သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ F-35 တုိက္ေလယာဥ္ေတြ ကာတာကို မေရာင္းဖို႔ အစၥေရးလ္ လုိလား


ေလေၾကာင္းစြမ္းရည္ ျပသေနတဲ့ အေမရိကန္ F-35 ဂ်က္တုိက္ေလယာဥ္မ်ား။ (ဇန္နဝါရီ ၁၁၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္က ကာတာကို ဘယ္ F-35 ဂ်က္တိုက္ေလယာဥ္ ေရာင္းခ်မႈမ်ိဳးကိုမဆို အစၥေရးလ္က ကန္႔ကြက္မွာျဖစ္ေၾကာင္းနဲ႔ ေဒသတြင္းမွာ အစၥေရးလ္ဟာ စစ္ေရးအရ ဆက္သာေနဖို႔ လိုအပ္ေၾကာင္း အစၥေရးလ္ ေထာက္လွမ္းေရးဝန္ႀကီး Eli Cohen က တနဂၤေႏြေန႔မွာ ေျပာၾကားလိုက္ပါတယ္။

ကာတာက အေမရိကန္ဆီကေန F-35 Stealth တိုက္ေလယာဥ္ေတြ ဝယ္ယူဖို႔ တရားဝင္ပန္ၾကားခဲ့ေၾကာင္း ႐ုိက္တာသတင္းတပုဒ္နဲ႔ ပတ္သက္ၿပီး အစၥေရးလ္စစ္တပ္ေရဒီယို IAR ရဲ႕ ေမးျမန္းခ်က္ကို ေျဖၾကားရာမွာ ဝန္ႀကီး Cohen က အခုလို မွတ္ခ်က္ေပး ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

အစၥေရးလ္အတြက္ ႏိုင္င့ံလံုၿခံဳေရးနဲ႔ ေဒသတြင္း စစ္ေရးအရ အားသာမႈရွိဖို႔ သိပ္ကိုအေရးႀကီးတဲ့အတြက္ ဒီလိုေရာင္းခ်မႈမ်ိဳးကို အစၥေရးလ္က ကန္႔ကြက္မွာျဖစ္ေၾကာင္း ေျပာၾကားခဲ့တာပါ။

ကာတာရဲ႕ ပန္ၾကားခ်က္ဟာ ၾသဂုတ္လက ရရွိခဲ့တဲ့ အစၥေရးလ္နဲ႔ UAE အာရပ္ေစာ္ဘြားမ်ား သမၼတႏိုင္ငံတို႔ၾကား ပံုမွန္ သံတမန္ဆက္ဆံေရး ထူေထာင္ဖုိ႔ အေမရိကန္က ၾကားဝင္ေဆာင္ရြက္ေပးခဲ့တဲ့ Abraham Accord သေဘာတူညီခ်က္ ရခဲ့တဲ့ေနာက္မွာ ထြက္လာတာျဖစ္ၿပီး ဒီသေဘာတူညီခ်က္မွာ ေဘးထြက္ သေဘာတူညီမႈတခုအျဖစ္ UAE ကို အေမရိကန္က F-35 ဂ်က္တိုက္ေလယာဥ္ေတြ ဝယ္ယူခြင့္ျပဳဖို႔ စဥ္းစားမွာျဖစ္ေၾကာင္း ပါရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

အမေရိကန် F-35 တိုက်လေယာဉ်တွေ ကာတာကို မရောင်းဖို့ အစ္စရေးလ် လိုလား

အမေရိကန်က ကာတာကို ဘယ် F-35 ဂျက်တိုက်လေယာဉ် ရောင်းချမှုမျိုးကိုမဆို အစ္စရေးလ်က ကန့်ကွက်မှာဖြစ်ကြောင်းနဲ့ ဒေသတွင်းမှာ အစ္စရေးလ်ဟာ စစ်ရေးအရ ဆက်သာနေဖို့ လိုအပ်ကြောင်း အစ္စရေးလ် ထောက်လှမ်းရေးဝန်ကြီး Eli Cohen က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

ကာတာက အမေရိကန်ဆီကနေ F-35 Stealth တိုက်လေယာဉ်တွေ ဝယ်ယူဖို့ တရားဝင်ပန်ကြားခဲ့ကြောင်း ရိုက်တာသတင်းတပုဒ်နဲ့ ပတ်သက်ပြီး အစ္စရေးလ်စစ်တပ်ရေဒီယို IAR ရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ ဝန်ကြီး Cohen က အခုလို မှတ်ချက်ပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးလ်အတွက် နိုင်ငံ့လုံခြုံရေးနဲ့ ဒေသတွင်း စစ်ရေးအရ အားသာမှုရှိဖို့ သိပ်ကိုအရေးကြီးတဲ့အတွက် ဒီလိုရောင်းချမှုမျိုးကို အစ္စရေးလ်က ကန့်ကွက်မှာဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

ကာတာရဲ့ ပန်ကြားချက်ဟာ သြဂုတ်လက ရရှိခဲ့တဲ့ အစ္စရေးလ်နဲ့ UAE အာရပ်စော်ဘွားများ သမ္မတနိုင်ငံတို့ကြား ပုံမှန် သံတမန်ဆက်ဆံရေး ထူထောင်ဖို့ အမေရိကန်က ကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့ Abraham Accord သဘောတူညီချက် ရခဲ့တဲ့နောက်မှာ ထွက်လာတာဖြစ်ပြီး ဒီသဘောတူညီချက်မှာ ဘေးထွက် သဘောတူညီမှုတခုအဖြစ် UAE ကို အမေရိကန်က F-35 ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူခွင့်ပြုဖို့ စဉ်းစားမှာဖြစ်ကြောင်း ပါရှိပါတယ်။

XS
SM
MD
LG