းဥပေဒနဲ႔ သူတို႔စစ္ေကာင္စီက ရပ္နားလိုက္တဲ့ေန႔က စၿပီးေတာ့ တခ်ဳိ႕ ဆရာမေတြ CDM လုပ္တဲ့ ဆရာမေတြက CDM ျပန္မလုပ္ေတာ့ဘူးေပါ့ေနာ္၊ CDM မလုပ္ေတာ့ဘဲနဲ႔ ျပန္ၿပီးေတာ့ စစ္အာဏာရွင္ေအာက္ ဒူးေထာက္ဝင္သြားတဲ့ ဆရာ ဆရာမေတြ ရွိတယ္ဆိုေတာ့ အခုက က်ေနာ္ထင္တာ ၅၀ ရာခိုင္ႏႈန္းေလာက္ပဲရွိေတာ့မယ္ ထင္တယ္ဟုတ္။”

မြန္ျပည္နယ္ ေမာ္လၿမိဳင္တကၠသိုလ္မွာ ေမလ ၅ ရက္ေန႔မွာ ေက်ာင္းေတြ ျပန္ဖြင့္တဲ့အခါမွာလည္း ေက်ာင္းသူ၊ ေက်ာင္းသားေတြ ၁၀,၀၀၀ ေက်ာ္ေလာက္ တက္ရမယ့္ ပမာဏမွာ ၂၀၀ ေက်ာ္ေလာက္ပဲ တက္ေရာက္ၾကပါတယ္။ သိပၸံဘာသာရပ္တခုမွာဆိုရင္ ေက်ာင္းသား ၈၀ ေလာက္ အရင္က ႐ွိခဲ့တဲ့ထဲက ေက်ာင္းသူ ေက်ာင္းသား ၉ ဦးေလာက္ပဲ လာတက္ၾကတယ္လို႔ အမည္မေဖာ္လိုတဲ့ တကၠသိုလ္ ဆရာမက ေျပာပါတယ္။

“တီခ်ယ္တို႔မွာ နည္းနည္းပဲရွိတယ္၊ သိပ္အမ်ားႀကီး မလာၾကေသးဘူး၊ သူတို႔လည္း လာမရဲဘူးေပါ့၊ တခ်ဳိ႕ကလည္း မလာဘူး လံုးဝမလာဘူး လံုးဝလာမရဲဘူး။ အမ်ဳိးမ်ဳိးေပါ့ကြယ္၊ တီခ်ယ္တို႔ အတန္းမွာဆိုရင္ ၉ ေယာက္ပဲ ရွိေသးတယ္ အဏၰဝါသိပၸံေလး ၊ အယ္… စုရင္ေတာ့ ရွိမယ္သိလာ အေဆာင္မွာ ၂၀၀ ေက်ာ္ေလာက္ရွိေနၿပီးလို႔ ေျပာတယ္ဆိုေတာ့ အဲ့ေလာက္ရွိမွာေပါ့ အယ္… လူအမ်ားႀကီးမွာ အဲ့ေလာက္ပဲ လာေသးတာကို၊ ေအး။ ေမဂ်ာေပါင္းစံုေပါ့။ အဲ့ဒါအေဆာင္မွာေနတဲ့ လူေတြေလး အေဆာင္မွာ စာရင္းကိုၾကည့္တာေပ့ါ အေဆာင္မွာ အဲ့ျပည္နယ္ အေဆာင္ျပည့္ၿပီးဆိုလို႔ရွိရင္ ဒါ ဘယ္ႏွစ္ေယာက္ ေလာက္ရွိၿပီး။ အဲ့လိုခန္႔မွန္းၾကတာေပ့ါကြယ္ ကိုယ္ကေတာ့ အေသအခ်ာမသိပါဘူး။ အေဝးက လူေတြေတာ့ေက်ာင္းေဆာင္မွာ ေနခ်င္တဲ့ လူေတြေန အဲ့လိုမ်ဳိးေတြေလးအတင္းအၾကပ္မဟုတ္ပါဘူး၊ အို… ခ်က္ခ်င္းႀကီးလာတာ မဟုတ္ဘူးေလး ကေလးေတြလည္း လာမရဲတာရွိမယ္ ၿပီးတဲ့အခါက်ရင္ သူတို႔တက္ခ်င္ေပမယ့္ မတက္ရဲတာလည္းရွိမွာေပါ့၊ လံုးဝမတက္တဲ့ သူေတြလည္း ရွိမွာေပါ့ တစ္ေယာက္နဲ႔ တစ္ေယာက္မတူၾကဘူးအဲ့လိုမ်ဳိးေပါ့။”

ေမာ္လၿမိဳင္တကၠသိုလ္ ႐ူပေဗဒဘာသာရပ္ေမဂ်ာ ဒုတိယႏွစ္ ေက်ာင္းသူတစ္ဦးကေတာ့ စစ္ကၽြန္ပညားေရး အလိုမရွိတာေၾကာင့္ သူ႔အေနနဲ႔ ေက်ာင္းမတက္ဘူးလို႔ေျပာပါတယ္။

“ဟုတ္။ ညီမက် ေက်ာင္းမတက္ဘူး၊ ေက်ာင္းမတက္ဘူး အိမ္မွာပဲအခု၊အခုႏိုင္ငံေရးပစ္တာေတြရွိမွာေပါ့ေနာ္ စစ္ကၽြန္ပညားေရးေအာက္မွာေပါ့ေနာ္ ညီမစာမသင္ခ်င္ဘူး။ ဟုတ္ သူငယ္ခ်င္းေတြေတာ့ ညီမေပါင္းတဲ့ သူငယ္ခ်င္းေတြေတြကက် ေက်ာင္းမတက္ဘူး အဲ့လိုမ်ဳိး အသိေတြထဲက

ေက်ာင္းျပန္တက္တာေတာ့ရွိတယ္၊ သူတို႔ကက်ေတာ့ ခုနက သမီးၾကားလိုက္တယ္ေပါ့ေနာ္ ေျပာတာက်ေတာ့ ေက်ာင္းကိုႏွစ္လေလာက္တက္ၿပီးလို႔ရွိရင္ ဘာလဲ သူတို႔ဘြဲ႔ေပးမွာေပါ့ ဘြဲ႔ရမွာေပါ့ဘြဲ႔ရရင္လည္း သူအလုပ္တန္းေခၚမွာ ဘာတုိ႔ၾကား အဲ့လိုမ်ဳိးေလးၾကားတယ္သူတို႔ေတြက် တခ်ဳိ႕ေတြက်ေတာ့လည္း ဒီ ဟိုဘက္လည္း စိတ္မဝင္စား ဒီဘက္လည္း စိတ္မဝင္စားေပ့ါ အဲ့လိုမ်ဳိးေတြေၾကာင့္ေပါ့။”

ေမာ္လၿမိဳင္တကၠသိုလ္မွာ အဂၤလိပ္စာ၊ ပထဝီဝင္၊ သမိုင္း၊ ဘူမိေဗဒအပါအဝင္ ေမဂ်ာေပါင္းစံု ၁၇ ခုရွိၿပီး ေက်ာင္းသူ၊ ေက်ာင္းသား ဦးေရးကေတာ့ တစ္ေသာင္းေက်ာ္ ရွိတယ္လို႔ ေမာ္လၿမိဳင္တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ ဥကၠ႒ ကိုသံဇဥ္ဦးက ေျပာပါတယ္။

“ပ်မ္းမွ်အားျဖင့္ေတာ့ Day ေက်ာင္းသားသီးသန္႔ေပါ့ အေဝးသင္မပါဘူး Day ေက်ာင္းသီးသန္႔ ၁၀ ,၀၀၀ ေက်ာ္ ၂၀,၀၀၀ နီးပါးမွာ ရွိတယ္ဗ် ဟုတ္။ CDM လုပ္တဲ့ကေတာ့ ရာခိုင္ႏႈန္းအားျဖင့္ဆိုလို႔ရွိရင္ ၇၀ ရာခိုင္ေလာက္မွာ ရွိတယ္ေပါ့ေနာ္

ျမန္မာႏိုင္ငံမွာ တကၠသိုလ္ေက်ာင္းေတြ ျပန္မဖြင့္ခင္ ေက်ာင္းသူ ေက်ာင္းသားေတြ ေက်ာင္းျပန္ မတက္ၾကဖုိ႔နဲ႔ ဆရာ၊ ဆရာမေတြကိုလည္း CDM ဆက္လုပ္ၾကဖုိ႔ တိုက္တြန္းမႈေတြ ႐ွိေနပါတယ္။ ေမာ္လၿမိဳင္ပညာေရး ေကာလိပ္မွာ အပါအဝင္ ေက်ာင္းေတြနားမွာ ဗံုးေပါက္ကြဲမႈတခ်ဳိ႕လည္း ႐ွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ကျောင်းသူ ကျောင်းသား တသောင်းကျော်ရှိတဲ့ မော်လမြိုင်တက္ကသိုလ် ကျောင်းပြန်တက်သူ ၂၀၀ သာရှိ

