သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေ႐ွ႕မတိုးႏိုင္တဲ႔ အစၥေရးလ္ ေ႐ြးေကာက္ပြဲရလဒ္


အစၥေရး ႏုိင္ငံမွာ ၿပီးခဲ့တဲ့ ၅ လတုန္းက ဒုတိယအႀကိမ္ ေရြးေကာက္ပြဲ က်င္းပခဲ့တာအတြက္ ဘယ္သူ အႏိုင္ရတယ္ ဆိုတာကို အဂၤါေန႔အထိ သဲသဲကြဲကြဲ မသိရေသးပါဘူး။
မဲအားလံုးနီးပါး ေရတြက္ၿပီးခ်ိန္မွာအစၥေရး စစ္တပ္အႀကီးအကဲေဟာင္း Benny Gantz ရဲ႕ အလယ္အလတ္ ဝါဒီ Blue and White ပါတီက ဝန္ႀကီးခ်ဳပ္ Benjamin Netanyahu ရဲ႕ Likud ပါတီထက္ လူႀကိဳက္မ်ားေနတာ ေတြ႔ရပါတယ္။
ဒါေပမယ့္လည္း ပါတီ ၂ ရပ္စလံုးက အမတ္ေနရာ ၁၂၀ ႐ွိတဲ့ Knesset လႊတ္ေတာ္မွာ အသာရႏိုင္ဖုိ႔လိုအပ္ေနတဲ့ အမတ္ေနရာ ၆၁ ေနရာ မရႏိုင္ပဲ ျဖစ္ေနပါတယ္။ လက္ဝဲယိမ္းေတြက အမတ္ေနရာ ၅၆ နဲ႔ ဝန္ႀကီးခ်ဳပ္ Netanyahu ကို လိုလားတဲ့ လက္ယာ ယိမ္းေတြရေနတဲ့ အမတ္ေနရာ ၅၅ ေနရာထက္ တေနရာ အသာ ရေနတာပါ။
လက္ဝဲယိမ္းပါတီေတြထဲမွာ ညြန္႔ေပါင္းဖြဲ႔မယ္ ဆိုရင္ အာရပ္ပါတီ အမ်ားစုပါတဲ့ အမတ္ေနရာ ၁၃ ေနရာပါဝင္ေနၿပီးသူတုိ႔ဟာ အစိုးရအဖြဲ႔ထဲ တခါမွ မဝင္ခဲ့ဘူးပါဘူး။ ဒါေပမယ့္ သူတို႔က အရင္တုန္းက အတိုင္းပဲ အစိုးရကို ျပင္ပကေန ပံ့ပိုးမႈေပးႏိုင္သူေတြ ျဖစ္ပါတယ္။
အခုမဲရလဒ္အရ “အစၥေရးဟာ အမိေျမ” လို႔ ေခၚတဲ့ Yisrael Beytenu ပါတီ ေခါင္းေဆာင္ Avigdor Lieberman ရဲ့ အခန္းက႑ဟာ အဓိကေနရာကို ေရာက္လာခဲ့ပါတယ္။ သူက ရုရွားက ေျပာင္းေရႊ႕အေျခခ်လာသူေတြရဲ့ ေထာက္ခံမႈ ကို ရေနတာ ျဖစ္ၿပီး အမတ္ေနရာ ၉ ေနရာ အႏုိင္ရထားတာ ျဖစ္ပါတယ္။
သူက စည္းလံုးညီညြတ္တဲ့ အစိုးရအဖြဲ႔တရပ္ေဖၚေဆာင္ဖုိ႔ ထပ္တလဲလဲ ေျပာေနသူျဖစ္တာေၾကာင့္ Gantz ရဲ႕ Blue and White ပါတီ Netanyahu ရဲ႕ Likud ပါတီနဲ႔ သူ႔ပါတီတို႔ ညြန္႔ေပါင္းဖြဲ႔ဖို႔ လိုလားတာ ျဖစ္ပါတယ္။
ဧၿပီလက က်ငး္ပတဲ့ ေရြးေကာက္ပြဲမွာ ဝန္ႀကီးခ်ဳပ္ Benjamin Netanyahu ဟာ တမဲ ကပ္ေလ်ာ့ၿပီး အစိုးရမဖြဲ႔ႏုိ္င္ပဲ ျဖစ္ခဲ့တာပါ။ အဲဒီတုန္းက Lieberman က အစိုးရအဖြဲ႔ထဲ ဝင္ပါဖို႔ ျငင္းဆိုခဲ့သူပါ။

