သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အစၥေရး-ပါလက္စတိုင္းတိုက္ပဲြေတြ ျပန္ျဖစ္၊ လူ ၄၀ ထက္မနည္း ေသဆံုး


ဂါဇာကမ္းေျမာင္ေဒသက အစၥေရးဘက္က ပစ္ခတ္မႈုျမင္ကြင္း။ (ေမ ၁၂၊ ၂၀၂၁)

[Zawgyi/Unicode]

ပါလက္စတိုင္း ဟာမတ္စ္ စစ္ေသြးႂကြအဖြဲ႔နဲ႔ အစၥေရးတပ္ဖြဲ႔ေတြအၾကား ပစ္ခတ္မႈေတြ ပိုျပင္းထန္လာၿပီး ဂါဇာကမ္းေျမာင္ေဒသနဲ႔ ေဂ်ယုစလင္ၿမိဳ႕မွာ အနည္းဆံုး လူ ၄၀ ေသဆုံးခဲ့ပါတယ္။

ပါလက္စတိုင္းဘက္က ရဲနဲ႔ လုံျခဳံေရး အေစာင့္အၾကပ္ေတြ ရွိတဲ့ေနရာေတြကို ပစ္မွတ္ထားၿပီး ဒီေန႔ မနက္မွာ အစၥေရးဘက္က ေလေၾကာင္းကေန ထပ္ၿပီး ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ပါတယ္။ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ႐ုံးေတြတြဲ ဖြင့္ထားတဲ့ အထပ္ျမင့္ လူေနအေဆာက္အဦး တစ္ခု အႀကီးအက်ယ္ ပ်က္ဆီးခဲ့ပါတယ္။ တိုက္ခိုက္တဲ့အခ်ိန္ အေဆာက္အဦးထဲမွာေတာ့ လူတဦးမွ မရွိပါဘူး။

မေန႔ အဂၤါေန႔ အစၥေရးဘက္က ေလေၾကာင္းတိုက္ခိုက္မႈေတြ စလုပ္တာေၾကာင့္ ဟာမတ္စ္ေခါင္းေဆာင္ေတြေနတဲ့ အရင္အထပ္ျမင့္အေဆာက္အဦးတစ္ခု ၿပိဳသြားခဲ့ရပါတယ္။ အဲဒီေနာက္အနားက အေဆာက္အဦးက လူေတြကိုလည္း ေဘးလြတ္ရာ ႀကိဳတင္ ဖယ္ရွားထားတာပါ။

အစၥေရးရဲ႕ အဂၤါေန႔ေလေၾကာင္း တိုက္ခိုက္မႈဟာ ေထာက္လွမ္းေရး႐ုံးေတြနဲ႔ ဟာမတ္စ္ေခါင္းေဆာင္ေတြရဲ႕ အိမ္ေတြကို ပစ္မွတ္ထားၿပီး ေရာ့ကက္နဲ႔ တိုက္ခိုက္ခဲ့တာလို႔ အစၥေရးစစ္တပ္က ေျပာပါတယ္။ အဲဒီတိုက္ခိုက္မႈေတြအတြင္း ဂါဇာကမ္းေျမာက္ဘက္မွာ လူ ၃၅ ေယာက္ ေသဆုံးခဲ့ပါတယ္။ ေသဆုံးတဲ့အထဲမွာ ကေလးငယ္ ၁၀ ေယာက္ပါ၀င္ၿပီး လူ ၂၀၀ ေက်ာ္လည္း ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ ဂါဇာ က်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။

ဟာမတ္စ္အဖြဲ႔ဘက္ကလည္း တနလၤာကစၿပီး ေရာ့ကက္ေလာင္ခ်ာေတြ ရာဂဏန္းေတြနဲ႔ခ်ီ ပစ္ခတ္တိုက္ခိုက္ခဲ့ပါတယ္။ ဒီအတြက္ဒီေန႔အထိဆိုရင္ အစၥေရးက Ashkelon ၿမိဳ႕ခံ ၂ ေယာက္အပါအ၀င္ ၅ ေယာက္ ေသဆုံးခဲ့ပါတယ္။

အခု ျဖစ္ပြားေနတဲ့ တိုက္ပြဲဟာ ၂၀၁၄ ခုႏွစ္ ဂါဇာကမ္းေျမာင္ေဒသမွာ ျဖစ္ပြားခဲ့တဲ့ စစ္ပြဲေနာက္ပိုင္း ဟာမတ္စ္အဖြဲ႔နဲ႔ အစၥေရးစစ္တပ္အၾကား အျပင္းထန္ဆုံး တိုက္ပြဲျဖစ္ပါတယ္။ ဂါဇာကမ္းေျမႇာင္ေဒသ တိုက္ပြဲေတြနဲ႔ ပတ္သက္လို႔ ကုလသမဂၢလုံျခဳံေရးေကာင္စီက ဒီေန႔ အေရးေပၚအစည္းအေ၀းေခၚဖို႔ ျပင္ဆင္ေနပါတယ္။

ေဂ်႐ုဆလင္ၿမိဳ႕ေဟာင္းက al-Aqsa မြတ္ဆလင္ ဗလီ၀န္းထဲက အစၥေရးလ္တပ္ေတြ တနလၤာေန႔ညေန ေနာက္ဆုံးထား ဖယ္ရွားဖို႔ သတ္မွတ္ထားတဲ့အခ်ိန္ ေက်ာ္လြန္ခဲ့ၿပီးေနာက္မွာ ပါလက္စတိုင္း ဟာမတ္စ္အဖဲြ႕ဘက္က ဒံုးလက္နက္ေတြနဲ႔ စပစ္ခတ္ခဲ့ပါတယ္။