(Unicode)

စစ်အာဏာသိမ်းမှုကို မကျေနပ်လို့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်ကြတဲ့ထဲက တက္ကသိုလ်ဆရာ၊ ဆရာမတချို့ အခု အလုပ်ပြန်ဝင်နေကြတာရှိပါတယ်။ လုံခြုံရေးအပါအဝင် အခက်အခဲအမျိုးမျိုးကြောင့် အလုပ်ခွင်ပြန်ဝင်နေတယ်လို့ မော်လမြိုင် တက္ကသိုလ်ဆရာမ တယောက်က ပြောပါတယ်။ မော်လမြိုင်တက္ကသိုလ်မှာ အရင်က CDM ပါမှာဝင်တဲ့ ဆရာ၊ ဆရာမ ၇၀% လောက်ရှိခဲ့ပေမဲ့ အခုတော့ ၅၀% လောက်ပဲ ရှိတော့တယ်လို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ပြောပါတယ်။ ဒီအကြောင်းကို ကိုရဲမွန်ကတင်ပြပါမယ်။

မြန်မာနိုင်ငံမှာ အဆင့်မြင့်ပညာကျောင်းတွေ ပြန်မခွင့်ခင် ဆရာ၊ ဆရာမတွေကို မေလ ၃ ရက်နေ့ နောက်ဆုံးထားပြီး လုပ်ငန်းခွင်ပြန်ဝင်ဖို့ စစ်ကောင်စီက အသိပေးထုတ်ပြန်ထားပြီး အလုပ်ပြန် မဝင်တဲ့သူတွေကို တာဝန်ကနေ ယာယီရပ်ဆိုင်းကြောင်း ကြေညာချက်တွေ ထုတ်ပြန်နေပါတယ်။ မြန်မာတနိုင်ငံလုံးက တက္ကသိုလ် ဆရာ၊ ဆရာမနဲ့ တက္ကသိုလ်ဝန်ထမ်း စုစုပေါင်း ၁ သောင်း ၁ ထောင်ကျော်ကို ရာထူးကနေ ထုတ်ပယ်ထားပါတယ်။

မော်လမြိုင်တက္ကသိုလ်မှာလည်း CDM ပါဝင်တဲ့ ပါမောက္ခ၊ ကထိကအပါအဝင် ဆရာ၊ ဆရာမ ၁၂၆ ဦးကို နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ အလုပ်တာဝန်ကနေ ယာယီရပ်ဆိုင်းခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက် CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပေမဲ့ မေလ ၃ ရက်နေ့မှာ လုပ်ငန်းခွင့်ပြန်ဝင်နေကြတဲ့ တက္ကသိုလ်ဆရာ၊ ဆရာမတချို့လည်းရှိပါတယ်။ အဲဒီထဲက ဆရာမ တယောက်က လုံခြုံရေးအပါအဝင် အခက်အခဲတွေကြောင့် အလုပ်ပြန်ဝင်တာ ဖြစ်တယ်လို့ ဗွီအိုအေကို ခုလိုပြောပါတယ်။

“ပြီးခဲ့တဲ့ ၃ ရက်နေ့ထိ မဝင်မှ သူက အဲ့လိုမျိုး ယာယီရပ်ဆိုင်းထုတ်တာဟို…ကျန်တဲ့ ရက်တွေက ဘာမှအကြုံမဝင်ဘူး၊ လစာမဲ့တို့ဘာတွေ အဲ့လိုမျိုးပဲ၊ တီချယ်တို့က အဲ့လိုမျိုး သိသွားမှာကြောင့် အို…မထူးဘူးပေ့ါနော် မထူးဘူးဆိုတာ တီချယ်အမျိုးသားလည်း ပြောတယ်လေး လောလောဆယ်ကတော့ ဟို… ကိုယ့်ရဲ့ အန္တရာယ်မအောင် နောက်ပြီးတော့ ကြောက်ကြောက်လန့်လန့် မနေရအောင်ပေါ့ကွယ် တီချယ်ကတော့ ဟိုဘက်အိမ် ဒီဘက်အိမ် ကြည့်နေရတာကို အဲ့လိုမျိုးဆိုတော့ သွားဝင်လိုက်ဆိုတော့ တီချယ်ကလည်း အတိုက်ခံပေ့ါကွယ်။ အမျိုးမျိုးပြောရတာပေါ့ ပြောပြီးတော့မှ အေး မထူးတော့လေးဆိုတော့ သွားလိုက်တာ ကျောင်းသွားလိုက်တာ အစကတော့။ မသွားဘူးပေါ့ကွယ် ဟိုကတည်းက သိတယ်ဟုတ်လား၊ ဘာဖြစ်ဖြစ်စိတ်ထဲမှာကတော့ဘယ်လိုပဲဖြစ်ဖြစ်ကိုယ်ကတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြစ်စေချင်တာလေး။”

မော်လမြိုင်တက္ကသိုလ်မှာ CDM အရင်က လုပ်ခဲ့တဲ့ ဆရာ၊ ဆရာမ ၇၀% လောက်ရှိပြီး အခုတော့ ၅၀% လောက်ပဲ ရှိတော့မယ်လို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌကိုသံဇဉ်ဦးက ပြောပါတယ်။

“ဒီဆရာ ဆရာမအားလုံးရဲ့ မေဂျာအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းလောက်မှာ ရှိတယ်။ အခု ဟိုတစ်နေ့ကလည်း ထုတ်တာပေါ့နော်။ ဝန်ကြီးဌာနတွေ လိုက်ထုတ်ထားတာရှိတယ် ဒီယာယီ တာဝန်ကနေ ယာယီ ရပ်ဆိုင်းထားတယ်၊ ဒီဝန်ထမ်းဥပဒေနဲ့ သူတို့စစ်ကောင်စီက ရပ်နားလိုက်တဲ့နေ့က စပြီးတော့ တချို့ ဆရာမတွေ CDM လုပ်တဲ့ ဆရာမတွေက CDM ပြန်မလုပ်တော့ဘူးပေါ့နော်၊ CDM မလုပ်တော့ဘဲနဲ့ ပြန်ပြီးတော့ စစ်အာဏာရှင်အောက် ဒူးထောက်ဝင်သွားတဲ့ ဆရာ ဆရာမတွေ ရှိတယ်ဆိုတော့ အခုက ကျနော်ထင်တာ ၅၀ ရာခိုင်နှုန်းလောက်ပဲရှိတော့မယ် ထင်တယ်ဟုတ်။”

မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ်မှာ မေလ ၅ ရက်နေ့မှာ ကျောင်းတွေ ပြန်ဖွင့်တဲ့အခါမှာလည်း ကျောင်းသူ၊ ကျောင်းသားတွေ ၁၀,၀၀၀ ကျော်လောက် တက်ရမယ့် ပမာဏမှာ ၂၀၀ ကျော်လောက်ပဲ တက်ရောက်ကြပါတယ်။ သိပ္ပံဘာသာရပ်တခုမှာဆိုရင် ကျောင်းသား ၈၀ လောက် အရင်က ရှိခဲ့တဲ့ထဲက ကျောင်းသူ ကျောင်းသား ၉ ဦးလောက်ပဲ လာတက်ကြတယ်လို့ အမည်မဖော်လိုတဲ့ တက္ကသိုလ် ဆရာမက ပြောပါတယ်။

“တီချယ်တို့မှာ နည်းနည်းပဲရှိတယ်၊ သိပ်အများကြီး မလာကြသေးဘူး၊ သူတို့လည်း လာမရဲဘူးပေါ့၊ တချို့ကလည်း မလာဘူး လုံးဝမလာဘူး လုံးဝလာမရဲဘူး။ အမျိုးမျိုးပေါ့ကွယ်၊ တီချယ်တို့ အတန်းမှာဆိုရင် ၉ ယောက်ပဲ ရှိသေးတယ် အဏ္ဏဝါသိပ္ပံလေး ၊ အယ်… စုရင်တော့ ရှိမယ်သိလာ အဆောင်မှာ ၂၀၀ ကျော်လောက်ရှိနေပြီးလို့ ပြောတယ်ဆိုတော့ အဲ့လောက်ရှိမှာပေါ့ အယ်… လူအများကြီးမှာ အဲ့လောက်ပဲ လာသေးတာကို၊ အေး။ မေဂျာပေါင်းစုံပေါ့။ အဲ့ဒါအဆောင်မှာနေတဲ့ လူတွေလေး အဆောင်မှာ စာရင်းကိုကြည့်တာပေ့ါ အဆောင်မှာ အဲ့ပြည်နယ် အဆောင်ပြည့်ပြီးဆိုလို့ရှိရင် ဒါ ဘယ်နှစ်ယောက် လောက်ရှိပြီး။ အဲ့လိုခန့်မှန်းကြတာပေ့ါကွယ် ကိုယ်ကတော့ အသေအချာမသိပါဘူး။ အဝေးက လူတွေတော့ကျောင်းဆောင်မှာ နေချင်တဲ့ လူတွေနေ အဲ့လိုမျိုးတွေလေးအတင်းအကြပ်မဟုတ်ပါဘူး၊ အို… ချက်ချင်းကြီးလာတာ မဟုတ်ဘူးလေး ကလေးတွေလည်း လာမရဲတာရှိမယ် ပြီးတဲ့အခါကျရင် သူတို့တက်ချင်ပေမယ့် မတက်ရဲတာလည်းရှိမှာပေါ့၊ လုံးဝမတက်တဲ့ သူတွေလည်း ရှိမှာပေါ့ တစ်ယောက်နဲ့ တစ်ယောက်မတူကြဘူးအဲ့လိုမျိုးပေါ့။”

မော်လမြိုင်တက္ကသိုလ် ရူပဗေဒဘာသာရပ်မေဂျာ ဒုတိယနှစ် ကျောင်းသူတစ်ဦးကတော့ စစ်ကျွန်ပညားရေး အလိုမရှိတာကြောင့် သူ့အနေနဲ့ ကျောင်းမတက်ဘူးလို့ပြောပါတယ်။

“ဟုတ်။ ညီမကျ ကျောင်းမတက်ဘူး၊ ကျောင်းမတက်ဘူး အိမ်မှာပဲအခု၊အခုနိုင်ငံရေးပစ်တာတွေရှိမှာပေါ့နော် စစ်ကျွန်ပညားရေးအောက်မှာပေါ့နော် ညီမစာမသင်ချင်ဘူး။ ဟုတ် သူငယ်ချင်းတွေတော့ ညီမပေါင်းတဲ့ သူငယ်ချင်းတွေတွေကကျ ကျောင်းမတက်ဘူး အဲ့လိုမျိုး အသိတွေထဲက

ကျောင်းပြန်တက်တာတော့ရှိတယ်၊ သူတို့ကကျတော့ ခုနက သမီးကြားလိုက်တယ်ပေါ့နော် ပြောတာကျတော့ ကျောင်းကိုနှစ်လလောက်တက်ပြီးလို့ရှိရင် ဘာလဲ သူတို့ဘွဲ့ပေးမှာပေါ့ ဘွဲ့ရမှာပေါ့ဘွဲ့ရရင်လည်း သူအလုပ်တန်းခေါ်မှာ ဘာတို့ကြား အဲ့လိုမျိုးလေးကြားတယ်သူတို့တွေကျ တချို့တွေကျတော့လည်း ဒီ ဟိုဘက်လည်း စိတ်မဝင်စား ဒီဘက်လည်း စိတ်မဝင်စားပေ့ါ အဲ့လိုမျိုးတွေကြောင့်ပေါ့။”

မော်လမြိုင်တက္ကသိုလ်မှာ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ သမိုင်း၊ ဘူမိဗေဒအပါအဝင် မေဂျာပေါင်းစုံ ၁၇ ခုရှိပြီး ကျောင်းသူ၊ ကျောင်းသား ဦးရေးကတော့ တစ်သောင်းကျော် ရှိတယ်လို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုသံဇဉ်ဦးက ပြောပါတယ်။

“ပျမ်းမျှအားဖြင့်တော့ Day ကျောင်းသားသီးသန့်ပေါ့ အဝေးသင်မပါဘူး Day ကျောင်းသီးသန့် ၁၀ ,၀၀၀ ကျော် ၂၀,၀၀၀ နီးပါးမှာ ရှိတယ်ဗျ ဟုတ်။ CDM လုပ်တဲ့ကတော့ ရာခိုင်နှုန်းအားဖြင့်ဆိုလို့ရှိရင် ၇၀ ရာခိုင်လောက်မှာ ရှိတယ်ပေါ့နော်

မြန်မာနိုင်ငံမှာ တက္ကသိုလ်ကျောင်းတွေ ပြန်မဖွင့်ခင် ကျောင်းသူ ကျောင်းသားတွေ ကျောင်းပြန် မတက်ကြဖို့နဲ့ ဆရာ၊ ဆရာမတွေကိုလည်း CDM ဆက်လုပ်ကြဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။ မော်လမြိုင်ပညာရေး ကောလိပ်မှာ အပါအဝင် ကျောင်းတွေနားမှာ ဗုံးပေါက်ကွဲမှုတချို့လည်း ရှိခဲ့ပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG