သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အစၥေရးလ္ ၫြန႔္ေပါင္းအစိုးရ ဖြဲ႕စည္းေရး မေအာင္ျမင္


အစၥေရးလ္ စစ္တပ္ အႀကီးအကဲေဟာင္း Benny Gantz က သူ႔အေနနဲ႔ ၫြန႔္ေပါင္းအစိုးရ တရပ္ မဖြဲ႕ႏိုင္ေတာ့ဘူးလို႔ အစၥေရးလ္ သမၼတ Reuven Rivlin ကို ဗုဒၶဟူးေန႔က အေၾကာင္းၾကားပါတယ္။ ဒါေၾကာင့္ တတိယအႀကိမ္ ေ႐ြးေကာက္ပြဲလုပ္ဖို႔ ေသခ်ာ သေလာက္ျဖစ္သြားပါၿပီ။

“အစၥေရးလ္ႏိုင္ငံကို မတူကြဲျပားတဲ့ ေခါင္းေဆာင္မႈေပးႏိုင္မယ့္ အစိုးရတရပ္ ဖြဲ႕စည္းဖို႔ က်ေနာ္ အစြမ္းကုန္ ႀကိဳးစားခဲ့ေပမယ့္ အေၾကာင္းမလွစြာဘဲ လုံေလာက္မႈမရွိခဲ့ပါဘူး” လို႔ မစၥတာ Gantz က Twitter လူမႈကြန္ရက္ မွာေရးပါတယ္။

ေ႐ြးေကာက္ပြဲသစ္ေတြ က်င္းပမယ့္ရက္ကို မေၾကညာခင္ ၫြန႔္ေပါင္းဖြဲ႕ေရး ေဆြးေႏြးၾကဖို႔ လႊတ္ေတာ္အမတ္ေတြ ၂၁ ရက္ အခ်ိန္ ရပါတယ္။ လႊတ္ေတာ္အမတ္ ၆၁ ေယာက္ရဲ႕ ေထာက္ခံမႈကိုရတဲ့ ဘယ္အမတ္မဆို သမၼတ အခြင့္အာဏာရဖို႔ အမည္တင္သြင္း ႏိုင္ပါတယ္။ အစၥေရးလ္ႏိုင္ငံ သမိုင္းမွာ သမၼတကေ႐ြးခ်ယ္တဲ့ ကိုယ္စားလွယ္ေလာင္းေတြ အစိုးရမဖြဲ႕ႏိုင္တာ ဒါဟာ ပထမဆုံး အႀကိမ္ပါ။

ဧၿပီလနဲ႔ စက္တင္ဘာလေတြမွာ ေ႐ြးေကာက္ပြဲလုပ္ၿပီးတဲ့ ေနာက္ပိုင္း ႏိုင္ငံေရး မတင္မက် အေျခအေန စျဖစ္လာတာပါ။ လက္ရွိ ဝန္ႀကီးခ်ဳပ္ Benjamin Netanyahu ရဲ႕ လယ္ယာယိမ္း Lukud ပါတီနဲ႔ Gantz ရဲ႕ Blue and White ပါတီတို႔ဟာ ခန႔္မွန္းေျခ အားျဖင့္ အမတ္ေနရာ အတူတူနီးပါး အႏိုင္ရၿပီး လႊတ္ေတာ္ထဲမွာ အႀကီးဆုံးပါတီေတြ ျဖစ္လာတာပါ။ ဒါေပမယ့္လည္း သူတို႔ ပါတီႏွစ္ရပ္စလုံးဟာ အစၥေရးလ္လႊတ္ေတာ္မွာ လူမ်ားစုျဖစ္ဖို႔ လိုအပ္တဲ့ အမတ္ေနရာ ၆၁ ေနရာကို မရခဲ့ၾကပါဘူး။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အစ္စရေးလ် ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး မအောင်မြင်

အစ္စရေးလ် စစ်တပ်အကြီးအကဲဟောင်း Benny Gantz က သူ့အနေနဲ့ ညွန့်ပေါင်းအစိုးရတရပ် မဖွဲ့နိုင်တော့ဘူးလို့ အစ္စရေးလ် သမ္မတ Reuven Rivlin ကို ဗုဒ္ဓဟူးနေ့က အကြောင်းကြားပါတယ်။ ဒါကြောင့် တတိယအကြိမ် ရွေးကောက်ပွဲလုပ်ဖို့ သေချာ သလောက်ဖြစ်သွားပါပြီ။

“အစ္စရေးလ်နိုင်ငံကို မတူကွဲပြားတဲ့ ခေါင်းဆောင်မှုပေးနိုင်မယ့် အစိုးရတရပ် ဖွဲ့စည်းဖို့ ကျနော် အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် အကြောင်းမလှစွာဘဲ လုံလောက်မှုမရှိခဲ့ပါဘူး” လို့ မစ္စတာ Gantz က Twitter လူမှုကွန်ရက် မှာရေးပါတယ်။

ရွေးကောက်ပွဲသစ်တွေ ကျင်းပမယ့်ရက်ကို မကြေညာခင် ညွန့်ပေါင်းဖွဲ့ရေး ဆွေးနွေးကြဖို့ လွှတ်တော်အမတ်တွေ ၂၁ ရက် အချိန် ရပါတယ်။ လွှတ်တော်အမတ် ၆၁ ယောက်ရဲ့ ထောက်ခံမှုကိုရတဲ့ ဘယ်အမတ်မဆို သမ္မတ အခွင့်အာဏာရဖို့ အမည်တင်သွင်း နိုင်ပါတယ်။ အစ္စရေးလ်နိုင်ငံ သမိုင်းမှာ သမ္မတကရွေးချယ်တဲ့ ကိုယ်စားလှယ်လောင်းတွေ အစိုးရမဖွဲ့နိုင်တာ ဒါဟာ ပထမဆုံး အကြိမ်ပါ။

ဧပြီလနဲ့ စက်တင်ဘာလတွေမှာ ရွေးကောက်ပွဲလုပ်ပြီးတဲ့ နောက်ပိုင်း နိုင်ငံရေး မတင်မကျ အခြေအနေ စဖြစ်လာတာပါ။ လက်ရှိ ဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ လယ်ယာယိမ်း Lukud ပါတီနဲ့ Gantz ရဲ့ Blue and White ပါတီတို့ဟာ ခန့်မှန်းခြေ အားဖြင့် အမတ်နေရာ အတူတူနီးပါး အနိုင်ရပြီး လွှတ်တော်ထဲမှာ အကြီးဆုံးပါတီတွေ ဖြစ်လာတာပါ။ ဒါပေမယ့်လည်း သူတို့ ပါတီနှစ်ရပ်စလုံးဟာ အစ္စရေးလ်လွှတ်တော်မှာ လူများစုဖြစ်ဖို့ လိုအပ်တဲ့ အမတ်နေရာ ၆၁ နေရာကို မရခဲ့ကြပါဘူး။

XS
SM
MD
LG