သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

 ျမန္မာပညာေရးေလာက ခၽြတ္ၿခံဳက်မယ္႔အႏၱရာယ္ ကုလ သတိေပး


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ကေလးသူငယ္ ၁၂ သန္းေလာက္ တႏွစ္ေက်ာ္စာေကာင္းေကာင္း မသင္ႏိုင္ပဲ ျဖစ္ေနတာဟာ ျမန္မာႏိုင္ငံရဲ႕ အနာဂတ္ကို ထိခိုက္ေစႏိုင္ေၾကာင္းနဲ႔ စာသင္ေက်ာင္းေတြ ေဘးကင္းေအာင္ လုပ္ေဆာင္ေပးဖို႔ ကုလသမဂၢယူနက္စကို၊ UNICEF နဲ႔ Save the Children အဖြဲ႔တို႔က ေတာင္းဆိုလိုက္ပါတယ္။

"ျမန္မာႏိုင္ငံက ကေလးငယ္ေတြနဲ႔ လူငယ္လူရြယ္ ၁၂ သန္းေလာက္ ဟာ စနစ္တက် စာမသင္ၾကားႏိုင္တာ တႏွစ္ေက်ာ္ေနၿပီျဖစ္ၿပီး ဒီလို ျဖစ္ေနတာဟာ သူတို႔ရဲ႕ ပညာေရး၊ တကိုယ္ေရဖြံ႔ၿဖိဳးတိုးတက္မႈ၊ စိတ္ပိုင္းဆိုင္ရာ လံုျခံဳမႈနဲ႔ အနာဂတ္အခြင့္လန္းေတြ အေပၚ သက္ေရာက္မႈရွိလာ ႏိုင္တယ္" လို႔ UNICEF ၊ UNESCO နဲ႔ Save the Children အဖြဲ႔တို႔က သတိေပးလိုက္ ေၾကာင္း ကုလသမဂၢအတြင္းေရးမႈးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က ေျပာသြားတာပါ။

အခု လက္ရွိအေနအထားဟာ အႏြမ္းပါးဆံုးနဲ႔ ေဝးလံေခါင္ဖ်ား ေဒသေတြမွာ ေနထိုင္ရတဲ့ ကေလးငယ္ေတြဟာ ပိုထိခိုက္မယ့္ အေနထားး ျဖစ္ေနတယ္လို႔လည္း ေျပာပါတယ္။

ဒါ့အျပင္ စာသင္ေက်ာင္းေတြနဲ႔ ဆရာ ဆရာမေတြ အေပၚ တိုက္ခိုက္ေနတာေတြ၊ ေက်ာင္းပရဝုဏ္ေတြထဲ စစ္တပ္ဝင္ေရာက္ ေနရာယူတာေတြဟာ လက္ခံႏိုင္စရာ မရွိေၾကာင္းနဲ႔ စာသင္ေက်ာင္းေတြဟာ ကေလးငယ္ေတြ ေဘးအႏၲရာယ္ကင္းကင္းနဲ႔ ဖြံ႔ၿဖိဳးမႈရွိေအာင္ သငိယူေလ့လာ ႏိုင္တဲ့ ေနရာေတြ ျဖစ္တဲ့ အတြက္ အဲဒီေနရာေတြမွာ ပဋိပကၡေတြ ဆူပူမႈေတြ မရွိေအာင္ အကာကြယ္ေပးဖို႔လည္း ကုလသမဂၢကေလးမ်ားရန္ပံုေငြအဖြဲ႔၊ ယူနက္စကိုနဲ႔ Save the Children အဖြဲ႔ ၃ ဖြဲ႔က ေတာင္းဆိုလိုက္ပါတယ္။

COVID- 19 ကပ္ေရာဂါ အႏၲရာယ္က အခုထိ စိုးရိမ္ေနရဆဲ ျဖစ္တဲ့အတြက္ ဒီေရာဂါ ကူးစက္ျပန္႔ပြါးမႈ မရွိေအာင္ ေသေသခ်ာခ်ာ လုပ္ေဆာင္ေပးဖို႔ ပန္ၾကားလိုက္တဲ့အျပင္ ျမန္မာလူငယ္ေတြ ပညာေရး အခြင့္အလန္းဆံုးရႈံုးရမွာကို လက္မခံႏိုင္ေၾကာင္း အဖြဲ႔၃ ဖြဲ႔က ၾကာသပေတးေန႔မွာ ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


........

မြန်မာပညာရေးလောက ချွတ်ခြုံကျမယ့်အန္တရာယ် ကုလ သတိပေး
(Unicode)

မြန်မာနိုင်ငံမှာ ကလေးသူငယ် ၁၂ သန်းလောက် တနှစ်ကျော်စာကောင်းကောင်း မသင်နိုင်ပဲ ဖြစ်နေတာဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ထိခိုက်စေနိုင်ကြောင်းနဲ့ စာသင်ကျောင်းတွေ ဘေးကင်းအောင် လုပ်ဆောင်ပေးဖို့ ကုလသမဂ္ဂယူနက်စကို၊ UNICEF နဲ့ Save the Children အဖွဲ့တို့က တောင်းဆိုလိုက်ပါတယ်။

"မြန်မာနိုင်ငံက ကလေးငယ်တွေနဲ့ လူငယ်လူရွယ် ၁၂ သန်းလောက် ဟာ စနစ်တကျ စာမသင်ကြားနိုင်တာ တနှစ်ကျော်နေပြီဖြစ်ပြီး ဒီလို ဖြစ်နေတာဟာ သူတို့ရဲ့ ပညာရေး၊ တကိုယ်ရေဖွံ့ဖြိုးတိုးတက်မှု၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနဲ့ အနာဂတ်အခွင့်လန်းတွေ အပေါ် သက်ရောက်မှုရှိလာ နိုင်တယ်" လို့ UNICEF ၊ UNESCO နဲ့ Save the Children အဖွဲ့တို့က သတိပေးလိုက် ကြောင်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ပြောသွားတာပါ။

အခု လက်ရှိအနေအထားဟာ အနွမ်းပါးဆုံးနဲ့ ဝေးလံခေါင်ဖျား ဒေသတွေမှာ နေထိုင်ရတဲ့ ကလေးငယ်တွေဟာ ပိုထိခိုက်မယ့် အနေထားး ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

ဒါ့အပြင် စာသင်ကျောင်းတွေနဲ့ ဆရာ ဆရာမတွေ အပေါ် တိုက်ခိုက်နေတာတွေ၊ ကျောင်းပရဝုဏ်တွေထဲ စစ်တပ်ဝင်ရောက် နေရာယူတာတွေဟာ လက်ခံနိုင်စရာ မရှိကြောင်းနဲ့ စာသင်ကျောင်းတွေဟာ ကလေးငယ်တွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ ဖွံ့ဖြိုးမှုရှိအောင် သငိယူလေ့လာ နိုင်တဲ့ နေရာတွေ ဖြစ်တဲ့ အတွက် အဲဒီနေရာတွေမှာ ပဋိပက္ခတွေ ဆူပူမှုတွေ မရှိအောင် အကာကွယ်ပေးဖို့လည်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့၊ ယူနက်စကိုနဲ့ Save the Children အဖွဲ့ ၃ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။

COVID- 19 ကပ်ရောဂါ အန္တရာယ်က အခုထိ စိုးရိမ်နေရဆဲ ဖြစ်တဲ့အတွက် ဒီရောဂါ ကူးစက်ပြန့်ပွါးမှု မရှိအောင် သေသေချာချာ လုပ်ဆောင်ပေးဖို့ ပန်ကြားလိုက်တဲ့အပြင် မြန်မာလူငယ်တွေ ပညာရေး အခွင့်အလန်းဆုံးရှုံးရမှာကို လက်မခံနိုင်ကြောင်း အဖွဲ့၃ ဖွဲ့က ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG