သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေရွ႕အလယ္ပိုင္း စစ္ေရးပဋိပကၡ လံုၿခံဳေရးေကာင္စီမွာ အေရးေပၚေဆြးေႏြးမယ္႔ကိစၥ ကန္ပယ္ခ်


အစ္စရေးလ် လေကြောင်းတိုက်ခိုက်မှုအပြီး ပြိုကျသွားသော အဆောက်အဦးတခု (ဓာတ်ပုံ- Reuters)

(Zawgyi/Unicode)
အစၥေရးလ္နဲ႔ ပါလက္စတိုင္း စစ္ေသြးႂကြေတြၾကား ပဋိပကၡေတြ ႀကီးထြားေနတဲ့ ကိစၥကို ကုလသမဂၢ လုံျခံဳေရးေကာင္စီမွာ ေသာၾကာေန႔ အြန္လိုင္းကေန အေရးေပၚ ေဆြးေႏြးဖို႔ အလွည့္က် ဥကၠ႒ တ႐ုတ္ႏိုင္ငံနဲ႔အတူ ေနာ္ေ၀၊ တူနီးရွားတို႔က တိုက္တြန္းခဲ့ေပမယ့္ အေမရိကန္က ကန္႔ကြက္မႈေၾကာင့္ ၾကန္႔ၾကာမႈေတြ ရွိေနပါတယ္။ ႏိုင္ငံျခားေရး၀န္ႀကီး Antony Blinken ကေတာ့ သံတမန္ေရးအရ ေျဖရွင္းႏိုင္ေအာင္ ႀကိဳးပမ္းေနတဲ့အတြက္ အခ်ိန္ေပးဖို႔ လိုအပ္ေၾကာင္း ေျပာဆိုလိုက္တာပါ။

“ကုလသမဂၢမွာ ေဆြးေႏြးဖို႔ က်ေနာ္တို႔ဖက္က လမ္းဖြင့္ထားသလို၊ အားလည္းေပးပါတယ္။ ေရွ႕သီတင္းပတ္ အေစာပိုင္းေလာက္ ျဖစ္လိမ့္မယ္လို႔လည္း ခန္႔မွန္းထားပါတယ္။ ဒါမွလည္း သံတမန္ေရး ႀကိဳးပမ္းမႈေတြ ထိေရာက္ေစဖို႔ အခ်ိန္ရမယ္လို႔ ေမွ်ာ္လင့္ပါတယ္။” ဆိုၿပီး ၾကာသပေတးေန႔က ၀န္ႀကီး Blinken သတင္းေထာက္ေတြကို ေျပာဆိုခဲ့တာပါ။

ပဋိပကၡေတြ ထိန္းမႏိုင္သိမ္းမရ အေျခအေန ေရာက္လာမွာကို စိုးရိမ္မႈေတြနဲ႔အတူ အေမရိကန္က အထူးကိုယ္စားလွယ္တေယာက္ ခန္႔အပ္ေစလႊတ္ၿပီး ေျဖရွင္းဖို႔ ႀကိဳးစားေနသလို၊ အီဂ်စ္၊ ကာတာနဲ႔ ကုလသမဂၢတို႔ကလည္း အပစ္အခတ္ ရပ္စဲႏိုင္ေအာင္ ၾကား၀င္ေစ့စပ္ဖို႔ ႀကိဳးပမ္းေနေပမဲ့ တိုးတက္တဲ့ လကၡဏာေတာ့ မေတြ႕ရေသးပါဘူး။ တင္းမာမႈေတြ ႀကီးထြားလာရာက လုံျခံဳေရးေကာင္စီမွာ ဒီတပတ္ထဲ ၂ ႀကိမ္ တံခါးပိတ္ ေဆြးေႏြးခဲ့ၾကေပမဲ့ အစၥေရးလ္ရဲ႕ အဓိကမဟာမိတ္ျဖစ္တဲ့ အေမရိကန္က အက်ဳိးမရွိႏိုင္ဘူးဆိုၿပီး ကန္႔ကြက္တာေၾကာင့္ တရား၀င္ေၾကညာခ်က္ ထုတ္ျပန္ဖို႔လည္း သေဘာတူညီခ်က္ မရခဲ့ၾကပါဘူး။ လုံျခံဳေရးေကာင္စီမွာ ေၾကညာခ်က္ ထုတ္ျပန္ဖို႔ ဆိုရင္ေတာ့ အဖဲြ႕၀င္ ၁၅ ႏိုင္ငံရဲ႕ ဘုံသေဘာတူညီမႈ ရရွိဖို႔ လိုအပ္သလို၊ ကိုဗစ္ကပ္ေရာဂါကာလ ကန္႔သတ္ခ်က္ေတြနဲ႔အညီ အြန္လိုင္းအစည္းအေ၀း လုပ္ဖို႔ကိုလည္း အားလုံးက လက္ခံဖို႔ လိုအပ္ပါတယ္။

...........................................................

တိုက္႐ိုက္ လင့္ခ္


အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခ လုံခြုံရေးကောင်စီမှာ အရေးပေါ်ဆွေးနွေးမယ့်ကိစ္စ ကန်ပယ်ချ

(Unicode)

အစ္စရေးလ်နဲ့ ပါလက်စတိုင်း စစ်သွေးကြွတွေကြား ပဋိပက္ခတွေ ကြီးထွားနေတဲ့ ကိစ္စကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သောကြာနေ့ အွန်လိုင်းကနေ အရေးပေါ် ဆွေးနွေးဖို့ အလှည့်ကျ ဥက္ကဋ္ဌ တရုတ်နိုင်ငံနဲ့အတူ နော်ဝေ၊ တူနီးရှားတို့က တိုက်တွန်းခဲ့ပေမယ့် အမေရိကန်က ကန့်ကွက်မှုကြောင့် ကြန့်ကြာမှုတွေ ရှိနေပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကတော့ သံတမန်ရေးအရ ဖြေရှင်းနိုင်အောင် ကြိုးပမ်းနေတဲ့အတွက် အချိန်ပေးဖို့ လိုအပ်ကြောင်း ပြောဆိုလိုက်တာပါ။

“ကုလသမဂ္ဂမှာ ဆွေးနွေးဖို့ ကျနော်တို့ဖက်က လမ်းဖွင့်ထားသလို၊ အားလည်းပေးပါတယ်။ ရှေ့သီတင်းပတ် အစောပိုင်းလောက် ဖြစ်လိမ့်မယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဒါမှလည်း သံတမန်ရေး ကြိုးပမ်းမှုတွေ ထိရောက်စေဖို့ အချိန်ရမယ်လို့ မျှော်လင့်ပါတယ်။” ဆိုပြီး ကြာသပတေးနေ့က ဝန်ကြီး Blinken သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။

ပဋိပက္ခတွေ ထိန်းမနိုင်သိမ်းမရ အခြေအနေ ရောက်လာမှာကို စိုးရိမ်မှုတွေနဲ့အတူ အမေရိကန်က အထူးကိုယ်စားလှယ်တယောက် ခန့်အပ်စေလွှတ်ပြီး ဖြေရှင်းဖို့ ကြိုးစားနေသလို၊ အီဂျစ်၊ ကာတာနဲ့ ကုလသမဂ္ဂတို့ကလည်း အပစ်အခတ် ရပ်စဲနိုင်အောင် ကြားဝင်စေ့စပ်ဖို့ ကြိုးပမ်းနေပေမဲ့ တိုးတက်တဲ့ လက္ခဏာတော့ မတွေ့ရသေးပါဘူး။ တင်းမာမှုတွေ ကြီးထွားလာရာက လုံခြုံရေးကောင်စီမှာ ဒီတပတ်ထဲ ၂ ကြိမ် တံခါးပိတ် ဆွေးနွေးခဲ့ကြပေမဲ့ အစ္စရေးလ်ရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ အမေရိကန်က အကျိုးမရှိနိုင်ဘူးဆိုပြီး ကန့်ကွက်တာကြောင့် တရားဝင်ကြေညာချက် ထုတ်ပြန်ဖို့လည်း သဘောတူညီချက် မရခဲ့ကြပါဘူး။ လုံခြုံရေးကောင်စီမှာ ကြေညာချက် ထုတ်ပြန်ဖို့ ဆိုရင်တော့ အဖွဲ့ဝင် ၁၅ နိုင်ငံရဲ့ ဘုံသဘောတူညီမှု ရရှိဖို့ လိုအပ်သလို၊ ကိုဗစ်ကပ်ရောဂါကာလ ကန့်သတ်ချက်တွေနဲ့အညီ အွန်လိုင်းအစည်းအဝေး လုပ်ဖို့ကိုလည်း အားလုံးက လက်ခံဖို့ လိုအပ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG