သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးကန့်ကွက်မှုကြောင့် UAE နိုင်ငံကို တိုက်လေယာဉ်ရောင်းချရေး ကန်သမ္မတပြန်စဉ်းစားနေ


အမေရိကန်နိုင်ငံ Utah ပြည်နယ်ရှိ လေတပ်စခန်း တခုကနေ ပျံသန်းသွားတဲ့ F-35 အဆင့်မြင့် တိုက်လေယာဉ်များကို။ (မေ ၀၂၊ ၂၀၁၇)
အမေရိကန်နိုင်ငံ Utah ပြည်နယ်ရှိ လေတပ်စခန်း တခုကနေ ပျံသန်းသွားတဲ့ F-35 အဆင့်မြင့် တိုက်လေယာဉ်များကို။ (မေ ၀၂၊ ၂၀၁၇)

[Zawgyi/Unicode]

အမေရိကန်ပြည်ထောင်စုက အာရပ်စော်ဘွားများပြည်ထောင်စု UAE နိုင်ငံကို F-35 အဆင့်မြင့် တိုက်လေယာဉ်တွေ ရောင်းချဖို့ကိစ္စနဲ့ ပတ်သက်ပြီး အစ္စရေးလ်ဝန်ကြီးချုပ် ဘန်ဂျမင်နာတန်ညာဟူးက ကန့်ကွက်ခဲ့တာကြောင့် ဒီကိစ္စကို စဉ်းစားနေတယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

အမေရိကန်သမ္မတ Donald Trump
အမေရိကန်သမ္မတ Donald Trump

UAE နိုင်ငံအနေနဲ့ အဲဒီ Stealth တိုက်လေယာဉ် အနည်းငယ်ကို ဝယ်ယူဖို့ စိတ်ဝင်စားနေပြီး ဝယ်ဖို့လည်းတတ်နိုင်ကြောင်း၊ အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို ပြောပါတယ်။ ဒါပေမဲ့ အစ္စရေး နဲ့ UAE နိုင်ငံကြား ဆက်ဆံရေးပုံမှန်တည်ဆောက်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က သဘောတူခဲ့ချိန်ကစပြီး နှစ် နိုင်ငံကြား ရှေ့အလားအလာသစ်တွေကြောင့် ဒီရောင်းချမှုကို ပြန်စဉ်းစားသုံးသပ်နေတယ်လို့ သမ္မတထရမ့်က ပြောပါတယ်။

အစ္စရေးလ်နဲ့ ယူအေအီး ပုံမှန်ဆက်ဆံရေးထားရှိဖို့ သဘောတူစာချုပ်ထဲမှာ ယူအေအီးနိုင်ငံကို အမေရိကန်ရဲ့ အဆင့်မြင့်လက်နက်တွေ ကူညီပံ့ပိုးသွားမယ်ဆိုတဲ့ စကားလုံးပါဝင်တယ်ဆိုပြီး အစ္စရေးလ်သတင်း စာတစောင်က ဖော်ပြလိုက်ပြီးတဲ့နောက် ယူအေအီးနဲ့ သမိုင်းဝင် သဘောတူညီချက် ရယူနိုင်လိုက်ပေမဲ့လည်း သူအနေနဲ့ အမေရိကန်က လက်နက်ရောင်းချမယ့်ကိစ္စကို ကန့်ကွက်သွားမှာဖြစ်တယ်လို့ အစ္စရေးလ်ဝန်ကြီး Netanyahu က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





XS
SM
MD
LG