(Zawgyi / Unicode)
အေရွ႕အလယ္ပိုင္းေဒသမွာ အစၥေရးလ္နဲ႔ ပါလက္စတိုင္းၾကား အျပန္အလွန္ တိုက္ခိုက္ေနတာေတြ ခ်က္ခ်င္းရပ္ၿပီး အပစ္အခတ္ရပ္စဲေရး လုပ္ဖုိ႔ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က တနဂၤေႏြေန႔မွာ ေတာင္းဆိုလိုက္ပါတယ္။ သီတင္းတပတ္ၾကာ တိုက္ခိုက္မႈအတြင္း အနည္းဆုံး ပါလက္စတိုင္း ၁၈၀ ေသဆုံးၿပီး အစၥေရးလ္ဘက္က ၈ ဦး ေသဆုံးခဲ့ၿပီးေနာက္ ခုလို တိုက္တြန္းလိုက္တာပါ။
"တိုက္ခိုက္ေနတာေတြ ရပ္ၾကပါ။ ခ်က္ခ်င္းရပ္ဖို႔လိုပါတယ္။ တဖက္နဲ႔တဖက္ ေမာ္တာ၊ ဒုံးက်ည္နဲ႔ ပစ္ခတ္မႈေတြ၊ ေလေၾကာင္းနဲ႔ အေျမာက္ႀကီး တိုက္ခိုက္မႈေတြကိုလည္း ရပ္ၾကပါ။ ဒီေတာင္းဆိုခ်က္ကို ႏွစ္ဖက္စလုံးက အေလးထားစဥ္းစားဖို႔ က်ေနာ့္အေနနဲ႔ ေမတၱာရပ္ခံလိုပါတယ္။"
အြန္လိုင္းကတဆင့္ က်င္းပတဲ့ တနဂၤေႏြေန႔ ကုလ လုံၿခဳံေရးေကာင္စီ အေရးေပၚ အစည္းအေဝးပြဲအတြင္း Guterres က အဲဒီလို ေျပာသြားတာပါ။
ဆင္ျခင္တုံတရားမဲ့တဲ့ ေသြးေျမက်မႈသံသရာ၊ အၾကမ္းဖက္မႈနဲ႔ ပ်က္စီးဆုံး႐ႈံးမႈေတြကို အဆုံးသတ္ေစမယ့္ အပစ္အခတ္ရပ္စဲေရး ျဖစ္ေပၚလာဖို႔ ကုလသမဂၢက သက္ဆိုင္သူ အားလုံးနဲ႔ အေလးထား လုပ္ေဆာင္ေနတယ္လို႔ သူက ေျပာပါတယ္။
ႏွစ္ဖက္စလုံးက ႏုိင္ငံတကာ လူသားခ်င္းစာနာမႈ ဥပေဒေတြကိုေရာ လူ႔အခင့္အေရးဆုိင္ရာ ဥပေဒေတြကိုပါ ေလးစားလိုက္နာၾကဖို႔လည္း ကုလအတြင္းေရးမွဴးခ်ဳပ္က တုိက္တြန္းပါတယ္။
အျပန္အလွန္ တိုက္ခိုက္မႈအတြင္း ေသဆုံးခဲ့ရသူေတြထဲမွာ ပါလက္စတိုင္း ကေလးငယ္ ၅၅ ဦးနဲ႔ အစၥေရးလ္ကေလးငယ္ ၂ ဦး ပါဝင္တယ္လို႔ UNICEF က စာရင္းထုတ္ျပန္ပါတယ္။
တ႐ုတ္၊ ေနာ္ေဝနဲ႔ တူနီးရွားႏိုင္ငံတို႔က တနဂၤေႏြမွာ လုံၿခဳံေရးေကာင္စီ အေရးေပၚအစည္းအေဝးလုပ္ဖို႔ ရွားရွားပါးပါး ေခၚယူခဲ့ၿပီး လုံၿခဳံေရးေကာင္စီ အလွည့္က်ဥကၠ႒ တ႐ုတ္ႏိုင္ငံရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီး Wang Yi က သဘာပတိအျဖစ္ ေဆာင္ရြက္ခဲ့တာပါ။ လက္ရွိျဖစ္ပြားေနတဲ့ တင္းမာမႈေတြ အဆုံးသတ္ေစဖို႔ အေမရိကန္ဘက္က သံတမန္ေရး လမ္းေၾကာင္းအရ အစြမ္းကုန္ ေဆာင္ရြက္ေနေၾကာင္း ကုလသမဂၢဆိုင္ရာ အေမရိကန္သံအမတ္ႀကီး Linda Thomas-Greenfield ကလည္း ေျပာပါတယ္။
----------------------
(Unicode)
အစ္စရေးလ်-ပါလက်စတိုင်း ချက်ချင်း အပစ်အခတ်ရပ်ကြဖို့ ကုလအကြီးအကဲ တောင်းဆို
အရှေ့အလယ်ပိုင်းဒေသမှာ အစ္စရေးလ်နဲ့ ပါလက်စတိုင်းကြား အပြန်အလှန် တိုက်ခိုက်နေတာတွေ ချက်ချင်းရပ်ပြီး အပစ်အခတ်ရပ်စဲရေး လုပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။ သီတင်းတပတ်ကြာ တိုက်ခိုက်မှုအတွင်း အနည်းဆုံး ပါလက်စတိုင်း ၁၈၀ သေဆုံးပြီး အစ္စရေးလ်ဘက်က ၈ ဦး သေဆုံးခဲ့ပြီးနောက် ခုလို တိုက်တွန်းလိုက်တာပါ။
"တိုက်ခိုက်နေတာတွေ ရပ်ကြပါ။ ချက်ချင်းရပ်ဖို့လိုပါတယ်။ တဖက်နဲ့တဖက် မော်တာ၊ ဒုံးကျည်နဲ့ ပစ်ခတ်မှုတွေ၊ လေကြောင်းနဲ့ အမြောက်ကြီး တိုက်ခိုက်မှုတွေကိုလည်း ရပ်ကြပါ။ ဒီတောင်းဆိုချက်ကို နှစ်ဖက်စလုံးက အလေးထားစဉ်းစားဖို့ ကျနော့်အနေနဲ့ မေတ္တာရပ်ခံလိုပါတယ်။"
အွန်လိုင်းကတဆင့် ကျင်းပတဲ့ တနင်္ဂနွေနေ့ ကုလ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးပွဲအတွင်း Guterres က အဲဒီလို ပြောသွားတာပါ။
ဆင်ခြင်တုံတရားမဲ့တဲ့ သွေးမြေကျမှုသံသရာ၊ အကြမ်းဖက်မှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေကို အဆုံးသတ်စေမယ့် အပစ်အခတ်ရပ်စဲရေး ဖြစ်ပေါ်လာဖို့ ကုလသမဂ္ဂက သက်ဆိုင်သူ အားလုံးနဲ့ အလေးထား လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။
နှစ်ဖက်စလုံးက နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွေကိုရော လူ့အခင့်အရေးဆိုင်ရာ ဥပဒေတွေကိုပါ လေးစားလိုက်နာကြဖို့လည်း ကုလအတွင်းရေးမှူးချုပ်က တိုက်တွန်းပါတယ်။
အပြန်အလှန် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသူတွေထဲမှာ ပါလက်စတိုင်း ကလေးငယ် ၅၅ ဦးနဲ့ အစ္စရေးလ်ကလေးငယ် ၂ ဦး ပါဝင်တယ်လို့ UNICEF က စာရင်းထုတ်ပြန်ပါတယ်။
တရုတ်၊ နော်ဝေနဲ့ တူနီးရှားနိုင်ငံတို့က တနင်္ဂနွေမှာ လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးလုပ်ဖို့ ရှားရှားပါးပါး ခေါ်ယူခဲ့ပြီး လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ တရုတ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Wang Yi က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့တာပါ။ လက်ရှိဖြစ်ပွားနေတဲ့ တင်းမာမှုတွေ အဆုံးသတ်စေဖို့ အမေရိကန်ဘက်က သံတမန်ရေး လမ်းကြောင်းအရ အစွမ်းကုန် ဆောင်ရွက်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကလည်း ပြောပါတယ်။