(ယူနီကုဒ္)

ရှေ့မတိုးနိုင်တဲ့ အစ္စရေးလ် ရွေးကောက်ပွဲရလဒ်

အစ္စရေး နိုင်ငံမှာ ပြီးခဲ့တဲ့ ၅ လတုန်းက ဒုတိယအကြိမ် ရွေးကောက်ပွဲ ကျင်းပခဲ့တာအတွက် ဘယ်သူ အနိုင်ရတယ် ဆိုတာကို အင်္ဂါနေ့အထိ သဲသဲကွဲကွဲ မသိရသေးပါဘူး။
မဲအားလုံးနီးပါး ရေတွက်ပြီးချိန်မှာအစ္စရေး စစ်တပ်အကြီးအကဲဟောင်း Benny Gantz ရဲ့ အလယ်အလတ် ဝါဒီ Blue and White ပါတီက ဝန်ကြီးချုပ် Benjamin Netanyahu ရဲ့ Likud ပါတီထက် လူကြိုက်များနေတာ တွေ့ရပါတယ်။
ဒါပေမယ့်လည်း ပါတီ ၂ ရပ်စလုံးက အမတ်နေရာ ၁၂၀ ရှိတဲ့ Knesset လွှတ်တော်မှာ အသာရနိုင်ဖို့လိုအပ်နေတဲ့ အမတ်နေရာ ၆၁ နေရာ မရနိုင်ပဲ ဖြစ်နေပါတယ်။ လက်ဝဲယိမ်းတွေက အမတ်နေရာ ၅၆ နဲ့ ဝန်ကြီးချုပ် Netanyahu ကို လိုလားတဲ့ လက်ယာ ယိမ်းတွေရနေတဲ့ အမတ်နေရာ ၅၅ နေရာထက် တနေရာ အသာ ရနေတာပါ။
လက်ဝဲယိမ်းပါတီတွေထဲမှာ ညွန့်ပေါင်းဖွဲ့မယ် ဆိုရင် အာရပ်ပါတီ အများစုပါတဲ့ အမတ်နေရာ ၁၃ နေရာပါဝင်နေပြီးသူတို့ဟာ အစိုးရအဖွဲ့ထဲ တခါမှ မဝင်ခဲ့ဘူးပါဘူး။ ဒါပေမယ့် သူတို့က အရင်တုန်းက အတိုင်းပဲ အစိုးရကို ပြင်ပကနေ ပံ့ပိုးမှုပေးနိုင်သူတွေ ဖြစ်ပါတယ်။
အခုမဲရလဒ်အရ “အစ္စရေးဟာ အမိမြေ” လို့ ခေါ်တဲ့ Yisrael Beytenu ပါတီ ခေါင်းဆောင် Avigdor Lieberman ရဲ့ အခန်းကဏ္ဍဟာ အဓိကနေရာကို ရောက်လာခဲ့ပါတယ်။ သူက ရုရှားက ပြောင်းရွှေ့အခြေချလာသူတွေရဲ့ ထောက်ခံမှု ကို ရနေတာ ဖြစ်ပြီး အမတ်နေရာ ၉ နေရာ အနိုင်ရထားတာ ဖြစ်ပါတယ်။
သူက စည်းလုံးညီညွတ်တဲ့ အစိုးရအဖွဲ့တရပ်ဖေါ်ဆောင်ဖို့ ထပ်တလဲလဲ ပြောနေသူဖြစ်တာကြောင့် Gantz ရဲ့ Blue and White ပါတီ Netanyahu ရဲ့ Likud ပါတီနဲ့ သူ့ပါတီတို့ ညွန့်ပေါင်းဖွဲ့ဖို့ လိုလားတာ ဖြစ်ပါတယ်။
ဧပြီလက ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် Benjamin Netanyahu ဟာ တမဲ ကပ်လျော့ပြီး အစိုးရမဖွဲ့နိုင်ပဲ ဖြစ်ခဲ့တာပါ။ အဲဒီတုန်းက Lieberman က အစိုးရအဖွဲ့ထဲ ဝင်ပါဖို့ ငြင်းဆိုခဲ့သူပါ။

တိုက္႐ိုက္ လင့္ခ္

XS
SM
MD
LG