ေဂ်ရုစလင္ၿမိဳ႕ကို ထိန္းခ်ဳပ္ေရးလူပ္ရွားမူေတြနဲ႔ အာရပ္ထိန္းခ်ဳပ္ထားတဲ့ အရပ္ေတြမွာ ဂ်ဴးအေျခခ်သူေတြ ေနရာဝင္ယူဖို႔ ၾကိဳးပမ္းမႈေတြကေန တင္းမာမႈျဖစ္ၿပီး အခုလို တိုက္ပဲြေတြ ျပန္ျဖစ္လာခဲ့ၾကတာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အစ္စရေး-ပါလက်စတိုင်းတိုက်ပွဲတွေ ပြန်ဖြစ်၊ လူ ၄၀ ထက်မနည်း သေဆုံး

ပါလက်စတိုင်း ဟာမတ်စ် စစ်သွေးကြွအဖွဲ့နဲ့ အစ္စရေးတပ်ဖွဲ့တွေအကြား ပစ်ခတ်မှုတွေ ပိုပြင်းထန်လာပြီး ဂါဇာကမ်းမြောင်ဒေသနဲ့ ဂျေယုစလင်မြို့မှာ အနည်းဆုံး လူ ၄၀ သေဆုံးခဲ့ပါတယ်။

ပါလက်စတိုင်းဘက်က ရဲနဲ့ လုံခြုံရေး အစောင့်အကြပ်တွေ ရှိတဲ့နေရာတွေကို ပစ်မှတ်ထားပြီး ဒီနေ့ မနက်မှာ အစ္စရေးဘက်က လေကြောင်းကနေ ထပ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ရုံးတွေတွဲ ဖွင့်ထားတဲ့ အထပ်မြင့် လူနေအဆောက်အဦး တစ်ခု အကြီးအကျယ် ပျက်ဆီးခဲ့ပါတယ်။ တိုက်ခိုက်တဲ့အချိန် အဆောက်အဦးထဲမှာတော့ လူတဦးမှ မရှိပါဘူး။

မနေ့ အင်္ဂါနေ့ အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုတွေ စလုပ်တာကြောင့် ဟာမတ်စ်ခေါင်းဆောင်တွေနေတဲ့ အရင်အထပ်မြင့်အဆောက်အဦးတစ်ခု ပြိုသွားခဲ့ရပါတယ်။ အဲဒီနောက်အနားက အဆောက်အဦးက လူတွေကိုလည်း ဘေးလွတ်ရာ ကြိုတင် ဖယ်ရှားထားတာပါ။

အစ္စရေးရဲ့ အင်္ဂါနေ့လေကြောင်း တိုက်ခိုက်မှုဟာ ထောက်လှမ်းရေးရုံးတွေနဲ့ ဟာမတ်စ်ခေါင်းဆောင်တွေရဲ့ အိမ်တွေကို ပစ်မှတ်ထားပြီး ရော့ကက်နဲ့ တိုက်ခိုက်ခဲ့တာလို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုတွေအတွင်း ဂါဇာကမ်းမြောက်ဘက်မှာ လူ ၃၅ ယောက် သေဆုံးခဲ့ပါတယ်။ သေဆုံးတဲ့အထဲမှာ ကလေးငယ် ၁၀ ယောက်ပါဝင်ပြီး လူ ၂၀၀ ကျော်လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

ဟာမတ်စ်အဖွဲ့ဘက်ကလည်း တနင်္လာကစပြီး ရော့ကက်လောင်ချာတွေ ရာဂဏန်းတွေနဲ့ချီ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ ဒီအတွက်ဒီနေ့အထိဆိုရင် အစ္စရေးက Ashkelon မြို့ခံ ၂ ယောက်အပါအဝင် ၅ ယောက် သေဆုံးခဲ့ပါတယ်။

အခု ဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ ၂၀၁၄ ခုနှစ် ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲနောက်ပိုင်း ဟာမတ်စ်အဖွဲ့နဲ့ အစ္စရေးစစ်တပ်အကြား အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ပါတယ်။ ဂါဇာကမ်းမြှောင်ဒေသ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီနေ့ အရေးပေါ်အစည်းအဝေးခေါ်ဖို့ ပြင်ဆင်နေပါတယ်။

ဂျေရုဆလင်မြို့ဟောင်းက al-Aqsa မွတ်ဆလင် ဗလီဝန်းထဲက အစ္စရေးလ်တပ်တွေ တနင်္လာနေ့ညနေ နောက်ဆုံးထား ဖယ်ရှားဖို့ သတ်မှတ်ထားတဲ့အချိန် ကျော်လွန်ခဲ့ပြီးနောက်မှာ ပါလက်စတိုင်း ဟာမတ်စ်အဖွဲ့ဘက်က ဒုံးလက်နက်တွေနဲ့ စပစ်ခတ်ခဲ့ပါတယ်။

ဂျေရုစလင်မြို့ကို ထိန်းချုပ်ရေးလူပ်ရှားမူတွေနဲ့ အာရပ်ထိန်းချုပ်ထားတဲ့ အရပ်တွေမှာ ဂျူးအခြေချသူတွေ နေရာဝင်ယူဖို့ ကြိုးပမ်းမူတွေကနေ တင်းမာမှုဖြစ်ပြီး အခုလို တိုက်ပွဲတွေ ပြန်ဖြစ်လာခဲ့ကြတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG