သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အစၥေရး၀န္ႀကီးခ်ဳပ္သစ္ ခန္႔အပ္ေရး အခက္အခဲႀကံဳ


Blue and White party leader Benny Gantz, left, Esther Hayut, the Chief Justice of the Supreme Court of Israel, and Prime Minister Benjamin Netanyahu attend a memorial service for former President Shimon Peres in Jerusalem, Sept. 19, 2019.

အစၥေရးလ္ ေရြးေကာက္ပြဲ အၿပီး သီတင္းတပတ္နီးပါး ရွိလာၿပီ ျဖစ္ေပမယ့္ ႏုိင္ငံ အေနနဲ႔ေတာ့ ၀န္ႀကီးခ်ဳပ္သစ္ ဘယ္သူ ျဖစ္လာမလဲ ဆိုတာ သိရွိဖို႔ အခုအခ်ိန္ထိ မနီးစပ္ေသးပါဘူး။

အစိုးရဖြဲ႔စည္းၿပီး ၀န္ႀကီးခ်ဳပ္ အျဖစ္ ကာလရွည္ တာ၀န္ယူခဲ႔တဲ႔ ၀န္ႀကီးခ်ဳပ္ Benjamin Netanyahu နဲ႔ စစ္ဦးစီးခ်ဳပ္ေဟာင္း Benny Gantz ႏွစ္ဦးထဲက ဘယ္သူ႔ကို တာ၀န္အပ္ႏွင္းမလဲ ဆိုတာကို ဆံုးျဖတ္ႏုိင္ဖို႔ ႏုိင္ငံေရး ပါတီ အားလံုးက ေခါင္းေဆာင္ေတြနဲ႔ သမၼတ Reuven Rivlin က ႏွစ္ရက္ဆက္တုိက္ ေဆြးေႏြးခဲ႔ပါတယ္။

၂ ရက္ၾကာ ေဆြးေႏြးအၿပီးမွာေတာ့ လႊတ္ေတာ္အမတ္ေနရာ ၁၂၀ ရွိတဲ႔ Knesset လႊတ္ေတာ္က အဖြဲ႔၀င္ ၅၅ ဦးက Netanyahu ကို ေထာက္ခံၿပီး ၅၄ ဦးကေတာ့ Gantz ကို ေထာက္ခံထားပါတယ္။ အာရပ္ ပူးတြဲ မဟာမိတ္ Arab Joint List လႊတ္ေတာ္ အမတ္ ၁၀ ဦးက Gentz ကို ေထာက္ခံေၾကာင္း ေျပာဆိုထားၿပီး ဒါဟာဆိုရင္ ၁၉၉၂ ခုႏွစ္ ေနာက္ပိုင္း ပထမဆံုး အႀကိမ္ အျဖစ္နဲ႔ ကိုယ္စားလွယ္ တဦးကို ေထာက္ခံေၾကာင္း ပထမဆံုး အႀကိမ္ လူသိရွင္ၾကား ေျပာဆိုမႈ ျဖစ္ပါတယ္။

အာရပ္ ပူးတြဲ မဟာမိတ္ Arab Joint List က လႊတ္ေတာ္ အမတ္ ၃ ဦးကေတာ့ ဘယ္သူ႔ကိုမွ မေထာက္ခံၾကပါဘူး။ လႊတ္ေတာ္ အမတ္ေနရာ ၁၃ ေနရာရွိတဲ႔ Arab Joint List က အစၥေရးလ္ရဲ႕ တတိယ အႀကီးဆံုး ပါတီ ျဖစ္ပါတယ္။ သမၼတ Rivlin ကေတာ့ Netanyahu နဲ႔ Gantz တို႔က ပူးေပါင္းခ်င္တဲ႔ ပါတီငယ္ေတြနဲ႔ အတူ အစိုးရ ဖြဲ႔ေရးကို ေထာက္ခံေၾကာင္း ရွင္းရွင္းလင္းလင္း ေျပာထားၿပီး ျဖစ္ပါတယ္။ လက္ရွိ ၀န္ႀကီးခ်ဳပ္ Netanyahu ကလည္း ဒီနည္းလမ္းကို သေဘာက်ပါတယ္။ Netanyahu နဲ႔ Gantz တို႔ေပါင္းၿပီး အစိုးရ ဖြဲ႔မယ္ဆိုရင္ေတာ့ သူတို႔ ႏွစ္ဦး ၀န္ႀကီးခ်ဳပ္ အျဖစ္ အလွည့္က် တာ၀န္ယူၾကမယ့္ အေနအထား ရွိပါတယ္။

...................

{Unicode}

အစ္စရေးလ် ရွေးကောက်ပွဲ အပြီး သီတင်းတပတ်နီးပါး ရှိလာပြီ ဖြစ်ပေမယ့် နိုင်ငံ အနေနဲ့တော့ ဝန်ကြီးချုပ်သစ် ဘယ်သူ ဖြစ်လာမလဲ ဆိုတာ သိရှိဖို့ အခုအချိန်ထိ မနီးစပ်သေးပါဘူး။

အစိုးရဖွဲ့စည်းပြီး ဝန်ကြီးချုပ် အဖြစ် ကာလရှည် တာဝန်ယူခဲ့တဲ့ ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ စစ်ဦးစီးချုပ်ဟောင်း Benny Gantz နှစ်ဦးထဲက ဘယ်သူ့ကို တာဝန်အပ်နှင်းမလဲ ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ နိုင်ငံရေး ပါတီ အားလုံးက ခေါင်းဆောင်တွေနဲ့ သမ္မတ Reuven Rivlin က နှစ်ရက်ဆက်တိုက် ဆွေးနွေးခဲ့ပါတယ်။

၂ ရက်ကြာ ဆွေးနွေးအပြီးမှာတော့ လွှတ်တော်အမတ်နေရာ ၁၂၀ ရှိတဲ့ Knesset လွှတ်တော်က အဖွဲ့ဝင် ၅၅ ဦးက Netanyahu ကို ထောက်ခံပြီး ၅၄ ဦးကတော့ Gantz ကို ထောက်ခံထားပါတယ်။ အာရပ် ပူးတွဲ မဟာမိတ် Arab Joint List လွှတ်တော် အမတ် ၁၀ ဦးက Gentz ကို ထောက်ခံကြောင်း ပြောဆိုထားပြီး ဒါဟာဆိုရင် ၁၉၉၂ ခုနှစ် နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ်နဲ့ ကိုယ်စားလှယ် တဦးကို ထောက်ခံကြောင်း ပထမဆုံး အကြိမ် လူသိရှင်ကြား ပြောဆိုမှု ဖြစ်ပါတယ်။

အာရပ် ပူးတွဲ မဟာမိတ် Arab Joint List က လွှတ်တော် အမတ် ၃ ဦးကတော့ ဘယ်သူ့ကိုမှ မထောက်ခံကြပါဘူး။ လွှတ်တော် အမတ်နေရာ ၁၃ နေရာရှိတဲ့ Arab Joint List က အစ္စရေးလ်ရဲ့ တတိယ အကြီးဆုံး ပါတီ ဖြစ်ပါတယ်။ သမ္မတ Rivlin ကတော့ Netanyahu နဲ့ Gantz တို့က ပူးပေါင်းချင်တဲ့ ပါတီငယ်တွေနဲ့ အတူ အစိုးရ ဖွဲ့ရေးကို ထောက်ခံကြောင်း ရှင်းရှင်းလင်းလင်း ပြောထားပြီး ဖြစ်ပါတယ်။ လက်ရှိ ဝန်ကြီးချုပ် Netanyahu ကလည်း ဒီနည်းလမ်းကို သဘောကျပါတယ်။ Netanyahu နဲ့ Gantz တို့ပေါင်းပြီး အစိုးရ ဖွဲ့မယ်ဆိုရင်တော့ သူတို့ နှစ်ဦး ဝန်ကြီးချုပ် အဖြစ် အလှည့်ကျ တာဝန်ယူကြမယ့် အနေအထား ရှိပါတယ်။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG